Tuesday, 9 June 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။ ( ၃ )

"မြေနီလမ်းကလေးကို လိုက်ပြီး
ကားကလေးစီးရင် ဖုန်ထလာ
 ဒါဟာလဲ ချင်းပြည်ရဲ့ အလှတစ်ခုပါ။"

ဒီသီချင်းထဲကစာသားအတိုင်းဆိုရင်တော့ ဖုန်ထတာက ကဗျာဆန်သလိုလို၊ ကားသွားတာကလဲ slow motion နဲ့ပဲသွားသလိုလို။ :)
တကယ်တော့လက်တွေ့မှာ တောင်ပေါ်မှာ ကားစီးရတာ မလွယ်လှဘူး။ အမိုးပွင့် hilux ကားတွေမို့ မျက်စိထဲ ဖုန်မဝင်အောင် မျက်မှန်တပ်ထားရတယ်။ ဆံပင်မပေအောင် ဦးထုပ်ဆောင်းရတယ်။ ပါးစပ်စည်းတပ်ထားရတယ်။ အထုပ်တွေ ကို စာလာအိတ်နဲ့ ထုပ်ရသေးတယ်။

ကန်ပက်လက်မြို့။
နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ကိုသိချင်ရင် Passport ကို အသုံးပြုတဲ့အခါ  တန်းသိနိုင်ပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာ့ passport power ranking မှာ နောက်ဆုံးပိတ်အဆင့် ၈၀ မှာရှိနေပါတယ်။
US, UK တို့က အဆင့် ၁။ နယ်သာလန်၊ စင်ကာပူ၊ ဂျပန် တို့က အဆင့် ၄ မှာရှိကြပါတယ်။
 မြန်မာပြည်က ကမ္ဘာ့အလယ်မှာ အဖက်ဖက်မှာ အောက်ကျ နောက်ကျ ကျန်ခဲ့တဲ့ တိုင်းပြည်ပါ။
ဒီတိုင်းပြည်မှာ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်လို့ပြောရင် မမှားပါဘူး။
တက္ကသိုလ်၊ လေဆိပ်၊ ဘူတာ စတဲ့အရာတွေမရှိတဲ့ တစ်ခုတည်းသောပြည်နယ်ပါ။
 အဲ...ဒီပြည်နယ်ထဲမှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အထဲက ကန်ပက်လက်က အဖက်ဖက်မှာ အောက်ကျနောက်ကျတဲ့(အဆင်းရဲဆုံး) မြို့ပါ။ ဒါကြောင့် ကန်ပက်လက်မြို့က အမွှန်းတင်စရာ မရှိလှပါဘူး။ :) ကမ္ဘာ့အဆင်းရဲဆုံးမြို့လို့ ခေါ်ရမလား။
ပထမရလို့ ဝမ်းသာရမလိုလို။ :)


ကျွန်တော် ကန်ပက်လက်ကို ပြန်သွားရတဲ့အကြောင်းက မိသားစုနဲ့တွေ့ဖို့ပါ။
ဒီဇင်ဘာလမှာ ပြန်ရင်ကောင်းပေမယ့် နှင်းထူလို့ လေယာဉ်မထွက်တာမျိုးရှိဖူးတော့ မတ်လမှာ ပြန်ရခြင်းဖြစ်တယ်။
ကန်ပက်လက်နှစ်ခြင်းသာသနာနှစ် ၅၀ ပြည့်ယုဘိလပွဲနှင့် ဘုရားကျောင်းဖွင့်ပွဲတခါတည်း ကြုံသွားတာပေါ့။


 ကန်ပက်လက်မြို့က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၀၀၀ ကျော် မှာရှိတဲ့အတွက် ချင်းတောင်မှာတော့ သိပ်မအေးတဲ့မြို့ပါ။ ဟားခါးမြို့က ၆၀၀၀ ကျော်၊ တီးတိန်မြို့က ၅၀၀၀ အထက် ရှိကြပါတယ်။
အင်္ဂလိပ်ခေတ်က တောင်စခန်းမြို့ငယ်လေးအဖြစ် အပန်းဖြေဖို့ တည်တဲ့မြို့ပါ။
ချင်းတောင်မှာနိုင်ငံခြားဧည့်သည် အများဆုံးမြို့ပါ။ အကြောင်းကတော့ ဝိတိုရိယတောင်ကို တက်ချင်ကြတာရယ်၊ နတ်မတောင်အမျိုးသားဥယျာဉ်ကို လေ့လာချင်ကြလို့ ဖြစ်ပါတယ်။

ဝိတိုရိယတောင်(သို့) ခေါနုသုမ်
ဝိတိုရိယတောင်က အမြင့်ပေ ၁၀၂၀၀ မြင့်ပါတယ်။ Asean နိုင်ငံတွေမှာ ပေ တစ်သောင်းထက်မြင့်ရင် သစ်ပင်တွေသိပ်မပေါက်နိုင်ဘူး လို့ကြားဖူးတယ်။ ဒါပေမယ့်ဝိတိုရိယတောင်က သစ်ပင်ပေါင်းစုံနှင့်ပြည့်နေတယ်။
တောင်ထိပ်ကို ဆိုင်ကယ်နဲ့တက်ကြသေးတယ်။ တစ်နာရီကျော်ကြာပါတယ်။ တောင်ပေါ်မှာ စေတီရှိတယ်။
အမြင့်ဆုံးနေရာတောင်ကုန်းတစ်ခုမှာတော့ လက်ဝါးကားတိုင် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုတ်လှဲခဲ့ပါတယ်။ အာဏာပိုင်တွေက စေတီကိုတော့ မခုတ်လှဲခဲ့တာကိုပဲ ကျေးဇူးတင်ရမလိုလို။ :)
မောင်မောင်နဲ့ကျနော်တောင်ထိပ်တက်ချင်တော့ ဥက္ကဋ္ဌကိုလိန်းအွမ်က လူစုပြီးတက်ကြတာ။
တောင်ပေါ်မှာ ဘာလုပ်တယ်မှတ်လဲ။ နေကြာစေ့နဲ့ အချဉ်ထုပ်စားပြီးပြန်လာကြတယ်။ :)


တောင်ထိပ်ကို တက်ကူတာက အသင်းတော် လူငယ်ဥက္ကဋ္ဌကိုလိန်းအွမ်နဲ့အဖွဲ့ပါ။
သူ့ကိုကွယ်ရာမှာ ရာသက်ပန်လူငယ်ဥက္ကဋ္ဌလို့ နာမည်ပြောင် ပေးကြတယ်။
ကျနော်ကန်ပက်လက်စတင်ရောက်ရှိတဲ့ ၂၀၀၀ ခုနှစ် မှာကတည်းက လူငယ်ဥက္ကဋ္ဌဖြစ်နေပြီ။
ခု ၂၀၁၅ ပြန်ရောက်သွားတော့ ဆရာကြီးက ကလေးနှစ်ယောက်ရနေပြီ။ လူငယ်ဥက္ကဋ္ဌ လုပ်ကောင်းတုန်း။ :)
ကြားထဲမှာ အပြောင်းအလဲ အနည်းအကျဉ်းတော့ရှိတယ်။
ခင်လို့ကောင်းတယ်။သူနဲ့နေရင် အမြဲရီနေရတယ်။


 တဆက်တည်းမိတ်ဆက်ပေးချင်တာက မောင်မောင်။ကျောင်းနေဖက်သူငယ်ချင်း။
သူက ၈တန်းကျောင်းသားလောက်ကတည်းက ချင်းပြည်နယ်လက်ရွေးစင် ဘောလုံးသမား။
နှစ်တို်င်း ဘောလုံးကန်နေတာနဲ့ပဲ အချိန်ကုန်နေသူ။ ဆရာဆရာမတွေက သူ့ကို မဆူရဲကြဘူး။
ကျောင်းနဲ့အနီးဆုံးမှာနေပြီး အမြဲကျောင်းနောက်ကျသူပေါ့။ နောက်ကျတာကိုက သူ့ရဲ့ရိုးရာယဉ်ကျေးမှုလိုဖြစ်နေပြီ။ ချင်းပြည်နယ်လက်ရွေးစင်ဘောလုံးအင်္ကျီ ကျောနံပါတ် ၁၀ ဝတ်ပြီးကျောင်းလာရင်ဖြင့် တစ်ချို့ကျောင်းသူတွေများမှာတော့ စာကို အာရုံမစိုက်ကြတော့ဘူး။ :)
နောက်ပိုင်းတော့ ဟားခါးမြို့ကို ပြောင်းသွားကြပြီ။
သူ့အဖိုး RevဦးCeih kio က ကန်ပက်လက်မြို့နယ်မှာ ပထမဆုံးနှစ်ခြင်းသာသနာပြုသူမို့ ဒီကန်ပက်လက် နှစ်ခြင်း ရွှေရတုယုဘိလသဘင်မှာ သူတို့အဖိုးကိုယ်စား သူတို့မိသားစုကို အထူးတလည်ဂုဏ်ပြုကြတယ်။

ကျေးလက်ဘဝ
ကန်ပက်လက်မြို့နဲ့ အနီးစပ်ဆုံးဆော်လောင်းကျေးရွာကိုလည်း သွားခဲ့တယ်။
NGO အဖွဲ့အစည်းတွေ အမြဲသွားကြတဲ့ကျေးရွာပါ။ တလောက ကမ္ဘာ့ဘဏ်အဖွဲ့ကဆိုလား ကျေးရွာမီးလင်းဖို့ solar ပြားတွေ လာလှူသွားကြသေးတယ်။
ကျနော် NGO အဖွဲ့အစည်း အားလုံးကို လေးစားတယ်။ ဒါပေမယ့် ကမ္ဘာနေရာအသီးသီးကလှူထားတဲ့ ဒေါ်လာသိန်းပေါင်းများစွာနဲ့ NGO တွေဝင်လာရင် သူတို့လုပ်တဲ့ project ထက် တကယ်အကျိုးရှိသွားတာကတော့ သူတို့ ဝန်ထမ်းတွေ ကိုယ်တိုင်ပါ။
ဆက်မရေးတော့ဘူးနော်။ လူမုန်းများမယ်။ :)

ဆော်လောင်းကျေးရွာက အိမ်တအိမ်။

ဆောင်လောင်းကျေးရွာမှာ ချင်းပြည်နယ်မြောက်ပိုင်းဖက်ကနေလာပြီး သာသနာပြုတဲ့ မိသားစုလေးရှိကြတယ်။
သူတို့နေထိုင်တာ ၁၀ နှစ်တောင်ကျော်ပြီ။ ဒီသာသနာက ကလေးမြို့မှာ အခြေစိုက်တဲ့ ဆရာ Do Khup ဦးဆောင်တဲ့ Tear Gospel သာသနာအဖွဲ့က စေလွတ်တာဖြစ်ပါတယ်။ 
သာသနာပြုဆရာ khual ရဲ့ ကလေး ၃ ယောက်၊

