Showing posts with label window. Show all posts
Showing posts with label window. Show all posts

Thursday, 14 October 2021

windows 11 စမ်းသပ်ကြည့်ခြင်း။ ( tutorial )

 weekend မှာတော့ အကြာကြီးစောင့်နေခဲ့ရတဲ့ windows 11 ကို ကလိခွင့် ရခဲ့ပါတယ်။

ပြောထားသလိုပဲ computer အမြင့်ပိုင်းမှာပဲ install လုပ်ခွင့်ပေးထားတာဖြစ်တယ်။
computer အမြင့်ပိုင်းသုံးသူတွေအတွက် ဘာမှ ပြသနာမရှိပေမယ့် ကျွန်တော့်လို ကွန်ပျူတာအမြင့် ဝယ်မသုံးနိုင်တဲ့ ငမွဲတွေအတွက်တော့ ကသိကအောင့် ဖြစ်ရပါတယ်။

ဒီလိုနဲ့ youtube မှာ လိုက်ကြည့်ပါတယ်။ windows 11 ကို computer အဟောင်းတွေမှာ ဘယ်လို မလှိမ့်တပတ် ထည့်ရမလဲဆိုတာ။
နည်းလမ်းမျိုးစုံနဲ့ ထည့်သုံးကြပါတယ်။ အားလုံးကလည်း အဆင်ပြေနေတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း သူတို့တွေ လုပ်ပြတဲ့ နည်းလမ်းတွေက ရှုပ်ထွေးကုန်တာပါပဲ။
သူတို့လုပ်ပြတဲ့ နည်းလမ်းတွေကို သဘောမကျဘူး။

ဒါကြောင့် လွယ်ကူမယ့်နည်းလမ်းကို  ကိုယ့်နည်းကိုယ့်ဟန် စဉ်းစားကြည့်ပြီး လုပ်ကြည့်တာ အောင်မြင်သွားတယ်။
microsoft ရဲ့အားနည်းချက်က သူတို့ ထုတ်လုပ်လိုက်တဲ့ windows 11 ဟာ windows 10 ကို အပေါ်ယံလေး ပြုပြင်မွမ်းမံထားတာဖြစ်တယ်
ဒါကြောင့် ကိုယ်တွေကလည်း မလှိမ့်တပတ် လုပ်ရတာ အတော်လွယ်ကူသွားတယ်။

ကွန်ပျူတာသမားတိုင်း လုပ်နေကျနည်းလမ်းရှိတယ်။
windows 10 ISO ကို USB stick ထဲကို ထည့်။
ဒီအတိုင်း copy / pate လုပ်တာမဟုတ်ပါ။
bootable windows 10 USB stick ဖြစ်အောင် software တစ်ခုခုနဲ့ ထည့်တာ။
ပြီးရင် အဲဒီ USB stick ထဲက sources / install.esd ကို ဖျက်လိုက်တယ်။ 3.5 GB လောက်ကို ရှိတယ်။ windows 10 ရဲ့အဓိက main file ကြီးပေါ့။

ပြီးတော့ windows 11 ISO အခွေ ကို microsoft website ကနေ download ဆွဲရမယ်။ https://www.microsoft.com/en-us/software-download/windows11
download ဆွဲမယ်ဆိုရင် သူက option သုံးခုပေးမယ်။
Windows 11 Installation Assistant
Create Windows 11 Installation Media
Download Windows 11 Disk Image (ISO)


ဒီသုံးမျိုးထဲက Create Windows 11 Installation Media နည်းလမ်းအတိုင်းပဲ download ဆွဲရမယ်။
ဒါမှသာ file size က ကျုံ့သွားမှာဖြစ်တယ်။ download ဆွဲပြီးသွားရင် အဲဒီ ISO ဖိုင်ထဲက sources / install.esd ကို copy ယူ။
ပြီးတော့ windows 10 bootable USB stick ထဲမှာ paste။ (ခုနက ဖျက်ခဲ့တဲ့နေရာ)။

သဘောက windows 10 ဖိုင်နေရာကို windows 11 ဖိုင်နဲ့ အစားထိုးလိုက်တာ။
computer ထဲကို windows 10 ထည့်တဲ့ပုံစံအတိုင်း တဆင့်ချင်း ထည့်သွားလိုက်ယုံပဲ။
ဒီထက်လွယ်မယ့်နည်းလမ်း မရှိလောက်ဘူး။

windows လည်း အလိုလို activated ဖြစ်တယ်။ အဆင်မပြေမှု ဘာမှ မရှိဘူး။
ဒီနည်းလမ်းအတိုင်း   အိမ်က laptop နှစ်ခုကို စမ်းတယ်။
တစ်ခုကို clean install လုပ်တယ်။
နောက်တစ်ခုကို windows 10 ကနေ 11 ကို upgrade လုပ်တာရတယ်။


ဒီအရာတွေက
windows 11 ကို ထည့်သုံးလို့ မရတဲ့ computer မှာ မရမက ထည့်သုံးတာဖြစ်တယ်။
ဒီတော့ microsoft က ကျတော်တို့ကို ဘယ်လို ပြန်နှိပ်ကွက်မလဲ။
ဖြစ်နိုင်ခြေက  windows update support မရမက ပိတ်နိုင်တယ်။
activated ဖြစ်ပြီးသား windows keys ကို deactivated ပြန်လုပ်နိုင်တယ်။
အခြားအခြားသော ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်။

ဘာမှမဖြစ်တာလည်း ဖြစ်နိုင်တာပဲလေ။

ဒါပေမယ့် မမှုပါဘူး။
အကြောင်းက နောက်နှစ်အနည်းငယ်မှာလည်း windows 10  support က သက်တမ်းကုန်တော့မှာပဲလေ။
ပြီးတော့ အဲဒီ windows support တွေ ဘာတွေကိုလည်း နားမလည်ပါဘူး။ သိလည်းမသိပါဘူး။ လိုအပ်တယ်လို့လည်း မမြင်ပါဘူး။
၁၅ နှစ်လုံးလုံး anti-virus ကိုတောင် မသုံးခဲ့တဲ့ ကျတော်ပဲလေ။ မသုံးချင်တဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်။

ကဲဒါဖြင့် windows 11 screenshoot ကြည့်ကြည့်ပါဦး။













Saturday, 9 October 2021

windows 11 ကျွန်တော့်အမြင်၊

 windows 11 ကို microsoft ကုမ္ပဏီက အောက်တိုဘာ ၅ ရက်နေ့မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ကဲဒါဖြင့် ဘာများ ထူးဆန်းလို့လဲ။

အချက် ၃ ချက် သွားတွေ့ပါတယ်။

၁။ Free.

၂။ နောက်ဆုံးပေါ် ကွန်ပျူတာ ဖြစ်မှ install လုပ်လို့ရမယ်။

၃။ windows 10 နဲ့မခြားနား၊ အပေါ်ယံလှပမှုလေးသာ မွမ်းမံထား။

လက်ရှိ microsoft CEO အိန္ဒိယသား satya nadella
၁။ Free.
windows ထွက်တိုင်း အမြဲပေးဝယ်ရတာ ဖြစ်ပါတယ်။ အရင်တုန်းကဆို ဆိုင်မှာ DVD အခွေနဲ့ အထဲမှာ license key code နဲ့ တွဲထားတာကို
ယူရို ၆၀ မှ ၁၂၀ ကြား ပေးဝယ်ရပါတယ်။
windows ထွက်တိုင်းလည်း လူတိုင်းနီးပါးက upgrade လုပ်ချင်ကြပါတယ်။ upgrade လုပ်ချင်လည်း ပိုက်ဆံပေးရတာပါပဲ။
ဒါပေမယ့် ကွန်ပျုတာသမားတိုင်းက တရားမဝင်နည်းလမ်းနဲ့ရော တရားဝင်လမ်းကရော မရမက upgrade လုပ်လေ့ရှိကြပါတယ်။  
 
windows OS ရဲ့အားသာချက်က လူတိုင်း အဆင်ပြေအောင် သုံးနိုင်သလို ကလိချင်သူများအတွက် ၊ ကွန်ပျူတာကို လေ့လာချင်သူအတွက် အကောင်းဆုံး OS ဖြစ်ပါတယ်။
pc ဘယ်လောက်ဟောင်းဟောင်း windows OS ကို လွယ်ကူစွာ ထည့်သုံးနိုင်ခြင်းပါပဲ။
အမြဲပေးဝယ်နေကျ အစ္စည်းက အခု free ဆိုတော့ အံ့ဩစရာကောင်းပါတယ်။ windows 10 တရားဝင် run နေတဲ့ ကွန်ပျူတာတိုင်းမှာ windows 11 ကို အခမဲ့ upgrade လုပ်လိုက်ရုံပါပဲ။


 

