Wednesday, 11 September 2013

Phone model အသစ်များနဲ့ မိတ်ဆက်။

Gadget ခေတ်လို့ပဲ ပြောရမလား။ mobile ခေတ်လို့ပဲပြောရမလား။
mobile phone ခေတ်စားလှတဲ့ ဒီအချိန်မှာ  high end phone တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီနေ့ Apple ကုမ္ပဏီရဲ့ phone အသစ်မိတ်ဆက်ပေးတဲ့နေ့ဆိုတော့ လူအများစိတ်ဝင်စားကြမှာပါ။

Samsung Galaxy note 3
ပထမဦးဆုံး Samsung galaxy note 3 ကိုရေးပါ့မယ်။
samsung က သူ့ရဲ့ Galaxy S series ဖုန်းတွေ ရေပန်းစားလှပါတယ်။
Galaxy S4 က လောလောဆယ်မှာ နံပါတ် ၁ ပေါ့နော်။
အဲလိုပဲ Galaxy Note series ဆိုပြီး ရှိပါသေးတယ်။ မျက်နှာပြင်တော်တော်ကြီးတဲ့ ဖုန်းတွေပါ။

ဒီလထဲမှာပဲ လောလောလတ်လတ်ထွက်လာတာကတော့ Galaxy note 3 ပါ။
5.7 inch ( ၆ လက်မနီးပါး) မျက်နှာပြင်ဆိုတော့ တော်တော့်ကိုကြီးပါတယ်။
အထူးသဖြင့် သူ့ရဲ့ မျက်နှာပြင် က 1080x1920 pixels resolution နဲ့ဆိုတော့ full HD   tv တွေနဲ့တောင် တန်းတူဖြစ်နေပြီ။
တော်တော်များများသုံးနေကြတဲ့ 15 .6 မျက်နှာပြင်နဲ့ Laptop တွေတောင်မှ 1366x768 resolution ပဲရှိပါတယ်။
note 3 ရဲ့ ကင်မရာ ကတော့ 13 megapixels ရှိပါတယ်။
processor ကတော့ 2.3 Ghz quad core နဲ့ပါ။
RAM က 3 Gb ရှိပါတယ်။
အဲဒါတွေကို ကြည့်ရုံနဲ့တင် ဒီခေတ် mobile phone တွေရဲ့လုပ်နိုင်စွမ်းတွေက လက်ဖျားခါလောက်ပါတယ်။





























Sony Xperia Z1
Sony ဖုန်းတွေထဲက xperia Z ကရေစိုခံဖုန်းဆိုပြီးတော်တော်နာမည်ကြီးပါတယ်။
2013 february လတုန်းက ထုတ်တာပါ။
အခု ဒီလထဲမှာ  Z1 ဆိုပြီး ထပ်ထွက်လာပါတယ်။
20 megapixels ကင်မရာနဲ့ဆိုတော့ အံ့သြရပါတယ်။
2.2 Ghz quad core processor.
5 inch မျက်နှာပြင်၊
2 Gb Ram memory
3000 mAh ဘက်ထရီ ပမာဏ၊ (iphone 5 က 1440 mAh )
ဆိုတော့ Xperia Z1 ဖုန်းလည်းပဲ အကောင်းတကာ့ အကောင်းဆုံးထဲကပါပဲ။
xperia Z ultra  ( 6.4 inch မျက်နှာပြင် ) ဖုန်းကိုတော့ မရေးတော့ဘူးနော်။
LG G2
သူ့ဘော်ဒါတွေနည်းတူ LG ကလည်း G2 ဆိုတဲ့ ဖုန်းနဲ့ ခပ်မိုက်မိုက်ဝင်လာပါတယ်။
full hd display 5,2 inch  1080x1920 resolution.
13 megapixel camera
2 Gb ram.
2.2 Ghz quad core processor
3000 mAh battery
LG ကတော့ samsung နဲ့စာရင် လူကြိုက်နည်းပါတယ်။


nokia ကုမ္ပဏီကိုတော့ Microsoft ကဝယ်လိုက်ပါပြီ။
blackberry ကိုလည်း IT ကုမ္ပဏီကြီးတစ်ခုဆီကို ရောင်းတော့မှာပါ။
blackberry OS က IOS လိုမျိုးကောင်းခဲ့ပေမယ့် ခေတ်နဲ့ မအပ်စပ်တော့ပါဘူး။

ကဲဒီနေ့apple ကထုတ်ဖော်ပြသတဲ့  iphone တွေကို ဆက်ကြည့်ရအောင်။
တနှစ်တမျိုး Iphone ထုတ်တာ ပြီးခဲ့တဲ့နှစ်က iphone 5 ပါ။
အခုဒီနှစ်မှာ  iphone  5S    ရယ်    5C ရယ် ဆိုပြီး ၂ မျိုးထွက်လာပါတယ်။