အဲရှားရှားပါးပါး ကန်ပက်လက်မှာ ဖုန်းဆိုင်တစ်ဆိုင်လေးရှိတယ်။
ဖေဖော်ဝါရီလကမှ ဖွင့်ထားတဲ့ ဆိုင်တဲ့။
ကန်ပက်လက်မှာ GSM ဖုန်းတွေ အလုပ်မလုပ်သေးပါဘူး။ CDMA ဆိုလား။ အဲတာတွေပဲ အလုပ်လုပ်တယ်။ ခြင်းဖုန်း၊ ပြီးတော့ အင်တင်နာ ဆွဲထုတ်ပြီး ပြောရတဲ့ဖုန်းတွေ။ :)

 ဘုရားကျောင်းဖွင့်ပွဲဆိုတဲ့အတိုင်း KBC အသင်းတော်က အနှစ်နှစ်အလလကတည်းက စုဆောင်းထားတာရယ်၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ နှစ်ခြင်းအသင်းတော်တွေဆီကနေ လှူဒါန်းထားတဲ့အလှူငွေတွေနဲ့ ဆောက်ထားတာဖြစ်ပါတယ်။
သိန်းပေါင်း ၆၀၀ ကျော်ကုန်ကျပါတယ်။ ဒီဇိုင်းကတော့ အသင်းတော်အတွင်းရေးမှူးဦးဒါရ်ဟူးကိုယ်တိုင်ကပဲ ရေးဆွဲထားတာဖြစ်ပါတယ်။

နှစ်ခြင်းသာသနာ ရွှေရတုဓမ္မသဘင်ပွဲမှာတော့ တမြို့နယ်လုံးကနေ လာကြသလို၊ ချင်းပြည်နယ်နေရာအနှံ့ကနေ ကိုယ်စားလှယ်ကြီးတွေလည်း လာကြတယ်။


အောက်ကပုံကတော့KBCအသင်းတော်ဥက္ကဋ္ဌဦးမနားထုံက
 ဆော်လောင်းကျေးရွာကနေ ရောက်ရှိလာတဲ့အမေအိုတစ်ယောက်ကို
 နှုတ်ဆက်ကြိုဆိုနေတာ ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာတော့ တပင်တိုင်သီချင်း၊ သံစုံသီချင်း၊ ပြီးတော့ အမူအရာ ပြိုင်ပွဲတွေလည်း ပြုလုပ်ကြပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ အဓိကအားဖြင့် လူမျိုးနွယ်စု ၄ မျိုးရှိပါတယ်။
သူတို့ရဲ့ရိုးရာအဝတ်အထည်များကို လှပစွာ တွေ့မြင်ရပါတယ်။



အောက်ကပုံထဲမှာ ကရင်ရိုးရာ အဝတ်အထည်လိုမျိုးဂါဝန်အနက်ရောင်က အုပ်ပူး (သို့မဟုတ်) ချင်းပုံ လို့ခေါ်တဲ့ လူမျိုးနွယ်စုတွေရဲ့ ရိုးရာအထည်ပါ။

 ကန်ပက်လက်မှာရေသွယ်တာကလည်း ရီရမလို၊ ငိုရမလိုပဲ။
မြို့တစ်မြို့ဖြစ်နေပေမယ့် ရေရှည်အတွက် ရေကိုလုံလောက်စွာ သုံးစွဲနိုင်အောင် နည်းလမ်းကောင်းတွေ မရှိဟန်တူပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေခွန်လည်း လာကောက်တယ်ကြားတော့ သူ့နေရာနဲ့သူ့ဇာတ်ပါပဲလို့ပြုံးမိတယ်။
 တကယ်တော့ဒီလိုသောက်သုံးရေအတွက် စည်ပင်ကနေ နှစ် ၁၀၀ စီမံကိန်းတွေ ချသင့်တယ်။
ရေထွက်တဲ့နေရာကို ပေ ၃၀ ပတ်လည် သေချာ ကြိုးဝိုင်းနဲ့ ကာသင့်တယ်။
ပြီးတော့ ရေထွက်စေတဲ့ သစ်ပင် များများထပ်စိုက်ပေးသင့်တယ်။
ပြီးတော့ရေလှောင်ကန်ကောင်းကောင်းဆောက်ပြီးရင် အိမ်ခြေ ၅၀၀ လောက်ရှိတဲ့မြို့ကို နည်းစနစ်မှန်ကန်စွာ ပေးဝေနိုင်ပါတယ်။
ဒါပေမယ့်ဗျာ...

ရေတံခွန်များတဲ့ချင်းတောင်
 နောက်တစ်ခုက ကျနော်တို့ကောလောင်းရေတံခွန်သွားကြသေးတယ်။
အုတ်ဖိုရွာနဲ့ မကျောက်အားရွာ ကိုဖြတ်သွားပြီးမှ ရောက်ပါတယ်။
ခေါ်သွားတဲ့သူက သွားဆရာဝန်ပေါက်စ ကွေလျန်ပေါ့။
 ရေတံခွန်သွားတဲ့လမ်းက ကျဉ်းလွန်းတော့ကွေလျန်ကိုယ်တိုင် ကျနော့်ကို မောင်းပြီးတင်သွားပါတယ်။
တောင်စောင်းလေးအတိုင်းဖောက်ထားတဲ့ ၂ ပေမကျယ်တဲ့ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားရတာ အတော်အသည်းယားစရာကောင်းပါတယ်။
လွယ်ထားတဲ့အိတ်ထဲက ကင်မရာထုတ်ဖို့ကိုပင် ကျနော်လက်တုန်နေလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ဘူး။
တစ်ချက်ကလေး မှားတာနဲ့တောင်ခြေကို လှိမ့်ကျသွားမှာ။
ရေတံခွန်ကို ဓါတ်ပုံ ရိုက်ချင်လွန်းလို့သာ သက်စွန့်ဆံဖျားလိုက်လာတာ။ :)
သူ့ရာသီမို့ တစ်တောလုံး စွယ်တော်ပန်းတွေ ပွင့်နေပါတော့တယ်။


နွေရာသီဖြစ်နေပေမယ့် ရေစီးများပါသေးတယ်။ချင်းတောင်ကချောင်းရေ၊ မြစ်ရေတွေက  ရေစီးသန်တယ်။
တောင်ပေါ်က စိမ့်စမ်းရေ သောက်ဖူးသူတိုင်းသိတယ်။
 သောက်လို့မဝနိုင်ဘူး။သန့်တယ်။ ကြည်တယ်။ ဘာအနံ့မှ မရှိဘူး။
စိမ့်ရေကနေချောင်းရေ၊ ချောင်းရေမှ မြစ်ရေ၊ မြစ်ရေကနေ ပင်လယ်အထိစီးဆင်းသွားသလို၊ တို့ဘဝတွေလည်း စိမ့်စမ်းရေတွေလိုပါပဲလား။ စိမ့်စမ်းရေတွေရှိတဲ့ချင်းတောင်ကနေမှ အဆုံးမရှိတဲ့ပင်လယ်ကြီးလို ဟိုးအဝေးကြီးဆီကို။

ဤမျှနှင့်သာ...

Friday, 17 April 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။ ( ၂ )

Taxi စီးရင်း Taxi driver ကို နည်းနည်းမေးမြန်းကြည့်တယ်။
တစ်နေ့ကို owner ကြေး ၁၀၀၀၀ (တသောင်း) ပေးရတယ်။
ဓါတ်ဆီဖိုး တစ်နေ့ကို တသောင်းကုန်ကျတယ်။
တစ်ရက်ကို တစ်သောင်းလောက်ကျန်တယ်တဲ့။ ဆိုတော့ တစ်လမှာ သုံးသိန်းရတာပေါ့။
အထက်တန်းပြ ကျောင်းဆရာထက်တောင် သာနေပါရောလား။

probox
ကားအကြောင်းပြောရင်း ရန်ကုန်မှာ အတော် ရေပန်းစားတဲ့ကားက toyota probox ပါ။
အဓိကတော့ နောက်ကပစ္စည်းတင်တဲ့အခန်းအရမ်းကျယ်တာကြောင့်ပါ။
နောက်ခုံတွေကို ခေါက်လိုက်ရင် ရေခဲသေတ္တာအရှည်၊အကြီးတွေ ဆန့်တယ်လို့ taxi သမားက ရှင်းပြသေးတယ်။
ရန်ကုန်ရောက်ရောက်ချင်း သတိထားမိတာက taxi အတော်များများက probox ချည်းပဲ။
ပေါက်ဈေးက သိန်း ၆၀ နဲ့ ၈၀ အကြားမှာရှိပါတယ်။


ငွေရောင်းသည်။
နိုင်ငံခြားကနေ မြန်မာပြည်ကို ငွေလွှဲရင် လူတော်တော်များများ western union နဲ့လွှဲတာ အများဆုံးပါပဲ။
ငွေလဲနှုန်းမှာနှိမ်ထားတော့ ဆုံးရှုံးရပါတယ်။ ပြီးတော့လွှဲခလည်းပေးရသေးတယ်။ မိအေးနှစ်ခါနာ ဆိုတာ ဒီကနေစတာ။ :)
ကျွန်တော် မြန်မာပြည် ATM စက်ကနေငွေထုတ်ကြည့်ပါသေးတယ်။
rate အတိုင်းရတယ်။  1 euro ကို ၁၁၁၅ နှုန်းနဲ့ထုတ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာငွေ ၅၀၀၀ နှုတ်မှာ ဖြစ်တယ်။စက်အသုံးပြုခထင်ပါတယ်။
(credit ကတ်တိုင်း ကတ်အသုံးပြုခ ပေးဆောင်ရပါသေးတယ်။)
ဒီထက်ပိုကောင်းတာရှိသေးတယ်။ ငွေလဲတဲ့ဆိုင်သေးသေးလေးတွေရှိတယ်။
1 euro ကို ၁၁၆၀ နှုန်းနဲ့လှဲပေးပါတယ်။
သတိထားရမယ့်အချက်က ပစ္စည်းရောင်းသလိုရောင်းရတာမျိုးဖြစ်တဲ့အတွက် ငွေတွေက သစ်လွင်နေဖို့ အရေးကြီးတယ်။
ဖြစ်နိုင်ရင်တော့ ပိုက်ဆံအိတ်အရှည်ထဲမှာ မခေါက်ပဲ ထည့်သွားနိုင်ရင် အကောင်းဆုံးပါ။
၂၀ တန်အရွက်အောက်ဆိုရင် ပိုနိမ့်တဲ့ဈေးပါ။ 

