Monday, 8 October 2018

Xiaomi Pocophone F1

 

အခန်း ၁။   မိုဘိုင်းဖုန်းအကောင်းစား

dollar ၃၀၀ တန်ဖုန်းတစ်လုံးဟာ ဘယ်လောက် ကောင်းနိုင်မလဲ။


samsung galaxy note 9 စျေးနှုန်းဟာ မြန်မာပြည်က အလုပ်သမား တစ်ယောက်ရဲ့ တစ်နှစ်ပတ်လုံး  ဝင်ငွေထက် များပါတယ်။
လူတိုင်းဟာ အကောင်းကြိုက်တာချည်းပဲ။ ပြသနာက အကောင်းလို့ သတ်မှတ်တဲ့ အရာတွေဟာ တန်ဖိုး၊ အဖိုးအခ များလွန်းတာချည်းပဲ။

ကမ္ဘာ့အကောင်းဆုံး ဖုန်းလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ ဒေါ်လာ ၈၀၀ အထက်မှာ ရှိနေကြပါတယ်။ ဒီကြားထဲ ဒေါ်လာစျေးတက်ပုံနဲ့ဆိုရင်တော့ အံကို တင်းတင်းကြိတ်ဖို့ပဲ ရှိတော့တယ်။
samsung note 9
samsung s9 Plus
LG V30
HTC U12 plus
Sony XZ2 premium
google pixel  3 XL

ဒီလို ကုမ္ပဏီအသီးသီးရဲ့ high end ဖုန်း၊ နောက်ဆုံးပေါ်ဖုန်းတွေ စျေးကြီးရခြင်းအကြောင်းတွေက ရှင်းပါတယ်။
ဖုန်း processor ၊ memory၊ ကင်မရာ၊ မှန်သားပြင် တွေကြောင့်ပါပဲ။
ဖုန်းအဓိက အလုပ်လုပ်တာကတော့ ဖုန်း processor ဖြစ်ပါတယ်။
ဥပမာ ဓါတ်ပုံ ရိုက်တာအစ၊ face unlock လုပ်တာအဆုံး processor  က အဓိက ခိုင်းသွားတာဖြစ်ပါတယ်။

ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ဖုန်းအကောင်းကို ကိုင်နိုင်သူဟာ ၂၀ ကနေ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဖုန်းအကောင်းစား ဆိုတာကို brand၊ တံဆိပ်နဲ့သတ်မှတ်သလား၊ USA Made ဖြစ်မှလား၊ ဒါမှမဟုတ် စျေးကြီးကြီးကို ဆိုလိုတာလား၊
ဒါမှမဟုတ် အထဲက တပ်ဆင်ထားတဲ့ အရာတွေ ကို ဆိုလိုတာလား။

အခန်း ၂။    ပဲ့ကိုင်ရှင် Qualcomm ကုမ္ပဏီ

Qualcomm  ဆိုတာက ကွန်ပျူတာအပိုစ္စည်း တွေ၊ အထူးသဖြင့် wireless adaptor device တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဖုန်းခေတ် ရောက်လာတဲ့အခါမှာ ဖုန်းထဲမှာ အဓိက မောင်းနှင်ပေးတဲ့ Processor chipset တွေကို ပြိုင်စံရှား ကင်းမဲ့လောက်အောင် အကောင်းဆုံး ထုတ်လုပ်နေသူပါ။
chipset တွေကို snapdragon ကုတ်နာမည်နဲ့ 400 series , 600 series , 800 series စတဲ့ ပုံစံမျိုး နာမည်ပေးထားပါတယ်။
လက်ရှိ သူတို့ နောက်ဆုံးထုတ်လုပ်ထားတဲ့ snapdragon 845 chipset ဟာ ကမ္ဘာ့ နံပါတ် တစ် အကောင်းဆုံး ဖုန်း processor လို့ တင်စားနိုင်ပါတယ်။
အပေါ်က ရေးပြထားတဲ့
samsung note 9 (US model)
samsung s9 Plus (US model)
LG V30
HTC U12 plus
Sony XZ2 premium
google 3 XL စတဲ့
လက်ရှိနောက်ဆုံးပေါ်ဖုန်းတွေအားလုံးနီးပါးရဲ့ chips တိုင်းဟာ Qualcomm  snapdragon 845 ကို သုံးထားပါတယ်။ ဒါကြောင့်လည်း အတော်လေး စျေးကြီးတာပါ။
 


 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာပြည်ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi mi 5X (သို့မဟုတ်) mi A1 ဖုန်းဟာ qualcomm ရဲ့ အလယ်အလတ်တန်းစား chip ဖြစ်တဲ့ snapdragon 625 ကို သုံးထားပါတယ်။
ဒါကြောင့်စျေးနှုန်းဟာ ဒေါ်လာ ၂၀၀ ပတ်ဝန်းကျင်မျှသာ ရှိပါတယ်။


ဖုန်းလောကမှာ နောက်ဆုံးအချိန်မှ ဝင်ရောက်လာပြီး ဆရာကြီး တစ်ဆူလို ရပ်တည်နေတာကတော့ oneplus ကုမ္ပဏီပဲ ဖြစ်ပါတယ်။
သူတို့က High end ဖုန်းတွေကို ကျန်တဲ့ ကုမ္ပဏီများထက် တစ်ဝက်လောက် စျေးချိုအောင် ရောင်းနိုင်ခဲ့လို့ အတော်အောင်မြင်သွားတာပါ။
သူတို့ နောက်ဆုံးပေါ် ထုတ်နေတဲ့ လက်ရှိဖုန်းကတော့ oneplus 6 ဖြစ်ပါတယ်။ oneplus 6 ရဲ့ ကြွေးကြော်သံလား၊ motto လားတော့ မသိဘူး၊
oneplus 6 ( the speed you need) ဆိုပြီး ပွဲထုတ်ထားတာ။ speed အကောင်းဆုံးဖြစ်မယ့်ပုံအတိုင်း ကြွေးကြော်ရဲတဲ့ အကြောင်းက ဖုန်း processor အတွက် qualcomm  snapdragon 845 ကိုသုံးထားလို့လေ။



အခန်း ၃။  Xiaomi Pocophone F1

Xiaomi ကဖုန်းထုတ်လုပ်ရင်  Mi ဆိုတဲ့ ဖုန်း series နဲ့ redmi ဆိုတဲ့ နှစ်မျိုးထုတ်ပါတယ်။
Mi ဖုန်းတွေဟာ စွမ်းဆောင်ရည် အမြင့်ဖုန်းတွေဖြစ်ပြီး စျေးကြီးပါတယ်။
Redmi ဖုန်းတွေကတော့ နိမ့်တယ်၊ စျေးချိုတယ်။ သိတဲ့အတိုင်းပေါ့ဗျာ။
Xiaomi ကုမ္ပဏီက europe တစ်ခွင်မှာ အောင်မြင်စ ပြုလာသလို၊ ပင်ရင်း store ဆိုင်တွေဖွင့်လာနိုင်ခဲ့ပါတယ်။
မကြာခင် london မှာလည်း Xiaomi ပင်ရင်းဆိုင် ဖွင့်တော့မှာ။



ဒီတစ်ခါတော့ mi လည်းမဟုတ် Redmi လည်း မဟုတ် pocophone  ဆိုတဲ့ တစ်မျိုးထွက်လာပါတယ်။ ဒီဇိုင်း၊ battery၊ ကင်မရာ စတဲ့အရာတွေဟာ ဒီခေတ်အခြေအနေနဲ့ အံကိုက် ဖြစ်နေပါတယ်။
ထူးခြားတာက ဘာမဟုတ်တဲ့ ဒီဖုန်းရဲ့ processor က qualcomm  snapdragon 845 ကိုသုံးထားတာ။
ဒီထက်ပိုထူးခြားတာက စျေးနှုန်းပဲ။ ဒေါ်လာ ၃၀၀ အောက်နဲ့ ရောင်းနေတာ။ ဖုန်းအကြောင်းလေ့လာနေသူတွေ အံ့သြမှင်သက်သွားစေတဲ့ ဖုန်းပါ။

 


 

ဖြစ်ကတတ်ဆန်း တပ်ဆင်ထားတာလည်း မဟုတ်ဘူး။ ဖုန်းမှာ game ဆော့ရင်း အပူလွန်ကဲတာတွေ မဖြစ်အောင် liquid cooling  system သုံးထားသေး။
ဒီလိုမျိုးကို samsung note 9 မှာသုံးထားပါတယ်။
စျေးနှုန်းနဲ့ တွက်ချက်ကြည့်ရင် တကယ့်ကို တွက်ခြေကိုက် ဖုန်းပေါ့ဗျာ။
ဒါကြောင့် Xiaomi ထုတ် pocophone ဟာ ဖုန်းဝယ်မယ်ဆိုရင် ထည့်တွက်ရမယ့်အချက် ဖြစ်သလို ကျနော့်ရဲ့ top 1 ဖြစ်ပါတယ်။ :) 

 


