မိုဘိုင်းဖုန်း အကြောင်း အနည်းငယ်ရေးပါရစေ။
Amazon ဆိုတာအင်တာနက်လောကမှာ နာမည်ကြီး website ဖြစ်တယ်။
online ကနေ ဈေးရောင်းတဲ့အထဲမှာ ကမ္ဘာ့နံပါတ်တစ် online ဆိုင်လို့ ဆိုရမှာပါ။
အလုပ်သမားပေါင်း တစ်သိန်းကျော်ရှိပါတယ်။
စာအုပ်စာပေဖတ်ဖို့ရန် တကယ့်စာအုပ်တွေ မဟုတ်ဘဲ ebook လို့ခေါ်တဲ့ pdf file တွေ အခြား format တွေ ကို အများကြီးရောင်းပေးတဲ့အပြင်
ebook တွေကို ဖတ်နိုင်ဖို့ရန် Amazon kindle ebook reader တွေကို ထုတ်လုပ်ရောင်းချပါတယ်။
ကမ္ဘာနဲ့တစ်ဝန်း အောင်မြင်မှု ရရှိခဲ့ပါတယ်။
Amazon ကသူ့ရဲ့ e-reader တွေကို Kindle ဆိုပြီး နာမည်ပေးပါတယ်။
အထူးသဖြင့် kindle paperwhite model က လူကြိုက်များပါတယ်။

laptop တစ်လုံးက ဘက်ထရီ အလွန်ဆုံး ၈ နာရီလောက်ပဲ ခံပါတယ်။
tablet နဲ့ smartphone တွေက ကစားနေရင် ၁၃ နာရီပတ်ဝန်းကျင် ခံပါတယ်။
e-reader က ၂ လလောက်ခံပါတယ်။
Amazone က သူ့ရဲ့ kindle တွေထုတ်လုပ်တာနဲ့ မရပ်သေးပါဘူး။ tablet တွေပါ ထုတ်လာပါတယ်။
OS ကို ကျတော့ fire OS သုံးထားတော့ fire tablet လို့နာမည်ပေးထားတယ်။
ဒါပေမယ့် kindle လိုမျိုးတော့ အများကြီး မအောင်မြင်ပါဘူး။

နောက်တော့ mobile phone ပါထုတ်လာပါတယ်။ july 2014 တုန်းက Amazon fire phone ဆိုပြီး ပွဲထုတ်လာပါတယ်။
Amazon ပီပီ media သမားတွေရဲ့စိတ်ဝင်စားမှုနဲ့အတူ online မှာသူ့ရဲ့သတင်း အတော်ပြန့်သွားပါတယ်။
အကြေင်းက ရှေ့မှာ ကင်မရာ ၅ ခုတောင်ပါတယ်ဆိုပဲ။
ဖုန်းအကြောင်း သိပ်မသိကြပေမယ့်လည်း ကင်မရာ ၅ ခုဆိုတော့ အတော်စိတ်ဝင်စားစရာပေါ့ :)
2.2 Ghz Quad core မြန်တဲ့ Qualcomm snapdragon 800 processor နဲ့ memory 2 GB တပ်ဆင်ပေးတာကတော့ အားရစရာပါ။
သိုလှောင်မှုပမာဏအတွက် built-in 32 GB ထည့်ပေးထားပါတယ်။
တကယ်တော့ တကယ့်ကင်မရာအတွက် မဟုတ်ပါဘူး။ Sensor အတွက်တပ်ထားတာပါ။
ကျွန်တော် ချက်ချင်းသတိထားမိတာက ဒီလို function တွေအများကြီးတပ်ဆင်ပေးထားတဲ့ဖုန်းက ဘက်ထရီ 2400 mAh ပဲတပ်ဆင်ထားတော့ အားမရလှဘူး။
ပြီးတော့ ဒီဇိုင်းက အတော်တုံးတယ်ဆိုရမယ်။ အထူးသဖြင့် ထွက်ထွက်ချင်း ဒေါ်လာ 650 နဲ့စတင်ရောင်းတာကိုက အတော် စိတ်ပျက်စရာဖြစ်သွားတယ်။
ဇူလိုင်လ ၂၀၁၄ မှာစတင်ရောင်းချတာဖြစ်တယ်။
၂ လ ကြာသွားတဲ့အခါမှာ $ 450 နဲ့ပြန်လည်ရောင်းချပါတယ်။
နိုင်ဝင်ဘာ လလယ်ရောက်တဲ့အခါမှာတော့ $199 နဲ့ရောင်းချပါတော့တယ်။ အံ့သြစရာပါပဲ။

အတော်များများကတော့ $199 နဲ့တောင်မတန်ဘူးဆိုပြီး review ရေးတာမျိုးတွေရှိပါတယ်။
ခက်တာက android base OS ဆိုပေမယ့် ဘယ်လောက် ဆက်နွယ်မှုရှိလဲဆိုတာမသိရဘူး။ ပြီးတော့ မြန်မာစာ ထည့်လို့ရမလားဆိုတာပါပဲ။
ဒီလောက်ပေးပြီး မြန်မာစာ ဖတ်မရရင် အလကားဖြစ်နေမယ်။ ဈေးနှုန်းတူတဲ့ samsung galaxy s3 Neo ကိုဝယ်သုံးရင်တောင် ဟုတ်တုတ်တုတ်။
ခရစ္စမတ်ပြီးတော့ ဈေးက 450 ပြန်ဖြစ်သွားပါတယ်။ fire phone ရဲ့အနာဂတ်က လှမယ်မထင်။
နာမည်ကြီးတဲ့ Amazon ရဲ့ ထုတ်ကုန် မထင်ရှားလှတဲ့ Fire phone ကိုဗဟုသုတ အဖြစ်တင်ပြရင်း ဒီမှာတင် နားပါရစေ။

ပါဘိခ်။