ဒီလ ဖေဖော်ဝါရီ ၂၀၁၉ ဟာ နည်းပညာသမိုင်းမှာ သမိုင်းသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့အချိန်ဆိုရမှာပါ။
ဖေဖော်ဝါရီ
၂၀ ရက်နေ့မှာ Samsung က Galaxy ဖုန်းတွေ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
Galaxy 10 မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးတဲ့အပြင်
မှန်သားပြင် ကွေးနိုင်ခေါက်နိုင်တဲ့ Galaxy fold ဖုန်းကို ပွဲထုတ်လာခဲ့ပါတယ်။
Galaxy serie ဖုန်းတွေက ဒီခေတ်ကြီးထဲမှာ သိပ်မထူးဆန်းတော့ပါဘူး။ ထုံးစံအတိုင်း ပိုမြန်တယ်၊ ပိုကောင်းတယ်ပေါ့။
Galaxy 10 ဖုန်းတွေကို အမျိုးစား ၄ မျိုး အနေနဲ့ ထုတ်ထားပါတယ်။
S10 E
S10
S10 plus
S10 5G ( 6.7 inch screen)
ဝယ်သုံးမယ်ဆိုရင် ကွာခြားချက်တွေကို သေချာလေ့လာပြီး အားသာချက်၊ အားနည်းချက်တွေကို သိထားပါမှ သင့်တော်တာ သိနိုင်မှာဖြစ်တယ်။
samsung ကသူတို့ သူတို့ S10 ဖုန်းတွေ ပွဲထုတ်လာတော့ ဆောင်ပုဒ်ကို အတော်သဘောကျတယ်
'ဖန်တီးလို့မရတဲ့အရာကို ငါတို့ဖန်တီးပေးခဲ့ပြီ၊
ဒါကြောင့် သင်လည်း လုပ်ဆောင်လို့မရခဲ့တဲ့အရာကို လုပ်ဆောင်နိုင်ပြီ'
မြင်ဖူးသမျှ စင်တိုင်းမှာ တော့ samsung ရဲ့စင်ကတော့ အလှဆုံးပဲ။

Galaxy Fold ဆိုတဲ့ဖုန်းဟာ ခေါက်ထားတဲ့အတိုင်းဆိုရင်မှန်က ၄.၆ လက်မရှိပြီး ဆန့်ထုတ်လိုက်ရင်တော့ ၇.၃ လက်မရှိမှာဖြစ်ပါတယ်။
Tablet အသေးစားအရွယ်ရှိမှာဖြစ်ပါတယ်။ စာအုပ်ဖွင့်တဲ့ ပုံစံအတိုင်း ဖြစ်ပါတယ်။
ကျွန်တော့အမြင် အရတော့ အားနည်းချက်များက
၁။ ၄.၆ မျက်နှာပြင်ကအရမ်းသေးလွန်းတယ်။ ဘေးဘောင်က အရမ်းကျယ်နေတော့ မျက်နှာပြင်ကို ကွယ်ကြည့်သလိုမျိုး။
၂။ ခေါက်လိုက်တဲ့အခါမှာ သေချာမစေ့ထားပဲ အထဲမှာ ဟနေပါတယ်။ ဘောင်းဘီကျပ်တာတွေ ဝတ်ရင် သိပ်အဆင်မပြေတော့ဘူး။
၃။ မလိုအပ်ဘဲ ကင်မရာ ငါးလုံးတောင် တပ်ထားတယ်။ မထဲက notch ကင်မရာ အခုံးကြောင့် အတော်ကြည့်ဆိုးသွားတယ်။
စျေးနှုန်းကတော့ ယူရို ၂၀၀၀ နဲ့ ဧပြီလကျရင် စတင်ပြီးရောင်းချမှာဖြစ်ပါတယ်။ကဲ ဘယ်သူစိတ်ဝင်စားတုန်း။
၁။ ၄.၆ မျက်နှာပြင်ကအရမ်းသေးလွန်းတယ်။ ဘေးဘောင်က အရမ်းကျယ်နေတော့ မျက်နှာပြင်ကို ကွယ်ကြည့်သလိုမျိုး။