 

 

 

 

 

 

 

 

 

 

 

 

စျေးနှုန်းက လက်ရှိ အခွန်အတုပ်များလှတဲ့ နယ်သာလန်မှာ ယူရို ၃၅၀ ပတ်ဝန်းကျင် ရှိသလို တရုတ်ပြည်က မှာယူမယ်ဆိုရင် Aliexpress စျေးနှုန်းအရ  ယူရို ၂၇၀ ပဲ ရှိပါတယ်။

Xiaomi Pocophone F1: Specs
•    Android 8.1 Oreo with MIUI for Poco
•    6.18in Full-HD+ (2248x1080) 18.7:9 display
•    2.8GHz Qualcomm Snapdragon 845 octa-core processor
•    6/8GB RAM
•    64/128/256GB storage
•    microSD card slot (up to 256GB)
•    4G LTE
•    Dual-SIM (uses SD slot)
•    Dual-band 802.11ac Wi-Fi
•    Bluetooth 5.0 with aptX HD
•    Fingerprint sensor (rear)
•    GPS
•    Dual-camera: Sony IMX363 12Mp + 5Mp, f/1.9, 1.4um pixels, 4K video
•    20Mp selfie camera, 1.8um 4-in-1 Super Pixel
•    USB-C
•    4000mAh battery, Quick Charge 3.0
•    156x75x8.8mm
•    180g

 


 

 မှတ်ချက်။  ။


huawei အရင်ဖုန်းတွေမှာ qualcomm chip တွေ သုံးခဲ့ပေမယ့် ခုနောက်ပိုင်းဖုန်းတိုင်းမှာတော့  သူတို့ပိုင်ကုမ္ပဏီပိုင်  hisilicon ထုတ် kirin ဆိုတဲ့ chip ကိုပဲ အသုံးပြုထားပါတယ်။
ဥပမာအားဖြင့် huawei P10 မှာ hisilicon kirin 960 ကို သုံးထားပြီး  ၊ huawei P20 ဖုန်းမှာတော့ hisilicon kirin 970 ကို အသုံးပြုထားပါတယ်။
Apple ရဲ့ iphone ဖုန်းတွေမှာတော့ ၂၀၁၀ ကစပြီး သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ apple A chip တွေကို သုံးထားပါတယ်။လက်ရှိ iphone Xs, Xs max ဖုန်းတွေမှာ Apple A12 Bionic ကို သုံးထားပါတယ်။
Samsung က သူတို့ကိုယ်ပိုင်ထုတ် Exynos chip ကိုလည်းပဲ တဖြေးဖြေး အသုံးပြုလာပါတယ်။

Tuesday, 7 March 2017

မူယာမာယာ နိုကီယာ


ကမ္ဘာမှာ ပြိုင်ဖက်ကင်းခဲ့တဲ့ nokia ဟာ ပေါ့သေးသေးတော့ မဟုတ်ခဲ့ဘူး။
သို့သော်ခေတ်ရေစီးကြောင်းအရ အပြောင်းအလဲကို လက်မခံခဲ့တော့ nokia ရစရာ မရှိအောင် မြောင်းထဲရောက်သွားခဲ့တယ်။
လုံးဝ နလံမထူနိုင်တဲ့အချိန် microsoft က windows OS ကို nokia နဲ့ပူးတွဲထုတ်လုပ်ထားတယ်။
အမြတ်အစွန်း ရခဲ့ရင်တော့ microsoft အတွက် nokia ကို အနာဂတ်မှာ အပြီးဆွဲစေ့လိုက်ဖို့ မျှော်လင့်ထားခဲ့ပါတယ်။
သို့သော် windows OS သုံး ဖုန်းတွေကို လူတွေမကြိုက်ပါဘူး။
blackberry ဖုန်းနဲ့ nokia ဖုန်းတွေက ဈေးကွက်မှာ market share ၁% တောင်မရနိုင်တော့တဲ့ အနေအထားရောက်လာခဲ့ပါတယ်။

iphone တို့ မပေါ်ခင်မှာ nokia က ကမ္ဘာကို စိုးမိုးနိုင်ခဲ့ပါတယ်။
ဖုန်းနဲ့ပတ်သက်ရင် ခိုင်ခံ့မှု၊ ဘက်ထရီ ကြာရှည်ခံမှု၊ လိုင်းအားကောင်းမှု စတဲ့အချက်တွေက လူတိုင်းအသဲစွဲဖြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ယနေ့ထိတိုင် အရောင်းရဆုံးဖုန်းက ၂၀၀၃ ခုနှစ်ထုတ် Nokia 1100 ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ ၂၀၀၅ ခုနှစ်ထုတ် nokia 1110 ဖြစ်ပါတယ်။
တတိယအနေနဲ့ iphone 6 & 6plus တွေဖြစ်ပါတယ်။
သို့သော် တကယ်တမ်း ထင်ပေါ်ကျော်ကြားခဲ့ပြီး ရေပန်းစားခဲ့တဲ့ဖုန်းကတော့ nokia 3310 ပဲဖြစ်ပါတယ်။
ခုချိန်ထိ ပြောမဆုံးနိုင်သေးပါဘူး။
ကျနော်တို့ မြန်မာပြည်မှာ စစ်အစိုးရခေတ် တိုင်းပြည်အမှောင်ချထားခဲ့တော့ ဒီ nokia ဖုန်းတွေနဲ့ အတော်စိမ်းနေမှာ အမှန်ပါ။

နောက်ဆုံးမှာတော့ nokia က android OS သုံးဖို့ သဘောတူလာပြီး Nokia ဖုန်းတွေ တကျော့ပြန် ပြန်လည်တွေ့မြင်ရပါတယ်။
nokia 3 , nokia 5, nokia 6  ဆိုပြီး ခုချိန်တရုတ်မှာ စတင်ဖြန့်ချိနေပါပြီ။ဈေးနှုန်းကတော့
140 euro, 200 , 230 အသီးသီးရှိပါတယ်။ nokia 6 ကတော့ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။spec အရ ဈေးချိုတယ်။
အလယ်အလတ်တန်းစားဖုန်း အားဖြင့် ဈေးကွက်ထဲကို ထိုးဖောက်နေပါတယ်။
အောင်မြင်လှတဲ့ motorola G4 , G4 plus လိုမျိုး budget တန်းကနေ ယှဉ်ပြိုင်လာတာပါ။

ပြီးတော့ ထင်ပေါ်ကျော်ကြားခဲ့ပြီး ရေပန်းစားခဲ့တဲ့ nokia 3310 ကို ဒီခေတ်စတိုင်နဲ့အညီ ပြန်လည် ဆန်းသစ်ထားပြီးတော့ တကျော့ပြန် အလွမ်းပြေ မြင်နိုင်ရဦးမှာပါ။
nokia 3310 (2017) တဲ့။ သာမန် ဖုန်းခေါ်ရုံလောက်နဲ့ သီချင်းနားထောင်ဖို့ အတော်ကောင်းမယ့်သဘောမှာ ရှိတယ်။
50 euro နဲ့ စတင်ရောင်းချပါ့မယ်။ သို့သော် အောင်မြင်နိုင်ဦးမှာလား။
လူတွေ အကြိုက်တွေ့ခဲ့တဲ့ဖုန်းကို ပြန်လည် ဆန်းသစ်ပေးခဲ့တာ ဝမ်းသာစရာပါ။
3310 ကိုကောစိတ်ဝင်စားရဲ့လား။ android OS သုံး nokia တွေကိုကော စိတ်ဝင်စားရဲ့လား။ အနာဂတ်မှာအောင်မြင်လာမှာလား။
တဖက်မှာလည်း ဒီဖုန်းတွေက အင်တာနက်ပေါ်မှာ လူပြောများဆုံး ဖုန်းဖြစ်နေတယ်ဆိုတော့ကာ
nokia ဆိုတဲ့ နာမည် ပြန်လည် အသက်ဝင်လာပြီ။ လူလည် nokia၊ မူယာမာယာများနဲ့ နိုကီယာ။


Wednesday, 22 February 2017

ခရီးသွားအတွေ့အကြုံ။

မြန်မာပြည်ဝင်ဖို့ မြန်မာ Visa ကို မိတ်ဆွေပေါင်း အယောက် ၃၀ လောက်အတွက် ကူညီလျှေက်ပေးခဲ့ပါတယ်
ကျနော်ကိုယ်တိုင်အတွက်ကျတော့ credit ပြသနာကြောင့် လျှောက်မရဖြစ်နေပါတယ်။
ဒါလည်းရီရခက်၊ ငိုရခက်တစ်မျိုးပါပဲ။
ဒါနဲ့ ကိုမျိုးထွန်းဆီအကူညီလှမ်းတောင်းရပါတယ်။ E-visa က အလွယ်ကူဆုံးနဲ့အသက်သာဆုံးပါ။
belgium မြန်မာသံရုံးသွားရင် tourist visa က ၂၀၁၇ ကနေစပြီး ၂၀ ယူရို နဲ့မရတော့ဘူး ၄၀ ဖြစ်သွားပြီ။

