Saturday 7 January 2017

Honor 6X ဖုန်း မိတ်ဆက်။

huawei ကထုတ်လုပ်တဲ့ ဖုန်းတွေထဲမှာ ခုတလော pupular ဖြစ်နေတာက
honor 6X ဖြစ်ပါတယ်။
ဥရောပမှာ honor 6X ဆိုပြီးနာမည်ခေါ်ထားပေမယ့် အာရှမှာ huawei GR5 2017 ဆိုပြီးခေါ်ပါတယ်။
 ဒီ 6X က 5X ကို ပြန်လည်ဆနိးသစ်ထားတာဖြစ်ပါတယ်။ 5X အကြောင်းကို ဒီ link မှာ မိတ်ဆက်ဖူးပါတယ်။
http://lautuboy.blogspot.nl/2016/03/apple-iphone-se-huawei-honor-5x.html
ဒီ 5X ကို ကမ္ဘာတစ်ဝန်း ၁၁ မီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။
အတော်အောင်မြင်ခဲ့တယ် ဆိုပါတော့။

huawei ဖုန်းတွေအားသာချက်က မြန်မာစာ ဇော်ဂျီရော၊ unicode ရော နှစ်ခုစလုံးကို တခါတည်း ထည့်ထားပြီးသားဖြစ်ပါတယ်။
အထူးသဖြင့် ဈေးချိုတာက အားသာချက်ပေါ့။
ကျောဖက်မှာ ကင်မရာ နှစ်လုံးတပ်ထားတဲ့ဖုန်း 3 GB ram memory၊ 32 GB storage ကို euro 250 ပဲပေးရမှာဖြစ်တယ်။
မြန်မာပြည်မှာ နှစ်သိန်းကိုးသောင်းနဲ့ရောင်းပါတယ်။
processor တွေလည်း နောက်ဆုံးပေါ်သုံးထားပါတယ်။ မှန် resolution က Full HD သုံးထားပါတယ်။
fingerprint reader ပါဝင်ပါတယ်။ ဖုန်းကို lock ချထားဖို့ passcode၊ pattern code တွေအစား လက်ဗွေ ကို သုံးထားလိုက်ရုံပဲ။
ဘက်ထရီကလည်း 3340 mAh ဖြစ်ပါတယ် fast charging လည်း ရပါတယ်။
အပြစ်အနာစာ မရှိဘူးဆိုပါတော့။

ကျနော့်အတွက် အားနည်းချက်ဆိုလို့ ၅.၅ လက်မ မှန်အရွယ်အစားပါပဲ။ ကြီးလွန်းနေတယ်။ ၅ လက်မအောက်ဖုန်းတွေပဲကိုင်ချင်တာကိုး။ :)
ဥရောပက မြန်မာပြည်သားအသိုင်းအဝိုင်းမှာ iphone တို့ samsung တို့ကိုသာ ပြိုင်ဆိုင်ပြီး ကိုင်နေကြပေမယ့် ကျနော်ကတော့ huawei ဖုန်းတွေကိုအတော်နှစ်သက်ပါတယ်။
အမာခံပရိသတ်ဆိုပါတော့။ မြန်မာပြည်မှာ iphone ကိုတော့ တွင်ကျယ်စွာ မကိုင်ကြပါဘူး။ samsung ပြီးရင် Vivo တို့ oppo တို့က လိုက်မယ်ထင်တယ်။
huawei လည်းအတော်နေရာရပေမယ့်မြန်မာပြည်မှာအတော်ဈေးကြီးနေပါတယ်။ အခြား တရုတ်ဖုန်းတွေ ဈေးပိုချိုတဲ့ပစ္စည်းတွေက ပိုပြီးလူသုံးများပါတယ်။

ကဲဖုန်းဝယ်မယ်ဆိုရင် euro 500 တန်တွေ 600 တန်တွေနဲ့အပြိုင် ဒီ honor 6X ကို လည်း ထည့်သွင်း စဉ်းစားကြပါလို့။