ဟိုတုန်းကမြန်မာပြည်ရဲ့စိတ်ကူးယာဉ်အိပ်မက်
မြန်မာပြည်ဖုန်း(simcard) လောကမှာတော့ညာဏ်များတဲ့ MPT ကလက်ဝါးကြီးအုပ်နေဆဲပါ။
telenor နဲ့ ooredoo က မနည်းကိုယက်ကန်နေရဆဲ။
ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေပါ။
MPT ကကြိုးရှည်ရှည်နဲ့ဆွဲထားလို့ လွတ်လပ်စွာ ခေါင်းမမော့နိုင်ကြရှာဘူး။
မျှော်လင့်ချက်ကြီးမားစွာနဲ့ ဝင်လာတဲ့ telenor နဲ့ ooredoo အရူးမ လင်လုပ်ရသလိုပါပဲလား။ အပြုံးတော့မပျက်ရှာဘူး။
သူတို့ရဲ့ poster တွေမြန်မာတပြည်လုံး နေရာအနှံ့ပဲ။ MPT နဲ့အစိုးရအပေါ်မှီခိုမှုကင်းပြီး network provider လွတ်လပ်စွာကိုင်တွယ်နိုင်မယ့် ထိုတစ်နေ့။

ချောက်မြို့
အဝေးပြေးကားဂိတ်တွေက အပြောင်းအလဲမများပေမယ့် Busကားကြီးတွေအားလုံးကတော့ သစ်လွင်တောက်ပနေကြတယ်။
အရမ်းကို အဆင့်မြင့်သွားတယ်။ ကားထဲမှာ အိမ်သာတော့ မပါဘူး။လက်မှတ်ဖြတ်ရင် မှတ်ပုံတင်နံပါတ်ပြောရတယ်။
ရန်ကုန်ကနေ ည ၈နာရီထွက်တာ နောက်နေ့မနက် ၅ နာရီ ချောက်မြို့ကို ရောက်တယ်။ကားခက ၈၀၀၀ ပဲရှိပါတယ်။


 အညာဒေသနဲ့ ယောဒေသတွေက ထမင်းဆိုင်မှာ နာမည်ကြီးတယ်။
ကားသမားက သန့်တယ်ဆိုပြီးညွန်ပေးလို့ သွားစားကြသေးတယ်။
အရန်ဟင်းလည်းများတယ်။အဝစားကို တစ်ထောင်ပဲကျတယ်။

ချောက်မြို့ကနေ မနက် ၇ နာရီထွက်လာပြီး ကန်ပက်လက်မြို့ကို နေ့လည် ၁၂ နာရီလောက်ရောက်ပါတယ်။
ဆိုတော့ ရန်ကုန်ကနေ ချင်းတောင် ကန်ပက်လက်မြို့ကို သွားရင် အတော်နီးတယ်ဆိုရမှာပါ။
ခရီးစရိတ်လည်း အရမ်းသက်သာလှပါတယ်။

ချောက်ကနေ ကန်ပက်လက်ကိုသွားတဲ့လမ်းက အခုမှ ကတ္တရာတွေကို စခင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။
သူများတွေ ကတ္တရာလမ်းမကလို့ လကမ္ဘာပေါ်ရောက်ပြီးနေပြီ။အင်္ဂါဂြိုလ်ပေါ်မှာသွားရောက်နေထိုင်နိုင်မယ့်အရေး စူးစမ်းနေကြပြီ။
ကိုယ်တွေကတော့ မြေနီ၊ကျောက်ခင်းလမ်းကို အသုံးပြုပြီး ဂုဏ်ယူနေကြတုန်း။ :)
တကယ်တော့ သာမန်လူတွေတောင်နေပူလွန်းလို့ နုန်းနေတဲ့ကြားထဲ နေပူမိုးရွာမရှောင် ကျောက်ခင်းနေကြတဲ့ လမ်းလုပ်သူတွေက အရမ်းသနားဖို့ကောင်းပါတယ်။
မိခင်တွေ၊ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ ကလေးတွေပါ ကားလမ်းတလျှောက် ပင်ပန်းစွာ အလုပ်လုပ်နေကြတာ မြင်တွေ့နေရတယ်။ :(

ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ
ဆောမြို့က ကန်ပက်လက်အတွက် အလွန်အရေးပါတဲ့မြို့ပါ။ဆိုင်ကယ်နဲ့သွားရင် တစ်နာရီမကြာပါဘူး။
လိုအပ်တာအကုန် ဆောမြို့မှာသွားဝယ်ကြပါတယ်။ ဈေးချိုသလို စုံလင်ပါတယ်။
ကန်ပက်လက်မှာရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေက ဆောမြို့နယ်ထဲကနေ ထွက်တာပါ။
စားသောက်ကုန်၊လူသုံးကုန်အားလုံးနီးပါး ဆောကို မှီခိုနေရပါတယ်။
ဆောကလည်းပဲ ကန်ပက်လက်ကို မှီခိုနေရတာပဲ မဟုတ်ပါလား။

ထင်းရှူး
ဆောမြို့(မကွေးတိုင်း)ကို ကျော်လို့ တောင်ပေါ်လမ်းအတိုင်းတက်လာရင် ထင်းရှူးရနံ့ သင်းသင်းလေးရမှာဖြစ်တယ်။
နယ်ခံတွေက သတိမထားမိပေမယ့် ထင်းရှူးတောကြီးလိုဖြစ်နေတဲ့ ချင်းတောင်တန်းမှာတော့ ထင်းရှူးရနံ့ ရှူရှိုက်ရတာကိုက ကျန်းမာခြင်းသော့ချက်များလား။


လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စစ်တိုင်းမှူးတစ်ယောက်ဘယ်ကနေဘယ်လို စိတ်ပေါက်သွားလည်းမသိဘူး။
ချင်းပြည်နယ်တိုးတက်ဖို့ လက်ဖက်အကြီးအကျယ်စိုက်ခိုင်းဖူးတယ်။
ကျောင်းအလိုက်၊ ရုံးအလိုက်၊ ဌါနပေါင်းစုံ လက်ဖက်စိုက်ခင်းတွေ ချပေးတယ်။
ချင်းပြည်နယ်သည် လက်ဖက်ပြည်နယ်ဖြစ်ရမည် ဆိုတဲ့ဆိုင်းဘုတ်လည်း နေရာအနှံ့။
တကယ်တမ်း ချင်းလူမျိုးတွေဟာ လက်ဖက်ပင်တွေ ပြုစုတဲ့နေရာမှာ မကျွမ်းကျင်သလို၊ မည်သူမျှ စိတ်မဝင်စားလှပါ။
လက်တွေ့မှာလည်း အလုပ်မဖြစ်ခဲ့ဘူး။ မြန်မာတပြည်လုံး ရှမ်းပြည်နယ်ကထွက်တဲ့ လက်ဖက်အစို၊အခြောက်မျိုးစုံက လွမ်းမိုးပြီးပြီပဲ။
ဝန်ထမ်းအားလုံးနီးပါး ရုံးပိတ်ရက်တွေ ပေါက်ပြားထမ်းပြီး တောဖက်ကို ထွက်နေလိုက်ရတာ၊ လက်ဖက်ပင်တွေက ခုတော့ ဆိတ်စာဖြစ်သွားပြီ။ :)
အုန်းသီးပင်တွေ မစိုက်ခိုင်းခဲ့တာကိုပဲ ဝမ်းသာရမလိုလို။

ချင်းပြည်နယ်ကချင်းပြည်နယ် ဖြစ်နေမြဲသာ။

ဆက်ပါဦးမယ်။

Thursday, 9 April 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။

ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်တိုင်းပြည်ရဲ့ပြည်ဝင်ခွင့်အကြောင်းနဲ့ ကိုယ့်မှာရှိတဲ့ passport အကြောင်း သိဖို့က အရေးကြီးပါတယ်။

လေယာဉ်လက်မှတ် ဝယ်တဲ့အခါမှာ airline ပေါ်မူတည်ပြီး မတူကြပါဘူး။
မြန်မာပြည်ကို တိုက်ရိုက်လေယာဉ်မရှိတော့ ဘန်ကောက်မှာ ပြောင်းစီးရပါတယ်။
singapore ဖက် hongkong ဖက်ကနေ ပြောင်းစီးလို့ ရပေမယ့် ကြာလွန်းလို့ပါ။
amsterdam ကနေ bangkok ကို china airline စီးပါတယ်။ bangkok ကနေ yangon ကို bangkok airline စီးပါတယ်။

လေယာဉ်လက်မှတ်က တစ်စောင်တည်းပဲ။ check in လုပ်တဲ့အခါ ၂ နာရီအလိုလောက်မှာ လုပ်တာ အကောင်းဆုံးပါပဲ။
ပစ္စည်း(luggage )က ၃၀ ကီလို အထိသယ်ခွင့်ရှိတယ်။ personal bag က ၅ ကီလိုအထိရပါတယ်။
ပြီးတော့ lapop နဲ့ camera ဘာညာတွေကိုလည်း ထပ်သယ်ခွင့်ရှိပါတယ်။
သတိထားရမှာက လူတစ်ယောက် luggage အကြီး တစ်ထုပ်ပဲရပါတယ်။
တစ်ခ်ျို့airline တွေက luggage နှစ်ခုရပါတယ်။ တစ်ထုပ်ကို ၁၅ ကီလိုနှုန်းနဲ့ ပေါ့။
၃၀ ကီလို အတိအကျ မလိုပါဘူး။ ၂ ကီလိုအထိပိုတာလောက်ကိုတော့ လက်ခံကြပါတယ်။ ဒါပေမယ့်ဥပဓိရုပ်ပေါ် မူတည်တာပေါ့။ :)
luggage ကို amsterdam မှာ checkin လုပ်ကတည်းက မြန်မာပြည်ကို တစ်ခါတည်းရောက်ဖို့ code ကပ်ထားပေးပါတယ်။
သဘောာက bangkok ရောက်ရင် ကိုယ်စီးသွားမယ့် လေယာဉ်ပေါ်ကို တန်းတင်ဖို့ပါ။
လူကသာ transit counter ကိုသွားပြီး check in ပြန်လုပ်ရပါတယ်။
အဲ.. thailand လေဆိပ်သုံးတာမို့လို့ thailand visa ယူစရာ မလိုပါဘူး။သူ့နိုင်ငံသွားတာ မဟုတ်လို့ပါ။