အသွားမှာတော့ Dubai မှာ ၂ နာရီ၊ bangkok မှာ ၂ နာရီစီ အသီးသီး လေယာဉ်ပြောင်းစီးဖို့အချိန်ရပါတယ်။
နယ်သာလန်ကနေထွက်ဖို့လေဆိပ်မှာ check-in လုပ်တော့ မြန်မာ Visa ရှိမရှိ ပြခိုင်းပါတယ်။
မရှိရင် boarding pass ပေးမှာမဟုတ်ပါဘူး။ luggage အိတ်အကြီးကို အပ်ခဲ့ပါတယ်။

လေယာဉ်တစ်နာရီနီးပါးနောက်ကျတဲ့အတွက် dubai ကိုနောက်ကျပြီးမှရောက်ပါတယ်။
dubai လေဆိပ်မှာ လေယာဉ်ပြောင်းစီးဖို့ ၁ နာရီလောက်ပဲ အချိန်ရပါတော့တယ်။
ဒါကြောင့်အသားကုန် ပြေးရပါတယ်။dubai လေဆိပ်က အတော်ကျယ်ပါတယ်။
hall တစ်ခုနဲ့တစ်ခု ရထားစီးသွားရသေးတာ။ Gate C ကနေ Gate A ကို နာရီဝက်လောက်ကုန်ပြီ။



ဒါတောင် tom cruise စတိုင် လေဆိပ်မှာ မျက်စိလျင်လျင်ထားပြီး ပြေးလွှားနေရတာ။ :D
security control မှာဖြတ်ဖို့အကြာကြီးတန်းစီရပါတယ်။
ကိုယ့်ကို မသင်္ကာရင် ပိုစစ်ဆေးဦးမှာဖြစ်တယ်။
ဒါကြောင့် ခရီးသွားရင် သားရေဘုတ်ဖိနပ်ကို မစီးပါနဲ့။
ခါးပတ်မပတ်ထားပါနဲ့။
သားရေဖိနပ်နဲ့ခါးပတ်တွေဟာ officially ချွတ်ခိုင်းကြပါတယ်။
hand luggage နည်းပါစေ။
hand luggage ထဲမှအရည်နဲ့ပတ်သက်ရင် Gel တို့ Cream တို့က တစ်ဗူးစီကို 100ml အထိပဲ သယ်ခွင့်ရှိတယ်။
လိုအပ်မှအနွေးထည်ဆောင်ထားပါ။ ပေါ့ပေါ့ပါးပါး ဖြစ်နေပါစေ။

တစ်ခါ Bangkok ရောက်တော့ ထိုနည်း၎င်းပါပဲ။
ခရီးထွက်တာလား။ မာရသွန်ပြေးတာလားမသဲကွဲဘူး။ bangkok လေဆိပ်က ကျယ်တဲ့အပြင် sign board တွေကလည်း ရှုပ်ထွေးပါတယ်။
အသားကုန်ပြေးလို့ရပေမယ့် security control တွေမှာတန်းစီရတာ စိတ်ကသိကအောင့်ဖြစ်ရပြန်ပါတယ်။
ကျနော်ပထမအခေါက် တုန်းက လေယာဉ် transit လုပ်ဖို့အရေး security control ၂ ကြိမ်ဖြတ်ရသေးတာ။
ဒါကြောင့် bangkok လေဆိပ်ဆိုရင် သိပ်ပြီး အမြင်ကတ်တာ။


မြန်မာပြည်လေဆိပ်ရောက်သွားတော့ နယ်သာလန်လေဆိပ်မှာ အပ်ထားခဲ့တဲ့ luggage အကြီးက ရောက်မလာခဲ့ပါဘူး။
အတူစီးလာခဲ့တဲ့ခရီးသည် ၁၅ ယောက်လောက်လည်း ကျနော်နဲ့အတူ luggage information ကောင်တာမှာ ဟိုမေးဒီမေးလုပ်နေကြပါတယ်။
ဒီမှာ လေဆိပ်က မြန်မာဝန်ထမ်းတွေရဲ့ စတိုင်က တစ်မျိုးဖြစ်နေပါတယ်။ ကျနော်တို့တွေ အထုပ်အတွက် စိုးရိမ်တကြီးမေးကြတာတောင်
ဝန်ထမ်းတစ်ယောက်ကသူ့ handphone နဲ့ ဇိမ်ပြေနပြေ စကားပြောနေပါတယ်။
အလုပ်ချိန်မှာ handphone ပြောတာ အလုပ်ရှင်ဖက်က အရေးယူရမှာပါ။ ပြီးတော့ customer နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့အလုပ်မျိုးဆိုရင် handphone
ကိုင်ခွင့် ပိတ်ပင်သင့်ပါတယ်။ ဒါပေမယ့်ဗျာ မြန်မာနိုင်ငံဆိုတော့လည်း....
ရဲဝန်ထမ်းတောင် တာဝန်ချိန်မှာ လက်ထဲမှာ handphone တကားကားနဲ့ဆိုတော့လည်း ရေးမိတဲ့ကျနော်သာ အပြစ်ရှိကြောင်းပါ။ :P

ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။
နောက်ထပ်ကောင်မလေးဝန်ထမ်းတစ်ယောက်ရောက်လာပြီး please your passport ဆိုပြီးလူကြားထဲ တိုးဝင်ပြီးတော့ လိုက်ယူနေပါတယ်။
လူတစ်ယောက်က ဘာအတွက်လဲဆိုပြီး ဝင်မေးတော့မှ passport နဲ့ boarding pass တွေကို ကော်ပီကူးမယ် ဆိုပြီး ပြောပါတယ်။
passport မတောင်းခင်ကတည်းက သေချာရှင်းပြပြီးမှ တောင်းသင့်တာ။
နိုင်ငံခြားရောက်ရင် passport က အသက်လောက်အရေးကြီတာကိုး။

နောက်တော့ ကောင်မလေးတစ်ယောက်က printer တစ်လုံးတွန်းလှည်းနဲ့ ဆွဲလာပါတယ်။
ကျနော်က ကိုယ့်တိုင်းပြည်မို့လို့ ဘာမဆို စိတ်ဝင်တစား ရပ်ကြည့်နေတော့ အတော်လေး အားမရပါဘူး။
printer ကလည်း inkjet အိမ်သုံးအဆင့် ဖြစ်နေပါတယ်။ လုပ်ငန်းသုံး laserprinter မျိုးထားပေးသင့်ပါတယ်။
လုပ်ပုံကိုင်ပုံတွေက သိပ်လုပ်ချင်ပုံမရဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ ဒါပေမယ့်ဒါဟာသူ့လွတ်လပ်ခွင့်ပါ။
ကျနော်တို့ မြန်မာပြည်မှာ ဥရောပရဲ့နည်းပညာတွေ၊ အပြင်အဆင်တွေ မမှီနိုင်ရင်တောင် human resource ပိုင်းမှာ ကောင်းကောင်းမှီနိုင်ပါတယ်။
သို့သော် international level နဲ့တန်းပြီး အလုပ်လုပ်နေကြတဲ့ မြန်မာလေဆိပ်က ဝန်ထမ်းတွေကို ပို၍ အဆင့်မြင့်မြင့် လုပ်တတ်ဖို့ အတော်လေး ဆန္ဒပြင်းပြမိတယ်။
ဆရာလုပ်မိရင် သည်းခံ :D

စကားမစပ် မြန်မာပြည်လေဆိပ်က KFC ဆိုင်မှာ ketchup နဲ့ saus တို့လိုသလောက် free ညှစ်ယူလို့ရတယ်။ :D
နယ်သာလန်မှာ လက်မလောက်ဗူးနဲ့တင် ၀.၅၀ ယူရိုပေးရတယ်လေ။ :D
အဲဒီဆိုင်ရှေ့က board မှာ check-in ကို စစ်ဆေးရန် လို့ ဘာသာပြန်ထားတယ်။
အခြားboard တိုင်းမှာတော့ ထွက်ခွါသတင်းပို့ရန် ဆိုပြီး ဘာသာပြန်ထားတယ်။
လွဲလွဲလေးလဲကောင်းပါတယ်။ စိတ်ကျေနပ်ရင် ပြီးတာပဲဆိုတဲ့ ထူးအိမ်သင်သီချင်းလို စိတ်ကျေနပ်နေဖို့က အဓိကပါနော။ :)


ဒီနေရာမှာ ဘာကြောင့် ကျနော်တို့ luggae တွေဘာကြောင့် ရောက်မလာတာလဲဆိုတော့
dubai လေယာဉ်ကနေ မြန်မာပြည်ကိုသွားမယ့် လေယာဉ်ပေါ်ကို ပစ္စည်းပြောင်းတင်ဖို့ အချိန်က အရမ်းနည်းနေလို့ပါ။
လူတောင်အသားကုန်မနည်းပြေးနေရတာ။ ပစ္စည်းကိုလေဆိပ်ဝန်ထမ်းတွေက ခွဲခြမ်းစိတ်ဖြာဦးမယ်။ ကားနဲ့ပြောင်းတင်မယ်ဆိုတော့ အချိန်မှီမလုပ်နိုင်တော့တာပါ။
bangkok လေဆိပ်မှာ လူပေါင်း သောင်းဂဏန်းရဲ့ အိတ်တွေက နည်းမှာ မဟုတ်ဘူးလေ။