၂။ ခေါက်လိုက်တဲ့အခါမှာ သေချာမစေ့ထားပဲ အထဲမှာ ဟနေပါတယ်။ ဘောင်းဘီကျပ်တာတွေ ဝတ်ရင် သိပ်အဆင်မပြေတော့ဘူး။
၃။ မလိုအပ်ဘဲ ကင်မရာ ငါးလုံးတောင် တပ်ထားတယ်။ မထဲက notch ကင်မရာ အခုံးကြောင့် အတော်ကြည့်ဆိုးသွားတယ်။
စျေးနှုန်းကတော့ ယူရို ၂၀၀၀ နဲ့ ဧပြီလကျရင် စတင်ပြီးရောင်းချမှာဖြစ်ပါတယ်။
samsung fold ဖုန်းကို video မှာ ကြည့်ချင်ရင် ဒီlink မှာ အတော်ရှင်းတယ်။
Huawei mate x
ပြီးတော့ ဖေဖော်ဝါရီ ၂၄ ကျပြန်တော့ huawei ကုမ္ပဏီကြီးကလည်း ခေါက်ဖုန်း တစ်လုံးကို barcelona event မှာ ပွဲထုတ်ထားပါတယ်။
သူတို့ event မှာ ထုံးစံအတိုင်း CEO က english ကို ပြောတာကို ဂျပန်စကားပြောတယ်အထင်နဲ့ နားထောင်နေရတာ ဘယ်ဟုတ်မလဲ ဘိုလို ပြောနေတာ။
အနာဂတ်မှာ အသုံးတွင်မယ့် 5G နည်းပညာအတွက် အများကြီးပြင်ဆင်ထားသလို ကမ္ဘာမှာ ပြိုင်ဖက်ကုမ္ပဏီအားလုံး အရှုံးပေါ်ရလောက်အောင် 5G ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသူ
ဆရာကြီးဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အသုံးပြုတဲ့ မိုဘိုင်းကွန်ရက် တာဝါတိုင်တွေမှာ huawei ထုတ် 5G hardware အသုံးပြုဖို့ကို အစိုးရဖက်က အတော်ကြောက်ကြပါတယ်။
5G လို့ အလွယ်ခေါ်ကြတဲ့ မိုဘိုင်းကွန်ယက် နည်းပညာ ၅ ခုမြောက်( 5th generation) ဟာ အရင် ကွန်ယက်တွေထက် ပိုပြီး လုံခြုံတယ်၊ ပိုပြီး stable ဖြစ်တယ်။
မောင်းသူမဲ့ကားတွေကို 5G နည်းပညာနဲ့ smart phone ကနေ ထိန်းချုပ်မယ်။ ဒုံးကျည်လက်နက်တွေကို 5G နည်းပညာနဲ့ ပစ်မယ်။
ဒါကြောင့် 5G နည်းပညာ မိုဘိုင်းဖုန်း ပေါ်မှာ သုံးဖို့သာမက ကမ္ဘာ့ထိပ်တန်း ကား၊ လေယာဉ် ဆောက်တဲ့ ကုမ္ပဏီတွေကပါ အသည်းအသန် သုံးချင်နေကြတာ ဖြစ်ပါတယ်။
ဒီလို 5G နည်းပညာပစ္စည်းတွေကိုလည်း အာရှမှာ အထူးသဖြင့် တရုတ်ပြည်မှာ စက်ရုံတွေကပဲ လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်တာဖြစ်ပါတယ်။
ကမ္ဘာ့စျေးကွက်မှာလည်း huawei က တကိုယ်ရည်သုံးပစ္စည်းကနေ စက်ရုံသုံး၊ national သုံးတာအထိ စျေးကွက်ကို အုပ်စိုး ချုပ်ကိုင်ထားလေတော့ US အစိုးရ အတော် စားမဝင်၊ အိပ်မပျော်ဖြစ်သွားရတာပေါ့။
ဒုံးကျည်ပစ်ဖို့ 5G ကွန်ယက်က made in china.. hardware ကို အောင့်သက်သက်နဲ့ သုံးနေရမှာမို့ US ကုမ္ပဏီတွေကို hardware များများထုတ်လုပ်ဖို့ အစိုးရက ဖိအားပေးနေတာ။