ကျွန်တော် နယ်သာလန် passport ကိုင်ပါတယ်။ Thailand ကိုအလည်သွားရင် visa ယူစရာမလိုပါဘူး။ ရက် ၃၀ အထက်နေမှ Visa လျှောက်ရမှာဖြစ်တယ်။
မြန်မာပြည်သွားရင် မဖြစ်မနေ visa တင်ရပါတယ်။ visa ယူပြီးသွားရင် ရက်ပေါင်း ၂၈ ပဲနေထိုင်ခွင့်ရပါတယ်။
ရက်ကျော်ရင် တစ်ရက်ကို ၃ ဒေါ်လာနှုန်းဒဏ်ငွေဆောင်ရပါတယ်။

နယ်သာလန်မှာ မြန်မာသံရုံးမရှိပါဘူး။ အနီးဆုံး belgium မှာရှိပါတယ်။
belgium ကိုသွားရင် အလုပ်ခွင့်တင်ရမယ်။ နေ့လည် ၁၂ နာရီမထိုးခင် အရောက်သွားရမယ်။
visa ခ ၃၅ ယူရိုကျမယ်။ ရထားလက်မှတ်လည်းဈေးကြီးပါတယ်။ လူလည်းပင်ပန်းရမှာပါ။

ပြီးတော့ belgium ရောက်သွားရင်လည်း visa က social visa ပဲရမယ့်သဘောမှာရှိပါတယ်။
social visa ဆိုတာက မြန်မာနိုင်ငံသားဟောင်းတွေအတွက်ပါ။ formula  ၆ မျက်နှာရှိပါတယ်။
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အချက်အလက်အားလုံးလည်း ဖြည့်ရပါတယ်။
ဒါကြောင့် လုံးဝမမိုက်ပါဘူး။

tourist visa ကိုပဲယူချင်ပါတယ်။ သံရုံးသွားစရာ မလိုပဲ internet ကနေ လျှောက်လို့ရတဲ့ e-visa ဆိုတာရှိတယ်။
သူက သိပ်မဖြည့်ရဘူး။ tourist တွေအတွက် သီးသန့်ပေါ့။ ဒေါ်လာ ၅၀ ကျမယ်။
ဆိုတော့ အဲဒါကိုပဲ လျှောက်ပါတယ်။ sunday ညလျှောက်တာ monday မနက် တန်းရတယ်။
ပြည်ဝင်ခွင့် visa ကို ကိုယ့် email ဆီပို့တယ်။ print ထုတ်ပြီး မြန်မာပြည် လေဆိပ် passport control မှာ ပြရုံပဲ။
tourist visa က ဟိုတယ်တွေမှာပဲ တည်းရမယ်တဲ့။ ကျွန်တော်က ဟိုတယ်မှာ တည်းကို မတည်းနိုင်ဘူး။ :)
e-visa link http://evisa.moip.gov.mm/


မြန်မာပြည်လေဆိပ်မှာ ဘာမှတောင် မပြောလိုက်ရဘူး။ ဘာအစစ်ဆေးမှလည်း မရှိပါဘူး။
ဆိုးတာက passport control ကောင်တာ ၄ ခုလောက်ပဲရှိတာ။ မြန်မာပြည်ကို နိုင်ငံခြားသား အသားကုန်ဝင်တာ ကောင်တာ အများကြီးဖြစ်သင့်ပါတယ်။
ကျွန်တော် ၁ နာရီကြာတန်းစီခဲ့ရတယ်။

အနှစ် ၆၀ ကျော် တိုင်းပြည်ကို အမှောင်ချထားခံရတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ လေဆိပ်ကို အများကြီး ပြင်ရဦးမှာပါ။
သားနားမှုဆိုတာထက် စနစ်ကောင်းပေါ်ထွန်းဖို့ပါ။ info sign board တွေ နည်းတာရယ်၊ ဝန်ထမ်းတွေက လှိုက်လှဲပျူငှါမှု အားနည်းတာရယ်။
ဒီနှစ်ခုတော့ စိတ်ထဲမှာ ရှိနေတယ်။ :)

ရန်ကုန်မှာ အပေါဆုံးက taxi တဲ့။ ရန်ကုန်လမ်းပေါ်မှာ taxi စီးရတာ fast and furious 8 ရိုက်နေတယ်လို့ပဲ ခံယူထားလိုက်။
နို့မဟုတ်ရင် ရင်တုန်လို့ မာလခီးယားသွားမယ်။ :)

ကားလမ်းတွေကြပ်တာကတော့ ကမ်းကုန်တယ်။ တိုးတက်တဲ့ တိုင်းပြည်တိုင်း ကြုံရတဲ့ ပြသနာပါ။ သို့သော် ဖြေရှင်းတတ်ရမှာပါ။
ရန်ကုန်မြို့က ကျဉ်းသလောက်လူနေမှုအရမ်းထူထပ်ပါတယ်။
ပုံမှန်ဆက်သွားရင် ကားတွေ ၁ နှစ်အတွင်း ၃၀% လောက်များလာနိုင်တယ်။ ကားဝယ်တာ အရမ်းခေတ်စားနေတယ်။
လမ်းစည်းကမ်းအတိုင်း မမောင်းကြသလို လိုင်စင်လည်း သိပ်လွယ်ပါတယ်။
သို့သော် လမ်းတွေက ကိုလိုနီခေတ်က အတိုင်းပဲ ရှိနေတုန်းပဲ။ :)
မြေနီကုန်းနဲ့ လှည်းတန်း ကုန်းကျော်တံတားတွေ ဆောက်နေပေမယ့်  အရာမရောက်လှဘူးလို့ taxi သမားတွေကပြောပါတယ်။
မော်တော်ကားတွေ မတရားများလာမယ့် ရန်ကုန်အတွက် စီမံကိန်းကောင်းတွေ လည်းရှိဟန်မတူပါဘူး။
taxi ငှါးလို့ရှိရင်လည်း မသွားဘူး ဆိုတာများတယ်။



ဆက်ပါဦးမည်။

Tuesday, 24 February 2015

prepaid credit card စိတ်ဝင်စားရင်

credit card လို့ပြောလိုက်တာနဲ့ မလိုအပ်ပါဘူးကွာ လို့ ပြောမယ့်သူနဲ့၊ ဈေးကြီးလွန်းပါတယ်လို့ ပြောမယ့်သူများ ပါတယ်။
မှန်ပါတယ်။
 မြန်မာပြည်မှာ အကြွေးဝယ်ကတ် လို့ ခေါ်ပါတယ်။
တကယ်တော့ တို့တွေက အကြွေးနဲ့ဝယ်မှာတော့ မဟုတ်ပါဘူး။ :)

***********************************************************
ကျွန်တော် rabobank မှာ account ဖွင့်ထားပါတယ်။
bank card တစ်ခု အခမဲ့ရပါတယ်။
ဒီကတ်ဖြင့် ငွေချေလို့ရတယ်။ ပြီးတော့ ငွေထုတ်လို့လည်း ရပါတယ်။
ဒီလိုရအောင်လို့ maestro နဲ့တွဲထားတာဖြစ်ပါတယ်။
maestro တံဆိတ်တွေ့ရင် ကိုယ်သုံးနေတဲ့ ဘဏ်ကတ်နဲ့ငွေချေနိုင်တယ်။
ခက်တာက online payment စနစ်မသုံးတာပါ။ ပြီးတော့ ဥရောပ တိုင်းပြည်တွေလောက်မှာသာ တွင်ကျယ်ပါတယ်။
ဒီ rabobank မှာ Account ဖွင့်ခ လစဉ် 1,80 ပေးရပါတယ်။
ဈေးအပေါဆုံး (direct pakket) account ဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်ဟာ ကမ္ဘာတဝန်း ခရီးသွားနေတာ၊ ဒါမှမဟုတ် နိုင်ငံခြားကို online ကနေဈေးဝယ်တာတို့ ဆိုရင်
rabobank မှာ (totaalpakket) account ဖွင့်ထားရမယ်။ လစဉ် 3,95 euro ပေးရပါမယ်။ credit ကတ်တန်းရပြီလေ။
တစ်နှစ်ပတ်လုံး မသုံးရင်တောင်မှ 47 euro လောက်ကျသင့်ပါတယ်။
ဒီလို တတ်နိုင်မယ်ဆိုရင်တော့ ဒီစာ ကို အထူးတလည် ရေးစရာ မလိုပါဘူး။ :)

မြန်မာပြည်သား အများစုကိုင်ကြတဲ့ ING ဘဏ်မှာ basispakket ကိုကိုင်ကြတာများတယ်။
၃ လတစ်ခါ 4,35 euro ကျသင့်ပါတယ်။
betaalpakket ဖွင့်ရင် ၃ လတစ်ခါ 9 euro ကျသင့်ပါတယ်။ credit လည်းပါလာတာပေါ့နော်။

ဒီ rabobank နဲ့ ING ကနေထုတ်ပေးလိုက်တဲ့ credit card ကနေ ဥပမာ singapore နိုင်ငံမှာ ပိုက်ဆံထုတ်ရင် ကိုယ်ထုတ်တဲ့
ပိုက်ဆံ အရေအတွက်ရဲ့ 3% လောက် သပ်သပ် ပေးဆောင်ရပါသေးတယ်။
credit card ကိုင်ချင်ရင် ဈေးကြီးပါတယ်။

***********************************************************

ဒါကြောင့် လိုအပ်သူတွေအတွက် ဈေးချိုတဲ့နည်းလမ်း ရေးချင်ပါတယ်။
ICS လို့ခေါ်တဲ့ international card service  ဆိုတဲ့ကုမ္ပဏီ amsterdam ရှိတယ်။
သူ့ဆီမှာ prepaid mastercard classic   ဆိုတာရှိတယ်။
နာမည်အတိုင်းပါပဲ။ prepaid ဆိုရင် အတော်ရင်းနှီး ပြီးသားပါ။

ဒီကတ်က တစ်နှစ်စာကို 15 euro ပဲကျသင့်ပါတယ်။
ကိုယ်လက်ရှိဘဏ်ကတ်ကနေ ကိုယ့်ရဲ့ credit ကတ်ထဲကို ငွေလွှဲပြီးမှ သုံးလို့ရတာပါ။
ဆိုတော့ အကြွေးဝယ်ကတ် ဖြစ်ပေမယ့် ငွေမရှိရင် ဝယ်လို့မရပါဘူး။

ပြီးတော့ ငွေထုတ်စက်မှာ ငွေထုတ်ရင်လည်း 1% ပဲယူပါတယ်။
master ကတ်ထဲကို တစ်ကြိမ် ပိုက်ဆံဖြည့်ရင် 0,95 ကျသင့်ပါတယ်။
ကျွန်တော် လက်ရှိ ဒီကတ်ကို ပဲ သုံးနေပါတယ်။ဒီကတ်သုံးရင် ၅ ယူရို လက်ဆောင်ရသေးတယ်။ :)

prepaid credit card တွေ အများကြီးရှိတဲ့အထဲက ဒီ ICS ကထုတ်တဲ့ ကတ်က ဈေးချိုရုံ မဟုတ်သေးပါဘူး။
limit တွေ စည်းကမ်းတွေ အတော်နည်းပါတယ်။
ဝင်ငွေ စစ်ဆေးတာတွေ၊ ထောက်ပံ့ကြေးမို့လို့ ဘာမို့လို့  စစ်ဆေးတာတွေလည်း မရှိပါဘူး။

