အိမ်တိုင်း internet လိုင်းကို ယူတဲ့အခါ telephone လိုင်းကနေ သွယ်ကြတာများပါတယ်။
ဒါမှ မဟုတ် TV လိုင်းဝင်လာတဲ့ TV cable အပေါက်ကနေလည်းသွယ်ကြတယ်။
အလွယ်နည်းအားဖြင့်
telephone လိုင်းကနေ ယူတဲ့ internet ကို ADSL internet ၊ TV
လိုင်းကနေယူတာကို Cable internet ဆိုပြီး အကြမ်းအားဖြင့်
မှတ်ထားလို့ရပါတယ်။
ADSL ပဲဖြစ်ဖြစ်၊ Cable ပဲဖြစ်ဖြစ် internet ကိုဖမ်းယူဖို့ Modem မဖြစ်မနေရှိရပါတယ်။
ဒီ modem ကနေဆင့် ကွန်ပျူတာတွေဆီကို အင်တာနက်ချိတ်ကြတာဖြစ်တယ်။
အောက်ကပုံကို တစ်ချက်လောက်ကြည့်ကြရအောင်။
Modem ကနေ ကွန်ပျူတာ တွေကို ethernet ကြိုးတွေကို အသုံးပြုပြီး ချိတ်ဆက်ရတာပေါ့နော်။
ဒီခေတ်တွေမှာ Modem တွေက တော်တော် အဆင့်မြင့်သွားပါပြီ။
ကြိုးမဲ့ (wireless modem ) တွေကို လည်း ကိုယ် ယူတဲ့ internet company တွေကအခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
laptop
တွေကို ကျတော့ethernet ကြိုးမလိုပဲ ဘာကြောင့် internet သုံးလို့ရလဲဆိုတော့
modem ကနေလွင့်တဲ့ internet ကို laptop ထဲမှာ တပ်ဆင်ထားတဲ့ wifi card
ကဖမ်းယူထားလို့ ဖြစ်တယ်။
ပုံထဲကအတိုင်း desktop တွေကိုကျတော့ wifi card တွေ မထည့်ထားလို့ ကြိုးနဲ့သွယ်ပြီးတော့ သုံးရတာဖြစ်တယ်။
ပြဿနာကတော့ အိပ်ခန်းထဲမှာ၊ ဒါမှမဟုတ် အိမ်ပေါ်ထပ်မှာ ထားတဲ့ Desktop computer တွေဆီကို ကြိုးရှည်ကြီးနဲ့ တစ်အိမ်လုံးရှုပ်ပွနေအောင်သွယ်ရတာက ပြဿနာ။
ဒီလိုကြိုးရှည်ကြီးနဲ့သွယ်စရာမလိုအောင်desktop computer တွေကို wifi card တပ်ဆင်လို့ရပါတယ်။
အပေါ်က ပုံအတိုင်း wifi card တွေ ဝယ်လို့ရပါတယ်။ € 20 လောက်ပေးရပါတယ်။
တပ်ဆင်ထားတာတော့ဟုတ်ပါပြီ။ လူတိုင်းမှ မလုပ်တတ်တာ။ မတပ်ဆင်တတ်တာ။
ဆိုတော့ ဘယ်လိုဆက်လုပ်ရမလဲ။
ဖြေရှင်းချက်က အရမ်းလွယ်ကူပါတယ်။ usb wifi adaptor လေးပဲ ဝယ်ရမှာပါ။
အောက်က ပုံလိုမျိုးပေါ့။
usb အပေါက်လေးထဲကို ထိုးထည့်လိုက်ရုံပဲလေ။ computer နဲ့ modem နဲ့ ကြိုးဆက်ထားစရာမလိုတော့ဘူး။
ကြိုက်တဲ့နေရာမှာ computer ကို ထားလို့ရပြီ။ ဒီလို usb wifi adaptor ကို € 10 လောက်ပဲပေးရတာပါ။ (150 Mbps)
ကျွန်တော် အဓိက ရေးချင်တဲ့အချက်က desktop computer အကြီးတွေကို modem နဲ့ ကြိုးမဲ့စနစ် internet အသုံးပြုနိုင်ဖို့ နည်းလမ်းမျှသာပါ။
သတိထားရမယ့်အချက်က modem က wireless modem လားဆိုတာသိဖို့အရည်းကြီးပါတယ်။
wireless modem မဟုတ်ရင်လည်း ဘာမှစိတ်ပူစရာမရှိပါဘူး။ wireless router တစ်လုံးလောက် (ဈေးနှုန်း € 30) ဝယ်လိုက်ရင်ပြီးပြီ။
နယ်သာလန်မှာနေတဲ့သူများ usb wifi adaptor ဝယ်ချင်ခဲ့သော် link
http://www.janox.nl/Webwinkel-Product-21431083/.html
http://www.janox.nl/Webwinkel-
ကဲအားလုံးပဲ အဆင်ပြေစွာ internet သုံးနိုင်ကြပါစေ။
ပါဘိခ်။
No comments:
Post a Comment