5c က 5S ထက် $100 လောက် ဈေးပိုချိုမှာပါ။ ပလတ်စတစ်နဲ့ ပါ။ ပုံမှန်အားဖြင့် Iphone 5s က အလူမီနီယမ် ကိုယ်ထည်ပါ။
အပေါ်မှာ high end phone တွေ ချပြခဲ့ပြီ။
ဒီနှစ်ထွက် iphone 5S ကော မြင့်ရဲ့လား။ သူ့ရဲ့ specification ကို လေ့လာကြည့်ရအောင်။
မျက်နှာပြင် 4 inch. resolution 640 x 1136
8 megapixel camera.
1440 mAh batterry
ram memory နဲ့ processor CPU တော့  မသိသေးဘူး။ နိမ့်မှာ သေချာလို့ apple က သိပ်မပြောရဲတာဖြစ်မယ်။
ကျွန်တော့်အမြင် ပြောရရင် iphone 5S က နိမ့်နေပါသေးတယ်။ ကျန်တဲ့ ဖုန်းလောကတစ်ခုလုံး ရှယ်တွေ ပွဲထုတ်လာကြတဲ့အချိန်မှာ iphone 5S က မျက်နှာရမှာ မဟုတ်တာ သေချာပြောရဲပါတယ်။ ဒါပေမဲ့ ရွှေရောင်နဲ့ တစ်ခုက လန်းနေတာပဲ။
ရွှေမြန်မာတွေ အကြိုက်ပေါ့။ :D

ပြီးတော့ budget ဖုန်းလိုလို ပြောနေကြတဲ့ iphone 5C ကလည်း ထင်သလောက် ဈေးမချိုပြန်ပါဘူး။
အောက်မှာ ပုံအချို့။




ကဲဒီလောက်နဲ့ပဲ နားလိုက်ပါအုံးမယ်။
စာဖတ်သူတိုင်းကို အစဉ်လေးစားလျက်၊
ပါဘိခ်။
pabik kochinlay  lautu

Saturday, 15 June 2013

Bliss အကြောင်း အနည်းငယ်။



ကျွန်တော်အထင်ကြီးလေးစားတဲ့ လူတွေကို မေးကြည့်လိုက်တိုင်း windows XP ကအကောင်းဆုံးလို့ ပြောလေ့ရှိကြတယ်။
ကျွန်တော်က windows 7 လို့ စောဒက တက်လေ့ရှိတယ်။ XP က အန်းတိတ် ( antique) တယ်လို့ မြင်မိလို့ပါ။
လူငယ်ဖြစ်တဲ့အလျောက် ယခုခေတ်တွေမှာပေါ်တဲ့ အရာတွေကို ပဲစိတ်ဝင်စားတာလည်း ပါမှာပေါ့။

windows XP လို့ကြားလိုက်တိုင်း သူ့ရဲ့ default wallpaper ကို အမြဲ ပြေးမြင်မိတယ်။
ဒီ wallpaper image ကို bliss လို့နာမည် ပေးထားတယ်။

National Geographic magazine တွေအတွက် ဓါတ်ပုံရိုက်တဲ့ အမေရိကန် ဓါတ်ပုံဆရာ Charles O' Rear က ၁၉၉၈ ခုနှစ်တုန်းက သူ့ချစ်သူဆီကိုသွားရင်း  အဝေးပြေးလမ်းမပေါ်ကနေ ရိုက်ထားတာဖြစ်ပါတယ်။
ကုန်းပြင်ပေါ်ကမြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာပြာနှင့်အတူ အဖြူရောင်တိမ်တိုက်လေးတွေက အရာင်လိုက်ဖက်လှသလို၊ အမြင်အေးလှပါတယ်။
Napa valley , California , USA ပါ။
ဒီနေရာကို google street view နဲ့ ကြည့်ချင်ရင် ဒီ links မှာ ကြည့်ပါ။

microsoft ကုမ္ပဏီက ဘယ်လောက်နဲ့ဝယ်လဲ ဆိုတာ အတိအကျ ထုတ်မပြောပေမယ့် ကမ္ဘာမှာ ဒုတိယဈေးအကြီးဆုံး ဝယ်ယူအသုံးပြုတဲ့ ဓါတ်ပုံလို့ပြောကြပါတယ်။
Cherles O' Rear ပြောတာက အံ့မခန်းပါပဲ လို့ဆိုပါတယ်။
microsoft အနေနဲ့ သူတို့ ထုတ်လုပ်တဲ့ ကမ္ဘာတဝှမ်း အသုံးပြုမဲ့ window လည်းဖြစ်၊ စီးပွားရေးအတွက်လည်းဖြစ်ပြန်ဆိုတော့ ကိန်းဂဏန်းအများကြီးပေးမှာ သေချာပါတယ်။
ုပြီးတော့ ကမ္ဘာမှာ ကြည့်ဖန်အများဆုံး ဓါတ်ပုံ လည်းဖြစ်ပါတယ်။ Charles O'Rear အနေနဲ့ ကမ္ဘာမှာ ဂုဏ်ယူစရာအကောင်းဆုံးဓါတ်ပုံဆရာတစ်ယောက်အဖြစ် ရှိနေမှာပါ။