အပြန်ခရီးစဉ်ကျတော့ ရန်ကုန်လေဆိပ်ကနေ dubai ကို တန်းသွားရပါတယ်။ dubai ကနေ amsterdam ပေါ့နော်။
အဆင်ပြေပြေပါပဲ။ နယ်သာလန်လေဆိပ်ရောက်တော့ လူကအများကြီးစုပြုံပြီးရောက်တာ။
passport control ဂိတ်မှာ all passport နဲ့ EU passport ဆိုပြီး ခွဲထားပါတယ်။
EU passport ဆိုတဲ့ ဂိတ်မှာ တန်းစီတော့ လေဆိပ်ဝန်ထမ်းက all passport ဂိတ်မှာ တန်းစီဖို့ လက်ညှိုးထိုးပြပါတယ်။
သူ့ကို ဘုကြည့်ကြည့်လိုက်ပါတယ်။ လူဖြူကြားထဲမှာ ကိုယ်တစ်ယောက်ပဲ အာရှသားဆိုတော့ အာရှဖက်က passport ကိုင်တယ် ထင်တာ။
နောက် ငါးမိနစ်လောက်ကြာတော့ ဆရာသမားက ကိုယ့်ဆီ ပြန်လာပြီးတော့ passport ပြပါတဲ့။ ထုတ်မပြချင်တာနဲ့
EU passport ကိုင်တယ် ဆိုပြီး ပြောမှ  sorry ပြောပြီးထွက်သွားပါတယ်။




passport control ဖြတ်သွားပြီးတော့  luggage ဝင်ယူပါတယ်။
စိတ်ထဲမှာ passport ထည့်လာခဲ့သလားဆိုပြီး အိတ်ထဲကို နှိုက်တော့ ကိုယ့်ကို မယုံသင်္ကာတဲ့ အစောင့်၎ ယောက်ထဲက တစ်ယောက်က passport ပြပါတဲ့။
စိတ်ထဲမှာတော့... သွားပြီ၊ မြန်မာပြည်က ပါလာတဲ့ သူများပစ္စည်းတွေ၊ ပုဇွန်ခြောက်တွေ၊ ဆတ်သားခြောက်တွေ ဒဏ်ငွေဆောင်ရတော့မှာပဲ...
ဆိုပြီးတွေးကြောက်နေတယ်။
ဒါနဲ့ passport ကို ထိုးပေးလိုက်ချိန် အဲဒီရဲဝတ်စုံနဲ့အဖိုးကြီးက oh... nederlandse passport ဆိုပြီး ကိုယ့် passport အဖုံးမြင်ယုံနဲ့ပြန်ပေးပါတယ်။
ဒီနေရာမှာ သူတို့ မသင်္ကာတဲ့သူဆိုရင် အိတ်ကိုဖွင့်ပြီး ကြိုက်သလောက်စစ်ဆေးခွင့် ရှိနေတုန်းလေ။


ပေးချင်တဲ့ message က ကျနော်တို့ နိုင်ငံခြားမှာနေတယ်ဆိုပေမယ့် အာရှသား၊ မြန်မာပြည်သားဖြစ်တာ ဖုံးလို့မရပါဘူး။
အခြေအနေအရ သူတို့စာအုပ်ကြီးကိုင်ရလို့ သူတို့ဖြစ်မသွားဘူး။
ကျနော်တို့ ၁၀ နှစ်ပဲနေနေ၊ အနှစ် ၁၀၀ ပဲနေနေ သူတို့လူဖြူကြားမှာ ကိုယ်တွေက အာရှသားဖြစ်တဲ့အတွက် မယုံသင်္ကာတဲ့ အကြည့်တွေကို ကျနော်တို့ ရင်ဆိုင်နေရဦးမှာဖြစ်တယ်။

ကဲဒီမျှနဲ့။
ပါဘိခ်.

Saturday, 7 January 2017

Honor 6X ဖုန်း မိတ်ဆက်။

huawei ကထုတ်လုပ်တဲ့ ဖုန်းတွေထဲမှာ ခုတလော pupular ဖြစ်နေတာက
honor 6X ဖြစ်ပါတယ်။
ဥရောပမှာ honor 6X ဆိုပြီးနာမည်ခေါ်ထားပေမယ့် အာရှမှာ huawei GR5 2017 ဆိုပြီးခေါ်ပါတယ်။
 ဒီ 6X က 5X ကို ပြန်လည်ဆနိးသစ်ထားတာဖြစ်ပါတယ်။ 5X အကြောင်းကို ဒီ link မှာ မိတ်ဆက်ဖူးပါတယ်။
http://lautuboy.blogspot.nl/2016/03/apple-iphone-se-huawei-honor-5x.html
ဒီ 5X ကို ကမ္ဘာတစ်ဝန်း ၁၁ မီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။
အတော်အောင်မြင်ခဲ့တယ် ဆိုပါတော့။

huawei ဖုန်းတွေအားသာချက်က မြန်မာစာ ဇော်ဂျီရော၊ unicode ရော နှစ်ခုစလုံးကို တခါတည်း ထည့်ထားပြီးသားဖြစ်ပါတယ်။
အထူးသဖြင့် ဈေးချိုတာက အားသာချက်ပေါ့။
ကျောဖက်မှာ ကင်မရာ နှစ်လုံးတပ်ထားတဲ့ဖုန်း 3 GB ram memory၊ 32 GB storage ကို euro 250 ပဲပေးရမှာဖြစ်တယ်။
မြန်မာပြည်မှာ နှစ်သိန်းကိုးသောင်းနဲ့ရောင်းပါတယ်။
processor တွေလည်း နောက်ဆုံးပေါ်သုံးထားပါတယ်။ မှန် resolution က Full HD သုံးထားပါတယ်။
fingerprint reader ပါဝင်ပါတယ်။ ဖုန်းကို lock ချထားဖို့ passcode၊ pattern code တွေအစား လက်ဗွေ ကို သုံးထားလိုက်ရုံပဲ။
ဘက်ထရီကလည်း 3340 mAh ဖြစ်ပါတယ် fast charging လည်း ရပါတယ်။
အပြစ်အနာစာ မရှိဘူးဆိုပါတော့။

ကျနော့်အတွက် အားနည်းချက်ဆိုလို့ ၅.၅ လက်မ မှန်အရွယ်အစားပါပဲ။ ကြီးလွန်းနေတယ်။ ၅ လက်မအောက်ဖုန်းတွေပဲကိုင်ချင်တာကိုး။ :)
ဥရောပက မြန်မာပြည်သားအသိုင်းအဝိုင်းမှာ iphone တို့ samsung တို့ကိုသာ ပြိုင်ဆိုင်ပြီး ကိုင်နေကြပေမယ့် ကျနော်ကတော့ huawei ဖုန်းတွေကိုအတော်နှစ်သက်ပါတယ်။
အမာခံပရိသတ်ဆိုပါတော့။ မြန်မာပြည်မှာ iphone ကိုတော့ တွင်ကျယ်စွာ မကိုင်ကြပါဘူး။ samsung ပြီးရင် Vivo တို့ oppo တို့က လိုက်မယ်ထင်တယ်။
huawei လည်းအတော်နေရာရပေမယ့်မြန်မာပြည်မှာအတော်ဈေးကြီးနေပါတယ်။ အခြား တရုတ်ဖုန်းတွေ ဈေးပိုချိုတဲ့ပစ္စည်းတွေက ပိုပြီးလူသုံးများပါတယ်။

ကဲဖုန်းဝယ်မယ်ဆိုရင် euro 500 တန်တွေ 600 တန်တွေနဲ့အပြိုင် ဒီ honor 6X ကို လည်း ထည့်သွင်း စဉ်းစားကြပါလို့။

Thursday, 6 October 2016

windows Login password မေ့သွားခဲ့ရင်

အတွေ့အကြုံလေးတစ်ခု ပြောပြချင်တယ်။

fujitsu siemens lifebook UH552 ဆိုတဲ့ laptop တစ်လုံးကို တူမလေးတစ်ယောက် ဝယ်ထားတယ်။
အမှန်က ကျောင်းသွားရင် သယ်ရပြုရ လွယ်ကူအောင် ပါးပါးလေး၊ ပေါ့ပေါ့လေး 13.3 လက်မအရွယ်စားကို ကျနော်ကိုယ်တိုင် ရွေးတာ။ :)
windows 8 version နဲ့ပါ။




password မေ့သွားတော့ ကျနော့်ဆီ ရောက်လာပါတယ်။ ဒါလေးများလွယ်လွယ်လေး လို့ပြောလိုက်ပါတယ်။
တကယ်တမ်း မလွယ်လို့ အတော် ခေါင်းစားသွားခဲ့ရတယ်။

windows login password မေ့ရင် ၊ password ခံထားရင် boot menu ကိုခေါ်ပြီးတော့ lazesoft recovery suite ကို အမြဲသုံးပါတယ်။
pasword  ကို delete လုပ်ပေးနိုင်ပါတယ်။

