ဖုန်းပေါ်က app တွေဟာ သုံးတတ်ရင် အလွန်အသုံးတည့်ပါတယ်။
အထူးသဖြင့် tools တွေ အဖြစ် သုံးရတာ သဘောအကျဆုံးပါပဲ။
သုံးတတ်ရင် အတော် အကျုံးဝင်ပါတယ်။
ဒီတစ်ခါ navigation app တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ tom tom လို့ ခေါ်တဲ့သူတွေက ရှိသေးတယ်။ :)
app store တွေမှာ navigator တွေ ပလူပျံနေအောင်များပေမယ့် လက်တွေ့အသုံးဝင်တာ နည်းပါတယ်။
entertaintment ဆန်လွန်းတယ်။ ဆိုတော့ကာ ကျနော်နှစ်သက်တဲ့ app ကို မိတ်ဆက်ချင်ပါတယ်။
HERE WeGo လို့ခေါ်တယ်။ download ဆွဲပြီးရင် မိမိနေထိုင်နေတဲ့ နိုင်ငံ မြေပုံ တစ်ခုကို
ထပ်ပြီးတော့ Download ဆွဲပါ့မယ်။ အဲလို လိုအပ်တာလေးတွေ အကုန် download လုပ်၊ install
လုပ်ပြီးရင် use app offline ဆိုတဲ့ ခလုတ်ကို on ထားပေးလိုက်ပါ။ အဲဒါ အတော် အရေးကြီးပါတယ်။
အဲလိုမှ မဟုတ်ရင် အင်တာနက် အတော်စားပါလိမ့်မယ်။
အင်တာနက် မရှိပဲ ကောင်းကောင်း သုံးလို့ရတယ်။
သတိထားရမယ့်အချက်က US လိုနိုင်ငံမှာနေရင် မိမိအသုံးပြုမယ့် ပြည်နယ်မြေပုံ တွေကို သာ သွင်းထားပါ။
နေရာ အများကြီးယူမှာ စိုးလို့။
လမ်းသွားရင်း လမ်းမသိတော့ရင် ဒီ app ကနေလည်း လမ်းတွေ သေချာရှာတတ်တာမို့ အမြဲဆောင်ထားသင့်တဲ့ app ပါ။ အကယ်၍ phone ထဲက location service ကို on ထားတယ်ဆိုရင် ဒီ app အတွက် လောက်ပဲ ထားထားလိုက်ပါ။ ကျန်တဲ့ App တွေအတွက် off သာထားလိုက်။ နို့မဟုတ်ရင် ဘက်ထရီ အတော်စားသွားလိမ့်မယ်။
android ရော apple ဖုန်းတွေရောအတွက် လုပ်ထားပေးပါတယ်။ အတော်ကောင်းတဲ့ app တစ်ခုပါ။
အောက်မှာ screenshoot လေးတွေကြည့်ခြင်းအားဖြင့် လေ့လာနိုင်ပါတယ်။

အဲ မြန်မာပြည်အတွက် map မရှိသေးတာကို သည်းခံပြီး စောင့်ကြပါ။ map data တွေ မစုံနိုင်သေးဘူးထင်ပါတယ်။ ရသေ့စိတ်ဖြေအနေနဲ့ ရန်ကုန်နေသူများ yangon offline map ကိုပဲ လောလောဆယ် ဆောင်ထားကြတာပေါ့။
link https://play.google.com/store/apps/details?id=com.comquas.yangonmap&hl=en