မနေ့က iphone 12 series တွေကို ကြေညာပြီးတော့ မကြာခင် ဆိုင်တန်းပေါ် ရောက်လာတော့မှာပါ။
သတင်းတွေမှာလည်း ပလူပျံအောင် ဖော်ပြပြီးသွားကြပြီဆိုတော့ အားလုံးသိပြီးသားလည်း ဖြစ်မှာပါ။
ဖုန်းအသစ်ကြေညာတိုင်း ဝယ်ချင်စိတ်ပေါက်တာ apple iphone တွေရဲ့သဘာဝပါ။
စျေးကလည်း မိုးပေါ်မှာ။
မတူညီတဲ့ ရှုထောင့်ကနေ review အနည်းငယ် ရေးပါရစေ။
iphone 11 အထိ ထွက်သမျှ iphone တိုင်းမှာ
၁။ နားကြပ်၊ (earphone )
၂။ အားသွင်းခေါင်း၊ (power adapter)
၃။ USB ကြိုး
ပုံမှန်ပါဝင်လေ့ရှိတယ်။
သူတို့တွေ ပျက်သွားခဲ့သော် apple မူရင်း ပစ္စည်းတွေဝယ်ချင်ရင် ဝယ်လို့ရပါတယ်။
နားကြပ် ၃၀ ယူရို၊
အားသွင်းခေါင်း ၃၅ ယူရို
USB ကြိုး ၂၅ ယူရို
အသီးသီး ရှိကြပါတယ်။
ဆိုလိုတဲ့သဘောက ဖုန်းတလုံးဝယ်တိုင်း စုစုပေါင်း ၉၀ ယူရိုဖိုး တိုလီမိုလီ အလကားရသလို ဖြစ်နေပါတယ်။
အခုတော့ apple က iphone 12 serie မှာ USB ကြိုးတစ်မျိုးကိုသာ ထည့်သွင်းပေးပါတော့တယ်။
ကျတော်အမြဲပြောတယ်။ apple ကအလွန်အင်မတန်မှ ကပ်စေးနဲပါတယ်။
သူတို့ဖက်ကတော့ ပတ်ဝန်းကျင်ကို ထိန်သိမ်းတဲ့ အနေနဲ့ ဆိုပြီး စကားရှည်ကြီးနဲ့ အချိုသတ်လိုက်ပါတယ်။
ယုံချင်စရာကောင်းပါတယ်။
သို့သော်လည်း နားကြပ်နဲ့ power adapter ကို ဖြုတ်ချလိုက်တော့ စျေးနှုန်း စုစုပါင်း ၆၅ ယူရိုသက်သာမသွားပြန်ပါဘူး။
စျေးနှုန်းကို လေ့လာကြည့်ရင် မနှစ်ကထွက်သလိုပဲ အတူတူပဲ ဖြစ်ပါတယ်။
ဒီထက်ပိုဆိုးတာ ရှိသေးတယ်။
ခုနောက်ပိုင်း iphone 11 , iphone XR တွေ ဝယ်မယ်ဆိုရင်လည်း ဗူးလည်းမှာ ဒီပစ္စည်းနှစ်ခုကို ထည့်ပေးတော့မှာ မဟုတ်ပါဘူး။
တဖက်မှာ ၆၅ ဖိုး apple က စားသွားတဲ့အပြင် သီချင်းနားထောင်ဖို့နဲ့ အားသွင်းဖို့ အပိုပစ္စည်းကို ထပ်ပေးပြီး ဝယ်ရမှာဖြစ်တယ်။
အဲတော့ စားသုံးသူဖက်က ကြည့်ရင် ခါတိုင်းထက် ၁၀၀ ယူရိုလောက်ကို နစ်နာနေပါတယ်။
ခုချိန် apple က earpods နဲ့ 18w power adaptor ကို ယူရို ၁၀ စီ နုတ်ပြီး ရောင်းနေပြန်ပါတယ်။
ပြင်သစ်နိုင်ငံကတော့ ဖုန်းနဲ့ပတ်သက်ပြီး ဥပဒေတစ်ခုရှိပါတယ်။ ဖုန်းရောင်းရင် ဗူးထဲမှာ နားကြပ်ထည့်ကို ထည့်ပေးရမယ်ဆိုတဲ့ စည်းကမ်းပေါ့။
ဒီတော့ ပြစ်သစ်မှာ iphone ဝယ်ရင် နားကြပ်ပါလာမှာ ဖြစ်ပါတယ်။
ပြင်သစ်မှာ
ဒီဥပဒေကို ထုတ်တဲ့ အဓိက အကြောင်းရင်းက နားနဲ့ဖုန်းကို ကပ်ပြီးစကားပြောရင်
radioelectric ရေဒီယိုသတ္တုလှိုင်းက လူ့ဦးနှောက်ကို ထိခိုက်စေတယ်
ဆိုပြီး ယုံကြည်ကြလို့ အစိုးရက ဒီလိုမျိုးဥပဒေကို ထုတ်ပေးရခြင်းဖြစ်ပါတယ်။ ဉာဏ်များတဲ့ apple က ဘယ်လို ရှောင်ဦးမလဲ မသိဘူး။
apple ရဲ့ မြှားဦးကတော့ iphone ဝယ်ကိုင်တဲ့သူတွေ ရိုးရိုး နားကြပ်ကို မသုံးပဲ ကြိုးမဲ့နားကြပ်တွေကို ဝယ်သုံးစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်မှာပါ။
ကြိုးမဲ့နားကြပ်တွေက စျေးနှုန်း ၁၃၀ ယူရိုကနေ ၂၃၀ ယူရိုကြားမှာ ရှိနေပါတယ်။
ကဲ ဒါဖြင့် ကျတော်တို့တွေဟာလည်း apple ရဲ့သားကောင်တွေ ဖြစ်နေပြီလား။
2,000,000,000,000
( two trillion ) ဒေါ်လာ ကုဋေနှစ်သိန်း တန်တဲ့ ကုမ္ပဏီဖြစ်လာအောင်
ကျတော့လို ငမွဲကလည်း apple မှ apple ဖြစ်နေလေတော့လည်း။
ဤမျှဖြင့်
ပါဘိခ် ကိုချင်းလေး Lautu
No comments:
Post a Comment