Monday 8 October 2018

Xiaomi Pocophone F1

 

အခန်း ၁။   မိုဘိုင်းဖုန်းအကောင်းစား

dollar ၃၀၀ တန်ဖုန်းတစ်လုံးဟာ ဘယ်လောက် ကောင်းနိုင်မလဲ။


samsung galaxy note 9 စျေးနှုန်းဟာ မြန်မာပြည်က အလုပ်သမား တစ်ယောက်ရဲ့ တစ်နှစ်ပတ်လုံး  ဝင်ငွေထက် များပါတယ်။
လူတိုင်းဟာ အကောင်းကြိုက်တာချည်းပဲ။ ပြသနာက အကောင်းလို့ သတ်မှတ်တဲ့ အရာတွေဟာ တန်ဖိုး၊ အဖိုးအခ များလွန်းတာချည်းပဲ။

ကမ္ဘာ့အကောင်းဆုံး ဖုန်းလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ ဒေါ်လာ ၈၀၀ အထက်မှာ ရှိနေကြပါတယ်။ ဒီကြားထဲ ဒေါ်လာစျေးတက်ပုံနဲ့ဆိုရင်တော့ အံကို တင်းတင်းကြိတ်ဖို့ပဲ ရှိတော့တယ်။
samsung note 9
samsung s9 Plus
LG V30
HTC U12 plus
Sony XZ2 premium
google pixel  3 XL

ဒီလို ကုမ္ပဏီအသီးသီးရဲ့ high end ဖုန်း၊ နောက်ဆုံးပေါ်ဖုန်းတွေ စျေးကြီးရခြင်းအကြောင်းတွေက ရှင်းပါတယ်။
ဖုန်း processor ၊ memory၊ ကင်မရာ၊ မှန်သားပြင် တွေကြောင့်ပါပဲ။
ဖုန်းအဓိက အလုပ်လုပ်တာကတော့ ဖုန်း processor ဖြစ်ပါတယ်။
ဥပမာ ဓါတ်ပုံ ရိုက်တာအစ၊ face unlock လုပ်တာအဆုံး processor  က အဓိက ခိုင်းသွားတာဖြစ်ပါတယ်။

ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ဖုန်းအကောင်းကို ကိုင်နိုင်သူဟာ ၂၀ ကနေ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဖုန်းအကောင်းစား ဆိုတာကို brand၊ တံဆိပ်နဲ့သတ်မှတ်သလား၊ USA Made ဖြစ်မှလား၊ ဒါမှမဟုတ် စျေးကြီးကြီးကို ဆိုလိုတာလား၊
ဒါမှမဟုတ် အထဲက တပ်ဆင်ထားတဲ့ အရာတွေ ကို ဆိုလိုတာလား။

အခန်း ၂။    ပဲ့ကိုင်ရှင် Qualcomm ကုမ္ပဏီ

Qualcomm  ဆိုတာက ကွန်ပျူတာအပိုစ္စည်း တွေ၊ အထူးသဖြင့် wireless adaptor device တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဖုန်းခေတ် ရောက်လာတဲ့အခါမှာ ဖုန်းထဲမှာ အဓိက မောင်းနှင်ပေးတဲ့ Processor chipset တွေကို ပြိုင်စံရှား ကင်းမဲ့လောက်အောင် အကောင်းဆုံး ထုတ်လုပ်နေသူပါ။
chipset တွေကို snapdragon ကုတ်နာမည်နဲ့ 400 series , 600 series , 800 series စတဲ့ ပုံစံမျိုး နာမည်ပေးထားပါတယ်။
လက်ရှိ သူတို့ နောက်ဆုံးထုတ်လုပ်ထားတဲ့ snapdragon 845 chipset ဟာ ကမ္ဘာ့ နံပါတ် တစ် အကောင်းဆုံး ဖုန်း processor လို့ တင်စားနိုင်ပါတယ်။
အပေါ်က ရေးပြထားတဲ့
samsung note 9 (US model)
samsung s9 Plus (US model)
LG V30
HTC U12 plus
Sony XZ2 premium
google 3 XL စတဲ့
လက်ရှိနောက်ဆုံးပေါ်ဖုန်းတွေအားလုံးနီးပါးရဲ့ chips တိုင်းဟာ Qualcomm  snapdragon 845 ကို သုံးထားပါတယ်။ ဒါကြောင့်လည်း အတော်လေး စျေးကြီးတာပါ။
 


