Tuesday 24 February 2015

prepaid credit card စိတ်ဝင်စားရင်

credit card လို့ပြောလိုက်တာနဲ့ မလိုအပ်ပါဘူးကွာ လို့ ပြောမယ့်သူနဲ့၊ ဈေးကြီးလွန်းပါတယ်လို့ ပြောမယ့်သူများ ပါတယ်။
မှန်ပါတယ်။
 မြန်မာပြည်မှာ အကြွေးဝယ်ကတ် လို့ ခေါ်ပါတယ်။
တကယ်တော့ တို့တွေက အကြွေးနဲ့ဝယ်မှာတော့ မဟုတ်ပါဘူး။ :)

***********************************************************
ကျွန်တော် rabobank မှာ account ဖွင့်ထားပါတယ်။
bank card တစ်ခု အခမဲ့ရပါတယ်။
ဒီကတ်ဖြင့် ငွေချေလို့ရတယ်။ ပြီးတော့ ငွေထုတ်လို့လည်း ရပါတယ်။
ဒီလိုရအောင်လို့ maestro နဲ့တွဲထားတာဖြစ်ပါတယ်။
maestro တံဆိတ်တွေ့ရင် ကိုယ်သုံးနေတဲ့ ဘဏ်ကတ်နဲ့ငွေချေနိုင်တယ်။
ခက်တာက online payment စနစ်မသုံးတာပါ။ ပြီးတော့ ဥရောပ တိုင်းပြည်တွေလောက်မှာသာ တွင်ကျယ်ပါတယ်။
ဒီ rabobank မှာ Account ဖွင့်ခ လစဉ် 1,80 ပေးရပါတယ်။
ဈေးအပေါဆုံး (direct pakket) account ဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်ဟာ ကမ္ဘာတဝန်း ခရီးသွားနေတာ၊ ဒါမှမဟုတ် နိုင်ငံခြားကို online ကနေဈေးဝယ်တာတို့ ဆိုရင်
rabobank မှာ (totaalpakket) account ဖွင့်ထားရမယ်။ လစဉ် 3,95 euro ပေးရပါမယ်။ credit ကတ်တန်းရပြီလေ။
တစ်နှစ်ပတ်လုံး မသုံးရင်တောင်မှ 47 euro လောက်ကျသင့်ပါတယ်။
ဒီလို တတ်နိုင်မယ်ဆိုရင်တော့ ဒီစာ ကို အထူးတလည် ရေးစရာ မလိုပါဘူး။ :)

မြန်မာပြည်သား အများစုကိုင်ကြတဲ့ ING ဘဏ်မှာ basispakket ကိုကိုင်ကြတာများတယ်။
၃ လတစ်ခါ 4,35 euro ကျသင့်ပါတယ်။
betaalpakket ဖွင့်ရင် ၃ လတစ်ခါ 9 euro ကျသင့်ပါတယ်။ credit လည်းပါလာတာပေါ့နော်။

ဒီ rabobank နဲ့ ING ကနေထုတ်ပေးလိုက်တဲ့ credit card ကနေ ဥပမာ singapore နိုင်ငံမှာ ပိုက်ဆံထုတ်ရင် ကိုယ်ထုတ်တဲ့
ပိုက်ဆံ အရေအတွက်ရဲ့ 3% လောက် သပ်သပ် ပေးဆောင်ရပါသေးတယ်။
credit card ကိုင်ချင်ရင် ဈေးကြီးပါတယ်။

***********************************************************

ဒါကြောင့် လိုအပ်သူတွေအတွက် ဈေးချိုတဲ့နည်းလမ်း ရေးချင်ပါတယ်။
ICS လို့ခေါ်တဲ့ international card service  ဆိုတဲ့ကုမ္ပဏီ amsterdam ရှိတယ်။
သူ့ဆီမှာ prepaid mastercard classic   ဆိုတာရှိတယ်။
နာမည်အတိုင်းပါပဲ။ prepaid ဆိုရင် အတော်ရင်းနှီး ပြီးသားပါ။

ဒီကတ်က တစ်နှစ်စာကို 15 euro ပဲကျသင့်ပါတယ်။
ကိုယ်လက်ရှိဘဏ်ကတ်ကနေ ကိုယ့်ရဲ့ credit ကတ်ထဲကို ငွေလွှဲပြီးမှ သုံးလို့ရတာပါ။
ဆိုတော့ အကြွေးဝယ်ကတ် ဖြစ်ပေမယ့် ငွေမရှိရင် ဝယ်လို့မရပါဘူး။

ပြီးတော့ ငွေထုတ်စက်မှာ ငွေထုတ်ရင်လည်း 1% ပဲယူပါတယ်။
master ကတ်ထဲကို တစ်ကြိမ် ပိုက်ဆံဖြည့်ရင် 0,95 ကျသင့်ပါတယ်။
ကျွန်တော် လက်ရှိ ဒီကတ်ကို ပဲ သုံးနေပါတယ်။ဒီကတ်သုံးရင် ၅ ယူရို လက်ဆောင်ရသေးတယ်။ :)

prepaid credit card တွေ အများကြီးရှိတဲ့အထဲက ဒီ ICS ကထုတ်တဲ့ ကတ်က ဈေးချိုရုံ မဟုတ်သေးပါဘူး။
limit တွေ စည်းကမ်းတွေ အတော်နည်းပါတယ်။
ဝင်ငွေ စစ်ဆေးတာတွေ၊ ထောက်ပံ့ကြေးမို့လို့ ဘာမို့လို့  စစ်ဆေးတာတွေလည်း မရှိပါဘူး။

အမှန်တကယ် လိုအပ်သူတွေအတွက် သူ့ရဲ့ website မှာ သေချာလေ့လာ ကြည့်စေလိုပါတယ်။
https://prepaid.yourmastercard.nl/




ပြီးတော့ တစ်ဆက်တည်း  VISA ကတ်ကို နှစ်သက်ရင် 3V visa card ကိုလည်း  လေ့လာရမည့် ကတ်ဖြစ်ပါတယ်။
ဈေးလည်းချိုသလို ငွေဖြည့်ကတ်တွေဝယ်ပြီး ဖြည့်ရတာ ဖြစ်တယ်။
ဒီမှာ link https://www.3vcard.nl/#


ကဲဒီမျှနဲ့
ပါဘိခ်။