နောက်ပိုင်းမှာတော့ ဒီနေရာမှာ စပျစ်သီးခြံ အဖြစ် မြင်တွေ့ရပြီ ဖြစ်ပါတယ်။


 ဒီမျှနဲ့သာ
ပါဘိခ်။

Android OS အကြောင်း Intro.

android ရဲ့အကြောင်း အနည်းငယ် ရေးပါရစေ။ သိသလောက်၊ မှတ်သလောက်လေးပေါ့။




Google company က android  ဆိုတဲ့ company ငယ်လေးကို ၂၀၀၅ ခုနှစ်လောက်က ဝယ်ယူခဲ့ပါတယ်။
android ဟာ mobile telephone တွေကို လည်ပတ်မောင်းနှင် တဲ့ operating system ပါ။
၂၀၀၅ ခုနှစ်လောက်တုန်းက ဝယ်ယူပိုင်ဆိုင်ထားတာဆိုပေမဲ့ လုံးဝ ပွဲမထုတ်သေးပါဘူး။ ပြင်ဆင်မွမ်းမံမှုတွေ အကြီးအကျယ် လုပ်နေတာလား။
ဒါမှမဟုတ် အခွင့်အခါကောင်းကို စောင့်နေတာလားမသိ။
၂၀၀၈ ခုနှစ်ကျမှ android OS သုံး ဖုန်းတစ်လုံးကို ပွဲထုတ်လာပါတယ်။ HTC dream ခေါ် T-mobile G1 ပါ။ ချစ်စဖွယ်အသွင်အပြင်နဲ့ မျက်နှာပန်းလှခဲ့တယ်။
အရမ်းကို အောင်မြင်သွားတယ်။


ဒီနေရာမှာ HTC mobile telephone အကြောင်း ကြားဖြတ်ရေးချင်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်အထိ Nokia ဖုန်းတွေ ပေါ်ပြူလာ ဖြစ်နေတဲ့အချိန်တွေမှာ HTC ကတော့ window mobile OS သုံး ဖုန်းလေးတွေ ထုတ်နိုင်ခဲ့ယုံသာမက touch screen တွေ၊ ပြီးတော့ GPS တွေပါ ကောင်းကောင်း ပံ့ပိုးပေးနိုင်ပါတယ်။ အဲဒီခေတ်တုန်းကတော့ တကယ့် Smart phone ပေါ့။ အဲဒါကြောင့် Google က android ကို စသုံးဖို့ HTC ကို အားကိုးဟန် တူပါတယ်။
ကောင်းတာက android က opensource ဖြစ်ပါတယ်။ နည်းပညာ သမားတွေရဲ့ အကြိုက်ပေါ့။ ပြီးတော့ Google ကိုယ်တိုင်က ကန့်သတ်ထိန်းချုပ်မှုတွေ နည်းတဲ့အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အတွက်လည်း android OS ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သွားပါတယ်။
ဥပမာ အနေနဲ့ android ရဲ့ Theme ကို HTC ရဲ့ ကိုယ်ပိုင် Sense UI နဲ့တွဲထုတ်တာ။ ပြီးတော့ Samsung ဆိုရင်လည်း သူ့ရဲ့ Touchwiz UI နဲ့တွဲနိုင်တာတွေ၊ icon တွေ က အစ  opensource android ရဲ့မထင်မရှားလေး အားသာချက်တွေပါ။
ကဲဟုတ်ပါပြီ။ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့
Motorolla
LG
Samsung
Htc
sony
sony ericson
huawei
acer
toshiba
alcatel
စတဲ့ ကုမ္ပဏီ အားလုံး နီးပါးက android ထွက်လာတာနဲ့ အမျှ သူတို့ လက်ရှိသုံးနေတဲ့ Java OS တွေကို စွန့်လွှတ်ကြပြီး android OS နဲ့ပြောင်းလဲကုန်ကြပါတယ်။
android ရဲ့ကောင်းမှုကြောင့် သူတို့တွေ အမြတ်ထွက်ကုန်ကြပါတယ်။ မှန်ပါတယ်။

