Thursday 25 February 2016

FBI နဲ့ နည်းပညာ တိုက်ပွဲ


 မနှစ်က ဒီဇင်ဘာလထဲမှာ အမေရိကန်နိုင်ငံမှာ အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
လူ ၁၄ ယောက်သေဆုံးခဲ့သလို ၂၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက် သေနတ်သမား ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Syed Rizwan Farook ရယ် အခြားတစ်ယောက် လည်း ဆုံးသွားပါတယ်။
ဒီ Farook ရဲ့ apple အမှတ်တံဆိပ် iphone 5c ကို FBI ကရရှိထားပါတယ်။
ဒီအခါမှာ Farook ရဲ့ ဖုန်းထဲက အချက်အလက်တွေ ဘယ်သူတွေဆက်သွယ်တယ်၊ ဘယ်သူနဲ့စာပို့တယ် ဆိုတာ သိရဖို့ FBI ကဖုန်းကို ဖွင့်ပေမယ့်လို့
ဖုန်း passcode ကို မထိုးဖောက်နိုင်ဘူး ဖြစ်နေပါတယ်။
 passcode တွေထပ်ခါ ထပ်ခါ မှားပြီး ရိုက်ပြီး ရိုက်တဲ့အတွက် ပိုမိုခက်ခဲသွားပါတော့တယ်။
iphone 5c

ဒီအခါမှာ FBI ကဘာမှ လုပ်လို့ မရတဲ့အခါမှာ တရားရုံးမှတဆင့် apple ကုမ္ပဏီကြီးကို အကူအညီ လှမ်းတောင်းရပါတော့တယ်။
ဒီ lock ကျနေတဲ့ ဖုန်းတွေ ဖြေပေးဖို့ software တစ်ခု ဖန်တီးပေးဖို့ပါ။

နဂိုကတည်းက ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားနေတဲ့ သတင်းဖြစ်နေလေတော့ နည်းပညာ သမားတွေ အားလုံး နားစွင့်ထားတဲ့သတင်းပါ။

ဒီအခါမှာ ဆရာကြီး Apple ကုမ္ပဏီက 'No' ဖြစ်နေပါတယ်။ FBI ကို မကူညီနိုင်ဘူးပေါ့။
ဒီမှာ ပွဲကဆူသွားပါတော့တယ်။

iphone  locked ကျသွားတဲ့ဖုန်းကို ဖြေဖို့ software တစ်ခုဖန်တီးမယ်ဆိုရင် အင်တာနက်မှာ တစ်နည်းနည်းနဲ့ပြန့်သွားမယ်။
ဒါဆိုရင် iphone passcode တွေ၊ လက်ဗွေစနစ်တွေ လွယ်လင့်တကူ ထိုးဖောက်နိုင်မယ် ဖြစ်တဲ့အတွက် iphone တွေဟာ မလုံခြုံတော့ဘူး။
သုံးစွဲသူရဲ့ privacy ကို ထည့်စဉ်းစားတဲ့အတွက်ကြောင့် FBI ရဲ့ ကမ်းလှမ်းမှုကို ငြင်းလွတ်လိုက်ခြင်းဖြစ်တယ်။

Tim Cook
 ဒီအခါမှာ ဆရာကြီး Apple က ပိုပြီးတော့ ဆရာမှူးကြီး ဖြစ်သွားတာပေါ့။
အဲဒါကိုပဲ twitter, Facebook , Google , whatsapp စတဲ့ကုမ္ပဏီကြီးတွေက apple လုပ်ရပ်ကို အပြည့်အဝ ထောက်ခံပေးလာပါတယ်။

ဒီအခါမှ FBI အတွက် တော်တော် အကြပ်တွေ့လာရပါတယ်။ iphone 5c လို finger print lock မပါတဲ့ ဖုန်းကို တောင် lock မဖြေနိုင်တဲ့အခါမှာ
ဂုဏ်သိက္ခာ အများကြီးကျသွားစေရုံသာမက ခုချိန်ထိ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေပါတယ်။

တဖက်မှာ အကြမ်းဖက်သမားတွေကို ကူညီရာ ရောက်နိုင်တဲ့အတွက် Apple အနေနဲ့လည်း များစွာစဉ်းစားရမယ့်အပိုင်းဖြစ်သလို risk အရမ်းများပါတယ်။

ဒီအချိန်မှာ တခြား computer security ကုမ္ပဏီကြီး McAfee ကိုထူထောင်တဲ့ John McAfee က ထုတ်ပြောလာတာ တစ်ခုရှိပါတယ်။
ငါ့ရဲ့ hacker team တွေနဲ့ ဒီ iphone 5c ကို အခမဲ့ ထိုးဖောက်ဝင်ရောက်မေးမယ်၊ ဒါဆို FBI အနေဖြင့် apple ဆီကို အောက်ကျနောက်ကျခံပြီး
အကူအညီတောင်းစရာ မလိုဘူး။... ဆိုပြီး FBI ကို ကမ်းလှမ်း လာပါတယ်။

