Saturday, 15 June 2013

Bliss အကြောင်း အနည်းငယ်။



ကျွန်တော်အထင်ကြီးလေးစားတဲ့ လူတွေကို မေးကြည့်လိုက်တိုင်း windows XP ကအကောင်းဆုံးလို့ ပြောလေ့ရှိကြတယ်။
ကျွန်တော်က windows 7 လို့ စောဒက တက်လေ့ရှိတယ်။ XP က အန်းတိတ် ( antique) တယ်လို့ မြင်မိလို့ပါ။
လူငယ်ဖြစ်တဲ့အလျောက် ယခုခေတ်တွေမှာပေါ်တဲ့ အရာတွေကို ပဲစိတ်ဝင်စားတာလည်း ပါမှာပေါ့။

windows XP လို့ကြားလိုက်တိုင်း သူ့ရဲ့ default wallpaper ကို အမြဲ ပြေးမြင်မိတယ်။
ဒီ wallpaper image ကို bliss လို့နာမည် ပေးထားတယ်။

National Geographic magazine တွေအတွက် ဓါတ်ပုံရိုက်တဲ့ အမေရိကန် ဓါတ်ပုံဆရာ Charles O' Rear က ၁၉၉၈ ခုနှစ်တုန်းက သူ့ချစ်သူဆီကိုသွားရင်း  အဝေးပြေးလမ်းမပေါ်ကနေ ရိုက်ထားတာဖြစ်ပါတယ်။
ကုန်းပြင်ပေါ်ကမြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာပြာနှင့်အတူ အဖြူရောင်တိမ်တိုက်လေးတွေက အရာင်လိုက်ဖက်လှသလို၊ အမြင်အေးလှပါတယ်။
Napa valley , California , USA ပါ။
ဒီနေရာကို google street view နဲ့ ကြည့်ချင်ရင် ဒီ links မှာ ကြည့်ပါ။

microsoft ကုမ္ပဏီက ဘယ်လောက်နဲ့ဝယ်လဲ ဆိုတာ အတိအကျ ထုတ်မပြောပေမယ့် ကမ္ဘာမှာ ဒုတိယဈေးအကြီးဆုံး ဝယ်ယူအသုံးပြုတဲ့ ဓါတ်ပုံလို့ပြောကြပါတယ်။
Cherles O' Rear ပြောတာက အံ့မခန်းပါပဲ လို့ဆိုပါတယ်။
microsoft အနေနဲ့ သူတို့ ထုတ်လုပ်တဲ့ ကမ္ဘာတဝှမ်း အသုံးပြုမဲ့ window လည်းဖြစ်၊ စီးပွားရေးအတွက်လည်းဖြစ်ပြန်ဆိုတော့ ကိန်းဂဏန်းအများကြီးပေးမှာ သေချာပါတယ်။
ုပြီးတော့ ကမ္ဘာမှာ ကြည့်ဖန်အများဆုံး ဓါတ်ပုံ လည်းဖြစ်ပါတယ်။ Charles O'Rear အနေနဲ့ ကမ္ဘာမှာ ဂုဏ်ယူစရာအကောင်းဆုံးဓါတ်ပုံဆရာတစ်ယောက်အဖြစ် ရှိနေမှာပါ။


နောက်ပိုင်းမှာတော့ ဒီနေရာမှာ စပျစ်သီးခြံ အဖြစ် မြင်တွေ့ရပြီ ဖြစ်ပါတယ်။


 ဒီမျှနဲ့သာ
ပါဘိခ်။

No comments:

Post a Comment