၂။ နောက်ဆုံးပေါ် ကွန်ပျူတာ ဖြစ်မှ install လုပ်လို့ရမယ်။

လူပြိန်းနားလည်ဖို့အတွက် အလွယ်ရေးလိုက်တာ။ windows 11 ကို ကွန်ပျူတာထဲမှာ install လုပ်ဖို့ရန်အတွက် သတ်မှတ်ချက် ရှိနေပါတယ်။

microsoft က security အပိုင်းကို သေချာ အာရုံစိုက်လာတဲ့အတွက် သာမန် ကွန်ပျူတာတိုင်းမှာ ထည့်ခွင့်မပေးပါဘူး။


အလွယ်နည်း သိထားဖို့က motherboard ဒါမှမဟုတ် CPU မှာ TPM chip လို့ခေါ်တဲ့ security ပိုင်းကို တာဝန်ယူတဲ့ အစိတ်အပိုင်းရှိပါတယ်။

အဲဒီ TPM chip ရဲ့ version က 2.0 အထက်ဖြစ်နေရမယ်။ TPM ကို နားသိပ်မလည်ရင်လည်း ကိစ္စမရှိဘူး။

အဲဒီတော့ windows 11 ကို အသုံးပြုချင်ရင် မိမိ အသုံးပြုနေတဲ့ ကွန်ပျူတာ CPU ကို စစ်ဆေးလိုက်ပါ။

intel ရဲ့ 8th generation အထက် CPU ဆိုရင် သုံးလို့ရပါတယ်။ ကွန်ပျူတာဝယ်တာ သိပ်မကြာသေးတဲ့သူတွေက အေးဆေးပဲ windows 11 ကို ထည့်လို့ရတယ်။




ကွန်ပျူတာ အဟောင်းတွေမှာလည်း ထည့်လို့ရတဲ့နည်းလမ်း အများကြီးရှိပါတယ်။
ကွန်ပျူတာသမားတိုင်း ၁၀ မိနစ်လောက် လေ့လာရုံနဲ့ ရပါတယ်။
ကွန်ပျူတာအဟောင်းမှာ windows 10 ကို တရားဝင် ဆက်လက်သုံးမလား၊ windows 11 ကို ထည့်စမ်းမလား စိန်ခေါ်မှုတစ်ခုပါပဲ။

Windows 11 system requirements:

  •     A "compatible" 1 GHz or faster dual-core 64-bit processor from Intel, AMD, or Qualcomm
  •     4GB of RAM
  •     64GB of storage
  •     UEFI Secure Boot supported and enabled
  •     A Trusted Platform Module (TPM), version 2.0 (ဒီမှာ ကွိုင်တက်ပြီ။)
  •     A DirectX 12-compatible GPU with a WDDM 2.0 driver
  •     A 720p display larger than 9 inches in size


၃။ windows 10 နဲ့မခြားနား၊ အပေါ်ယံလှပမှုလေးသာ မွမ်းမံထား။


ကျတော့်အမြင် ပြောရရင်တော့ OS အသစ်လို့ပြောပေမယ့် interface နည်းနည်းလေးသာ ပြောင်းတယ်လို့ ခံစားရပါတယ်။
windows 11 ရဲ့ build version ဟာလည်း 21H2 လို့ရေးထားပါတယ်။(2021 နှစ်ကုန်ပိုင်း)
windows 10 ရဲ့နောက်ဆုံး version က 21H1 (2021 ရဲ့နှစ်ဆန်း).

 


folder တွေ ကာလာပြောင်းရုံ၊ menu တွေ ပုံစံလေးပြောင်းရုံသာသာလောက်ကတော့ OS အသစ်ဆိုတဲ့ ခံစားမှု သိပ်မတွေ့ဘူး။
microsoft က ထုတ်ခဲ့သမျှ windows OS တိုင်းမှ ကြီးမားတဲ့ ပြောင်းလဲမှု အမြဲရှိနေခဲ့တယ်။
ဒီတခေါက်မှာ တော့ အကြံကုန်သွားတာလည်း ဖြစ်နိုင်တယ်။
မော်တော်ကားအသစ်ထုတ်တာ အထဲက အင်ဂျင်ပါဝါတွေ ဘာမှပြောင်းဘဲ
အပြင်ပိုင်း အရောင်တောက်တောက်လေး ပြောင်းလိုက်သလိုမျိုးပေါ့။
ဒါပေမယ့် ဒီပေါ်ယံ အလှအပလေးပြောင်းလဲပေးလိုက်ရုံကလည်းပဲ လူအတော်များများကို
ဆွဲဆောင်နိုင်သလို အလှပဆုံး OS လို့ အမွှန်းတင်ရမှာပဲလေ။

သေချာတာကတော့ ကျတော် သုံးနေတဲ့ laptop CPU Intel Core i5-6300U
( 6th generation) သာဖြစ်ပေမယ့် windows 11 ကို မရမက ထည့်ဖြစ်မှာပါ။

Word နှင့် Excel တွင် မြန်မာစာ ပုံသေထားနည်း။

 

microsoft word နှင့် Excel တို့ကို အသုံးပြုတဲ့ခါမှာ မြန်မာစာ ရိုက်ချင်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြာင်းတစ်ခုရှိနေပါတယ်။
စာရိုက်တော့မယ်ဆိုရင် သူက နဂိုပေးထားတဲ့ defaut font က Calibri ပဲ ဖြစ်ပါတယ်။

ကျတော် မြန်မာစာရိုက်ရင် '' Pyidaungsu'' ပြည်ထောင်စု ဆိုတဲ့ စာလုံး အရင် သွားသွားပြောင်းပေးနေရပါတယ်။
မြန်မာစာ ရိုက်ဖန်များတဲ့ ကျတော့်အတွက် ဒါဟာ အသေးအမွှားလေးဆိုပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရတာ အမှန်ပဲ ဖြစ်ပါတယ်။


ဒါကို နောက်နောင် ခဏခဏ ပြောင်းစရာမလိုတော့အောင် default font ကိုပုံသေ ''ပြည်ထောင်စု'' စာလုံးအတိုင်း ထားလို့ရပါတယ်။
ပုံသေထားချင်သူများအတွက် အောက်က step လေးတွေကို လိုက်ကြည့်ရင် လုပ်ရတာ အတော်လွယ်ကူပါတယ်။

၁။ microsoft office ကို ဖွင့်ပါ။ ctrl + shift + f ကို တွဲနှိပ်ထားပါ။ font box လေးကျလာပါလိမ့်မယ်။
အဲဒီ box ထဲက font နေရာမှာ pyidaungsu ကို ထားလိုက်ပါ။
ပြီးရင် အရွယ်အစားကိုလည်း တစ်ခါတည်း ရွေးလိုက်ပါ။ ၁၂ မှာထားရင် အနေတော်ပဲ။

ပြီးရင် set as default ကို နှိပ်ပါ။ 

 


 

၂။ set as default ကို နှိပ်ရင် နောက်ထက် Box ထပ်ကျလာမယ်။ အဲမှာ သူကမေးလိမ့်မယ်။
All documents based on nomal template ဆိုတာလေးကို ခြစ်ပေးလိုက်ပါ။ ok နှိပ်ပြီးသွားရင် ပြီးပါပြီ။
နောက်တစ်ခါ ဖွင့်လိုက်တိုင်း စာလုံးပြောင်းစရာ မလိုတော့ဘူး။ မြန်မာစာအော်တို ရိုက်လိုက်ရုံပဲ။

ကဲပြီးတော့ microsoft excel မှာလည်း ပြောင်းပုံလေးက ပိုလွယ်ပါသေးတယ်။
၁။ excel ကို ဖွင့် File > option ကိုသွား။ အဲမှာ option box ကျလာလိမ့်မယ်။
General menu အောက်မှာ use this as default font မှာ '' Pyidaungsu'' ကို ထားပေးပါ။ ပြီးရင် ok နှိပ်ပါ။
ဒါလေးပါပဲ။


အားလုံးကို လေးစားလျက်။
ပါဘိခ်။
 

စျေးအနည်းဆုံးဖြင့် ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

 

စျေးအနည်းဆုံးဖြင့်  ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

ကွန်ပျူတာလောကမှာတော့ အဟောင်းတွေ အသစ်တွေ ဆိုတာထက် စွမ်းဆောင်ရည် ဘယ်လောက်ကောင်းလဲ ဆိုတာ အရေးကြီးပါတယ်။
လက်ရှိကျတော်သုံးနေတဲ့ကွန်ပျူတာက ယူရို ၂၂၀ တန်နဲ့ used laptop လေးဝယ်ထားတာကိုပဲ သုံးဖြစ်ပါတယ်။
မကုန်သင့်ပဲ ကုန်မှာကို နှမြောတာရယ်။ အခြားနေရာမှာ ပိုသုံးချင်တာရယ် အဟောင်းလေးနဲ့ပဲ ကျေနပ်နေတာ။

outube video တွေမှာ ယူရိုငွေ ၁၀၀ နဲ့ pc တစ်လုံးရအောင် ဘယ်လိုတပ်ဆင်ကြတယ်ဆိုတဲ့ video တွေကိုလည်း ကြည့်ဖြစ်ပါတယ်။
ပြီးတော့ ဆိုင်တွေမှာ အနိမ့်ဆုံး celeron CPU, Pentium CPU တွေနဲ့ ကွန်ပျူတာတွေဟာ ယူရို ၄၀၀ မှ ၅၀၀ လောက်ပေးနေရတော့ လုံးဝမကိုက်ပါဘူး။
ဒါကြောင့် အဲဒါထက် အလုပ်ပိုလုပ်နိုင်မယ့် pc တစ်လုံးကို ယူရို ၁၀၀ လေးနဲ့ တပ်ဆင်ကြည့်ချင်ပါတယ်။