ခုတူမလေးရဲ့ fujitsu siemens laptop မှာ boot menu ကို Bios ကနေ ပိတ်ထားပါတယ်။
bios menu ကို ဝင်ပြီးတော့ boot menu ကို enable ထားပေးရမှာဖြစ်တယ်။
ဒါပေမယ့် Bios ကိုလည်း password ခံထားပါတယ်။ အဲဒီ bios password ကို လည်း ဘာ software နဲ့မှ crack လုပ်မရဘူး။
model အသစ် ဖြစ်သည့်အားလျော်စွာ လုံခြုံရေးကောင်းလွန်းတော့ ကျတော် အတော် ခေါင်းစားသွားတယ်။
စားလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ်တဲ့ ဘယ်လို လုပ်ရမလဲ ဆိုပြီး အမြဲတွေးပါတယ်။

ကျတော်ဖြေရှင်းချင်တာက Bios password ကိုလည်း ဖြုတ်ချင်တာ။ ဒီ bios password ဖြုတ်နိုင်မှပဲ laptop ကို ကြိုက်သလို မွှေလို့ရမှာ။
ဒါပေမယ့် လုံးဝ မဖြေရှင်းနိုင်တဲ့ အတွက် အခြားနည်းလမ်းကိုပဲ သုံးလိုက်ရပါတယ်။
laptop hard disk ကို ဖြုတ်ပါတယ်။ အဲဒီ hard disk ကို အခြား ကွန်ပျူတာမှာ တပ်။ ပြီးတော့ lazesoft recovery suite ကိုသုံးပြီး Bios ကနေ Boot တက်ပေးပါတယ်။
အဲဒီမှာ windows 8 login password ကို ဖြုတ်ပါတယ်။

ပြီးတာနဲ့ နဂိုအတိုင်းလေး မူရင်း laptop မှာ hard disk ကို ပြန်လည် တပ်ဆင်ပါတယ်။
laptop ဖွင့်ထားတဲ့အခါမှာ Windows login ကို auto ကျော်သွားပြီးတော့ desktop ကို ဝင်နိုင်ပါပြီ။
ရှိတဲ့ windows 8 ကလည်း ဘာမှ လုပ်မရလောက်အောင် အတော်ကို နှေးကွေးနေပါတယ်။
windows 7 သို့မဟုတ် windows 10 ကို clean install လုပ်ရအောင် boot menu ကနေ windows တင်လို့မှ မရတာဆိုတော့။ နည်းလမ်းရှာကြည့်ရပါတယ်။
windows 8 ကနေ 10 ကို upgrade လုပ်တဲ့နည်းလမ်းရှိမယ်။ windows update ကနေလည်း မရတော့ဘူး။
upgrade မလုပ်ခင်မှာ virus တွေမပါလာနိုင်အောင် windows ကို reset ချတယ်။ windows 8 အထက် အားလုံး ဒီ reset ခလုတ်က ပါလာပါတယ်။
အသစ်ဝယ်ထားတဲ့အတိုင်း ပြန်ဖြစ်ပါတယ်။

windows 10 image download ဆွဲပြီးသားကို usb stick ကနေ ဒီ futjitsu laptop ထဲကို copy ကူးထည့်လာတယ်။ boot ကနေ မရတော့
setup  file ကို ရှာပြီး run ကြည့်တယ်။ upgrade နည်းလမ်းနဲ့ တဆင့်ချင်း install လုပ်သွားတယ်။
နောက်ဆုံးတော့ အဆင်ပြေပြေ windows 10 ကို သုံးလို့ရသွားတယ်။
ဒီနေရာမှာ windows 10 product key မလိုပါဘူး။ အင်တာနက်ချိတ်ယုံနဲ့ windows 10 က အလိုအလျောက် activated ဖြစ်သွားမယ်။
windows 8 က laptop ဝယ်ကတည်းက တရားဝင် ပါလာတဲ့ key က upgrade လုပ်တဲ့အခါ အကျုံးဝင်နေတာ တွေ့ရတယ်။

windows 8 ကနေ 10 ကို upgrade လုပ်တာဖြစ်တဲ့အတွက် hard disk ရဲ့ windows C:\ folder ထဲမှာ windows.old ဆိုတဲ့ folder တစ်ခုရှိနေမယ်။
အဲဒီ folder က 12GB လောက်နေရာယူထားတယ်။ hard disk space များများ လိုချင်ရင်တော့ အဲဒီ folder ကို ဖျက်ရမယ်။
သာမန် folder တွေဖျက်သလိုမျိုး၊ right click >delete၊ shift+delete တို့နဲ့လည်း မရဘူး။
clean disk နဲ့မှ ဖျက်နိုင်တယ်။ အဲမှာ ဖျက်ချင်တဲ့ option မှာ previous windows installation ဆိုတဲ့ဟာ လေးကို တွေ့ရမယ်။

နောက်ဆုံးတော့ ဒီလိုနည်းလမ်းနဲ့ လိုချင်တဲ့ ပုံစံအတိုင်း အဆင်ပြေပြေ ပြန်လည်အသုံးပြုလို့ ရသွားတယ်။
ဒီစာ ရေးရတာ အားနာပေမယ့် ....ဝါသနာပါသူများ၊  လေ့လာနေသူများအတွက် ရည်ရွယ်ရင်း။

ပါဘိခ်။

Saturday, 10 September 2016

ဖုန်းအကြောင်းအထွေထွေ (iphone 7 )

apple က iphone အသစ်မိတ်ဆက်ပေးပါတယ်။
iphone 7
iphone 7 plus နှစ်မျိုး ဖြစ်ပါတယ်။

iphone မသွားခင်လေးမှာ အခြားဖုန်းတွေကို အရင်လေ့လာကြရအောင်။
တရုတ် made မို့နေရာတကာ မျက်နှာငယ်ရရှာတဲ့ Huawei က ကျောဖက်ကင်မရာ နှစ်လုံးပါတဲ့ huawei P9 ကို ထုတ်လုပ်လိုက်တော့ အတော်နာမည်ကြီးသွားပါတယ်။
ကင်မရာကိုလည်း သာမန် မဟုတ်ဘဲ တချိန်က နာမည်ကြီး ကင်မရာ ကုမ္ပဏီ leica မှန်ဘီလူးတွေ ထည့်ပေးထားပါတယ်။နှစ်တိုင်း အကောင်းဆုံး မိုဘိုင်းဖုန်း ဆု ရရှိပါတယ်။

အမှန်ကတော့ huawei ကကျောဖက် ကင်မရာ နှစ်လုံးတပ်ထားတဲ့ဖုန်းကို ၂၀၁၄ december တုန်းက honor 6 plus ဆိုတဲ့ ဖုန်းကို ထုတ်လုပ်ပြီးဖြစ်ပါတယ်။
၂၀၁၆ april လမှာတော့ huawei P9၊ ပြီးတော့ ၂၀၁၆ july လမှာ honor 8 ကို ထုတ်လုပ်ပါတယ်။ huawei ကပဲ apple နှင့် samsung တို့ကို ကျော်ဖြတ်ပြီး ရှေ့ပြေး ဖြစ်နေပြီ။


samsung ကတော့ဖုန်းထုတ်လုပ်တဲ့ အခါမှာ serie ၄ မျိုးနဲ့ ထုတ်လုပ်ပါတယ်။
Note serie
S serie
A serie
J serie ဆိုပြီး ထုတ်ပါတယ်။
Note serie တွေဟာ ဖုန်းလောကမှာ အမြင့်ဆုံး ဖြစ်တယ်။ သို့သော် ဒီနှစ်ထဲမှာ samsung Note 7 ကို ထုတ်လုပ်ထားပေမယ့် ဘက်ထရီပြသနာကြောင့်
ပေါက်ကွဲမှုတွေ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်တဲ့အတွက် အားလုံးကို ပြန်လည်သိမ်းယူနေပါတယ်။ florida မှာ ကားထဲမှာ ဖုန်းပေါက်ကွဲလို့ ကားတစ်စီးလုံးလောင်သွားပါတယ်။
ဆိုတော့ samsung ရဲ့ အနာဂတ်က မလွယ်တော့ပါဘူး။ လူတွေက သုံးရဲပါ့မလား လောင်သွား၊ပေါက်ကွဲသွားမလားဆိုတဲ့ကြောက်စိတ်က မသုံးရဲတော့စရာပါပဲ။
samsung ရဲ့ S serie တွေကတော့ အပေါ်ပြူလာဆုံးဖြစ်သလို လာမယ့်နှစ်မှာ S8 ထုတ်မယ်ဆိုရင် ကင်မရာ ကျောဖက် ၂ လုံး တပ်ဖို့များပါတယ်။
A serie တွေကတော့ ပါးပါးလေးနဲ့ မိန်းကလေးတွေ အကြိုက်တွေ့မယ့် ဖုန်းမျိုးပါ။
J serie တွေကတော့ Budget အတွက်ကို ရည်ရွယ်ပြီးထုတ်ထားပါတယ်။ ဒါပေမယ် J7 ဈေးနှုန်းက ၃၀၀ ယူရိုလောက်ရှိနေတော့ စဉ်းစားစရာပဲ :)

