Friday, 19 February 2016

Mozilla firefox မှာ ဇော်ဂျီ အမှန်ပေါ်စေဖို့။

zawgyi font ဆိုတာ ဒီချိန်ထိ popular အဖြစ်ဆုံးမြန်မာ font ပါ။
ကမ္ဘာ့ ကွန်ပျူတာစာလုံး စံနှုန်းကို မလိုက်နာတဲ့အတွက် ခုချိန်ထိ official font တွေအဖြစ် အသုံးပြုလို့ မရဘူး။
နောင်လည်း အသုံးပြုနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့်လို့ huawei ဖုန်းတွေမှာ zawgyi font တခါတည်းထည့်ပေးပြီးသားပါ။

facebook နဲ့ news website အသီးသီးမှာ zawgyi font ကိုပဲ တွင်တွင် သုံးနေကြလေတော့
ကိုယ်တွေလည်း မသုံးလို့ မရဘူး။

ကွန်ပျူတာမှာ browser တွေအများကြီး ရှိတဲ့အထဲက mozilla firefox ကိုပဲ စွဲစွဲမြဲမြဲ သုံးလာတယ်။
ပြသနာက ဒီ firefox browser မှာ zawgyi မြန်မာစာလုံးတွေက ယပင့် နဲ့ ရှေ့ထိုး တွေက နေရာ မမှန်တော့ ဖတ်ရတာ အဆင်မပြေဘူး။
စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။

အဲဒီကိစ္စမျိုးကို ဖြေရှင်းဖို့ smart zawgyi pro ဆိုတဲ့ font ရှိတယ်။ သူက android ဖုန်းတွေမှာ အဲလိုမျိုးပြသနာတွေ ဖြေရှင်းဖို့
ထွင်ထားကြတာဖြစ်ပေမယ့် computer မှာလည်း သုံးလို့ရတယ်။

အောက်က link မှာ download ယူလိုက်ပါ။
http://www.mediafire.com/download/6tj2a5vol6c4v5o/SmartZawgyiPro.ttf

ရလာတဲ့ font ကိုဖွင့်ပြီးတော့ install ဆိုတာကို နှိပ်ပါ။
ပြီးရင် mozilla firefox ကိုဖွင့်ပါ။ ညာဖက်အပေါ်ဆုံးမှာ setting icon လေးကိုနှိပ်ပြီးရင် options ကိုထပ်နှိပ်ပါ။




ဗယ်ဖက်မှာ menu tab တွေထဲက Content ကိုရွေးပါ။
အဲဒီမှာ default font နေရာမှာ ခုနက install လုပ်ထားတဲ့ smart zawgyi pro  ကိုရွေးပေးလိုက်ပါ။


ဒါဆိုရင် မြန်မာစာတွေ အမှန်ပေါ်ပါပြီ။



No comments:

Post a Comment