 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာပြည်ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi mi 5X (သို့မဟုတ်) mi A1 ဖုန်းဟာ qualcomm ရဲ့ အလယ်အလတ်တန်းစား chip ဖြစ်တဲ့ snapdragon 625 ကို သုံးထားပါတယ်။
ဒါကြောင့်စျေးနှုန်းဟာ ဒေါ်လာ ၂၀၀ ပတ်ဝန်းကျင်မျှသာ ရှိပါတယ်။


ဖုန်းလောကမှာ နောက်ဆုံးအချိန်မှ ဝင်ရောက်လာပြီး ဆရာကြီး တစ်ဆူလို ရပ်တည်နေတာကတော့ oneplus ကုမ္ပဏီပဲ ဖြစ်ပါတယ်။
သူတို့က High end ဖုန်းတွေကို ကျန်တဲ့ ကုမ္ပဏီများထက် တစ်ဝက်လောက် စျေးချိုအောင် ရောင်းနိုင်ခဲ့လို့ အတော်အောင်မြင်သွားတာပါ။
သူတို့ နောက်ဆုံးပေါ် ထုတ်နေတဲ့ လက်ရှိဖုန်းကတော့ oneplus 6 ဖြစ်ပါတယ်။ oneplus 6 ရဲ့ ကြွေးကြော်သံလား၊ motto လားတော့ မသိဘူး၊
oneplus 6 ( the speed you need) ဆိုပြီး ပွဲထုတ်ထားတာ။ speed အကောင်းဆုံးဖြစ်မယ့်ပုံအတိုင်း ကြွေးကြော်ရဲတဲ့ အကြောင်းက ဖုန်း processor အတွက် qualcomm  snapdragon 845 ကိုသုံးထားလို့လေ။



အခန်း ၃။  Xiaomi Pocophone F1

Xiaomi ကဖုန်းထုတ်လုပ်ရင်  Mi ဆိုတဲ့ ဖုန်း series နဲ့ redmi ဆိုတဲ့ နှစ်မျိုးထုတ်ပါတယ်။
Mi ဖုန်းတွေဟာ စွမ်းဆောင်ရည် အမြင့်ဖုန်းတွေဖြစ်ပြီး စျေးကြီးပါတယ်။
Redmi ဖုန်းတွေကတော့ နိမ့်တယ်၊ စျေးချိုတယ်။ သိတဲ့အတိုင်းပေါ့ဗျာ။
Xiaomi ကုမ္ပဏီက europe တစ်ခွင်မှာ အောင်မြင်စ ပြုလာသလို၊ ပင်ရင်း store ဆိုင်တွေဖွင့်လာနိုင်ခဲ့ပါတယ်။
မကြာခင် london မှာလည်း Xiaomi ပင်ရင်းဆိုင် ဖွင့်တော့မှာ။



ဒီတစ်ခါတော့ mi လည်းမဟုတ် Redmi လည်း မဟုတ် pocophone  ဆိုတဲ့ တစ်မျိုးထွက်လာပါတယ်။ ဒီဇိုင်း၊ battery၊ ကင်မရာ စတဲ့အရာတွေဟာ ဒီခေတ်အခြေအနေနဲ့ အံကိုက် ဖြစ်နေပါတယ်။
ထူးခြားတာက ဘာမဟုတ်တဲ့ ဒီဖုန်းရဲ့ processor က qualcomm  snapdragon 845 ကိုသုံးထားတာ။
ဒီထက်ပိုထူးခြားတာက စျေးနှုန်းပဲ။ ဒေါ်လာ ၃၀၀ အောက်နဲ့ ရောင်းနေတာ။ ဖုန်းအကြောင်းလေ့လာနေသူတွေ အံ့သြမှင်သက်သွားစေတဲ့ ဖုန်းပါ။