iphone ကတော့ ကောလဟာလတွေ ထွက်လာတဲ့အတိုင်းပဲ iphone 7 Plus မှာကျောဖက် ကင်မရာ ၂ လုံးပါတယ်။ ဒီကင်မရာ ၂ လုံးပါလာတဲ့ feature ကတော့
ကျနော့်လို လူပြိန်း နားလည်အောင်ရှင်းပြရရင် lens တစ်ခုက ပုံမှန်ရိုက်တာကို တာဝန်ယူမယ်။ နောက် lens တစ်ခုက zoom lens ဖြစ်တယ်။ အဝေးက မြင်ကွင်းကို zoom ဆွဲပြီးတော့ရိုက်ရင်
quality လုံးဝ ကျမသွားဘူး။ ကြည်လင်မှုကို အထောက်အပံ့ပေးတာမဟုတ်ပါဘူး။ mobile ဖုန်းနဲ့ဓါတ်ပုံတွေ ရိုက်တဲ့အခါမှာ zoom လုပ်တာရှားပါတယ်။
တော်သေးတာက lens တွေပိုကြီးသွားသလို အလင်း ပေးနိုင်မှုက ပိုများသွားလို့ ပုံကောင်းတော့ရရှမှာပါ။

ပြီးတော့ iphone 7 တွေမှာ နားကြပ်နဲ့ နားထောင်တဲ့ 3.5 mm jack အပေါက်မပါတော့ပါဘူး။ ဒီ analog system jack အပေါက်က ဖုန်းထဲမှာနေရာယူလွန်းတယ်ဆိုပြီး ဖြုတ်ထားပါတယ်။
သူ့နေရာမှာ wireless နားကြပ် နဲ့ ချိတ်နိုင်ဖို့ hareware ထည့်ထားဟန်ရှိပါတယ်။ ကြိုးနဲ့ နားကြပ်ဖြင့်နားထောင်ဖို့ အားသွင်းတဲ့ lighting အပေါက်မှာပဲ ကြိုးကို ထိုးထည့်ရမှာဖြစ်ပါတယ်။

iphone 7 မှာ ကျနော်အနှစ်သက်ဆုံးအချက်က ရေစိုခံ လာတဲ့အချက်ပဲဖြစ်ပါတယ်။ အိမ်သာခွက်ထဲပြုတ်ကျတာမျိုး၊ မိုးရေထဲ သွားလို့ ဖုန်းရေစိုတာမျိုးဟာ လွယ်ကူစွာဖြေရှင်းနိုင်ပြီ ဖြစ်တယ်။
သိုလှောင်မှုပမာဏကိုလည်း ခါတိုင်း 16GB မဟုတ်တော့ဘဲ အနည်းဆုံး 32GB နဲ့လာပြီဖြစ်တယ်။
ဆိုတော့ ဒီ iphone 7 ရဲ့အားနည်းချက် အားလုံးကို နောက်နှစ်ထွက်မယ့် 7s မှာ ပြန်လည် ပြင်ဆင်ထားမယ်ဆိုတော့ perfect လို့ပြောနိုင်ပါပြီ။

Paypal ငွေပေးချေစနစ် မိတ်ဆက်။


Elon musk ကို သိတဲ့သူ များမှာပါ။
သူအခု အဓိက လုပ်ကိုင်တာက spaceX အာကာသယာဉ်တွေကို ဆောက်လုပ်၊ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ကိုဦးဆောင်နေတယ်။
ဒီလုပ်ငန်းတစ်ခုတည်းကို လုပ်ကိုင်နေတာမဟုတ်ဘဲ ကမ္ဘာ့ မှော်ဆန်တဲ့ မော်တော်ကားဖြစ်တဲ့ Tesla ကားတွေကို ထုတ်လုပ်နေသူဖြစ်တယ်။

ဒီခေတ် စွန့်ဦးတီထွင်သူတွေထဲမှာ အတော်ဆုံးလို့ မှတ်ချက်ချရင် မလွဲပါဘူး။ နည်းပညာနဲ့ပတ်သက်လာရင် ရှေ့မှီ၊ နောက်မှီ ဆရာကြီး တစ်ဆူ ဖြစ်တယ်။
ဒီလို အရမ်းတော် တဲ့ လူတစ်ယောက် ကို လူသိများစေတာကတော့ အာကာသယာဉ် တွေ ထုတ်လုပ်တာကြောင့်မဟုတ်၊ Tesla ကားတွေ ထုတ်လုပ်ခြင်းကြောင့်မဟုတ်၊
paypal လို့ခေါ်တဲ့ internet မှာ ငွေပေးချေတဲ့စနစ်ကို (co-founder) စတင် တီထွင် ခြင်းကြောင့်ဖြစ်တယ်။



windows XP တောင်မပေါ်သေးခင်ကာလ မှာ အင်တာနက်သုံးစွဲခြင်း၊ ကွန်ပျူတာဖြင့် လုပ်ငန်းများကို ကိုင်တွယ်ခြင်းတွေတောင် အရမ်းနည်းနေပါသေးတယ်။
အဲဒီလို အခြေအနေတွေမှာ အင်တာနက်မှာ ဈေးဝယ်ခြင်း၊ ငွေချေခြင်းတွေအတွက် အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ဖို့ စဉ်းစားနိုင်တဲ့သူ ဆိုတာ တော်ယုံ ဦးနှောက်မဟုတ်ပါ။
credit ကတ်တွေ ရှိတာပဲ paypal လိုအပ်လို့လား ဆိုပြီး မေးခွန်းထုတ်လို့ ရပါတယ်။ မြန်မာပြည်မှာ credit ကတ်တွင်ကျယ်နေပြီလား။ လူတိုင်းကိုင်နိုင်ပြီလား။ ဆိုပြီး မေးခွန်းပြန်
ထုတ်စရာ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အခမဲ့စနစ် paypal ရဲ့အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် credit ကိုင်ချင်ရင် ဈေးကြီးတဲ့ ခေတ်ကြီးထဲမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ credit ကတ်ဆိုတာ ချိုနဲ့လား လို့မေးမယ့်သူ ဒုနဲ့ဒေး။
online shopping တွေမှာ paypal နဲ့ ငွေပေးချေတဲ့စနစ်က မဖြစ်မနေ ရှိလာပါတယ်။
email account နဲ့ paypal ကို ဖွင့်ပြီးတော့ မိမိပေးချင်တဲ့သူ email ဆီကို ငွေလွဲပေးတာ ဖြစ်တယ်။

ကျနော်ကြုံဖူးတဲ့ အတွေ့အကြုံ ကို ပြောပြပါ့မယ်။

ကျနော်သုံးနေတဲ့ laser printer ဆေးမှုန့်က ကုန်သွားပါတယ်။ ဒါနဲ့ online မှာ ကျနော် အသုံးပြုနေတဲ့ printer model အတိုင်း လိုအပ်တဲ့ toner ကို လိုက်ရှာကြည့်ပါတယ်။
toner parter ဆိုတဲ့ Germany အခြေဆိုက် ဆိုင်တစ်ခုမှာ လိုချင်တဲ့ toner ကို ဈေးချိုချိုနဲ့ ရှာတွေ့ပါတယ်။ အခွန်ရော ပို့ခရော 12,55 ကျမှာဖြစ်တယ်။



အဲဒီ ကုမ္ပဏီ ဆိုင်တွေကပဲ Netherlands သားတွေအတွက် netherland website နဲ့ နယ်သာလန် ဘဏ်ကတ်တွေနဲ့ ငွေပေးချေနိုင်အောင် ပြုလုပ်ထားတဲ့ websiteမှာကျတော့
အခွန်ရော ပို့ခရော 18,25 ကျသင့်မှာ ဖြစ်တယ်။ 