John McAfee
FBI ကတောင် မလုပ်နိုင်တဲ့ အလုပ်မျိုးကို McAfee က ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့
အမေရိကန် အစိုးရဆိုတာ အနှစ် ၂၀ နောက်ကျနေတဲ့ အဖွဲ့ကြီးလို့ ဝေဖန်လိုက်ပါတယ်။

အကယ်၍ FBI ကနိုင်ခဲ့ရင် ပြည်သူတွေရဲ့ ဘဝ ကို အကြမ်းဖက်သမားတွေဆီက ပိုမို ကာကွယ်ပေးနိုင်ရာ ရောက်သလို
တဖက်မှာ လည်း ပြည်သူတွေရဲ့ Privacy ဟာ အစိုးရက ကြိုက်သလို စစ်ဆေးနေနိုင်ပါလား ဆိုပြီး ၅၀/၅၀ ဖြစ်နေပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် Apple ကတော့  iphone 5c ကို မထိုးဖောက်နိုင်ကြသေးသရွေ့ လောလောဆယ် နာမည် ပိုပြီးထင်ရှားလာဦးမှာပါ။

မတ်လ ၂၂ ရက်ကျရင် တရားရုံးတော်ကြီးက apple CEO Tim Cook နဲ့  FBI director James Comey ကို ဆင့်ခေါ်ထားပါတယ်။


 James Comey
 အဲဒီအချိန်ကျရင် အဖြေတစ်ခုခု ထွက်လာပါလိမ့်မယ်။

P.S  နားလည်ရလွယ်ကူအောင် တင်ပြထားတာ ဖြစ်တဲ့အတွက် စကားအသုံးအနှုန်းတွေ ကွာခြားနိုင်တယ်။

Friday 19 February 2016

Mozilla firefox မှာ ဇော်ဂျီ အမှန်ပေါ်စေဖို့။

zawgyi font ဆိုတာ ဒီချိန်ထိ popular အဖြစ်ဆုံးမြန်မာ font ပါ။
ကမ္ဘာ့ ကွန်ပျူတာစာလုံး စံနှုန်းကို မလိုက်နာတဲ့အတွက် ခုချိန်ထိ official font တွေအဖြစ် အသုံးပြုလို့ မရဘူး။
နောင်လည်း အသုံးပြုနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့်လို့ huawei ဖုန်းတွေမှာ zawgyi font တခါတည်းထည့်ပေးပြီးသားပါ။

facebook နဲ့ news website အသီးသီးမှာ zawgyi font ကိုပဲ တွင်တွင် သုံးနေကြလေတော့
ကိုယ်တွေလည်း မသုံးလို့ မရဘူး။

ကွန်ပျူတာမှာ browser တွေအများကြီး ရှိတဲ့အထဲက mozilla firefox ကိုပဲ စွဲစွဲမြဲမြဲ သုံးလာတယ်။
ပြသနာက ဒီ firefox browser မှာ zawgyi မြန်မာစာလုံးတွေက ယပင့် နဲ့ ရှေ့ထိုး တွေက နေရာ မမှန်တော့ ဖတ်ရတာ အဆင်မပြေဘူး။
စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။

အဲဒီကိစ္စမျိုးကို ဖြေရှင်းဖို့ smart zawgyi pro ဆိုတဲ့ font ရှိတယ်။ သူက android ဖုန်းတွေမှာ အဲလိုမျိုးပြသနာတွေ ဖြေရှင်းဖို့
ထွင်ထားကြတာဖြစ်ပေမယ့် computer မှာလည်း သုံးလို့ရတယ်။

အောက်က link မှာ download ယူလိုက်ပါ။
http://www.mediafire.com/download/6tj2a5vol6c4v5o/SmartZawgyiPro.ttf

ရလာတဲ့ font ကိုဖွင့်ပြီးတော့ install ဆိုတာကို နှိပ်ပါ။
ပြီးရင် mozilla firefox ကိုဖွင့်ပါ။ ညာဖက်အပေါ်ဆုံးမှာ setting icon လေးကိုနှိပ်ပြီးရင် options ကိုထပ်နှိပ်ပါ။




ဗယ်ဖက်မှာ menu tab တွေထဲက Content ကိုရွေးပါ။
အဲဒီမှာ default font နေရာမှာ ခုနက install လုပ်ထားတဲ့ smart zawgyi pro  ကိုရွေးပေးလိုက်ပါ။


ဒါဆိုရင် မြန်မာစာတွေ အမှန်ပေါ်ပါပြီ။