အမှန်တကယ် လိုအပ်သူတွေအတွက် သူ့ရဲ့ website မှာ သေချာလေ့လာ ကြည့်စေလိုပါတယ်။
https://prepaid.yourmastercard.nl/




ပြီးတော့ တစ်ဆက်တည်း  VISA ကတ်ကို နှစ်သက်ရင် 3V visa card ကိုလည်း  လေ့လာရမည့် ကတ်ဖြစ်ပါတယ်။
ဈေးလည်းချိုသလို ငွေဖြည့်ကတ်တွေဝယ်ပြီး ဖြည့်ရတာ ဖြစ်တယ်။
ဒီမှာ link https://www.3vcard.nl/#


ကဲဒီမျှနဲ့
ပါဘိခ်။

Tuesday, 27 January 2015

ကွန်ပျူတာတစ်လုံး တပ်ဆင်ခြင်း။


ကျွန်တော် ဝါသနာ ပါလွန်းလို့ ကွန်ပျူတာအကြောင်း ဆိုရင် မကြာမကြာ လေ့လာဖြစ်တယ်။
ဝါသနာ ပါသူအဖို့ ကွန်ပျူတာ ကလိရတာ စိတ်ဝင်စားဖို့ ကောင်းသလောက်
ဝါသနာ မပါသူအဖို့ software တစ်ခု နည်းမှန်အောင် install လုပ်တာတောင် အတော် ခက်သလိုရှိပါတယ်။
သိချင်တာကို google မှာရှာလိုက်ရင် အားလုံးထွက်လာပါတယ်။ ရှာတတ်ဖို့ပဲ အရည်းကြီးတာပါ။
ကျွန်တော် windows ရဲ့ system control panel  ထဲက setting တွေ ဘယ်လို ကလိရမလဲ ဆိုတာ ပိုပြီး လေ့လာဖြစ်ပါတယ်။
သူများတွေက အကူအညီတောင်းလာရင်လည်း လုပ်ပေးဖန် များလို့ ပိုပြီးနားလည်လာပါတယ်။

ဝါသနာပါတဲ့သူအဖို့ software တစ်ခုတည်းနဲ့ မလုံလောက်သေးဘူး။
hardware ပိုင်းအနည်းအကျဉ်းလည်း နားလည်ထားဖို့ လိုအပ်လာတယ်ဆိုတာ သိလာတယ်။
ဒါကြောင့် ထုံးစံအတိုင်း youtube မှာ tutorial video တွေ ကြည့်တယ်။ google ကနေ သိချင်တာတွေ ရိုက်ရှာဖြစ်တယ်။
အနှစ်သက်ဆုံးကတော့ Carey Holzman ရဲ့ Video တွေပဲ။ tips and tricks တွေ အများကြီးပေးသွားတယ်။
ဒီမှာ links.

https://www.youtube.com/user/CareyHolzman

ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင် လက်တွေ့ တပ်ဆင် ကြည့်ဖို့  အရမ်း စိတ်လောနေတယ်။
ဒီလိုနဲ့ ပစ္စည်းတွေမှာပြီးတော့ တပ်ဆင်ကြည့်တာပေါ့။ 

ကျွန်တော် http://afuture.nl/  မှာအားလုံးဝယ်ပါတယ်။ လိုက်ကြည့်တဲ့အထဲမှာ သူက ဈေးမများသလို ပစ္စည်းတွေ အစုံလင်ဆုံး online ဆိုင်ပါ။
အားလုံး အဆင်ပြေတယ်။
ကျွန်တော် အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို ရေးချင်ပါတယ်။

Case အတွက် မကြီးလွန်း၊ မသေးလွန်း ဖြစ်ဖို့အတွက် Spire OEM1072B-420W-E1 ကိုသုံးပါတယ်။
သူက 420 watt power supply ပါပြီးသားပါ။ အဖွင့်အပိတ် ခလုတ်က ရှေ့ဖက် မှာ ခပ်ကြီးကြီးဆိုတော့ အဆင်ပြေတယ်။#35 euro


 ပြီးတော့ အရည်းကြီးဆုံးဖြစ်တဲ့ CPU processor အတွက် AMD (athlon) AMD II X4 740 ကိုရွေးချယ်ပါတယ်။
သူက quad core ဖြစ်တာက တစ်ကြောင်း၊ clock speed က 3.2 GHz ဖြစ်တာကတကြောင်း၊ ဈေးလည်းချိုလို့ ဒါကို ရွေးတယ်။
တော်ရုံ hang သွားမှာ မဟုတ်သလို၊ gaming အတွက်လည်း သင့်တော်တယ်။ နှစ်ဘယ်လောက်ကြာကြာ သုံးလို့ ကောင်းနေမှာပါ။#58 euro


(processor နဲ့ပတ်သက်ပြီး နည်းနည်းပိုလေ့လာချင်ရင် အရင်ကရေးတဲ့ post မှာပြန်ဖတ်လို့ရတယ်။ 
link http://lautuboy.blogspot.nl/2014/09/cpu-processor.html

CPU ကို FM2 socket သုံးတဲ့အတွက် motherboard ကိုလည်း FM2 socket ကိုသုံးတဲ့ motherboard တစ်ခုခုကိုပဲရွေးရတာပေါ့။
MSI FM2-A55M-E33 ကိုသုံးပါတယ်။ဈေးချိုသလို micro ATX (size သေး) ဆိုတော့ case အတော်များများနဲ့သင့်တော်ပါတယ်။
ဒီ motherboard က တစ်ခါတည်း HDMI output လည်းပါတဲ့အတွက် computer ကို TV နဲ့ဆက်ချင်သူတွေအတွက် အဆင်ပြေမယ်။#40 euro

DVD drive က သဘောလောက်ပါပဲ။ dvd ခွေ ကူးဖို့၊ ဖွင့်ဖို့ ပါပဲ။ Samsung SH-224DB ကို တပ်ဆင်ပါတယ်။
#17,50 euro

ပြီးတော့ RAM memory အတွက် Crucial 4GB DDR3 1600 MHz CL11 UDIMM ကိုရွေးချယ်ပါတယ်။
speed 1600 MHz ကအတော်မြန်တာပေါ့။ 4 GB ကအရမ်းလုံလောက်ပါတယ်။ RAM memory တွေက ပျက်ရခဲ ပါတယ်။
ကွန်ပျူတာတစ်လုံး ပျက်ပြီဆိုရင် အဓိက motherboard ပျက်တာ အများဆုံး ဖြစ်ပါတယ်။#37 euro

 ပြီးတော့ graphic card အတွက် MSI Nvidia GeForce N210 ကို သုံးပါတယ်။ ကျွန်တော်က onboard graphic card တွေ မသုံးချင်သူပါ။
ဒါကတော့ Game အကြီင်္းအကျယ်ဆော့ ဖို့တော့ မဟုတ်ပါဘူး။ နေ့စဉ်သုံးဖြစ်တဲ့ Web browsing, flash player, office တွေ အထစ်အငေါ့မရှိ ကောင်းကောင်း နိုင်ပါတယ်။
window rate ထဲမှာ 1.0 ကနေ  7.9 အကြားမှာ ဒီ card က 4.9 ရထားတာပါ။#23,50 euro


ပြီးတော့ သိုလှောင်ဖို့အတွက် hard disk drive ကိုတော့ Seagate အမျိုးအစားထဲက 1000 Gb ကိုရွေးချယ်ပါတယ်။
တကယ်တော့ window တင်ရင် 20GB လောက်နေရာယူထားတယ်။ ဓါတ်ပုံတွေ ၊ စာတွေ သိမ်းဖို့ 100 GB ထပ်ရှိရင် လုံလောက်တယ်။
ဒါပေမယ့် ဒီခေတ်ထဲမှာ 150 GB မရှိ၊ 250 GB မရှိ၊ 320 GB မရှိ၊ 500GB ကနေပဲရှာလို့ရနေတော့ ပိုက်ဆံ မလိုပဲနဲ့ ပိုကုန်တာပေါ့။
ဒီ 1000 GB ကဈေးချိုနေတုန်းမို့လို့ ရွေးချယ်လိုက်တာ။ #49 euro



buget ထပ်ရှိသေးရင်တော့ card reader တွေထပ်ထည့်လို့ရပေမယ့် သိပ်မလိုဘူးထင်လို့ မထည့်တော့ဘူး။
နေရာတကာ ယူသွားလို့ရတဲ့ extern တွေ ၅ ယူရိုတန်တွေလည်းများနေတယ်လေ။ ဒီခေတ်မှာ တကယ်သုံးတာက SD နဲ့ microSD တွေပဲ။

အားလုံးကို တပ်ဆင်ပြီးတော့ power ဖွင့်လိုက်တဲ့အခါမှာ ပန်ကာလည်တဲ့အသံကြားလို့ windows မရှိဘူး ဆိုတဲ့ စာကြောင်းလေး မြင်တော့မှ သက်ပြင်းရှည်ကြီး ချနိုင်တော့တယ်။
စိတ်ထဲမှာ အရမ်းပျော်သွားသလို ကျေးဇူးတင်တယ်ကိုယ်တော်လို့ အကြိမ်ကြိမ် ပြောနေမိတယ်။ ပထမဆုံး ကြိုးစားကြည့်ခြင်းဆိုတော့ ရင်လည်းတုန်သေးတာကိုး။ :)





window မတင်ခင်ကျွန်တော် အမြဲလုပ်တာက hard disk အပိုင်းခွဲ ခြင်းပါပဲ။ G parted live ဆိုတဲ့  CD ISO ကို သူ့ website ကနေ free download ဆွဲထားတယ်။
CD မှာ burn လုပ်ထားပြီးရင် window boot တက်လာသလို install လုပ်လို့ရတယ်။ သူက linux တွေအတွက်လုပ်ထားတဲ့ opensource ဖြစ်တယ်။
windows မတင်ခင် hard disk ခွဲဖို့ အကောင်းဆုံးပါပဲ။ home page http://gparted.org/

Window တင်ပြီးတော့ သုံးကြည့်တာ အတော်ကြိုက်ပါတယ်။ အဓိက တော့ CPU ကောင်းလို့ပါပဲ။
windows rate ကနေ rate လုပ်ကြည့်တော့ အနိမ့်ဆုံး 4.9  ရထားတယ်။ ဒါကအနိမ့်ဆုံး videocard ပါ။
အောက်မှာ screen shoot လေး။