အမြတ်မထွက်တဲ့အပြင် ခေါင်းမာလွန်းတဲ့ nokia နဲ့ blackberry ကို သတိထားမိကြရဲ့လား။ ခေတ်နဲ့လျော်ညီလှတဲ့ android OS ကို မပြောင်းချင်။ nokia ကသူရဲ့ ကိုယ်ပိုင် symbian OS ကို မစွန့်လွတ်နိုင်။ Blackberry ကလည်း သူ့ရဲ့ Blackberry OS ကို သံယောဇဉ်တွေ တွယ်တုန်း။
ဆိုတော့ သုံးလအတွင်း blackberry အသုံးပြုသူ သုံးသိန်း ဆုံးရှုံးသွားတယ်။ nokia လည်း လမ်းဘေးမရောက်ရုံတမယ် သူ့ရဲ့ စက်ရုံတွေ ပိတ်သိမ်းလိုက်ရတာတွေ ဝန်ထမ်းတွေ အများကြီး လျော့လိုက်ရတာတွေအထိ ဖြစ်ကုန်တယ်။ ဒါပေမယ့် ကိုယ်တို့ မမြင်နိုင်တဲ့ ပြဿနာတွေ အများကြီးရှိနေမှာပါ။
 တော်သေးတာပေါ့ microsoft ရဲ့ window mobile ဝင်ကယ်ပေးလို့။
nokia ကသူ့ရဲ့ဖုန်းတွေကို window mobile OS နဲ့ပဲ ထုတ်လာတော့တယ်။ ကျွန်တော့်အမြင် ပြောရရင် windows mobile OS က android ကို လုံးဝ မယှဉ်နိုင်သေးပါဘူး။ပြီးတော့ အောင်မြင်ဖို့ အလားအလာ မမြင်သေးဘူး။ Bill gate ကိုယ်တိုင်က  ယခု လက်ရှိ  microsoft CEO Steve Ballmer ဦးဆောင် ထုတ်လုပ်တဲ့ window mobile OS တွေကို သဘောမတွေ့တဲ့ အကြောင်း စကား ဟ လာပါတယ်။
nokia ကသာ android နဲ့ လက်တွဲနိုင်တယ်ဆိုရင် .....ဆိုပြီးအတွေးနယ်ချဲ့ကြည့်တော့ samsung ကိုဖြတ်ကျော်နိုင်မှာမလွဲပါဘူး။ ခုထက်ထိ nokia fan တွေ အခိုင်အမာရှိတုန်းပါ။ nokia ဖုန်းတွေ မာကြောခိုင်ခံ့မှုကိုတော့ iphone တို့ samsung galaxy တို့က လုံးဝ မမှီပါဘူး။


မြန်မာပြည်မှာ နာမည်ကြီးလှတဲ့ viber ကို nokia သမားတွေက ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။ စာပို့စနစ်ပဲ ရပါသေးတယ်။ ဆိုတော့ ဒီချိန် ဖုန်းကောင်းတစ်လုံး ဝယ်မယ်ဆိုရင်  android OS သုံး ဖုန်းကိုပဲ ရွေးချယ်သင့်နေပါပြီ။
တရုတ်လုပ် လမ်းဘေး ဖုန်းတွေလည်း အားလုံး android ဖြစ်ကုန်ပြီ။
android ရဲ့အောင်မြင်မှုအရှိန်ဟာ ဒီလောက်နဲ့တင် မရပ်သေးပါဘူး။ tablet တွေမှာလည်း android OS, TV မှာလည်း android TV, media player တွေမှာလည်း android. ဆိုတော့ Google က android ကို အသုံးပြုပြီး အသားကုန် ဝင်ကြမ်းမယ်၊ ပြီးတော့ နည်းပညာလောကကို အပိုင်သိမ်းလိုက်တဲ့ သဘောပေါ့နော်။
Android ကို update လေးတွေနဲ့ ထုတ်လာတိုင်း version number လေးတွေရယ် code name လေးတွေ ပေးလေ့ရှိပါတယ်။