 


 

ဖြစ်ကတတ်ဆန်း တပ်ဆင်ထားတာလည်း မဟုတ်ဘူး။ ဖုန်းမှာ game ဆော့ရင်း အပူလွန်ကဲတာတွေ မဖြစ်အောင် liquid cooling  system သုံးထားသေး။
ဒီလိုမျိုးကို samsung note 9 မှာသုံးထားပါတယ်။
စျေးနှုန်းနဲ့ တွက်ချက်ကြည့်ရင် တကယ့်ကို တွက်ခြေကိုက် ဖုန်းပေါ့ဗျာ။
ဒါကြောင့် Xiaomi ထုတ် pocophone ဟာ ဖုန်းဝယ်မယ်ဆိုရင် ထည့်တွက်ရမယ့်အချက် ဖြစ်သလို ကျနော့်ရဲ့ top 1 ဖြစ်ပါတယ်။ :) 

 


 

 

 

 

 

 

 

 

 

 

 

 

စျေးနှုန်းက လက်ရှိ အခွန်အတုပ်များလှတဲ့ နယ်သာလန်မှာ ယူရို ၃၅၀ ပတ်ဝန်းကျင် ရှိသလို တရုတ်ပြည်က မှာယူမယ်ဆိုရင် Aliexpress စျေးနှုန်းအရ  ယူရို ၂၇၀ ပဲ ရှိပါတယ်။

Xiaomi Pocophone F1: Specs
•    Android 8.1 Oreo with MIUI for Poco
•    6.18in Full-HD+ (2248x1080) 18.7:9 display
•    2.8GHz Qualcomm Snapdragon 845 octa-core processor
•    6/8GB RAM
•    64/128/256GB storage
•    microSD card slot (up to 256GB)
•    4G LTE
•    Dual-SIM (uses SD slot)
•    Dual-band 802.11ac Wi-Fi
•    Bluetooth 5.0 with aptX HD
•    Fingerprint sensor (rear)
•    GPS
•    Dual-camera: Sony IMX363 12Mp + 5Mp, f/1.9, 1.4um pixels, 4K video
•    20Mp selfie camera, 1.8um 4-in-1 Super Pixel
•    USB-C
•    4000mAh battery, Quick Charge 3.0
•    156x75x8.8mm
•    180g

 


 

 မှတ်ချက်။  ။


huawei အရင်ဖုန်းတွေမှာ qualcomm chip တွေ သုံးခဲ့ပေမယ့် ခုနောက်ပိုင်းဖုန်းတိုင်းမှာတော့  သူတို့ပိုင်ကုမ္ပဏီပိုင်  hisilicon ထုတ် kirin ဆိုတဲ့ chip ကိုပဲ အသုံးပြုထားပါတယ်။
ဥပမာအားဖြင့် huawei P10 မှာ hisilicon kirin 960 ကို သုံးထားပြီး  ၊ huawei P20 ဖုန်းမှာတော့ hisilicon kirin 970 ကို အသုံးပြုထားပါတယ်။
Apple ရဲ့ iphone ဖုန်းတွေမှာတော့ ၂၀၁၀ ကစပြီး သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ apple A chip တွေကို သုံးထားပါတယ်။လက်ရှိ iphone Xs, Xs max ဖုန်းတွေမှာ Apple A12 Bionic ကို သုံးထားပါတယ်။
Samsung က သူတို့ကိုယ်ပိုင်ထုတ် Exynos chip ကိုလည်းပဲ တဖြေးဖြေး အသုံးပြုလာပါတယ်။