 CPU ရွေးချယ်ခြင်း။
intel ကုမ္ပဏီထုတ်တဲ့ core i အမျိုးစားထဲက ရွေးချယ်စရာ နှစ်ခု သွားတွေ့ပါတယ်။ CPU က pc တစ်လုံးရဲ့ အသက်ပဲ။
core i3 လား ။ core i5 လား။

Core i3 က core 2 /thread 4
စျေးချိုတယ်။

Core i5 က core 4/thread 4
စျေးကြီးတယ်။

ရွေးချယ်စရာကတော့ low budget ဖြစ်တဲ့အတွက် core i3 ကို ရွေးချယ်တယ်။
core i3 မှာ ရွေးချယ်စရာ ၁၀ မျိုးရှိတယ်။ ဟိုက် များလှချည်လား။
လွယ်ပါတယ်။ core i3 first generation ကနေ 10th generation အထိ ထွက်တာရှိတယ်။
တစ်နှစ်တစ်ခါနှုန်းနီးပါး ထွက်တာပေါ့။
 
 
လက်ရှိ စျေးကွက်ထဲမှာ တွေ့ရများပြီး popular ဖြစ်တာဆိုရင် intel core i3-8300 ( 8th generation ) CPU ဖြစ်ပါတယ်။
စျေးနှုန်းအားဖြင့် ယူရို ၁၂၀ ပတ်ဝန်းကျင်ရှိတယ်။
ကျနော်က core i3-4130 ( 4th generation) ကို ရွေးချယ်ပါတယ်။ ထွက်တာတော့ ကြာလှပါပြီ။  used ကို ယူရို ၂၂ နဲ့ပေးဝယ်ပါတယ်။
အခြားတစ်ယောက်က core ပိုများတဲ့ core i5- 2400 (2nd generation) ကို ယူရို ၂၀ နဲ့ရောင်းပါတယ်။
 

ဒီနေရာမှာ ကျတော် ဘာကြောင့် core-i3 ကို ရွေးချယ်ရလဲဆိုတော့ CPU ပေါ်မှာ built in graphic chip ထည့်ထားပြီးသားဖြစ်တယ်။
CPU မြင့်လေ graphic chip လည်း မြင့်လေဖြစ်တယ်။ core i3-4130 က CPU နိမ့်ပေမယ့် Graphic chip မြင့်ပါတယ်။
သဘောက ရှေ့ကနေလည်း ဆွဲမယ်။ နောက်ကနေလည်း တွန်းပေးမယ်။

core i5-2400 ကကျတော့ CPU တော်တော်အားရှိပေမယ့် သူ့ graphic chip နိမ့်တယ်။
ကျတော်တပ်ဆင်မယ့် PC က အိမ်သုံး၊ ရုံးသုံးအဆင့်လေးဖြစ်တဲ့အတွက် on board graphic chip လေးကိုပဲ အားကိုးမှာ။
graphic card တွေကို ထပ်ဝယ်ပြီး တပ်မှာ မဟုတ်ဘူး။

ဒီနေရာမှာ အငြင်းပွားစရာက ဘာကြောင့် core i5 မရွေးတာလဲပေါ့။
core i5-2400 ရဲ့ on board graphic chip ကနိမ့်လွန်းတာကတစ်ကြောင်း၊ အနာဂတ်မှာ graphic card ဝယ်ထည့်စရာ အကြောင်းမရှိတာကြောင့်ပါ။

CPU ကိစ္စကို သေချာစဉ်းစားပြီးပြီဆိုတော့ motherboard ကိုရွေးချယ်ရတော့မယ်။
motherboard ကိုကျတော့ မဖြစ်မနေ intel socket 1150 ဆိုတဲ့ motherboard တစ်မျိုးကိုပဲ ရွေးချယ်ခွင့်ရှိတယ်။
အဓိပ္ပါယ်က intel CPU 4th generation တွေကိုပဲ လည်ပတ်မောင်းနှင် တပ်ဆင်နိုင်တဲ့ motherboard။
မှားလို့မရဘူး။ မှားသွားရင် power on လို့ရမှာမဟုတ်ဘူး။
MSI ကုမ္ပဏီထုတ် motherboard ကို ရွေးချယ်တယ်။
ပြီးတော့ HDMI port ပါတယ်။ အရေးပေါ်လို့ TV နဲ့ ချိတ်ချင်ရင် တန်းရမယ်။ ပြီးတော့ ခေတ်သစ် monitor တွေမှာ HDMI တွေကိုပဲ တွင်တွင်ကျယ်ကျယ်သုံးကြတာဆိုတော့
ပိုသင့်တော်တယ်။ အားသားချက်က USB 3.0 ၄ ပေါက်ပါတယ်။  ဒီ motherboard ကို ၂၀ နဲ့ဝယ်တယ်။

memory ကိုကျတော့ aliexpress တရုတ် website မှာ မှာတယ်။ 4GB ကို ၁၀ ပေးရတယ်။
hard disk drive တွေက ဒီခေတ်မှာ နှေးလွန်းနေပြီ၊ SSD drive တွေကိုပဲ သုံးချင်တယ်။ 120GB ကို ၁၅ ယူရိုပေးတယ်။
power ကိုကျ 400W ကို ၁၀ နဲ့ရလာခဲ့တယ်။

ဝယ်လာတာတွေ စာရင်းလုပ်ကြည့်ရအောင်။

ဒီနေရာမှာ computer casing ဝယ်ဖို့ လိုနေပါသေးတယ်။
ကျတော်ကတော့ ထည့်မတွက်တော့ပါဘူး။ ၁၅ ယူရိုလောက် ပိုနေပါသေးတယ်။
 windows key ကို တရားဝင် key ဝယ်ဖြစ်ပါတယ်။ ၇ ယူရိုကျပါတယ်။
ပြီးတော့ microsoft office professional plus 2016 key ကိုလည်း ၇ ယူရိုနဲ့ဝယ်ပါတယ်။
(ခါတိုင်းကျတော်က pirate software တွေ သုံးနေကျလေ)

ဝယ်ထားတဲ့ စက်ကိရိယာအားလုံးကို အကြမ်းဖျင်း တပ်ဆင်ပြီးတော့
လိုအပ်တဲ့ software အားလုံးကို ထည့်ပါတယ်။
အလုပ်လုပ်တာ အတော်မြန်ဆန်ပြီး အသုံးပြုရတာ အတော်ချောမွေ့ပါတယ်။
အားလုံးက ready ဖြစ်နေပါပြီ။ ဒီကွန်ပျူတာကို ကန်ပက်လက်မြို့က KTBA ( ကန်ပက်လက်မြို့နယ် နှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့)
ကို လှူဒါန်းပါတယ်။
 

 သူများက လှောင်ရီကောင်း လှောင်ရီပါလိမ့်မယ်။
လေးတဲ့ power ကြီးကိုပဲ နယ်သာလန်မှာ ထားခဲ့ပြီး ကျန်တာတွေ အားလုံး ကန်ပက်လက်ကို အရောက်သယ်သွားပါတယ်။
ကန်ပက်လက် ရှိနှင့်ပြီးသား PC အဟောင်းထဲက pc casing နဲ့ power ကို ပြန်သုံးတယ်။

ဒီ PC က used part တွေနဲ့ ဖွဲ့စည်းထားပေမယ့် မနိမ့်ပါဘူး။
နှစ်တွေအကြာကြီး ကောင်းကေင်းသုံးလို့ရနေမှာပါ။
ပြီးတော့ အရင်က  KTBA မှာသုံးနေတဲ့ တစ်လုံးတည်းသော PC ကလည်း အတော်နိမ့်နေပါတယ်။
ကန်ပက်လက်ရောက်တိုင်း သွားသွားပြင်ပေးနေကျပါ။ ကျတော်မရှိတုန်း ပျက်သွားလို့ ဆိုပြီး မန္တလေး၊ ပခုက္ကူကို ပို့ရင်  ၅သောင်းမှ ၇ သောင်း တောင်းလေ့ရှိကြပါတယ်။
ဒါကြောင့် အဲတာမျိုးမရှိတော့အောင် တခါတည်း အပြီး သေချာတဲ့ Pc ကို ပေးလိုက်တာ။ အမှန်တော့ လှူတယ်ဆိုတဲ့ အသုံးအနှုန်း မသုံးရဲဘူး။