ဆိုတော့ germany website မှာဝယ်ရင် 5 euro 70 ပြား သက်သာမှာဖြစ်တယ်။ ဒါနဲ့ ကျနော် paypal account တစ်ခုဖွင့်တယ်။
ကျနော့်ဘဏ် account ထဲကနေ ကျနော့် paypal ဆီကို ငွေထည့်တယ်။ ဒီလို ထည့်လိုက်တဲ့အခါမှာ ideal စနစ်နဲ့ထည့်တယ်။
paypal ထဲမှာ ပိုက်ဆံရှိပြီဆိုတာနဲ့ ခုနက germany website ထဲမှာ ဈေးပိုနည်းတဲ့ toner ကို ဝယ်တယ်။ ပစ္စည်းကအတူတူပဲဖြစ်တယ်။
ဆိုတော့ paypal ရဲ့အားသာချက်က ကမ္ဘာတစ်ဝန်း ငွေလွဲ၊ ငွေချေ လုပ်နိုင်တယ်။ မြန်မာပြည်မှာ online ဈေးဆိုင်ဖွင့်ရင်လည်း paypal account ရှိယုံနဲ့ ဝယ်သူ၊ရောင်းသူအတွက်
အတော်အဆင်ပြေမှာဖြစ်တယ်။

paypal ရဲ့ အားသာချက်က ဒီလောက်တင်ဘဲလားဆိုတော့ မပြီးသေးဘူး။ paypal ဖြင့်ငွေချေလို့ ပစ္စည်းမရောက်တာတို့ ပျက်နေတာတို့ဖြစ်ရင် paypal က ငွေပြန်ပေးပါတယ်။
ဆိုတော့ ဝယ်ယူသူတွေဖက်က လုံးဝ အာမခံတဲ့သဘောဖြစ်ပါတယ်။ ဘဏ်စနစ်တွေက အဲဒီလောက်အထိ တာဝန်မယူပေးနိုင်ဘူးလေ။

ဆိုတော့ကာ နိုင်ငံခြားမှာ hotel booking လုပ်တာဖြစ်ဖြစ်၊ ငွေချေချင်တာဖြစ်ဖြစ် credit မှမဟုတ် အခမဲ့ paypal စနစ်ကို လွယ်ကူစွာ အသုံးပြုလို့ ရကြောင်း မိတ်ဆက် ခြင်းဖြစ်ပါတယ်။

Thursday, 18 August 2016

ကျွန်တော်နှစ်သက်တဲ့ Navigation app

ဖုန်းပေါ်က app တွေဟာ သုံးတတ်ရင် အလွန်အသုံးတည့်ပါတယ်။
အထူးသဖြင့် tools တွေ အဖြစ် သုံးရတာ သဘောအကျဆုံးပါပဲ။
သုံးတတ်ရင် အတော် အကျုံးဝင်ပါတယ်။

ဒီတစ်ခါ navigation app တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ tom tom လို့ ခေါ်တဲ့သူတွေက ရှိသေးတယ်။ :)
app store တွေမှာ navigator တွေ ပလူပျံနေအောင်များပေမယ့် လက်တွေ့အသုံးဝင်တာ နည်းပါတယ်။
entertaintment ဆန်လွန်းတယ်။ ဆိုတော့ကာ ကျနော်နှစ်သက်တဲ့ app ကို မိတ်ဆက်ချင်ပါတယ်။

HERE WeGo လို့ခေါ်တယ်။ download ဆွဲပြီးရင် မိမိနေထိုင်နေတဲ့ နိုင်ငံ မြေပုံ တစ်ခုကို
ထပ်ပြီးတော့ Download ဆွဲပါ့မယ်။  အဲလို လိုအပ်တာလေးတွေ အကုန် download လုပ်၊ install
လုပ်ပြီးရင် use app offline ဆိုတဲ့ ခလုတ်ကို on ထားပေးလိုက်ပါ။ အဲဒါ အတော် အရေးကြီးပါတယ်။
အဲလိုမှ မဟုတ်ရင် အင်တာနက် အတော်စားပါလိမ့်မယ်။
အင်တာနက် မရှိပဲ ကောင်းကောင်း သုံးလို့ရတယ်။

သတိထားရမယ့်အချက်က US လိုနိုင်ငံမှာနေရင် မိမိအသုံးပြုမယ့်  ပြည်နယ်မြေပုံ တွေကို သာ သွင်းထားပါ။
နေရာ အများကြီးယူမှာ စိုးလို့။

လမ်းသွားရင်း လမ်းမသိတော့ရင် ဒီ app ကနေလည်း လမ်းတွေ သေချာရှာတတ်တာမို့ အမြဲဆောင်ထားသင့်တဲ့ app ပါ။ အကယ်၍ phone ထဲက location service ကို on ထားတယ်ဆိုရင် ဒီ app အတွက် လောက်ပဲ ထားထားလိုက်ပါ။ ကျန်တဲ့ App တွေအတွက် off သာထားလိုက်။ နို့မဟုတ်ရင် ဘက်ထရီ အတော်စားသွားလိမ့်မယ်။

android ရော apple ဖုန်းတွေရောအတွက် လုပ်ထားပေးပါတယ်။ အတော်ကောင်းတဲ့ app တစ်ခုပါ။
အောက်မှာ screenshoot လေးတွေကြည့်ခြင်းအားဖြင့် လေ့လာနိုင်ပါတယ်။





အဲ မြန်မာပြည်အတွက် map မရှိသေးတာကို သည်းခံပြီး စောင့်ကြပါ။ map data တွေ မစုံနိုင်သေးဘူးထင်ပါတယ်။ ရသေ့စိတ်ဖြေအနေနဲ့ ရန်ကုန်နေသူများ yangon offline map ကိုပဲ လောလောဆယ် ဆောင်ထားကြတာပေါ့။
link https://play.google.com/store/apps/details?id=com.comquas.yangonmap&hl=en

Friday, 29 July 2016

How and where to downlaod windows and microsoft offices !!

လွန်ခဲ့တဲ့ နှစ်အတော်များများက windows တွေကို စမ်းသပ်ချင်ခဲ့တော့
windows .iso ခွေတွေ အတော်များများ စုဆောင်းရှာဖွေ၊ စမ်းသပ်ခဲ့တယ်။

အထူးသဖြင့် untouch လို့ခေါ်တဲ့ microsoft ကနေ တိုက်ရိုက်ဖြန့်တဲ့ windows ခွေတွေအတိုင်းကို လိုချင်ခဲ့တယ်။
အချို့ windows ခွေတွေ ဆိုတာ ကျွမ်းကျင်သူတစ်ယောက်ယောက်က windows မှာ မလိုတဲ့ features တွေ services တွေ ကိုဖြုတ်၊ လိုအပ်တဲ့
software တွေ ကြိုတင်ထည့်ထားပြီးတော့ windows .iso အခွေတွေကို ပြန်လည်ဖြန့်တာတွေလည်း ရှိတာပေါ့။ အားသာချက်တွေလည်း ရှိပါတယ်။

ပြီးတော့ windows အခွေတွေ သာမက office program တွေကိုလည်း အတော်စုဆောင်းခဲ့ဖူးတယ်။
အချို့တွေက office 2007 ထည့်ချင်၊ အချို့က office 2010 , office 2013 စသဖြင့် ဒါတင်နဲ့ မပြီးသေးဘူး။
နယ်သာလန်၊ နော်ဝေး၊ ဒိန်းမတ် စတဲ့ ဘာသာစကားတွေအတွက် လည်း သိမ်းဆည်းထားရတယ်။
လိုအပ်လို့ အကူအညီလာတောင်းကြသူတွေအတွက် အဆင်သင့် ထားထားတယ်။

ဒီလို microsoft ရဲ့ထုတ်ကုန်တွေကို digitalriver ရဲ့ server ကနေကြိုက်သလောက်အမှန်အကန် download ဆွဲခွင့် ပေးထားပါတယ်။
download ဆွဲပြီး သုံးကြည့်ပေါ့ ရက် ၃၀.. ကြိုက်ရင် product key ဝယ်ပြီးထည့်သုံး၊အဲလိုမျိုးပေါ့။

ဒီလိုနဲ့တကမ္ဘာလုံး စခန်းသွားကြတာ... လွန်ခဲ့တဲ့ ၃ နှစ်လောက်က digitalriver server ကနေ microsoft ရဲ့ထုတ်ကုန်တွေကို ရပ်နားလိုက်ပါတော့တယ်။
ဒီအခါမှာ ကျနော်တို့ windows သမားတွေ အခက်တွေ့ကုန်ပါတယ်။ windows ခွေလိုချင်ရင်တော့ microsoft ရဲ့ကိုယ်ပိုင် server ကနေမှ download
ဆွဲရတော့မှာ ဖြစ်တယ်။ အဲလိုဆွဲနိုင်ဖို့ product key အရင် ထည့်ပေးရပါလိမ့်မယ်။ (ဘယ်မှာလည်း ကိုယ်တွေ product key) :D


ဒီလိုနဲ့ စခန်းသွားနေလိုက်ကြတာ.. လွန်ခဲ့တဲ့လတွေလောက်က digitalriver ကနေပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
ဒါကို အရင်လို Website မှာ ခေါင်းစဉ်တစ်ခုပြီးတစ်ခု ရှာစရာမလိုတော့ပဲ အလွယ်ဆုံးဖြစ်သွားအောင် program တစ်ခုတီထွင်ကြပါတယ်။
Windows ISO Downloader.exe ဆိုတဲ့ program ထွက်လာပါတယ်။ အရမ်းကိုလွယ်ကူသွားပါတယ်။
လူတိုင်းအဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်တယ်။
ဒီ program အလုပ်လုပ်နိုင်ဖို့ရန် dot net frame work 4.0 အထက် PC ထဲထည့်ထားရမှာ ဖြစ်ပါတယ်။
သူ့ရဲ့မူရင်း website ထဲဝင်ပြီး ကိုယ်တိုင် လေ့လာရင် ပိုကောင်းမှာပါ။
links
https://www.heidoc.net/joomla/technology-science/microsoft/67-microsoft-windows-iso-download-tool