 ဒီ ကွန်ပျူတာက ၂၆၀ ပဲ ကုန်ကျပါတယ်။
ဆိုင်တွေမှာ ရောင်းနေတာတွေက ကောင်းပါတယ်။ သို့သော်ဈေးအတော်ကြီးပါတယ်။ ၄၀၀ နဲ့ ၅၀၀ လောက်ရှိပါတယ်။
windows ခ +၁၀၀
လက်ခနဲ့ အမြတ်  +၅၀
အခွန် +၅၄ (၂၁ %)
၂ နှစ် အာမခံနှင့် service အတွက် + ၃၆

ဒီလိုသာ ဆက်ပေါင်းနေရင် ကျွန်တော်ဆင်တဲ့ ကွန်ပျူတာလည်း ၅၀၀ တော့ရှိတာပေါ့။ ဟီးဟီး။
ဆိုင်တွေက ဒါတွေ မပါရင် ဘယ်လိုလုပ် လည်ပတ်နိုင်ပါ့မလဲ။

တကယ်လို့ ကွန်ပျူတာတွေ တပ်ဆင်ချင်တယ်ဆိုရင် ကျွန်တော်နဲ့ဆွေးနွေးတိုင်ပင်လို့ ရပါတယ်လို့။
အနည်းဆုံးတော့ အကြံဥာဏ်တွေပေးလို့ ရတာပေါ့။

လူငယ်တော်များများက ကွန်ပျူတာတပ်ဆင်နိုင်ကြသလို ပိုပြီးနားလည်ကြပါတယ်။
သူတို့တွေဆီက အကူအညီ၊ အကြံဥာဏ် ရယူပါ။
နယ်သာလန်မှာ ကွန်ပျူတာပြင်တဲ့ဆိုင် ရှားပါတယ်။ ပြီးတော့ anti virus ခွေ ထည့်တာတောင် ၅၀ ယူရို ယူကြပါတယ်။
ဇော်ဂျီ font , keyboard တို့လည်း ထည့်ပေးနိုင်ကြတာမဟုတ်ဘူး။ ဟဲဟဲ

ဒီစာရေးရခြင်းအကြောင်းကတော့ ကျွန်တော့်လို beginner တွေအတွက် နည်းနည်းဖြစ်ဖြစ် အထောက်ကူဖြစ်စေလိုတဲ့ ရည်ရွယ်ချက်ပါ။
ကွန်ပျူတာကျွမ်းကျင်တဲ့ လူငယ်တွေက မေတ္တာထားကြပြီးတော့ လူကြီးသူမတွေကို လိုက်ကူညီပေးကြရင် ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ပါဘိခ်။

Monday, 29 December 2014

Amazon ရဲ့ Fire Phone

မိုဘိုင်းဖုန်း အကြောင်း အနည်းငယ်ရေးပါရစေ။

Amazon ဆိုတာအင်တာနက်လောကမှာ နာမည်ကြီး website ဖြစ်တယ်။
online ကနေ ဈေးရောင်းတဲ့အထဲမှာ ကမ္ဘာ့နံပါတ်တစ် online ဆိုင်လို့ ဆိုရမှာပါ။
အလုပ်သမားပေါင်း တစ်သိန်းကျော်ရှိပါတယ်။

စာအုပ်စာပေဖတ်ဖို့ရန် တကယ့်စာအုပ်တွေ မဟုတ်ဘဲ ebook လို့ခေါ်တဲ့ pdf file တွေ အခြား format တွေ ကို အများကြီးရောင်းပေးတဲ့အပြင်
ebook တွေကို ဖတ်နိုင်ဖို့ရန် Amazon kindle ebook reader တွေကို ထုတ်လုပ်ရောင်းချပါတယ်။
ကမ္ဘာနဲ့တစ်ဝန်း အောင်မြင်မှု ရရှိခဲ့ပါတယ်။
Amazon ကသူ့ရဲ့ e-reader တွေကို Kindle ဆိုပြီး နာမည်ပေးပါတယ်။
အထူးသဖြင့်  kindle paperwhite model က လူကြိုက်များပါတယ်။


laptop တစ်လုံးက ဘက်ထရီ အလွန်ဆုံး ၈ နာရီလောက်ပဲ ခံပါတယ်။
tablet နဲ့ smartphone တွေက ကစားနေရင် ၁၃ နာရီပတ်ဝန်းကျင် ခံပါတယ်။
e-reader က ၂ လလောက်ခံပါတယ်။

Amazone က သူ့ရဲ့ kindle တွေထုတ်လုပ်တာနဲ့ မရပ်သေးပါဘူး။ tablet တွေပါ ထုတ်လာပါတယ်။
OS ကို ကျတော့ fire OS သုံးထားတော့ fire tablet လို့နာမည်ပေးထားတယ်။
ဒါပေမယ့် kindle လိုမျိုးတော့ အများကြီး မအောင်မြင်ပါဘူး။

နောက်တော့ mobile phone ပါထုတ်လာပါတယ်။ july 2014 တုန်းက Amazon fire phone ဆိုပြီး ပွဲထုတ်လာပါတယ်။
Amazon ပီပီ media သမားတွေရဲ့စိတ်ဝင်စားမှုနဲ့အတူ online မှာသူ့ရဲ့သတင်း အတော်ပြန့်သွားပါတယ်။
အကြေင်းက ရှေ့မှာ ကင်မရာ ၅ ခုတောင်ပါတယ်ဆိုပဲ။
ဖုန်းအကြောင်း သိပ်မသိကြပေမယ့်လည်း ကင်မရာ ၅ ခုဆိုတော့ အတော်စိတ်ဝင်စားစရာပေါ့ :)
2.2 Ghz Quad core မြန်တဲ့ Qualcomm snapdragon 800 processor နဲ့ memory 2 GB တပ်ဆင်ပေးတာကတော့ အားရစရာပါ။
သိုလှောင်မှုပမာဏအတွက် built-in 32 GB ထည့်ပေးထားပါတယ်။

 တကယ်တော့ တကယ့်ကင်မရာအတွက် မဟုတ်ပါဘူး။ Sensor အတွက်တပ်ထားတာပါ။
ကျွန်တော် ချက်ချင်းသတိထားမိတာက ဒီလို function တွေအများကြီးတပ်ဆင်ပေးထားတဲ့ဖုန်းက ဘက်ထရီ 2400 mAh ပဲတပ်ဆင်ထားတော့ အားမရလှဘူး။
ပြီးတော့ ဒီဇိုင်းက အတော်တုံးတယ်ဆိုရမယ်။ အထူးသဖြင့် ထွက်ထွက်ချင်း ဒေါ်လာ 650 နဲ့စတင်ရောင်းတာကိုက အတော် စိတ်ပျက်စရာဖြစ်သွားတယ်။
ဇူလိုင်လ ၂၀၁၄ မှာစတင်ရောင်းချတာဖြစ်တယ်။
၂ လ ကြာသွားတဲ့အခါမှာ $ 450 နဲ့ပြန်လည်ရောင်းချပါတယ်။
နိုင်ဝင်ဘာ လလယ်ရောက်တဲ့အခါမှာတော့ $199 နဲ့ရောင်းချပါတော့တယ်။ အံ့သြစရာပါပဲ။

 အတော်များများကတော့ $199 နဲ့တောင်မတန်ဘူးဆိုပြီး review ရေးတာမျိုးတွေရှိပါတယ်။
ခက်တာက android base OS ဆိုပေမယ့် ဘယ်လောက် ဆက်နွယ်မှုရှိလဲဆိုတာမသိရဘူး။ ပြီးတော့ မြန်မာစာ ထည့်လို့ရမလားဆိုတာပါပဲ။
ဒီလောက်ပေးပြီး မြန်မာစာ ဖတ်မရရင် အလကားဖြစ်နေမယ်။ ဈေးနှုန်းတူတဲ့ samsung  galaxy s3 Neo ကိုဝယ်သုံးရင်တောင် ဟုတ်တုတ်တုတ်။

ခရစ္စမတ်ပြီးတော့ ဈေးက 450 ပြန်ဖြစ်သွားပါတယ်။ fire phone ရဲ့အနာဂတ်က လှမယ်မထင်။
နာမည်ကြီးတဲ့ Amazon ရဲ့ ထုတ်ကုန် မထင်ရှားလှတဲ့ Fire phone ကိုဗဟုသုတ အဖြစ်တင်ပြရင်း ဒီမှာတင် နားပါရစေ။

ပါဘိခ်။

Friday, 21 November 2014

သတ်ပုံ မမှားသင့်တော့ပါ။

လူဖြူတွေ ဆီမှာ dutch စာတွေမေးဖူးတယ်။ စာလုံးပေါင်းတို့၊ အဓိပ္ပယ်တို့ပေါ့။
သူတို့မသိရင် အရမ်းရီချင်တယ်။ နင်တို့စာ နင်တို့တောင် မသိရကောင်းလားပေါ့။

ဒါနဲ့ပြန်စဉ်းစားမိတယ်။ ကျွန်တော်ကော မြန်မာစာ ဘယ်လောက်တတ်သလဲဆိုတာ။
အင်း အများကြီးသင်ယူရဦးမယ်ဆိုတာ သဘောပေါက်လာတယ်။

အင်တာနက်မှာ မြန်မာစာတွေ အသုံးများလာတာနဲ့မမျှ အမှားတွေ အများကြီး သတိထားမိတယ်။
ပြောတတ်တယ်၊ သတ်ပုံမှားနေတာမျိုး။ ဒါတွေက ဖြစ်တတ်ပါတယ်။

ကကြီးကနေ အ အထိ ဆိုတတ်လား၊ ရေးတတ်လားလို့မေးရင် စဉ်းစားစရာပါ။ ဟဲဟဲ။
ဂဃနဏ မသိဘူးလို့ ဖြေမယ့်သူများမယ်ထင်တယ်။ :D

ဘာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် နဲ့ ရေးတတ်ဖို့တော့ အရည်းကြီးပါတယ်။
အရေးအကြောင်းပေါ်လာလို့ သတင်းရေးတာမျိုး ၊ ထုတ်ပြန် ကြေညာချက် ရေးတာမျိုးတွေ ရှိတတ်တော့ သတ်ပုံမှားနေရင် ကိုယ့်အဆင့်အတန်းကို ဖော်ပြရာကျပါတယ်။

ကဲဟုတ်ပါပြီ မမှားအောင်ဘယ်လိုလေ့လာ သင်ယူမလဲ။
လွယ်ပါတယ်။ အောက်က ပုံထဲကစာတွေကို လေ့လာနိုင်ရင် ခဏနဲ့ မှန်သွားမှာပါ။