Android 1.5    Cupcake
Android 1.6    Donut
Android 2.0   Eclair
Android 2.2   Froyo
Android 2.3   Gingerbread
Android 3.1   Honeycomb
Android 4.0   Ice cream sandwich
Android 4.1   Jelly bean
code တွေကို ရေခဲမုန့် နာမည်လေးတွေ မှည့်ပေးပါတယ်။ c,d,e,f,g,h,i,j  ဆိုပြီး အင်္ဂလိပ် အက္ခရာ အစဉ်လိုက်အတိုင်း သွားပါတယ်။ နောက်ထွက်မည့် version မှာ code name က K နဲ့ စမှာ သေချာတယ်။ key lime pie ဆိုပြီးပေးဖို့များတယ်။
ဒီ code name တွေကို build code မှာ ပြန်အသုံးပြုပါသေးတယ်။ ထားပါလေ။
Android ရဲ့အားသာချက်တွေ အများကြီးရှိပါသေးတယ်။ whatsapp ဟာ ဖုန်းတိုင်းမှာ download အများဆုံး App ပါ။ ဒီ Whatsapp ကို apple I OS ဖုန်းမှာ € .89 နဲ့ပေးဝယ်ရပါတယ်။ android ဖုန်းတွေမှာတော့ free ပါ။ အဲသလိုမျိုးတွေ ပြီးတော့ IOS မှာ app developer တွေအတွက် ပေးသွင်းရတဲ့ နှစ်စဉ်ကြေးက $ 99. ဒါပေမဲ့ Android google play မှာ နှစ်စဉ်ကြေးမလို၊ $25 တစ်ကြိမ်ပေးသွင်းရုံပဲ။ ထားလိုက်ပါ အဲဒါတွေ သိပ်အရေးမကြီးပါဘူး။
apple iphone တွေမှာ မြန်မာစာ မြင်ရဖို့ jailbreak မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ apple ဖက်ကနေ လုံခြုံရေး အသားကုန် တိုးမြှင့်လိုက်ရင် jailbreak လုပ်လို့ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် မြန်မာစာ အတွက် ကွိုင်ပဲ။
ဒါပေမဲ့ android OS သုံး Samsung Galaxy model တွေမှာ root စရာမလိုဘဲ  မြန်မာစာကို ဖတ်လို့ရပါတယ်။ Zawgyi-one flipfont app ကို install လုပ်လိုက်ရင် ရပြီ။
 ဒီ link မှာ လေ့လာကြည့်ပါ။ တခြား Brand တွေမှာ ရမရ မသိဘူး။ မြန်မာစာ keyboard အတွက် frozen keyboard ကို install ထပ်လုပ်ရင် အားလုံး ok ပြီ။
ခြုံပြီး ပြောရမယ်ဆိုရင် android ဟာ အသင့်တော်ဆုံး မိုဘိုင်းဖုန်း OS ဖြစ်ပါတယ်။ ဒီခေတ်နည်းပညာအဆင့်အတန်းနဲ့ ယှဉ်ကြည့်ရင်လည်း ရှေ့ပြေးပါပဲ။
ပြီးတော့ android device တွေဟာ ထွက်ခါစ ဈေးကြီးပေမယ့် ဈေးချက်ချင်းပြန်ကျတယ်။ သီချင်း၊ video တွေထည့်ရတာ apple ဖုန်းတွေလို လုံးဝ အလုပ်မရှုပ်တာ အမှန်ပဲ။ android ဖုန်းတွေ screen ကြီးကြီးနဲ့  ထုတ်လာတာတွေဟာလည်း ပိုပြီး သဘောကျတယ်။ ကိုယ်က စိတ်ကြီးတယ်ဆိုတော့ ဖုန်းဆိုရင်လည်း ကြီးတာ ကိုင်ချင်တယ်။ :-P
ကိုင်းဒီမှာပဲ နားတော့မယ်လေ။ စာကလည်း အရမ်းကို ရှည်နေပြီ။ ကိုးရီးယား ကားတွေလို အပိုင်းလိုက် ခွဲပြီးလည်း မရေးတတ်လို့ တခါတည်းအပြီးရေးလိုက်တယ်။
မှားတာ၊ လွဲတာ ရှိရင်လည်း နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

စာဖတ်သူအားလုံးကို အစဉ်လေးစားလျက်။
ပါဘိခ်။

Friday, 29 March 2013

mobile phone နဲ့ myanmar font ဒုက္ခ။

ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်းတွေ ပလူပျံနေအောင်ပေါသလို ဖုန်းတွေရဲ့ စွမ်းဆောင်နိုင်မှုနှုန်းဟာလည်း အဆမတန်တိုးတက်နေပါပြီ။
တလောက samsung က Galaxy S4 ဆိုပြီးပွဲထုတ်လာပါတယ်။ မျက်လုံးနဲ့ control လုပ်နိုင်တဲ့ Features ပါလာပါတယ်။
စာဖတ်ရင် အလိုအလျောက် scroll down ဆင်းသွားမယ်။ movie ကြည့်နေရင်း တခြားနေရာ ကြည့်ရင် movie က pause ဖြစ်သွားမယ်။

အစုံပါပဲ။ နောက်ထပ်သဘောကျတဲ့အချက်က ဓါတ်ပုံရိုက်ရင်
စကားပြောနေတဲ့
အသံပါ ပါလာတော့မှာ။
ဓါတ်ပုံရိုက်ရင် ဟာသလိုပြောလေ့ရှိတဲ့ အသံမပါစေနဲ့ ဆိုတာတွေ အခုခေတ်မှာ တကယ်ပါလာတော့မယ့်အနေထားပဲ။

April လကုန်ရင် နယ်သာလန်မှာဝင်လာတော့မယ်။ အခုကတည်းက pre-order လက်ခံနေပြီ။ ဈေးနှုန်းက ၆၉၉ ယူရို။
laptop ကောင်းကောင်းလေး တစ်လုံး ultrabook ထက် ဈေးကြီးနေသေးတယ်။
ဖုန်းဈေးကွက်က ကွန်ပျူတာလောကကို နေရာမပေးတော့သလို ဖြစ်လာတယ်။

Samsung S4 တစ်လုံးထုတ်လုပ်ဖို့ ကုန်ကျငွေက € 180 လောက်ပဲ ကုန်တယ်။ samsung ဘယ်လောက်မြတ်မလဲ ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
အဲဒီတော့ သူတို့ တမျိုးပြီးတမျိုးထုတ်လာတာ ကိုယ်တွေ ကောင်းကောင်းသုံးဖို့ ဆိုတာထက် ဘယ်နည်းနဲ့ပိုမြတ်မလဲဆိုတာ သူတို့ရဲ့ အဓိကအလုပ်လေ။

ဖုန်းမျက်နှာပြင် တွေကလည်းကြီးလာလိုက်တာ smart phone တွေ ၃ လက်မကနေ အခု ၆ လက်မ လောက်ဖြစ်လာပြီ။
 နောက် ၁၀ နှစ်လောက်ကြာရင် မိုဘိုင်းဖုန်းဆိုတာ ထမ်းသွားရမဲ့သဘောမှာရှိတယ်။

