Thursday, 9 April 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။

ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်တိုင်းပြည်ရဲ့ပြည်ဝင်ခွင့်အကြောင်းနဲ့ ကိုယ့်မှာရှိတဲ့ passport အကြောင်း သိဖို့က အရေးကြီးပါတယ်။

လေယာဉ်လက်မှတ် ဝယ်တဲ့အခါမှာ airline ပေါ်မူတည်ပြီး မတူကြပါဘူး။
မြန်မာပြည်ကို တိုက်ရိုက်လေယာဉ်မရှိတော့ ဘန်ကောက်မှာ ပြောင်းစီးရပါတယ်။
singapore ဖက် hongkong ဖက်ကနေ ပြောင်းစီးလို့ ရပေမယ့် ကြာလွန်းလို့ပါ။
amsterdam ကနေ bangkok ကို china airline စီးပါတယ်။ bangkok ကနေ yangon ကို bangkok airline စီးပါတယ်။

လေယာဉ်လက်မှတ်က တစ်စောင်တည်းပဲ။ check in လုပ်တဲ့အခါ ၂ နာရီအလိုလောက်မှာ လုပ်တာ အကောင်းဆုံးပါပဲ။
ပစ္စည်း(luggage )က ၃၀ ကီလို အထိသယ်ခွင့်ရှိတယ်။ personal bag က ၅ ကီလိုအထိရပါတယ်။
ပြီးတော့ lapop နဲ့ camera ဘာညာတွေကိုလည်း ထပ်သယ်ခွင့်ရှိပါတယ်။
သတိထားရမှာက လူတစ်ယောက် luggage အကြီး တစ်ထုပ်ပဲရပါတယ်။
တစ်ခ်ျို့airline တွေက luggage နှစ်ခုရပါတယ်။ တစ်ထုပ်ကို ၁၅ ကီလိုနှုန်းနဲ့ ပေါ့။
၃၀ ကီလို အတိအကျ မလိုပါဘူး။ ၂ ကီလိုအထိပိုတာလောက်ကိုတော့ လက်ခံကြပါတယ်။ ဒါပေမယ့်ဥပဓိရုပ်ပေါ် မူတည်တာပေါ့။ :)
luggage ကို amsterdam မှာ checkin လုပ်ကတည်းက မြန်မာပြည်ကို တစ်ခါတည်းရောက်ဖို့ code ကပ်ထားပေးပါတယ်။
သဘောာက bangkok ရောက်ရင် ကိုယ်စီးသွားမယ့် လေယာဉ်ပေါ်ကို တန်းတင်ဖို့ပါ။
လူကသာ transit counter ကိုသွားပြီး check in ပြန်လုပ်ရပါတယ်။
အဲ.. thailand လေဆိပ်သုံးတာမို့လို့ thailand visa ယူစရာ မလိုပါဘူး။သူ့နိုင်ငံသွားတာ မဟုတ်လို့ပါ။


ကျွန်တော် နယ်သာလန် passport ကိုင်ပါတယ်။ Thailand ကိုအလည်သွားရင် visa ယူစရာမလိုပါဘူး။ ရက် ၃၀ အထက်နေမှ Visa လျှောက်ရမှာဖြစ်တယ်။
မြန်မာပြည်သွားရင် မဖြစ်မနေ visa တင်ရပါတယ်။ visa ယူပြီးသွားရင် ရက်ပေါင်း ၂၈ ပဲနေထိုင်ခွင့်ရပါတယ်။
ရက်ကျော်ရင် တစ်ရက်ကို ၃ ဒေါ်လာနှုန်းဒဏ်ငွေဆောင်ရပါတယ်။

နယ်သာလန်မှာ မြန်မာသံရုံးမရှိပါဘူး။ အနီးဆုံး belgium မှာရှိပါတယ်။
belgium ကိုသွားရင် အလုပ်ခွင့်တင်ရမယ်။ နေ့လည် ၁၂ နာရီမထိုးခင် အရောက်သွားရမယ်။
visa ခ ၃၅ ယူရိုကျမယ်။ ရထားလက်မှတ်လည်းဈေးကြီးပါတယ်။ လူလည်းပင်ပန်းရမှာပါ။