KTBA က ၂၅ နှစ်ပြည့် ယုဘိလပွဲကျင်းပနေတော့ pc ကို တော်တော်နဲ့မဆင်ဖြစ်ဘူး။
ပစ္စည်းတွေကို စာရေး ရဲ့ ခုံပေါ်မှာတင်ထားလိုက်တာ။ ၅ ရက်လောက်ကြာပြီးမှ ပြန်ကြည့်တော့ ကလေးတွေက ဆော့စရာထင်ပြီး ဆော့ကြတာထင်တယ်။
SSD drive ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ပွဲကာလမို့ ကလေးတွေ အဝင်အထွက် အတော်များတာကို ဂရုမစိုက်မိဘူး။

မင်းတပ်မြို့ရောက်တုန်း တဆိုင်ပြီးတဆိုင် ဝင်မေးတယ်။ အဲဒါမျိုး မင်းတပ်မှာ မရောင်းဘူးတဲ့။
ရန်ကုန်ကနေ လာမယ့် ညီလေးကို လှမ်းမှာတော့ SSD drive 256 GB ကို ခုနှစ်သောင်း ကျမယ်တဲ့၊ စျေးများလွန်းတယ် မဝယ်လာပါနဲ့လို့ ပြန်လှမ်းမှာတယ်။


မထူးပါဘူးဆိုပြီး ကျတော့် laptop မှာသုံးနေတဲ့ SSD drive 240 GB ကို format ( အကုန်ဖျက်ချ) ပြီးတော့ ဖြုတ်၊ KTBA PC အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်နဲ့
လှူလက်စနဲ့ ထပ်လှူလိုက်တယ်။ windows ပြန်တင်၊ office ပြန်ထည့်၊ motherboard driver တွေ ပြန်ထည့်နဲ့ အလုပ်တစ်ခါ များသွားရတယ်။
memory ကိုလည်း ဝယ်တုန်းက စျေးချိုလို့ဆိုပြီး 4 GB နှစ်ချောင်းဝယ်ထားတော့ စုစုပေါင်း  8GB စိုက်ထားလိုက်ပါသေးတယ်။

KTBA ရုံးရဲ့ GS ဆီမှာလည်း သေချာရှင်းပြပြီးတော့ ဒါလေးကို ဒီလိုလုပ်ပေးမယ် လက်ခံနိုင်မလား၊ ခွင့်ပြုပေးမလား ဆိုတော့
အရမ်းကျေးဇူးတင်ပါတယ်တဲ့။ ကျတော်တို့က ကွန်ပျူတာအကြောင်း ဘာမှ နားမလည်ဘူးတဲ့။
ကျတော့်ရဲ့ မပြောစလောက် ပညာလေးကို သဲတစ်ပွင့်လေးပမာ ပါဝင်ခွင့်ပေးတဲ့ KTBA ရုံးဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

စျေးနှုန်းကတော့ မနှစ်က ၂၀၁၉ ခုနှစ် မတ်လ ပတ်ဝန်းကျင်တုန်းက ဝယ်ယူစုဆောင်းထားထာဖြစ်တယ်။
ဒီချိန်မှာ ဒီထက် ပိုပြီး စျေးချိုသွားနိုင်ပါတယ်။
budget နည်းနည်း ယူရို ၁၀၀ နဲ့  pc ကောင်းတစ်လုံး ဆင်လို့ရတယ်ဆိုတဲ့ message ပေးချင်တာရယ်၊
အလေလွင့်မရှိရလေအောင် ခက်ခဲတဲ့ ရုံးတွေ၊ အသင်းအဖွဲ့တွေကိုလည်း လှူလိုက်တော့ အကျိုးလည်းပိုရှိသွားတာပေါ့ဗျာ။


လေးစားလျက်
ပါဘိခ်။



 

Saturday, 24 October 2020

Raspberry Pi 4

2012 ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံအခြစိုက် foundation တစ်ခုက
Raspberry Pi ဆိုတဲ့ ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။
ဒီကွန်ပျူတာက ကမ္ဘာ့အသေးဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။
သူ့မှာ အလုပ်လုပ်တဲ့ operating system ကိုလည်း Raspberry Pi လို့ပဲ ခေါ်ပါတယ်။

 သူက ၂၅ ဒေါ်လာလောက်ပဲ ပေးရတယ်။ နောက်ဆုံးပေါ် model တွေမှာ ၃၅ ပေးရပါတယ်။
သူ့ကို ထုတ်လုပ်တဲ့ရည်ရွယ်ချက်က ကျောင်းတွေမှာ ကွန်ပျူတာပညာကို သင်ယူနေတဲ့ကလေးတွေအတွက်
ရည်ရွယ်ပါတယ်။  အထူးသဖြင့် coding ၊ programming  အတွက်ပေါ့။
ကျောင်းက robot project တွေမှာလည်း ဒီ စက်ကလေးတွေနဲ့ ရေးကြတာများပါတယ်။
သာမန်ကွန်ပျူတာ တစ်ခုလို နေ့စဓူဝ ကောင်းကောင်းသုံးလို့လည်း ရပါတယ်။
 

 
OS က linux base opensource ဖြစ်တဲ့အတွက် နည်းပညာသမားတွေအကြား ကောင်းကောင်းကလိစရာ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
Linux တွေကို သေချာသုံးတတ်ကြလို့ပဲ လကမ္ဘာပေါ်အထိ ဒီနေ့ခေတ်မှာ လွယ်ကူစွာ တက်နိုင်နေတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အထိ ပစ္စည်းအလုံးရေ သိန်းပေါင်း ၃၀၀ အထိ ရောင်းထုတ်နိုင်ခဲ့ပါတယ်။




သူ့ရဲ့ Hardware နဲ့ software အပိုင်း တွေကို နှစ်ကြာလာတာနဲ့အမျှ ပြုပြင်မွမ်းမံမှု၊ အဆင့်မြင့်တင်မှုတွေ များစွာ ပြုလုပ်လေ့ရှိကြပါတယ်။
အခုနောက်ဆုံးပေါ် model ဆိုရင် Raspberry Pi 4 လို့ နာမည်ပေးထားပါတယ်။
အလုပ်လုပ်နိုင်စွမ်းလည်း မတရားမြင့်လာပါတယ်။
4k resolution ကိုလည်း မျက်နှာပြင်နှစ်ခုမှာ ပြသပေးနိုင်ပါတယ်။
 

 
ဒီ Pi 4 OS မှာ ကျတော့်ကို ဆွဲဆောင်မှုပေးတာ တစ်ခုပါလာပါတယ်။
သူ့ရဲ့ Default desktop background မှာ အသုံးပြုသွားတာက မြန်မာပြည်ရဲ့ ပုဂံဓါတ်ပုံကို သုံးလိုက်တာပါ။
ဒါဟာ အလွန်အင်မတန် ထူးခြားတယ်လို့ မြင်ပါတယ်။

OS တစ်ခုရဲ့ theme မှာ Default ကလွန်စွာအရေးပါပါတယ်။ သူ့ရဲ့ပြယုဒ်လည်း ဖြစ်ပါတယ်။
Default ပုံကိုမြင်တာနဲ့ ဘယ် OS လဲ၊ ဘယ်လို အနေအထားလဲဆိုတာ လူတိုင်း ခန့်မှန်းလို့ရပါတယ်။
ဒီ Pi 4 ကိုတီထွင်တဲ့သူတွေက မြန်မာပြည်ရဲ့ ပုဂံ ကို ဘာကြောင့်သုံးတာလဲ ဆိုတာ ပဟေဠိ တစ်ခုပဲ ဖြစ်နေမှာပါ။
 

ဒီပုံကို မကြိုက်ရင် အခြားပုံတွေ ပြောင်းစရာ ၁၅ ခုလောက် အပို ပါလာပါသေးတယ်။
အဲဒီပုံတွေထဲမှာ နောက်ထပ် ပုဂံ ပုံတစ်ခု ထပ်ပါလာပြန်ပါသေးတယ်။
ဒါကြောင့် ပိုလို့တောင် အံ့ဩရပါတယ်။

ဒီ article ကို ရေးရတဲ့အကြောင်းက ဒီပုံတွေ ပါလာတယ် ဆိုတာလေးကို ပြောပြချင်ယုံပါ။
ဒီ Raspberry Pi တွေကို စိတ်ဝင်စားသလားလို့မေးရင် ကျတော် စိတ်မဝင်စားပါဘူး။
အသုံးများဆုံး၊ အလွယ်ကူဆုံး windows OS ကိုတောင် မနည်း ယက်ကန်ယက်ကန် သုံးနေရတာဆိုတော့လည်း
ရိုးသားစွာ ဝန်ခံရရင် ဒီ Raspberry Pi တွေကို အသုံးပြုမယ့်နေရာ မသိဘူး။


