Tuesday 1 December 2015

Easiest way to install zawgyi on iphone/ipad.

iphone, ipad အသုံးသူများအတွက်
မြန်မာစာ ထည့်နည်းလေး ရေးချင်ပါတယ်။
အတော်လွယ်ကူပါတယ်။

safari ဆိုတဲ့ browser ကိုဖွင့်ပါ။
အဲဒီမှာ shwe.co/zawgyi ဆိုတဲ့ page ကိုရိုက်နှိပ်ပါ။
အဲဒီ page ကိုသွားရင် tab တစ်ခုကျလာပါမယ်။
zawgyi profile ကို install လုပ်မလားဆိုတဲ့ tab ပါ။



install ကို နှိပ်ပါ။ (ဖုန်းကို passcode ခံထားလျှင် passcode ရိုက်နှိပ်ပေးပါ)

ဒီ zawgyi profile ဟာ apple ကုမ္ပဏီက စစ်ဆေးအတည်ပြုထားတာ မဟုတ်တဲ့အတွက်
တကယ်ထည့်မလား ဆိုတဲ့ warning tab ပေါ်လာပါဦးမယ်။ install ဆိုတာကို ရဲရဲကြီး ထပ်နှိပ်လိုက်ပါ။
install နှိပ်ပြီးတာနဲ့ Done ကိုနှိပ်ပါ။ ဒါပါပဲ ဤတွင်ပြီးပါပြီ။ :)
ဖုန်းတစ်ခုလုံး zawgyi font ဖတ်လို့ရပါပြီ။


တကယ်လို့ ဒီ zawgyi profile ကို ပြန်ဖျက်ချင်တယ်ဆိုရင်
setting> general>profile ကိုသွားပြီး ပြန်လည်ဖျက်ပစ်လို့ ရပါတယ်။


တဆက်တည်း စာရေးဖို့ keyboard ထည့်ချင်ရင် appstore မှာ ttkeyboard ဆိုတာကို install လုပ်ပါ။
ပြီးရင် setting>general>keyboard>add new keyboard>ttkeyboard ကိုသွား။
ပြီးရင် keyboardfont တွေ ရွေးချယ်ရပါတယ်။
အဲဒီမှာ zawgyi ကိုသာရွေးချယ်ပါ။ done ကိုနှိပ်ပါ။

စာရိုက်ဖို့ keyboard ပေါ်မှာ ကမ္ဘာလုံးပုံလေးကို နှိပ်ရင် english to myanmar ပြောင်းရိုက်နိုင်ပါပြီ။
တကယ်လို့ မရှင်းရင် မေးပါ။