အထူးသဖြင့် ကြော်ငြာ နဲ့ ကြေညာ တွေ ရှင်းလင်းစွာ ရေးတတ်သုံးစွဲတတ်ဖို့ အရည်းကြီးပါတယ်။
ထုတ်ကုန် တွေ လူသိများအောင် ကြော်ငြာ ကြတယ်။
အများပြည်သူသိသင့်တာတွေ ကို ကြေညာ ကြတယ်။

စာလုံးပေါင်း မသိရင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း Website မှာသွားရောက် သင်ယူပါ။
မြန်မာစာအဖွဲ့က ထုတ်ပြန်တဲ့ စာလုံး data တွေကို စုစည်းဟန်တူပါတယ်။
တစ်လုံးချင်းစီ လိုက်ရှာလို့ရပါတယ်။
http://myanmarwords.pikay.org/

မြန်မာ့ကလေးငယ်များစာကြည့်တိုက် ဆိုပေမယ့် သတ်ပုံလေ့ကျင်ဖို့ကောင်းပါတယ်။
http://burmesechildrenlibrary.social-networking.me/

နောက်တစ်ခုက ကွန်ပျူတာပေါ်မှာ မြန်မာစာရိုက်ကြတဲ့အခါမှာ မသိတာကတစ်ကြောင်း၊ အပျင်းထူတာကတစ်ကြောင်း ပစ္စလက္ခတ် ရေးတတ်ကြပါတယ်။
ဒါတွေကို သတိပြုစေချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ မမှန်တာကို အကြိမ်ကြိမ်ပြောဖန်များရင် ပြောတဲ့သူပါ ယုံလာမယ် ဆိုတဲ့ စကားရှိပါတယ်။
ဒါကြောင့် သတ်ပုံအမှားကို အကြိမ်ကြိမ် ရေးရင် အမှန်လို့ ထင်နိုင်ကြတယ်။



ဒါကြောင့် ဇော်ဂျီလက်ကွက်သုံးရင် ဇော်ဂျီအဖွဲ့က ထုတ်ပြန်တဲ့ လက်ကွက်ပုံစံကို ခဏလေးဖြစ်ဖြစ်ကြည့်ပြီးတော့ လေ့ကျင့်ရမှာပါ။
ဝ ဝလုံး နှင့် ၀ သုည တို့မတူပါဘူး။ ဝလုံးရိုက်ရင်  shift+ comma ၊ သုညရိုက်ရင် zero၊
ရ ( ရ )နှင့် ၇ မတူပါဘူး။  ရကောက် ရိုက်ရင် shift + 7 ၊ ခုနှစ် ရိုက်ရင် 7။
ရကောက်အတို ရိုက်ရင် tide key ပြီးမှ shift + 7 ရိုက်ရမှာပါ။

နောက်ြ    ၊ြ   ၊ြ   ၊ြ    ၊ြ   ၊ြ     ၊ြ    ၊ ဒီ ရရစ်တွေကိုလည်း ရိုက်တတ်အောင်အထူးဂရုပြုရမှာပါ။
နောက် အောက်ကမြစ် ရေးရင် ရွံ့၊ နွဲ့ စာလုံးရေးရင်း လေ့ကျင့်ပါ။
ပုံမှန်  H ကိုရိုက်ရင် အောက်ကမြစ်ဖြစ်ပါတယ်။
shift နဲ့ Y ကိုရိုက်ရင်လည်း အောက်ကမြစ် ဖြစ်ပါတယ်။
shift နဲ့ U ရိုက်ရင်လည်း အောက်ကမြစ်ဖြစ်ပါတယ်။
ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ သေချာ လေ့ကျင့်မှ သိလာမှာဖြစ်ပါတယ်။

အင်းစာလည်း အတော်ရှည်နေပြီ။ ဆရာလုပ်လိုစိတ်လုံးဝ မရှိပါ။ မြန်မာစာပို၍ မှန်ကန်လာစေဖို့ စိတ်ရင်းနဲ့ပါ။
ထားလိုက်ပါ။ online လောကမှာ နာမည်ကြီးတဲ့ ဇော်ဂျီ font ၊ keyboard ကတော့ ကမ္ဘာ့စာလုံး စံနှုန်းမမှီလို့ဆိုပြီး official သုံးလို့ မရပါ။ ဥပမာ mac နဲ့ window တွေမှာ ဝယ်ကတည်းက မပါနိုင်တာမျိုး။
myanmar3 font က စံနှုန်းမီ၊ စံနှုန်းလိုက်နာတဲ့အတွက် သူတို့တွေပဲ ရေရှည်တည်တံ့မှာပါ။ (အခြားစံနှုန်းမှီ font များလည်းရှိပါတယ်။)
အခုမြန်မာပြည်ရုံးတော်များများမှာ myanmar3 font ၊ keyboard ကိုပြောင်းသုံးခိုင်းပြီလို့ကြားတယ်။

Sunday, 9 November 2014

အသုံးဝင် links များ။

ယုံကြည်သူတွေအတွက် အသုံးဝင်တဲ့ link တွေ ပေးချင်ပါတယ်။
အထူးသဖြင့် သီချင်းစာအုပ်တွေပါ။ မြန်မာပြည်မှာ နေရာအနှံ့မြင်ရတဲ့ တေးပေါင်းချုပ် ကိုသိကြမှာပါ။



ဖုန်းထဲ tablet ထဲ ထည့်ထားလို့ရတာပေါ့။ တကယ်တော့ဒီစာအုပ်ကရောင်းတဲ့စာအုပ်ပါ။
ဒီလိုဖြန့်တာ စိတ်တော့မကောင်းပါဘူး။ ဒီ link ကနေ download ယူပါ။
http://www.mediafire.com/download/38i6w2kppn0mj4d/Gospel-Songs+book+old.pdf

ပြီးတော့ ဒီစာအုပ်နဲ့ခပ်ဆင်ဆင် second version ပေါ့ကွယ်။ :D တကယ့် pdf formart ပါ့။
file size သေးသေးလေး နဲ့သီချင်းစုံတယ်။ ဒီမှာ download link.
http://www.mediafire.com/download/fu0xhywivpjy25r/myanmargospelsongs.pdf


သီချင်းတွေကို download ဆွဲချင်ရင် ဒါမှမဟုတ် စာသားလိုချင်ရင် ဒီမှာ ခေတ်ပေါ်စမ္မသီချင်းတွေ များတယ်။
ဒီ link ကိုသွားပါ။ လူငယ်တွေအကြိုက်ပေါ့။
http://www.mmgospelsonglyrics.com/


ပြီးတော့ hymn သီချင်းတွေကိုရှာချင်ရင် ဒီမှာလည်းရှိတယ်။ ဦးနောအသင်းတော် ကလုပ်တာ။
ဟောင်းတော့ဟောင်းနေပြီ။ နိုင်ငံခြားမှာနေတဲ့ ကျွန်တော်တို့အတွက်တော့ ရွှေတွင်းပါပဲ။
http://www.burmesebible.com/hymn/

နောက်ဒီမှာလည်းစုံတယ်။
www.murann.com
ခရစ်ယာန်ဘာသာဝင်တွေအတွက် ဖတ်စရာ၊ မှတ်စရာ ၊ သီချင်းကအစ မကုန်နိုင်တဲ့ link ပါ။



ကျမ်းစာဖတ်ချင်ရင် ဒီ link ကတော့ အကောင်းဆုံးပါ။ ရှာရတာလည်းလွယ်တယ်။
http://murann.com/BurmeseBible/public/

ကဲဒီလောက်ပဲသိတယ်။ တခြားကောင်းတဲ့ link သိရင်လည်း ပြန်လည်မျှဝေကြပါဦး။

ချစ်ခင်လျက်
ပါဘိခ်။

Saturday, 1 November 2014

iphone 6 နဲ့ တခြား ဖုန်းများ အနည်းငယ်သုံးသပ်ကြည့်ခြင်း။

iPhone 6 ထွက်တာနဲ့ ချက်ချင်း စာရေးဖို့ စိတ်ကူးထားပေမယ့် စာရေးဖို့အတော်ပျင်းလို့ ခုချိန်မှ ရေးဖြစ်တယ်။

iPhone အကြောင်းမရေးခင် အခြားဖုန်းလေးတွေကို မိတ်ဆက်ချင်တယ်။
samsung alpha
samsung note 4
samsung note edge
တွေဖြစ်တယ်။ alpha ကတော့ iphone ကို ယှဉ်ပြိုင်ဖို့ ထုတ်ထားတာဖြစ်မယ်။ aluminium frame နဲ့ ဒီဇိုင်းလှလှလေး။
ပြီးတော့ note 4 ကတော့ ထုံးစံအတိုင်း note 3 ထက်ကောင်းအောင် ထုတ်ထားတာ။ 5.7 လက်မ မျက်နှာပြင်
note edge ကတော့ ဘေးသားမှန်အခုံး။ 6 လက်မနီးပါး မျက်နှာပြင်။

note 4 နဲ့ note edge



galaxy Alpha

 ဒီနှစ်ထဲမှာ samsung က အဓိက သုံးမျိုးထုတ်လာတယ်။
ဒါပေမယ့်ထုံးစံအတိုင်း ထွက်ခါစ ဈေးကြီးသလောက် ၃ လလောက်နေရင် ချက်ချင်းကျသွားလေ့ရှိပါတယ်။
ကျွန်တော့် အမြင်ကတော့ Samsung က Android ဖုန်းလောကမှာ လူကြိုက်အများဆုံးဆိုပေမယ့် software ပိုင်းမှာ အားသာချက် သိပ်မတွေ့ပါဘူး။ ပုံမှန်အတိုင်း ပါပဲ။

ဒီနှစ်ထဲမှာ သတိပြုရမယ့် ဖုန်းတွေထဲမှာ တရုတ်ကုမ္ပဏီ Huawei ရဲ့ ascend mate 7 ဖုန်းပါဝင်ပါတယ်။

သူက ၆ လက်မ မျက်နှာပြင်နဲ့ 4100 mAh battery တပ်ဆင်ထားတယ်။ samsung tablet 7.0 တွေမှာ တပ်တဲ့ battery ထက်တောင် ပိုကြီးတာပေါ့နော်။ ဒီဇိုင်းလှတယ်။
အောက်က ပုံက Huawei ascend mate 7


huawei ကတရုတ်လုပ်ဖုန်း ဆိုပေမယ့် အထင်သေးလို့ မရဘူး။ ကမ္ဘာမှာ တတိယအများဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်နိုင်သူပါ။
ပြီးတော့ quality မှီလို့ Europe အထိ ဈေးကွက် ချဲ့နိုင်တယ်။ huawei နဲ့ lenovo ပဲထင်တယ်။ europe ထိကောင်းကောင်းခြေဆန့်နိုင်တဲ့ တရုတ်ဖုန်းတွေ။
feature တွေ အသေးစိတ်ကြည့်ပါဦး။
http://consumer.huawei.com/minisite/worldwide/Ascend-Mate7/