အဲပြဿနာက စပြီ။ phone တွေ၊ Tablet တွေက ကွန်ပျူတာနေရာကို ဝင်ယူတာ ဆိုတော့ လူဖြူတွေအတွက်ပြဿနာမရှိပေမဲ့
ကိုယ်တို့ ရွှေမြန်မာတွေအတွက် မြန်မာစာ ဖတ်လို့မရရင်


လုံးဝ ဟန်မကျပါဘူး။

Android OS သုံးဖုန်းတွေ လန်းတယ်။ ဈေးချိုတယ်။ ဒါပေမဲ့ မြန်မာ font ထည့်လို့မရမှာကို ကြောက်တယ်။
root လုပ်လို့ ရမလား။ root လုပ်ပြီးရင် သူနဲ့ သင့်တော်သလား။ warranty အပျက်ခံပြီး root လုပ်ရဲလား။
လားပေါင်းမြောက်များစွာနဲ့ မပြီးနိုင်တော့ဘူး။ အဲဒီကိစ္စတွေကြောက်လို့ Iphone မှ iphone ပဲ။
မြန်မာပြည်မှာ မြန်မာစာ အင့်ပါပြီးသား ဖုန်းတွေ HTC ကထုတ်ရောင်းပေးနပြီ။
phone တွေ computer တွေ ဝယ်ပြီးရင် မြန်မာစာ မြင်ဖို့အရေး ကျွမ်းကျင်တဲ့ လူတွေကို အကူအညီတောင်းတာ၊ ခေါ်ပင့်ရတာတွေက မလ်ွလှဘူုးတ်ကိုမဟုတ်သေးဘူး။

Iphone က firmware (software) ပိုင်းမှာ စိတ်ချရတယ်။ ဖုန်းကိုယ်ထည် ပျက်ရင် ပြင်လို့လွယ်တယ်။
သူနဲ့ပတ်သက်တဲ့ အပိုပစ္စည်းတွေ ဝယ်ရလွယ်တယ်။
ပြီးတော့ jailbreak လုပ်လို့ရအောင် အစဉ်တစိုက်ကြိုးပမ်းနေကြတော့ ကိုယ်တွေကတော့ အခန့်သားဝင်သုံးလိုက်ရုံပဲ။
လူဖြူတွေအတွက် jailbreak လုပ်တာ ဝယ်ရတဲ့ applications တွေ အလကား ထည့်လို့ရအောင် လုပ်တာဖြစ်ပေမဲ့
ကိုယ့်အတွက်က မြန်မာစာ နဲ့ မြန်မာ လက်ကွက် ထည့်ဖို့ပဲ။

မြန်မာစာ ဖတ်ဖို့များ mogok browser တွေ ဘာတွေ ရှိတာပဲလို့ ပြောလို့ရတယ်။
ဒါပေမဲ့ အဲဒါက browser ပေါ်မှာပဲလေ။ message မြန်မာလို ဝင်လာရင် ဘယ်လိုဖတ်မလဲ။
Facebook app ပေါ်မှာ မြန်မာသတင်းတွေ ဘယ်လိုဖတ်မလဲ။ ဆိုတော့ font သွင်းထားဖို့က အရည်းကြီးတယ်။

အောက်က screen shoot လေးကိုကြည့်စေချင်တယ်။ ကိုယ့်ရဲ့ မှတ်တမ်းလေးတွေ မြန်မာလိုရေးမယ်။
 ပြီးတော့ contact တွေကိုလည်း မြန်မာလိုရေးရတာပေါ့။


ဒါပေမဲ့ iphone တွေက ဈေးကြီးလွန်းတာက မမိုက်ပါဘူး။ သီချင်းထည့်တာတွေ၊ ဓါတ်ပုံထည့်တာတွေကလည်း ရှုပ်မှရှုပ်။
ဘက်ထရီကလည်း တခြားဖုန်းတွေထက် ကုန်တာပိုမြန်သလိုပဲ။ icloud service တွေဖွင့်ထားတာလည်းပါမှာပေါ့။

ကဲလေ စာကလည်းရေးရင်းနဲ့ အာရုံတွေက ဝေဝါးနေပြီ။ iphone အမွှန်းတင်တာ များသွားရင် ခွင့်လွှတ်ပါ။ နောက်စာတွေမှာ android ရဲ့အားသာချက်တွေ တသီကြီးရေးဖို့ ရှိပါသေးတယ်။ ခေါင်းထဲမှာ ရေးစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ စာရေးမတတ်တော့ စာဖတ်တဲ့လူတွေကို စိတ်အနှောင့်အယှက်ပေးသလို ဖြစ်မှာကိုလည်း စိုးရိမ်တယ်။