ဤမျှဖြင့်
ပါဘိခ်။


 

Thursday, 6 October 2016

windows Login password မေ့သွားခဲ့ရင်

အတွေ့အကြုံလေးတစ်ခု ပြောပြချင်တယ်။

fujitsu siemens lifebook UH552 ဆိုတဲ့ laptop တစ်လုံးကို တူမလေးတစ်ယောက် ဝယ်ထားတယ်။
အမှန်က ကျောင်းသွားရင် သယ်ရပြုရ လွယ်ကူအောင် ပါးပါးလေး၊ ပေါ့ပေါ့လေး 13.3 လက်မအရွယ်စားကို ကျနော်ကိုယ်တိုင် ရွေးတာ။ :)
windows 8 version နဲ့ပါ။




password မေ့သွားတော့ ကျနော့်ဆီ ရောက်လာပါတယ်။ ဒါလေးများလွယ်လွယ်လေး လို့ပြောလိုက်ပါတယ်။
တကယ်တမ်း မလွယ်လို့ အတော် ခေါင်းစားသွားခဲ့ရတယ်။

windows login password မေ့ရင် ၊ password ခံထားရင် boot menu ကိုခေါ်ပြီးတော့ lazesoft recovery suite ကို အမြဲသုံးပါတယ်။
pasword  ကို delete လုပ်ပေးနိုင်ပါတယ်။

ခုတူမလေးရဲ့ fujitsu siemens laptop မှာ boot menu ကို Bios ကနေ ပိတ်ထားပါတယ်။
bios menu ကို ဝင်ပြီးတော့ boot menu ကို enable ထားပေးရမှာဖြစ်တယ်။
ဒါပေမယ့် Bios ကိုလည်း password ခံထားပါတယ်။ အဲဒီ bios password ကို လည်း ဘာ software နဲ့မှ crack လုပ်မရဘူး။
model အသစ် ဖြစ်သည့်အားလျော်စွာ လုံခြုံရေးကောင်းလွန်းတော့ ကျတော် အတော် ခေါင်းစားသွားတယ်။
စားလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ်တဲ့ ဘယ်လို လုပ်ရမလဲ ဆိုပြီး အမြဲတွေးပါတယ်။

ကျတော်ဖြေရှင်းချင်တာက Bios password ကိုလည်း ဖြုတ်ချင်တာ။ ဒီ bios password ဖြုတ်နိုင်မှပဲ laptop ကို ကြိုက်သလို မွှေလို့ရမှာ။
ဒါပေမယ့် လုံးဝ မဖြေရှင်းနိုင်တဲ့ အတွက် အခြားနည်းလမ်းကိုပဲ သုံးလိုက်ရပါတယ်။
laptop hard disk ကို ဖြုတ်ပါတယ်။ အဲဒီ hard disk ကို အခြား ကွန်ပျူတာမှာ တပ်။ ပြီးတော့ lazesoft recovery suite ကိုသုံးပြီး Bios ကနေ Boot တက်ပေးပါတယ်။
အဲဒီမှာ windows 8 login password ကို ဖြုတ်ပါတယ်။

ပြီးတာနဲ့ နဂိုအတိုင်းလေး မူရင်း laptop မှာ hard disk ကို ပြန်လည် တပ်ဆင်ပါတယ်။
laptop ဖွင့်ထားတဲ့အခါမှာ Windows login ကို auto ကျော်သွားပြီးတော့ desktop ကို ဝင်နိုင်ပါပြီ။
ရှိတဲ့ windows 8 ကလည်း ဘာမှ လုပ်မရလောက်အောင် အတော်ကို နှေးကွေးနေပါတယ်။
windows 7 သို့မဟုတ် windows 10 ကို clean install လုပ်ရအောင် boot menu ကနေ windows တင်လို့မှ မရတာဆိုတော့။ နည်းလမ်းရှာကြည့်ရပါတယ်။
windows 8 ကနေ 10 ကို upgrade လုပ်တဲ့နည်းလမ်းရှိမယ်။ windows update ကနေလည်း မရတော့ဘူး။
upgrade မလုပ်ခင်မှာ virus တွေမပါလာနိုင်အောင် windows ကို reset ချတယ်။ windows 8 အထက် အားလုံး ဒီ reset ခလုတ်က ပါလာပါတယ်။
အသစ်ဝယ်ထားတဲ့အတိုင်း ပြန်ဖြစ်ပါတယ်။

windows 10 image download ဆွဲပြီးသားကို usb stick ကနေ ဒီ futjitsu laptop ထဲကို copy ကူးထည့်လာတယ်။ boot ကနေ မရတော့
setup  file ကို ရှာပြီး run ကြည့်တယ်။ upgrade နည်းလမ်းနဲ့ တဆင့်ချင်း install လုပ်သွားတယ်။
နောက်ဆုံးတော့ အဆင်ပြေပြေ windows 10 ကို သုံးလို့ရသွားတယ်။
ဒီနေရာမှာ windows 10 product key မလိုပါဘူး။ အင်တာနက်ချိတ်ယုံနဲ့ windows 10 က အလိုအလျောက် activated ဖြစ်သွားမယ်။
windows 8 က laptop ဝယ်ကတည်းက တရားဝင် ပါလာတဲ့ key က upgrade လုပ်တဲ့အခါ အကျုံးဝင်နေတာ တွေ့ရတယ်။

windows 8 ကနေ 10 ကို upgrade လုပ်တာဖြစ်တဲ့အတွက် hard disk ရဲ့ windows C:\ folder ထဲမှာ windows.old ဆိုတဲ့ folder တစ်ခုရှိနေမယ်။
အဲဒီ folder က 12GB လောက်နေရာယူထားတယ်။ hard disk space များများ လိုချင်ရင်တော့ အဲဒီ folder ကို ဖျက်ရမယ်။
သာမန် folder တွေဖျက်သလိုမျိုး၊ right click >delete၊ shift+delete တို့နဲ့လည်း မရဘူး။
clean disk နဲ့မှ ဖျက်နိုင်တယ်။ အဲမှာ ဖျက်ချင်တဲ့ option မှာ previous windows installation ဆိုတဲ့ဟာ လေးကို တွေ့ရမယ်။

နောက်ဆုံးတော့ ဒီလိုနည်းလမ်းနဲ့ လိုချင်တဲ့ ပုံစံအတိုင်း အဆင်ပြေပြေ ပြန်လည်အသုံးပြုလို့ ရသွားတယ်။
ဒီစာ ရေးရတာ အားနာပေမယ့် ....ဝါသနာပါသူများ၊  လေ့လာနေသူများအတွက် ရည်ရွယ်ရင်း။

ပါဘိခ်။

Friday, 29 July 2016

How and where to downlaod windows and microsoft offices !!

လွန်ခဲ့တဲ့ နှစ်အတော်များများက windows တွေကို စမ်းသပ်ချင်ခဲ့တော့
windows .iso ခွေတွေ အတော်များများ စုဆောင်းရှာဖွေ၊ စမ်းသပ်ခဲ့တယ်။

အထူးသဖြင့် untouch လို့ခေါ်တဲ့ microsoft ကနေ တိုက်ရိုက်ဖြန့်တဲ့ windows ခွေတွေအတိုင်းကို လိုချင်ခဲ့တယ်။
အချို့ windows ခွေတွေ ဆိုတာ ကျွမ်းကျင်သူတစ်ယောက်ယောက်က windows မှာ မလိုတဲ့ features တွေ services တွေ ကိုဖြုတ်၊ လိုအပ်တဲ့
software တွေ ကြိုတင်ထည့်ထားပြီးတော့ windows .iso အခွေတွေကို ပြန်လည်ဖြန့်တာတွေလည်း ရှိတာပေါ့။ အားသာချက်တွေလည်း ရှိပါတယ်။

ပြီးတော့ windows အခွေတွေ သာမက office program တွေကိုလည်း အတော်စုဆောင်းခဲ့ဖူးတယ်။
အချို့တွေက office 2007 ထည့်ချင်၊ အချို့က office 2010 , office 2013 စသဖြင့် ဒါတင်နဲ့ မပြီးသေးဘူး။
နယ်သာလန်၊ နော်ဝေး၊ ဒိန်းမတ် စတဲ့ ဘာသာစကားတွေအတွက် လည်း သိမ်းဆည်းထားရတယ်။
လိုအပ်လို့ အကူအညီလာတောင်းကြသူတွေအတွက် အဆင်သင့် ထားထားတယ်။

ဒီလို microsoft ရဲ့ထုတ်ကုန်တွေကို digitalriver ရဲ့ server ကနေကြိုက်သလောက်အမှန်အကန် download ဆွဲခွင့် ပေးထားပါတယ်။
download ဆွဲပြီး သုံးကြည့်ပေါ့ ရက် ၃၀.. ကြိုက်ရင် product key ဝယ်ပြီးထည့်သုံး၊အဲလိုမျိုးပေါ့။

