Tuesday 18 August 2015

အနှစ်သက်ဆုံး App ၅ ခု

ဖုန်းတွေ လူတိုင်းနီးပါး ကိုင်တွယ်နေကြတဲ့ခေတ်မှာ ကိုယ့်လက်ထဲမှာ ရှိတဲ့ ဖုန်းကို ကောင်းကောင်းအသုံးချတတ်ဖို့ အရမ်းအရေးပါ ပါတယ်။
ကျနော်နှစ်သက်တဲ့ app တွေအကြောင်း ရေးချင်ပါတယ်။

၅။ My scans
ဒီဟာကတော့ စာရွက်စာတမ်းတွေကို scan ဖတ်သလိုမျိုး လုပ်ပေးတဲ့ app ပါ။
ထုတ်ပြန်စာတွေ၊ ကြေငြာစာတမ်းတွေ၊ ရုံးစာတွေ ကို အသိတစ်ယောက်ယောက်ကို ပြချင်ရင် ဖုန်းကင်မရာဖြင့် အလွယ်ကူဆုံး ဓါတ်ပုံ ရိုက်ပြီး ပို့လေ့ရှိကြတယ်။
ဒါပေမယ့် အလင်းရောင်ကလည်း နည်း၊ focus ကလည်း မချိန်တတ်တော့ ဖတ်ရသူအဖို့ အတော်ဒုက္ခ ရောက်ပါတယ်။ဒီပြဿနာတွေကို ဖြေရှင်းဖို့ scanner app တစ်ခုခု သုံးပါ။
pdf format လိုမျိုး ကြည်လင်ပြတ်သားတဲ့ စာရွက် စာလုံးတွေကို သေချာ မြင်ရမှာဖြစ်တယ်။
ဒီ app တွေရဲ့အားနည်းချက်က colour တော့ မရပါဘူး။








၎။ zapya
မြန်မာပြည်က လူတွေအားလုံး ရင်းနှီးပြီးသား app ပါ။မြန်မာပြည်ရောက်သွားတုန်းက ဖုန်းထဲမှာ zapya မရှိလို့ဘော်ဒါတွေ အံ့သြနေကြသေးတယ်။ တကယ်တော့ဒီ app ကို မြန်မာပြည်ရောက်သွားမှ သိတာပါ။
ဖုန်းထဲက သီချင်း၊ Video၊ ပုံ နဲ့ app တွေကို ဖြန့်ပေး၊ ဝေမျှပေးတဲ့ app ပါ။ internet အားနည်းသေးတဲ့ မြန်မာပြည်မှာ zapya ကို အဓိက သုံးတာ တော်တော်အဆင်ပြေတာအမှန်ပဲ။
ကျနော်အဓိက သုံးရတဲ့အချက်က ဒီ zapya ကို laptop ထဲမှာ ထည့်ထားပါတယ်။ ဖုန်းနဲ့ရိုက်လာတဲ့ ဓါတ်ပုံတွေကို laptop ထဲမှာ ကူးပြောင်းဖို့ ဒီ zapya ကိုသုံးပါတယ်။ USB ကြိုးတွေ ရှုပ်ထွေးမနေတော့ပါဘူး။
wifi သုံးတာချင်းတူနေတော့ လုပ်ရတာ လွယ်ကူပါတယ်။ laptop ထဲက သီချင်းတွေ၊ video တွေကိုလည်း လွယ်ကူစွာ ဖုန်းထဲကို ကူးပြောင်းပေးပါတယ်။ file transfer လုပ်ရတာ powerfull အဖြစ်ဆုံးတစ်ခုလို့ ဆိုချင်ကါတယ်။
အံ့သြတာက ဒီ app ကို မြန်မာလို သုံးနိုင်တာဖြစ်တယ်။ မြန်မာပြည်မှာ အသုံးများလွန်းလို့ မြန်မာစာ support ပေးထားဟန်တူပါတယ်။

၃။snaptube

ဖုန်းပေါ်မှာ youtube video တွေကြည့်ဖူးကြမှာပါ။ အင်တာနက် အရမ်းစားပါတယ်။ ဒီ youtube ပေါ်မှာရှိတဲ့ video ကို သိမ်းထားချင်ရင် (ဒါမှမဟုတ် ) mp3 အဖြစ်သိမ်းချင်ရင် app တွေအမျိုးမျိုးရှိနေ
ပေမယ့် အသုံးတည့်တာ မရှိပါဘူး။
ဒီ snaptube တမျိုးသာ အကောင်းဆုံးရှိပါတယ်။ လွယ်ကူတယ်၊ မြန်ဆန်တယ်။
ဒီ App ကတော့ google playstore မှာ မရှိပါဘူး။ သူ့ဆိုက်မှာ download လုပ်ပြီး install လုပ်ပါ။ http://www.snaptube.in/
tip အနေနဲ့ wifi ရတုန်း ကြိုက်နှစ်သက်တဲ့ music video ကို mp3 အဖြစ် download ဆွဲပါ။ အပြင် wifi internet မရတဲ့နေရာမှ ခုန download ထားတဲ့ mp3 သီချင်းကို ဇိမ်နဲ့ နားထောင်ပါ။ :)
သတိထားရမယ့်အချက်က high quality audio အဖြစ် download ဆွဲရင် mp3 format မဟုတ်ပဲ m4a format ဖြစ်တဲ့အတွက် custom player နဲ့ဖွင့်နိုင်မှာ မဟုတ်ဘူး။

၂။ snapseed
ဒါကတော့ ဓါတ်ပုံတွေကို effect တွေနဲ့ပြင်တဲ့ app ပါ။ ရှုခင်းပုံတွေကို အဓိက ပြင်နိုင်ပါတယ်။
အရောင်ပိုမို စိုပြေစေဖို့၊ အလင်းအမှောင်တွေ ကအစ အားလုံး ပါဝင်ပါတယ်။
NIK ဆိုတဲ့ကုမ္ပဏီလေးက၂၀၁၁ထဲမှာ ipad app အတွက် စတင်ထုတ်လုပ်ခဲ့ပြီးတော့ အဲဒီနှစ်မှာတင် ipad app of the year ဆိုတဲ့ဆုရရှိခဲ့ပါတယ်။ပြီးမှသာ iphone အတွက် ဆက်လက်ဖြန့်ချိခဲ့တယ်။
၂၀၁၂ မှာ အောင်မြင်နေတဲ့ဒီ app ကို google က ဝယ်ယူပြီးနောက်ပိုင်းမှာတော့ android အတွက် ရရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အခုတော့ Google ရဲ့ထုတ်ကုန်ပေါ့နော်။
windows OS ကွန်ပျူတာတွေအထိ ခြေဆန့်နိုင်တဲ့ဒီ app ကို သုံးကြည့်ဖို့ တိုက်တွန်းပါတယ်။


၁။ Myanmar BIBLES
မြန်မာနိုင်ငံကျမ်းစာအသင်း က ပြုလုပ်ထားတဲ့ app BIBLES  ကို version 2.0 မြှင့်တင်ပေးလိုက်တဲ့အခါမှ အတော်ကောင်းလာပါတယ်။ စကားလုံးလှတယ် ရှင်းတယ်။
မှတ်ထားလို့လည်းရ၊ ရှာချင်တဲ့စကားလုံးလည်း လွယ်လွယ်ရှာလို့ရတော့ အတော်ပြည့်စုံသွားတယ်။