ပြီးတော့ Google က ဒီနှစ် android (pure android) ဖုန်းပွဲထုတ်လာပါတယ်။  google nexus 6 ဖုန်းပါ။

ဒီဖုန်းကို Motorola နဲ့ပူးပေါင်းထားပါတယ်။ Motorola ကုမ္ပဏီက  Moto G ၊ Moto X ဖုန်းတို့နဲ့အတူ အောင်မြင်မှုခြေလှမ်းတွေနဲ့ ဖုန်းလောကထဲပြန်လည်ဝင်ရောက်လာတာဖြစ်တယ်။
Nexus 6 ဖုန်းက 5.9 လက်မမျက်နှာပြင်၊ 1440x 2560 pixel ၊ 13 megapixel camera၊ 2.7 GHz quad core processor ဆိုတော့ သူလည်း တကယ့် high end ဖုန်းပါ။



Android phone တွေမှာ လက်ရှိ လည်ပတ်မောင်းနှင်တဲ့စနစ်(
operating system)က android 4.4 ဖြစ်ပါတယ်။
အများဆုံးသုံးတာက android 4.1.x ဖြစ်ပါတယ်။ ဖုန်း OS ပိုမြင့်လေ feature ပိုမြင့်တဲ့သဘောရှိပါတယ်။
ဥပမာ battery အကုန်သက်သာခြင်း၊ သုံးရတာပိုလွယ်ကူခြင်း တို့ပေါ့။
ဒီ andoid version တွေကို 4.1 , 4.2 , 4.3 အထိကို Jelly bean ဆိုတဲ့ code name တွေပေးထားပါတယ်။
android 4.4 ကိုတော့ Kitkat ဆိုပြီး code name ပေးထားတယ်။
ဒီနှစ် ထွက် google nexus 6 ဖုန်းမှာ android version အသစ် 5.0 ကို စတင်သုံးထားပါပြီ။ code name ဘာဖြစ်မလဲ။
code name တွေက အင်္ဂလိပ် အက္ခရာ အစဉ်လိုက် လာတာဆိုတော့ J, K, ပြီးတော့ L ပဲပေါ့။ L နဲ့စတဲ့ သွားရည်စာ ဘာရှိလဲ။
ဆိုတော့ android 5.0 ရဲ့ code name က Lollipop ပေါ့။ :)


iPhone ကတစ်နှစ်မှာ ၂ မျိုး ထုတ်လာပါပြီ။
ဒီနှစ်တော့ iPhone 6 နှင့် iPhone 6 Plus ဆိုပြီးထုတ်ပါတယ်။

မျက်နှာပြင်ကွာသလို စွမ်းဆောင်ရည်လည်း ကွာပါတယ်။

၎.၇ လက်မနဲ့ ၅.၅ လက်မ တွေပါ။
တကယ်တော့ ဒီလို မျက်နှာပြင် ကြီးကြီးနဲ့ ထုတ်သင့်တာကြာပါပြီ။



iPhone 4 နဲ့ 5 ထုတ်တုန်းက ဒီဇိုင်း မကွာပေမယ့်

iPhone 6 မှာကျတော့ အတော်ကွာသွားတယ်။
aluminium body ကို အသုံးပြုထားပါတယ်။




အထူး Feature တွေက iphone နဲ့ငွေချေနိုင်ခြင်းပဲ။ ဒီ apple pay ဆိုတဲ့ စနစ်က credit card ရှိမှပဲ သုံးရတာ။
ပြီးတော့ health kit လို့ခေါ်တဲ့ ကျန်းမာရေးကို စောင့်ကြည့်ပေးတဲ့ app၊ ဒါကတော့ entertainment app လို့ပဲ ကိုမြင်သေးတယ်။
ပြီးတော့ camera 8 megapixel ပဲ ရှိပေမယ့် စွမ်းဆောင်ရည်ကို အတော်ကောင်းအောင် ပြန်လည်မွမ်းမံထားပါတယ်။
ဖုန်းကင်မရာလောကမှာ iphone ကအကောင်းဆုံးလို့ ပြောရဲပါတယ်။
Samsung တို့ Sony တို့ megapixel အတော်များပေမယ့် iphone လောက်ရုပ်ထွက်မမှန်ဘူး။ကြင်လင်မှုမရှိပါဘူး။ iphone ကိုင်သူတွေ ဝမ်းသာရမယ့်အချက်ဖြစ်တယ်။
iphone ကတော့ အတော် stable ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တွေ ရှိနေပါသေးတယ်။

ဒီနှစ် ထွက် iphone 6 plus ကအတော်ကြီးပါတယ်။ aluminium နဲ့ ပါးပါးလေးထုတ်ထားပါတယ်။

ပါးလွန်းလို့လည်း ဖုန်းက ကောက်သွားတာဖြစ်မယ်။
လူတစ်ယောက်က ဘောင်းဘီ အိတ်ကပ်ထဲမှာ ထည့်ထားရင် ကောက်သွားတဲ့အကြောင်း သတင်းပြန့်သွားတဲ့အခါမှာ စမ်းသပ်ကြတဲ့အခါမှာတော့ လွယ်လွယ် ကောက်သွားပါတယ်။
ဒါကြောင့် bendgate ဆိုပြီး နာမည်ပြောင်ပေးကြသေးတယ်။


ပြီးတော့ မှန်နဲ့ aluminium body ကြားမှာ အပေါက်လေး ဟနေတဲ့အတွက် ဆံပင်နှုတ်သွားတတ်ပါသေးတယ်။ ဒါကြောင့် iphone hairgate ဆိုပြီး ပေးကြပြန်ပါတယ်။

ဒီလို အားနည်းချက်နှစ်ခု ရှိလာပါတယ်။ ဒီ နှစ်ခုကို iphone 6s plus လောက်မှာ ပြုပြင်နိုင်ပါ့မလား။
iphone 4 ထွက်တုန်းက လိုင်းမမိတဲ့ပြဿနာကြုံရပါတယ်။ iphone 4s ထွက်လာတော့ antenna ပိုတပ်ပေးခြင်းအားဖြင့် ဖြေရှင်းပေးပါတယ်။
ဒီလိုပဲ iphone လောကမှာ s ပါလာတဲ့ဟာက သူ့ရှေ့က generation ကို ပြန်လည်ပြုပြင်မွမ်းမံတဲ့ နမူနာတွေ ရှိပါတယ်။
ကျွန်တော်မျှော်လင့်တာက နောက်နှစ် iphone 6s ကျရင် sapphire glas မှန်သုံးမယ့်အလားအလာရှိပါတယ်။
sapphire glas ဆိုတာ မကွဲနိုင်ဘူး။ ခြစ်ရာလေးတောင် မထင်နိုင်ပါဘူး။ ဒါဆို ဖုန်းကတော့ perfect ဖြစ်တော့မှာပါ။

တကယ်တော့ iphone ဆိုတာ ရှေ့ပြေးဖုန်းပါ။ ဒါပေမယ့် ဒီခေတ်မှာ အတော်နောက်ကောက်ကျသွားပါပြီ။

၂၀၁၂ တုန်းက google က Nexus 4 ဖုန်းထုတ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်နိုင်မှုတွေ ယခု iphone နဲ့တူနေပါတယ်။
အောက်ကပုံကို ကြည့်ရင် ရှင်းပါတယ်။

ဈေးနှုန်းကလည်းကြီးတယ်။ နယ်သာလန်မှာ ရောင်းဈေးက
iphone 6 16GB.... euro 699
iphone 6plus 16 GB .... euro 799

iphone 4s နဲ့အထက် အားလုံးမှာ IOS 8 ကို upgrade လုပ်လို့ ရပါတယ်။ ဒီ IOS 8 ကမြန်မာပြည်သားတွေအတွက် ရှယ်ပါပဲ။

third party keyboard လို့ခေါ်တဲ့ custom  keyboard တွေကို ထည့်ခွင့်ပြုထားပါတယ်။
ဆိုတော့ myanmar keyboard လည်း စာရိုက်ဖို့ ထည့်ထားလို့ရပါပြီ။
အကောင်းဆုံးက  ttkeyboard ဒါမှမဟုတ်ရင် takaung myanmar keyboard တို့တွေပါပဲ။ appstore မှာရှာလို့ရပါတယ်။

နောက်တစ်ခုက မြန်မာစာနဲ့ message တွေဝင်လာရင် ဖတ်လို့ရမလား။ viber မှာ ဖတ်လို့ရမလား။ facebook တို့၊ Mail တို့မှာကောရမလား။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ mogok browser ကို သွားမမြင်ပါနဲ့။ zawgyi font profile ကို ဖုန်းထဲမှာ ထည့်ထားရမှာ ဖြစ်တယ်။ jailbreak တွေ ဘာတွေ မလိုတော့ဘူး။
ဆိုတော့ iphone 4s နဲ့အထက် ကိုင်တဲ့သူတွေအတွက် မြန်မာစာကိစ္စ လုံးဝရှင်းသွားပါပြီ။

apple ကသူတို့ IOS policy အနည်းငယ် ဖြေလျော့လာပါတယ်။ ဒါကြောင့်ထင်တယ် IOS 8.1 ထွက်လာတော့ jailbreak တန်းလုပ်နိုင်ကြတယ်။

မြန်မာပြည်သားတွေအတွက် မြန်မာစာနဲ့ လက်ကွက် အဆင်ပြေနေမှတော့ jailbreak မလိုသလောက်ဖြစ်လာပြီ။
တစ်ဖက်မှာဈေးနည်းတဲ့ high end ဖုန်းတွေ  မှိုလိုပေါလာမှုတွေက အောင်မြင်လှပြီးဈေးကြီးတဲ့ apple ဖုန်းတွေအတွက် စိုးရိမ်စရာအခြေအနေများ ဖြစ်လာပြီလား။

apple ဖုန်းနဲ့ပတ်သက်ပြီး ရီစရာ trol ပုံတွေ အနည်းငယ်ကြည့်ကြတာပေါ့။ :)




ကဲဒီလောက်နဲ့ပဲ နားပါရစေဦး။
အော်ဒါနဲ့ တဆက်တည်း မသိလိုက်မှာဆိုးလို့။
ဒီလထဲမှာ apple က tablet နှစ်မျိုးပွဲထုတ်လာပါသေးတယ်။
ipad air 2
ipad mini 3 တဲ့။

ပါဘိခ်။