ဒီလိုနဲ့တကမ္ဘာလုံး စခန်းသွားကြတာ... လွန်ခဲ့တဲ့ ၃ နှစ်လောက်က digitalriver server ကနေ microsoft ရဲ့ထုတ်ကုန်တွေကို ရပ်နားလိုက်ပါတော့တယ်။
ဒီအခါမှာ ကျနော်တို့ windows သမားတွေ အခက်တွေ့ကုန်ပါတယ်။ windows ခွေလိုချင်ရင်တော့ microsoft ရဲ့ကိုယ်ပိုင် server ကနေမှ download
ဆွဲရတော့မှာ ဖြစ်တယ်။ အဲလိုဆွဲနိုင်ဖို့ product key အရင် ထည့်ပေးရပါလိမ့်မယ်။ (ဘယ်မှာလည်း ကိုယ်တွေ product key) :D


ဒီလိုနဲ့ စခန်းသွားနေလိုက်ကြတာ.. လွန်ခဲ့တဲ့လတွေလောက်က digitalriver ကနေပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
ဒါကို အရင်လို Website မှာ ခေါင်းစဉ်တစ်ခုပြီးတစ်ခု ရှာစရာမလိုတော့ပဲ အလွယ်ဆုံးဖြစ်သွားအောင် program တစ်ခုတီထွင်ကြပါတယ်။
Windows ISO Downloader.exe ဆိုတဲ့ program ထွက်လာပါတယ်။ အရမ်းကိုလွယ်ကူသွားပါတယ်။
လူတိုင်းအဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်တယ်။
ဒီ program အလုပ်လုပ်နိုင်ဖို့ရန် dot net frame work 4.0 အထက် PC ထဲထည့်ထားရမှာ ဖြစ်ပါတယ်။
သူ့ရဲ့မူရင်း website ထဲဝင်ပြီး ကိုယ်တိုင် လေ့လာရင် ပိုကောင်းမှာပါ။
links
https://www.heidoc.net/joomla/technology-science/microsoft/67-microsoft-windows-iso-download-tool


ပုံမှာပြထားတဲ့ အရမ်းကို လွယ်ကူပါတယ်။



ကျနော်က စာရေးဖို့ နည်းနည်းပျင်းတော့ အမြဲပဲ မပြည့်မစုံ ဖြစ်နေတော့ ဘာမဆို လေ့လာချင်ရင် မူရင်း website ကိုပဲ သွားပါလို့ ညွန်းပါရစေ။
စကားမစပ် ဒီ website ကို ဘယ်လိုရှာတွေ့လဲဆိုတော့ smart phone တွေ နေရာမရသေးခင် သာမန် mobile ဖုန်းတွေထဲကို သမ္မာကျမ်းစာ ထည့်ဖို့ google ကနေ ရှာရင်းနဲ့ တွေ့သွားတာ။
အိုက်မှာတင် မှိုရသွားတာ။


ပါဘိခ်။







Tuesday, 28 July 2015

Windows 10 intro အနည်းငယ်

microsoft ကုမ္ပဏီရဲ့ နောက်ကွယ်စီးပွားရေး။

windows 8 ထွက်ခဲ့ပြီးကတည်းက microsoft ကုမ္ပဏီအောင်မြင်မှုက အတော်ကျဆင်းတယ်ဆိုရမှာပါ။
နည်းပညာကုမ္ပဏီကြီးတွေက မိုဘိုင်းဖုန်းလောကမှာ ခြေကုပ်ယူပြီး အသည်းအသန် တိုးနေချိန်မှာ
microsoft အနေနဲ့ desktop computer လောကတစ်ခုတည်းနဲ့ ရပ်တည်လို့ မရတော့ဘူးဆိုတာ သိလာဟန်တူပါတယ်။
ဖုန်းအဝယ်များသလောက် ကွန်ပျူတာတွေ အဝယ်နည်းတော့တဲ့ ခေတ်ဖြစ်နေပြီလေ။

ဒါကြောင့် nokia နဲ့ပူးပေါင်းတာ အားမရလို့ ဝယ်လိုက်ပါတယ်။
nokia ဖုန်းထဲမှာ windows OS နဲ့သုံးပြီး lumia ဆိုတဲ့ဖုန်း series နဲ့ ပွဲထုတ်လာခဲ့ပေမယ့်
ဈေးကွက်ထဲမှာတော့ အတော်မျက်နှာပျက်ခဲ့ရသလို အရှုံးတွေသာ တွင်တွင်ရင်ဆိုင်နေရပါတယ်။
ဒီတော့ ဒီ microsoft ဖုန်းတွေအားဖြင့် အောင်မြင်ဖို့က ဖုန်း OS ကောင်းဖို့လည်းလိုလာပါတယ်။

ဒါကြောင့် windows 10 ကို အကောင်းဆုံး တီထွင်ပြီးတော့ ထုတ်လာတာဖြစ်တယ်။
ဒီ windows 10 က Bill Gate ကိုယ်တိုင် microsoft ရဲ့ကမ်းလှမ်းချက်အရ အနည်းအကျဉ်း ဦးဆောင်ပေးပါတယ်။
windows 8.1 ထွက်ပြီးနောက် windows 9 ကိုတီထွင်နေတဲ့အချိန်မှာပဲ အားရစရာ မရှိပါဘူး။
windows 9 ကိုသာ ထုတ်ရင် microsoft ရဲ့ဂုဏ် ကျဆင်းရလောက်အောင် ညံ့နေတဲ့ OS ထင်ပါတယ်။
ဒါကြောင့် ဒီ windows 9 project ကို ဖျက်သိမ်းလိုက်ပြီးတော့ Windows 10 ကို သေသပ်စွာ ထုတ်လုပ်တာဖြစ်ပါတယ်။

ဒီ windows 10 ကို Desktop computer ရော tablet တွေရော phone တွေမှာပါ တွဲသုံးလို့ရအောင် သေချာအကွက်ချထားပါတယ်။
ခုနကရေးတဲ့ microsoft ထုတ်လုပ်မဲ့ ဖုန်းတွေ ပြန်လည်နလံထူနိုင်ဖို့၊ လူကြိုက်များဖို့ဆိုတာ ဒီ windows 10 တစ်ခုမှာပဲ မျော်လင့်ချက် ရှိပါတော့တယ်။
ဒါကြေင့် ဒီ windows 10 က touch screen တွေအတွက် အရေးပေးထုတ်လုပ်တာ ဖြစ်တယ်။
အဲလောက်ဆိုရင် microsoft ရဲ့ဈေးကွက်ချဲ့ထွင်မယ့်အပိုင်း အကြမ်းဖျင်းနားလည်နိုင်ကြမယ်လို့ ယူဆပါတယ်။

machine
ကဲဟုတ်ပါပြီ။ ဒီ windows 10 ကို ၂၉၊ ဇူလိုင်ပွဲထုတ်လာပါတော့မယ်။
ခုကတည်းက online မှာတော့ final build ပြန့်နေပါပြီ။
အသိတစ်ယောက်က ကွန်ပျူတာလိုချင်တယ်ရှာပေးပါဆိုလို့ Dell optiplex 760 အဟောင်းကို ၃၀ ယူရိုနဲ့သွားဝယ်ပါတယ်။

ဒီ PC က ၂၀၀၉ ခုနှစ်ထုတ်၊ စက်ရုံ၊ကုမ္ပဏီတွေ အတွက် အဓိက ထုတ်ထားတာဖြစ်တယ်။
ပုံစံက အတော်ခေတ်နောက်ကျပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကို သိလို့ ဝယ်ထားတာဖြစ်တယ်။
intel Core 2 Duo E7400 2.8 Ghz
2Gb
ဖြုတ်ရတပ်ရ သိပ်လွယ်ကူတဲ့ pc ပါ။ အဖုံးဖွင့်တာ၊ hard disk ၊ DVD drive တွေကို မူလီနဲ့ကြပ်တာ မဟုတ်ဘူး။ အားလုံး plug and play စတိုင်ပါ။
ကလိချင်သူတွေအတွက် ထည့်စဉ်းစားရမယ့် PC မျိုးပါ။
ဒီစက်ထဲမှာ windows 10 ကို usb stick ထဲကနေ clean install လုပ်ပါတယ်။
windows 8 နဲ့မထူးပါဘူး။အရောင်ကစူးစူးဝါးဝါးနဲ့ မျက်စိကိုက်ချင်စရာ။