ကမ္ဘာမှာ မြန်မာပြည်က မိုဘိုင်းဖုန်း ကို အားလုံးကိုင်နိုင်တဲ့ အချိန်မှာ မိုဘိုင်း တာဝါတိုင်တွေ မြို့အနှံ့ စိုက်ခဲ့တာမို့ စျေးကွက်မှာရှိတဲ့ 4G ကွန်ယက် ကို အသုံးပြုထားဟန် တူပါတယ်။
operator ကပေးတဲ့ speed နှေးလို့သာ 3G ကို သုံးကြတာ။
ကျနော်လက်ရှိ သုံးနေတဲ့ ဖုန်းက 4G သုံးလို့ရတယ်။ simcard ကလည်း 4G network သုံးလို့ရတယ်။ ဒါပေမယ့် ဖုန်းမှာ 4G function ကို off ထားထားပြီးတော့ 3G ကို သုံးနေဆဲပါပဲ။
အကြောင်းက internet အရမ်းစားမှာ စိုးရိမ်လို့ရယ် ဖုန်း battery အကုန်မြန်တာ စိုးရိမ်လို့ပါ။
အဲ..... လိုရင်းက ဘယ်ရောက်သွားပြီလဲ။ huawei က သူတို့ရဲ့ခေါက်ဖုန်းကို ဒီဇိုင်းပိုင်း ဆန်းပြားစွာ ပွဲထုတ်လာပါတယ်။
စာအုပ်ပုံစံထုတ်ထားတယ် ဆိုပေမယ့် မျက်နှာပြင်က အပြင်ဖက်မှာ ဖြစ်နေပါတယ်။ အရမ်းလည်း ပါးလွှာပါတယ်။
ကင်မရာက ထုံးစံအတိုင်း Leica ကို သုံးထားပါတယ်။ selfie ကင်မရာ ( Front) ရော ကျောဖက်ကင်မရာအတွက်ရော ဘုံကင်မရာ တစ်ခုတည်းကိုပဲ သုံးထားတဲ့အတွက် အတော် idea ကောင်း၊ လက်ရာကောင်းတယ် ဆိုရမှာပါ။
ခေါက်ထားရင် မျက်နှာပြင်က ၆.၆ လက်မရှိပြီး၊ ဆန့်ထားရင် ၈ လက်မရှိပါတယ်။
table ဖြစ်တဲ့ ipad mini ထက်တောင် ပိုကြီးသလို၊
ခေါက်ထားရင်တော့ iphone 8 plus အရွယ်အစားလောက်သာ ရှိပါတယ်။
၂၀၁၈ ဇွန်၊ ဇူလိုင်လ လောက်မှ ထုတ်ရောင်းကြမှာပါ။ စျေးနှုန်းကတော့ ယူရို ၂၃၀၀ ဖြစ်ပါတယ်။
ဒီချိန်မှာ apple ကုမ္ပဏီမှာတော့ CEO က ရှိသမျှ ဒီဇိုင်းTeam member တွေကိုတော့ အသားကုန် ဆူတော့မှာ အသေချာပဲ ဟဲဟဲ။
huawei နဲ့ Samsung တို့ရဲ့ ခေါက်ဖုန်းတွေကတော့ ကမိုင်းသစ်ကို စိုက်ထူနိုင်ကြသလို၊ ရှေ့ဆင့်နောက်ဆင့် ချက်ချင်း ပွဲထုတ်လာကြတော့ အတော်ပြိုင်ဆိုင်နေရမှာပါ။
ထုတ်ဖော်ကြေညာတဲ့အချိန်မှာ huawei ကနောက်မှ ကြေညာရတာဆိုတော့ Samsaung ရဲ့ အားနည်းချက်တွေကို ကောင်ကောင်းလေး ပညာပေးနိုင်ခဲ့ပါတယ်။
နှာတဖျားလေး သာသွားတယ်ဆိုပါတော့။ ဖုန်းတွေမှာတောင် ရွေးချယ်စရာ အတော်များသလို၊ ဘဝမှာလည်း ရွေးချယ်စရာတွေ အတော်များသားနော်။
ကဲဒီမျှဖြင့်