အားလုံးကို ချစ်ခင် လေးစားလျက်၊
ပါဘိခ်။

Sunday, 10 March 2013

ဖုန်း လပေးစနစ်နဲ့ ပတ်သက်၍ ဈေးချိုတဲ့ simcard

ကျွန်တော် mobile sim only abonnement တွေကို တော်တော် စိတ်ဝင်စားမိပါတယ်။
အလုပ်နားချိန် ၊ pauze ချိန်တွေမှာ ဖုန်းပေါ်ကနေ Email check တာတွေ၊ Facebook ကြည့်တာတွေကို လူငယ်ဖြစ်တဲ့အလျောက် သိပ်လုပ်ပါတယ်။
အဓိက အင်တာနက် သုံးချင်တယ် ဆိုပါတော့။
ဖုန်း ကို လပေးဝယ်ရင် ဖုန်းကောင်းကောင်းလေး တစ်လုံးရ သလို ဖုန်းခေါ်ဖို့ minutes တွေကိုလည်း တစ်လမှာ 300 minutes လောက် Free ခေါ်ခွင့် ရမှာဖြစ်တယ်။
ဒါပေမဲ့ ဈေးကြီးလွန်းတယ်လို့ မြင်မိပါတယ်။ တစ်လ တစ်လ 40€ နဲ့ 50€ အကြား ကျပါတယ်။
ဖုန်းတစ်လုံး ရှိပြီးရင် နှစ်တိုင်း အသစ်မှ မလိုတာ။ ဆိုတော့ Sim only လပေးတွေကိုပဲ လိုက်ရှာဖြစ်ပါတယ်။
sim only ဆိုကတည်းက ရှင်းပါတယ်။ ဖုန်းမပါဘူး။ simcard ပဲ ရမှာပါ၊ ပြီးတော့ minutes ပေါ့။
မနှစ်တုန်းက ကျွန်တော် youfone ဆိုတဲ့ Sim only abonnement ကိုယူပါတယ်။
240 minutes + 15 sms + unlimited internet = € 16 လစဉ် ကျပါတယ်။
ဆိုးတာက internet အမြန်နှုန်းက 1 Mb/s ပဲဆိုတော့ လိပ်နဲ့ နင်လားငါလားပဲ။

အခု တစ်နှစ် စာချုပ် ပြည့်သွားလို့ တခြားပိုဈေးချိုတာကို လိုက်ရှာမိတယ်။ဆက်မယူချင်တော့ဘူး။
ံHollands nieuwe  ဆိုတဲ့ sim card နာမည်နဲ့ sim only abonnement ကို စိတ်ဝင်စားပါတယ်။
275 minutes / sms + 500 MB internet= €12,50 ပဲ လစဉ်ကျမှာ ဖြစ်တယ်။
https://www.studentmobiel.nl/sim-only/281?gsm_bundle_id=1666



(မတ်လ ကုန်တဲ့ အထိပဲ လျှော့ဈေး။)
တစ်နှစ်စာချုပ်လည်းရတော့ ကျွန်တော့အကြိုက်ဖြစ်သွားတယ်။
တော်တော် ဈေးချိုတဲ့အပြင် internet အမြန်နှုန်းက 14.4 Mb/s အထိကို မြန်ပါတယ်။
ပြီးတော့ ဒီလ ဖုန်းခေါ်တဲ့ minutes အကုန်မသုံးဘူးဆိုရင်လည်း နောက် ၃ လ အထိပါ ဆက်သုံးလို့ ရသေးတယ်။
ဒီဟာကို www.studentmobiel.nl  ဆိုတဲ့  Website ကနေယူပါတယ်။
သူ့နဂို holland nieuwe website က နေမှာဝယ်ရင် တစ်လ €12,50 မကျဘဲ €14,25 ကျမှာဖြစ်တယ်။