interface
အထူးပြောင်းလဲတာက start menu ပြန်ပါလာတယ်။
internet ဖွင့်ဖို့ (internet explorer) အစား edge ဆိုပြီးထည့်ထားပေးတယ်။ IE mode သုံးလို့လည်းရတယ်။
ပြီးတော့ windows setting တွေရှုပ်ယှက်ခတ်နေတယ်။
start menu ကတော့ အထူးပြောစရာ မရှိပါဘူး။
edge က နာမည်ကြီးပါတယ်။ အထူးမြန်ပါတယ်။ browser ကအရမ်းအရေးကြီးပါတယ်။
PC သုံးသူတွေ browser မှာလည်း အချိန်ကုန်ကြပါတယ်။ တစက္ကန့်နှေးရင်တောင် စိတ်မရှည်ချင်စရာ။
ဒါကြောင့် edge ကို ဂရုစိုက်ပြီးတော့ သေချာ မွမ်းမံပေးထားပါတယ်။ သုံးစွဲကြည့်သူတိုင်း အတော်နှစ်သက် ကျေနပ်ကြပါတယ်။
ပြဿနာက ဘာလည်းဆိုတော့ အဲဒီကနေစတာ။
Windows 10 မှာ unicode စံချိန်စံနှုန်းမှီ font တစ်မျိုးကို ထည့်ပေးထားပြီးသားပါ။
သဘောက US ရော norway ရော windows pc တိုင်းမှာ မြန်မာစာ တန်းဖတ်နိုင်ပြီလေ။
unicode စံနှုန်းမှီ myanmar3, ပိတောက်၊ ဝင်းမြန်မာ စသည် font တို့နဲ့ရေးသမျှစာတွေ တန်းဖတ်နိုင်တယ်။ ဘာမှ လုပ်စရာမလို။
အောက်က screenshoot ကတော့ unicode font နဲ့ရေးထားတဲ့ website  http://www.phoonuthit.com/ ပဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သားတွေ online လောကမှာ ဇော်ဂျီ font ခေါ် unicode standard မမှီတဲ့ font ကိုပဲ ၈၀% လောက်က သုံးနေသေးတော့
zawgyi font ကို manually ထည့်ပေးနေရတယ်။
အဲဒီအထိတော့ ပြဿနာမရှိသေး။
ကွန်ပျူတာ system ပိုင်း file တွေကိုလည်းနာမည်ပေးရာမှာ zawgyi font နဲ့ရေးထားရင်လည်း ရတယ်။
ပြီးတော့ စာရိုက်ဖို့ keyboard တွေလည်းထည့်တယ်။ windows 8 နဲ့လုပ်ပုံချင်းတထပ်တည်းပဲ။

ဒါပေမယ့် အရေးပါဆုံး internet ကြည့်ဖို့ edge browser ကျမှာမှ မြန်မာစာ(ဇော်ဂျီ)တွေ မပေါ်နိုင်ဘူးဖြစ်နေတယ်။
edit ၊ customize ခွင့်လုံးဝမပေးတဲ့သဘောပါ။ setting တွေက tablet version စတိုင် on off switch လေးတွေနဲ့ဖြစ်နေပြီ။
ဆိုတော့ အရေးပါလှတဲ့ နေရာမှာ မြန်မာစာ zawgyi မမြင်ရတာပြဿနာ။

တတ်တဲ့သူက google chrom ၊ mozilla firefox အသီးသီး သုံးနေရင် ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် လူတိုင်းက မကျွမ်းကျင်နိုင်ဘူးလေ။
ဒါပေမယ့် မြန်မာပြည်က ကျွမ်းကျင်တဲ့သူတွေက မကြာခင် ဖြေရှင်းပေးနိုင်ကြမှာပါ။

နောက်ပြီးတော့ wordpad ဆိုတဲ့ စာရိုက်ဖို့ ပါလာပါတယ်။ office word နီးနီးပါ။ notepad ကို မြှင့်တင်ထားတာ။အတော်အဆင်ပြေမယ့်သဘောပါ။
အတော်ရေးလို့ကောင်းတယ် ဆိုရမှာပါ။ ပေါ့ပေါ့ပါးပါးလေး။

tablet နဲ့ mobile ဖက်ကိုလည်း ဒီ OS ပဲဆိုတော့ journal text ဆိုပြီးပါလာသေးတယ်။
stylus pen သို့ လက်ချောင်းလေးတွေနဲ့လက်ရေးမူနဲ့စာရေးနိုင်မယ့် app ပေါ့။ meeting တွေမှာရော စာရေးတဲ့စတိုင်အတွက် သိပ်မိုက်မှာပါ။
ဒါတွေပါလာပါတယ်။
ပြီးတော့ build in antivirus လည်းပါဝင်ပြီးသားပါ။
ဓါတ်ပုံတွေ edit လုပ်ဖို့ built in ပါလာတာ။ tablet နဲ့  mobile ဖုန်းဆန်ဆန်။

အဆုံးသတ်အနေနဲ့ windows 10 ဟာ ကွန်ပျူတာသမားတွေ အတွက် စမ်းသပ်သုံးရတာ မိုက်ပေမယ့်
သာမန်သုံးမယ့်သူတွေ အတွက်တော့ ဘာမှ သိပ်ထူးမယ် မထင်ပါဘူး။
တကယ်တော့ ဒီ Windows အသစ်မှာ အားလုံးနီးပါး အသစ်အဆန်း ချည်းပါပဲ။
ဒါပေမယ့်လည်း ပုံမှန်လိုသုံးမယ့်သူအတွက်
မက်လောက်စရာ သိပ်မဟုတ်သေးပါဘူး။
မျက်စိအတော်နောက်မယ့် OS ပါ။ microsoft ရဲ့ဈေးကွက် ချဲ့ထွင်တမျိုးသာသာပါ။
windows 7 အမြင်ရိုးရှင်းပြီး သုံးပျော်နေတုန်းပါ။ :)

ပါဘိခ်။

Monday, 24 March 2014

အရေးပါဆုံး activator နှစ်မျိုး။

windows 7 တင်ပြီးတိုင်း လိုအပ်တဲ့ activator ရယ်၊
office 2010 install လုပ်ပြီးရင် activate လုပ်ဖို့။
ဒီနှစ်ခုက ကျွန်တော်အမြဲလိုအပ်လေ့ရှိတဲ့ software နှစ်မျိုးပါ။
အရေးအကြောင်းဆို internet ပေါ်မှာ မနည်းလိုက်ရှာရတာ၊ ပြီးတော့ ကိုလိုချင်တဲ့ version မဟုတ်ပြန်ဘူး။ ဒီပြဿနာတွေ ခဏခဏရင်ဆိုင်နေရတယ်။

ကွန်ပျူတာသမားတိုင်းကြည့်ရုံနဲ့ သုံးစွဲတတ်မှာပါ။ မသုံးတတ်ရင်လည်း youtube မှာပြထားတာတွေအများကြီးရှိပါတယ်။ 

ကိုယ့် blog ကိုလာပြီး download ရတာလွယ်အောင်တင်ထားတယ်။
ဒီမှာ link
http://www.mediafire.com/download/8p9z0h4z6k261h4/windu_and_offix.zip

အားလုံးကို အမြဲလေးစားလျက်။
ပါဘိခ်။

Monday, 17 February 2014

HDMI အကြောင်းအနည်းငယ်။

ကျွန်တော်နားလည်သလောက်လေး HDMI အကြောင်းရေးပါရစေ။
HDMI ဆိုတာ High Definition multimedia Interface ကိုခေါ်တာပါ။ သူ့နာမည် အတိုင်းပါပဲ။


ကွန်ပျူတာ desktop ကနေ monitor ဆီကို ရုပ်တွေမြင်နိုင်ဖို့ ပို့ပေးတာက ပုံမှန်အားဖြင့် VGA cable ကို အသုံးပြုကြပါတယ်။

VGA က analog နည်းပညာပါ။ ဒီ analog နည်းပညာနေရာမှာ digital ကိုသုံးချင်ရင် DVI cable ကိုသုံးရပါတယ်။
ဒါပေမယ့် မိမိအသုံးပြုတဲ့ monitor မှာလည်း DVI port( အပေါက်) ပါရမှာပါ။ တကယ်တော့ HDMI ဆိုတာ DVI နဲ့ VGA နေရာကို အစားထိုးတာပါ။
VGA ကတော့အသုံးများဆုံးပါ။ မိမိ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ် TV နဲ့ဆက်ပြီးတော့ TV ပေါ်မှာ ကွန်ပျူတာကို ကြည့်ဖူးကြမှာပေါ့။
TV မှာ ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့ VGA port ပါလို့ပေါ့နော်။
ဒီနေ့ခေတ် TV တိုင်းမှာ HDMI port တွေ အမြဲပါတယ်။ HDMI က VGA နေရာကို အစားထိုးဝင်ရောက်လာပြီပေါ့နော်။
အိုကေ။ HDMI နဲ့ DVI က အသီးသီး digital နည်းပညာတွေပါ။  မတူတဲ့အချက်က HDMI က အသံပါ ပို့လွတ်ပေးနိုင်ပါတယ်။
built in speaker ပါပြီးသား monitor ကို desktop နဲ့ဆက်တဲ့အခါ HDMI ကြိုးသုံးရင် တခြား audio cable တွေ၊ speaker တွေ မလိုအပ်တော့ပါဘူး။