ပုံမှာပြထားတဲ့ အရမ်းကို လွယ်ကူပါတယ်။



ကျနော်က စာရေးဖို့ နည်းနည်းပျင်းတော့ အမြဲပဲ မပြည့်မစုံ ဖြစ်နေတော့ ဘာမဆို လေ့လာချင်ရင် မူရင်း website ကိုပဲ သွားပါလို့ ညွန်းပါရစေ။
စကားမစပ် ဒီ website ကို ဘယ်လိုရှာတွေ့လဲဆိုတော့ smart phone တွေ နေရာမရသေးခင် သာမန် mobile ဖုန်းတွေထဲကို သမ္မာကျမ်းစာ ထည့်ဖို့ google ကနေ ရှာရင်းနဲ့ တွေ့သွားတာ။
အိုက်မှာတင် မှိုရသွားတာ။

အားလုံးကို လေးစားလျက်။

ပါဘိခ်။







Sunday, 1 May 2016

ကွန်ပျူတာဖြင့် အင်တာနက်အသုံးပြုသူတွေ ဆောင်ထားသင့်တဲ့ add in



အင်တာနက်ခေတ်ကြီးထဲမှာ တခါတလေမှာ ကျနော်တို့တွေဟာ အင်တာနက်သားကောင်ဖြစ်ရရှာတယ်။
web browser တွေကနေ website တွေ တစ်ခုပြီးတစ်ခု ကြည့်တဲ့အတွက်ကြောင့် စီးပွားရေးဦးနှောက်ရှိတဲ့သူတွေက ဒါကို အခွင့်အရေးကောင်းအဖြစ် အသုံးချကြပါတယ်။


ဒီမှာနည်းနည်းရှင်းပြချင်တာတစ်ခုက Website တစ်ခု ဖွင့်ပြီး တစ်ကမ္ဘာလုံးက ကြည့်နိုင်ဖို့ website ခ တစ်နှစ်စာ $100၊ $300 ၊ $ 500 စသဖြင့်ကုန်ကျပါတယ်။
လုပ်ငန်းရှိတဲ့သူတွေအတွက် လွယ်လွန်းသလောက် အပျော်တမ်း website သမားတွေအတွက် ဒီငွေအရေအတွက်က အတော်များပါတယ်။
မိမိရဲ့ website အသက်ရှင်နေဖို့ အတင်းအချက်အလက်များ၊ up to date စုဆောင်းရပါတယ်။
အချိန်လည်း အများကြီးပေးဆပ်ရပါတယ်။ ငွေလည်းကုန်ကျပါတယ်။ ဘာမှတွက်ခြေမကိုက်လှဘူး။


တဖက်မှာ လုပ်ငန်းရှိတဲ့သူတွေက သူတို့ရဲ့ထုတ်ကုန်ကို ရောင်းအားကောင်းဖို့ နည်းလမ်းပေါင်းစုံသုံးပြီင်္း ကြော်ငြာရပါတယ်။
website ရှိတဲ့သူတွေဆီကို ချည်းကပ်ပြီး "ခင်များရဲ့website ထောင့်တစ်နေရာမှာ ကျနော်တို့ရဲ့ ထုတ်ကုန် ကြော်ငြာပေးပါ။ တစ်ပတ်စာ $2 ပေးပါ့မယ်။ အဲဒီကြော်ငြာကနေတဆင့်
ငါတို့ဆီကို ဝယ်ခဲ့ကြရင် ၀.၀၅ % ပေးပါ့မယ် " စသဖြင့် ကမ်းလှမ်းကြပါတယ်။

website ထောင်ထားတဲ့သူအတွက် လည်း အတော်တွက်ခြေကိုက်လာပါတယ်။ ကြော်ငြာပေးခ အလိုလိုရနေတော့ သူ့ရဲ့ကိုယ်ပိုင် website ကနေ ဝင်ငွေတွေ အများကြီး ရလာပါတယ်။
ဒါကြောင့် သူ့ရဲ့ website ဆီ လူတွေများများကြည့်ချင်လာအောင် လူတွေစိတ်ဝင်စားမယ့် ဆောင်းပါး၊ ဝတ္ထု၊ ရုပ်ရှင်၊ ဓါတ်ပုံ  စတာတွေ up to date များများတင်ပေးရပါတယ်။


website ဆီကို လူတွေများများ လာလေလေ နာမည်ကြီးလေလေ ဖြစ်လာတာနဲ့အမျှ ကြော်ငြာခ တိုးပြီး ယူလိုက်ပါတော့တယ်။
လုပ်ငန်းရှင်တွေဖက်က လူကြည့်များတဲ့ website မှာ ဘယ်လောက်ကုန်ကုန် ကြော်ငြာ ချင်ကြပါတယ်။ ဒါမှ သူတို့ရဲ့ product လူသိများမယ်။

ကျနော် ရေးထားတာတွေ နားလည်နိုင်ကြသလားမသိဘူး။ စာရေးတာ မတတ်တော့ ဖတ်ရှုရတာ ရှုပ်ထွေးနေပြီလား။ :)


ဟုတ်ပါပြီ။ ကျနော်တို့တွေဟာ စီးပွားရေး အခေါ် စားသုံးသူပေါ့ဗျာ။ အားအားရှိ အင်တာနက်မှာ အချိန်ဖြုန်းနေတဲ့ ကျနော်က ကျနော့်ရဲ့ အင်တာနက် အမြန်နှုန်းကို သိချင်တဲ့အတွက်
www.speedtest.net ဆိုတဲ့ website ကို ဖွင့်ပါတယ်။
အပေါ်မှာ ရေးခဲ့သလို ဒီ website မှာ ကြောင်ငြာတွေ အများကြီးပါပဲ။ မမြင်ချင်ပေမယ့် ကြည့်နေရတယ်။
အပေါ်ရော ၊ အောက်ရော၊ ဘေးရော၊ ရှုပ်ယှက်ခတ်နေပါတော့တယ်။


 ဒီလို website တွေအများကြီးပါ။ ကြော်ငြာမပါတဲ့ website တွေ ရှားပါတယ်။
youtube website ဆိုရင် ကြော်ငြာ များပါတယ်။ ဒါကြောင့် youtube website ကို ပိုင်ဆိုင်တဲ့ Google ကုမ္ပဏီက ကြော်ငြာခနဲ့တင် အတော်ချမ်းသာနေတာ။
အခု ကျနော်ဖွင့်နေတဲ့ website မှာ ဖုန်း တွေ ကြော်ငြာတာ တော်ပါသေးတယ်။
အချို့ website တွေမှာ ယုံကြည်သူတွေ မကြည့်သင့်တဲ့ ညစ်ညမ်းပုံတွေ၊ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ပုံတွေ ကြော်ငြာကြပါတယ်။
ကလေးတွေအတွက် လမ်းမှားလွယ်ကြတယ်။

ဒါကြောင့် ကျနော်တို့တွေဟာ အင်တာနက်ရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။
ဒါတွေကို ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လို ဖြေရှင်းမလဲ။

ကွန်ပျူတာ ပညာရှင်တွေ ဖွဲ့စည်း တည်ဆောက်ထားတဲ့ adblock plus ဆိုတဲ့ ( advertisement block) add in လေးကို web browser တိုင်းမှာ ထည့်ထားလိုက်ရုံဖြင့် လွယ်လင့်တကူ ဖြေရှင်းနိုင်ပါတယ်။

၁။ https://adblockplus.org/ ကိုသွားပါ။
၂။ install for firefox  ဆိုတာကိုနှိပ်ပါ။ ( for chrome ) စသဖြင့် မိမိ သုံးထားတဲ့ browser နာမည်ဖြစ်ပါလိမ့်မယ်။
၃။ Allow ဆိုတာကို နှိပ်ပါ။
အောက်မှာ screen shoot.

ဒီမှာတင်ပြီးပါပြီ။ ဒီ add in ကို setting ကနေလည်း ပြန်ဖြုတ်လို့ ရပါတယ်။
ဒီ adblock plus ကို သုံးပြီးနောက် ခုနက website ကို ဖြန်ဖွင့်ကြည့်တော့ အောက်ကလို ရှင်းလင်းတဲ့ site တွေများစွာကို အဆင်ပြေစွာ ကြည့်နိုင်ပြီဖြစ်တယ်။





ကဲဒီမျှနဲ့သာ..
အကျိုးရှိမယ်လို့လည်း ယုံကြည်ပါတယ်။

ပါဘိခ်။