ပြီးတော့ belgium ရောက်သွားရင်လည်း visa က social visa ပဲရမယ့်သဘောမှာရှိပါတယ်။
social visa ဆိုတာက မြန်မာနိုင်ငံသားဟောင်းတွေအတွက်ပါ။ formula  ၆ မျက်နှာရှိပါတယ်။
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အချက်အလက်အားလုံးလည်း ဖြည့်ရပါတယ်။
ဒါကြောင့် လုံးဝမမိုက်ပါဘူး။

tourist visa ကိုပဲယူချင်ပါတယ်။ သံရုံးသွားစရာ မလိုပဲ internet ကနေ လျှောက်လို့ရတဲ့ e-visa ဆိုတာရှိတယ်။
သူက သိပ်မဖြည့်ရဘူး။ tourist တွေအတွက် သီးသန့်ပေါ့။ ဒေါ်လာ ၅၀ ကျမယ်။
ဆိုတော့ အဲဒါကိုပဲ လျှောက်ပါတယ်။ sunday ညလျှောက်တာ monday မနက် တန်းရတယ်။
ပြည်ဝင်ခွင့် visa ကို ကိုယ့် email ဆီပို့တယ်။ print ထုတ်ပြီး မြန်မာပြည် လေဆိပ် passport control မှာ ပြရုံပဲ။
tourist visa က ဟိုတယ်တွေမှာပဲ တည်းရမယ်တဲ့။ ကျွန်တော်က ဟိုတယ်မှာ တည်းကို မတည်းနိုင်ဘူး။ :)
e-visa link http://evisa.moip.gov.mm/


မြန်မာပြည်လေဆိပ်မှာ ဘာမှတောင် မပြောလိုက်ရဘူး။ ဘာအစစ်ဆေးမှလည်း မရှိပါဘူး။
ဆိုးတာက passport control ကောင်တာ ၄ ခုလောက်ပဲရှိတာ။ မြန်မာပြည်ကို နိုင်ငံခြားသား အသားကုန်ဝင်တာ ကောင်တာ အများကြီးဖြစ်သင့်ပါတယ်။
ကျွန်တော် ၁ နာရီကြာတန်းစီခဲ့ရတယ်။

အနှစ် ၆၀ ကျော် တိုင်းပြည်ကို အမှောင်ချထားခံရတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ လေဆိပ်ကို အများကြီး ပြင်ရဦးမှာပါ။
သားနားမှုဆိုတာထက် စနစ်ကောင်းပေါ်ထွန်းဖို့ပါ။ info sign board တွေ နည်းတာရယ်၊ ဝန်ထမ်းတွေက လှိုက်လှဲပျူငှါမှု အားနည်းတာရယ်။
ဒီနှစ်ခုတော့ စိတ်ထဲမှာ ရှိနေတယ်။ :)

ရန်ကုန်မှာ အပေါဆုံးက taxi တဲ့။ ရန်ကုန်လမ်းပေါ်မှာ taxi စီးရတာ fast and furious 8 ရိုက်နေတယ်လို့ပဲ ခံယူထားလိုက်။
နို့မဟုတ်ရင် ရင်တုန်လို့ မာလခီးယားသွားမယ်။ :)

ကားလမ်းတွေကြပ်တာကတော့ ကမ်းကုန်တယ်။ တိုးတက်တဲ့ တိုင်းပြည်တိုင်း ကြုံရတဲ့ ပြသနာပါ။ သို့သော် ဖြေရှင်းတတ်ရမှာပါ။
ရန်ကုန်မြို့က ကျဉ်းသလောက်လူနေမှုအရမ်းထူထပ်ပါတယ်။
ပုံမှန်ဆက်သွားရင် ကားတွေ ၁ နှစ်အတွင်း ၃၀% လောက်များလာနိုင်တယ်။ ကားဝယ်တာ အရမ်းခေတ်စားနေတယ်။
လမ်းစည်းကမ်းအတိုင်း မမောင်းကြသလို လိုင်စင်လည်း သိပ်လွယ်ပါတယ်။
သို့သော် လမ်းတွေက ကိုလိုနီခေတ်က အတိုင်းပဲ ရှိနေတုန်းပဲ။ :)
မြေနီကုန်းနဲ့ လှည်းတန်း ကုန်းကျော်တံတားတွေ ဆောက်နေပေမယ့်  အရာမရောက်လှဘူးလို့ taxi သမားတွေကပြောပါတယ်။
မော်တော်ကားတွေ မတရားများလာမယ့် ရန်ကုန်အတွက် စီမံကိန်းကောင်းတွေ လည်းရှိဟန်မတူပါဘူး။
taxi ငှါးလို့ရှိရင်လည်း မသွားဘူး ဆိုတာများတယ်။



ဆက်ပါဦးမည်။

No comments:

Post a Comment