မိမိ laptop, desktop ကို TV နဲ့ဆက်တဲ့အခါမှာလည်း အသံက TV ကနေထွက်လာမှာပေါ့နော်။
VGA တို့ DVI တို့လို မူလီနဲ့ ရစ်စရာ မလိုအပ်ပါဘူး။ သာမန် USB ကြိုးတွေကို  သုံးသလိုပါပဲ။
သူက full HD (1980 x 1200 ) ရုပ်ထွက်တွေကိုလည်း ကောင်းကောင်း ပြပေးနိုင်ပါတယ်။
ကွန်ပျူတာ graphic card တွေမှာတော့ သုံးမျိုးစလုံးတစ်ခါထဲ ပါလာပါတယ်။

desktop ကွန်ပျူတာကနေ TV ကို ဆက်ချင်တယ်ဆိုရင်လည်း DVI to HDMI adaptor လေးတွေ အသုံးပြုလို့လည်းရပါတယ်။
သတိထားရမယ့်အချက်က DVI port ၄ မျိုးလောက်ရှိတာ သတိထားပါ။

ပြီးတော့သိထားသင့်တာက HDMI cable ကဆိုင်တွေမှာအတော်ဈေးကွာတတ်သလို ဈေးလည်းကြီးပါတယ်။
ဈေးကြီးရင် ရုပ်ထွက် ပိုကြည်လင်တယ်လို့ မထင်လိုက်ပါနဲ့။ ဈေးအင်္ကြီးဆုံးနဲ့အပေါဆုံးက ရုပ်ထွက် 100% အတူတူပါ။
ကြိုး quality ကြောင့်သာ ဈေးကွာရခြင်းပါ။
ကဲဒီလောက်ပါပဲ။ သိတာကုန်ပြီ. :D  analog signal ကနေ  digital signal လောကကို ကူးပြောင်းချင်သူများအတွက်ပါ။
အားလုံးကို အမြဲလေးစားလျက်။
ပါဘိခ်။

Friday, 3 January 2014

ကျွန်တော့် ကွန်ပျူတာ။

Desktop ကွန်ပျူတာ ကောင်းကောင်း တစ်လုံးလောက် လိုချင်ခဲ့တာကြာပြီ။ အားလို့ရှိရင် marktplaats(နယ်သာလန် ebay လို့ ဆိုရမှာပေါ့ ) မှာ လိုက်ကြည့်ဖြစ်တယ်။ budget ကလည်း သိတဲ့အတိုင်း ၂၀၀ ယူရိုလောက်ပဲ သုံးချင်တယ်။ ထုံးစံအတိုင်းအဟောင်းပဲပေါ့။

ဒီတစ်ခါ Gaming desktop တစ်လုံးတွေ့တယ်။ ဈေးက ၂၅၀ နဲ့ခေါ်တယ်။ ၁၇၀ နဲ့ ဆစ်ကြည့်တယ်။ နောက်ဆုံး ၁၈၀ နဲ့ အဆင်ပြေသွားတယ်။ အပိုတွေများတော့ ပို့ခ ၁၂ ထပ်ကုန်တယ်။
ဝယ်လိုက်တဲ့ pc specific က
CPU-  AMD Phenom II X4 B50 3.1 Ghz
RAM- 4GB (2x2GB)
GPU-  Nvidia Geforce GT 520 1GB
HDD- 500 GB
 လိုချင်တဲ့ quad core နဲ့ video card ကောင်းတစ်ခုရလိုက်လို့အတော်ကျေနပ်သွားတယ်။
အဲဒီအပြင် hp monitor, keyboard , speaker တွေပါအဆစ်ပါလာသေးတယ်။ ဝယ်လိုက်တာတော်တော်တန်ပါတယ်။
monitor က hp w1907v ပါ။ 19 လက်မ wide screen၊ ကောင်းတာက speaker built in ပါလာတာဆိုတော့ ချွေတာချင်ရင် speaker သပ်သပ် ဝယ်စရာ မလိုတော့ဘူးပေါ့။
အောက်က ပုံကိုကြည့်ကြည့်ပေါ့။ ရောင်းသူကတင်တဲ့ပုံ။


 monitor ကလွန်ခဲ့တဲ့ ၆လ လောက်က ဈေးချိုတုန်း ဝယ်ထားတာ တစ်ခုရှိပါတယ်။ Philips 24'' LED monitor ပါ။ HDMI x2 , DVI , VGA input ရယ် built in speaker ပါပြီးသားပါ။ constractratio 20,000,000 , respondtime 2 ms ပါ။
တော်တော်ကောင်းပါတယ်။ ကောင်းလို့လည်းဝယ်တာပေါ့နော်။ဟီးဟီး
 ကျွန်တော့် laptop လည်း ပုံမှန် screen ပါ။ brightness ကိုအမြင့်ဆုံးမှာ ထားပြီး ကိုယ့် monitor ကို extern အနေနဲ့ ချိတ်ဆက်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။တော်တော်ကွာပါတယ်။
အဓိက ရွေးချယ်တတ်စေချင်တာပါ။
ပုံမှန် ၂၀၀ ယူရို နဲ့ရောင်းတာ ၁၃၅ နဲ့ဝယ်ပါတယ်။ ကိုယ်ဝယ်တဲ့ဆိုင်မှာ အခု ၁၆၀ နဲ့ ရောင်းနေတုန်းပါပဲ။

G part live နဲ့ hard disk ကို စိတ်ကြိုက် ပိုင်းလိုက်ပါတယ်။
windows 7 တင်ဖို့ 80 GB, windows 8 တင်ဖို့ 80 GB လောက်နဲ့ ကျန်တဲ့ 300 GB ကိုတော့ data တွေအတွက်ပေါ့။


windows 7 တင်တာအဆင်ချောပါတယ်။ windows 8.1 တင်လိုက်တာ အံ့သြမိတာက windows တင်တာ ၅ မိနစ်မကြာတာပါ။ 7 တင်တာ ၂၀ မိနစ်လောက်ကြာလေ့ရှိပါတယ်။ ဆိုတော့ အတော့်ကိုကွာပါတယ်။ 8.1 မှာ account set up လုပ်ချိန်ပဲ ကြာသွားတာပါ။

windows 8.1 တင်ပြီး ပြဿနာက dvd drive မတွေ့တာပါ။ microsoft forum ထဲကညွှန်တဲ့အတိုင်း registry ကို ပြင်ကြည့်တော့မှ ပေါ်လာပါတယ်။ 7 ထက် မြန်ဆန်ပေါ့ပါးနေလို့ အကြိုက်တွေ့လိုက်တယ်။
သတိထားရမှာက windows 8 နဲ့ windows 8.1 ကအတော်ကွာပါတယ်။ 
metro UI ကိုတော့ လက်မခံနိုင်ပါဘူး။ ဒါက pc ကွ၊ tablet မဟုတ်ဘူး ဆိုတဲ့ microsoft ကုမ္ပဏီကို ကြိမ်းဝါးတဲ့လေသံမျိုးနဲ့ မျက်စိရှုပ်တာတွေ အားလုံး disable လုပ်လိုက်တယ်။ မရင်းနှီးနိုင်သေးဘူးဆိုပါတော့။

 dual boot နဲ့သုံးတာဆိုတော့ နောက်ထပ်နှစ်သက်တာလေးက boot menu ပါ။
ဒီ pc ကို ကျွန်တော်အတော်နှစ်သက်ပါတယ်။ ဈေးလည်းအရမ်းသက်သာပါတယ်။ အဟောင်းဆိုပေမယ့် ကွန်ပျူတာသမားတိုင်းက ဘယ်လောက်ကောင်းလဲဆိုတာ သိကြမှာပါ။ ကျွန်တော် ဘာကြောင့် ဈေးချိုချိုနဲ့ ပိုင်ဆိုင်ရတာလဲလို့ တွေးကြည့်မိတယ်။ အဖြေရှိပါတယ်။
လွန်ခဲ့တဲ့ ၁နှစ်လောက်က အသင်းတော်ကို ကျွန်တော့် laptop အကောင်းကြီးလည်းမဟုတ်ပါဘူး။ သုံးခွင့်ပြုလို့ ဘုရားက ကျွန်တော့်အတွက် ကျွန်တော်အရမ်းလိုချင်ခဲ့တဲ့ pc မျိုးကို ချပေးတာပါ။
ဘုရားအတွက် တစ်စုံတစ်ခု ပေးဆပ်လက်လွှတ်လိုက်တာက ဆုံးရှုံးခြင်းလုံးဝမဟုတ်တဲ့အပြင် ကိုယ်မျှော်မှန်းထားတဲ့အရာထက် ပိုကောင်းတဲ့အရာကို ချပေးသနားတဲ့ ဘုရားဖြစ်ကြောင်းကို ကျွန်တော့် pc အားဖြင့် သက်သေထူချင်ပါသေးတယ်။

စာဖတ်သူကို လေးစားလျက်။
ပါဘိခ်။