တစ်လ 500 MB internet က များလား။ နည်းလား။???
စစ်တမ်းအရ နယ်သာလန်မှာ လူငယ်တစ်ယောက် လစဉ် သုံးတဲ့ internet က 300 MB ပတ်ဝန်းကျင် ပဲ သုံးပါတယ်။
အိမ်မှာ နေရင် အိမ်တိုင်း ကိုယ့်အိမ် အသီးသီးက wifi intenet သုံးတာဆိုတော့ အဲလောက်မကုန်ပါဘူး။
ကျွန်တော် 200Mb ကနေ 400 Mb အကြား ပုံမှန် ကျပါတယ်။ အပြင်ရောက်ရင် youtube video တွေကို ကြည့်တာတွေ ရှောင်တာပေါ့။
ကျွန်တော်တို့ တော်တော်များများ Lycamobile  simcard ကိုပဲ သုံးတာများပါတယ်။
တခါတလေ ဖုန်းမဆက်ရပဲနဲ့ Beltegoed တွေ ကုန်တတ်ပါတယ်။
တစ်လ ဘယ်နှစ်ကတ် သုံးလဲ ဆိုတာ အရည်းကြီးပါတယ်။ abonnement ပဲပိုကိုက်မလား၊ lyca prepaid ပဲ ပိုကိုက်မလား ဆိုတာ သေချာ တွက်ချက်တတ်ဖို့ လိုပါတယ်။
Abonnement ရဲ့ အားနည်းချက်က ဖုန်းသတ်မှတ်တာထက် ပိုခေါ်မိရင် ဖြစ်ဖြစ်၊ internet ပိုသုံးမိရင် ဖြစ်ဖြစ် အများကြီး ကျသွားမှာဖြစ်တယ်။
ပြီးတော့ နိုင်ငံခြား မခေါ်မိဖို့ အရည်းကြီးပါတယ်။
ဒါပေမဲ့ ကိုယ်ဒီလ ဘယ်လောက်ပြောပြီးပြီလဲ ဘယ်လောက်ကျန်သေးလဲဆိုတာ အချိန်မရွေး ဝင်ကြည့်ပြီး ချင့်ချိန်နိုင်ပါတယ်။
lycamobile simcard ရှိနေလို့  abonnement တွေကို ကျွန်တော် သိပ်အားမပေးလှပါဘူး။
ကိုယ်က အပြင်မှာ၊ အလုပ်မှာ internet သုံးချင်လွန်းလို့ ယူလိုက်တာ။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်မှာ ကြောက်လို့။ :-)
ကဲဒီမှာပဲ နားပါရစေ။ Abonnemenet ကို သုံးချင်ပေမဲ့ ဘယ်ဟာ သုံးမယ်မှန်း မဆုံးဖြတ်တတ်သူတွေ အတွက် ရေးလိုက်တဲ့ စာပါ။
ဒါလေးဈေးချိုတယ်၊ တွက်ခြေကိုက်တယ် ဆိုတာကို လက်တို့တဲ့ သဘောပါ။
ဒီစာရေးလိုက်လို့ ဆရာသိပ်လုပ်ချင်တယ်၊ ကိုသိပါ့ တတ်ပါ့ သိပ်လုပ်ချင်တယ် ဆိုပြီး ကျွန်တော့်ကို အပြစ် ပြောချင်ရင်လည်းပြောပေါ့။ :-)

အားလုံးကို ခင်မင် လေးစားလျက်၊
ပါဘိခ်။

Thursday, 7 March 2013

Teamviewer နဲ့ မိတ်ဆက်။

စာမရေးဖြစ်တာ ကြာပေါ့။
Teamviewer  ဆိုတဲ့  software နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အားလုံးနီးပါး သိပြီးသား ဖြစ်မှာပါ။

ကွန်ပျူတာ ကျွမ်းကျင်သူတိုင်း မရှိမဖြစ်  လိုအပ်တဲ့ software ပါ။
ကွန်ပျူတာ မကျွမ်းကျင်သေး သူတိုင်းလည်း လိုအပ်တဲ့ software ပါ။
တစ်နေရာကနေ တစ်နေရာ ကွန်ပျူတာကို လှမ်း Control လုပ်နိုင်ပါတယ်။
ကွန်ပျူတာ ဝါသနာ မပါတဲ့ လူတစ်ယောက်အဖို့ ကွန်ပျူတာမှာ ပြဿနာကြုံလာရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိပ်ခက်ပါတယ်။
ကွန်ပျူတာကျွမ်းကျင်တဲ့ လူတွေဆီကို ဖုန်းနဲ့ လှမ်းမေးလို့ ရပေမယ့် အဲဒီလူ ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်နိုင်ဖို့ မလွယ်ပါဘူး။

ကျွန်တော်ကြုံဖူးတာတွေ အများကြီးရှိပါတယ်။ start button ကိုနှိပ်ရင် start menu ပေါ်လာမယ် ဆိုပြီး ဖုန်းထဲက လှမ်းပြောနိုင်ပေမဲ့ တစ်ဖက်လူက start button က ဘယ်မှာလဲ ဆိုတဲ့ အဖြစ်မျိုး ခဏခဏ ကြုံဖူးပါတယ်။ အလုပ်မတွင်ပါဘူး။
ဆိုတော့ ဒီလိုအဖြစ်မျိုးတွေမှာ နှစ်ယောက်စလုံးရဲ့ ကွန်ပျူတာ ထဲမှာ Teamviewer ထည့်ထားရင် ပိုပြီး အလုပ်တွင်ပါတယ်။
Teamviewer ကို ဖွင့်လိုက်တာနဲ့ Your ID ရယ် Password ရယ် ဆိုပြီး ထွက်လာပါလိမ့်မယ်။
မှတ်ထားစရာမလိုသလို စိုးရိမ်စရာလည်းမလိုပါဘူး။ password က တစ်ခါဖွင့်တိုင်း တစ်ခါပြောင်းတာဖြစ်တယ်။

ကွန်ပျူတာမှာပြဿနာကြုံလို့ အကူအညီ လိုရင် ကွန်ပျူတာကျွမ်းကျင်တဲ့ တစ်ယောက်ယောက်ဆီကို Teamvier ID နဲ့ Password ကိုလှမ်းပြောလိုက်။
သူက ကိုယ့်ကွန်ပျူတာထဲကို ဝင်ကြည့်ပြီး အဆင်ပြေနပြေ ဝင်ကလိ လို့ရပြီ။ ကိုယ်က သူလုပ်သမျှကို အေးအေးဆေးဆေး ထိုင်ကြည့်ရုံပဲ။



ကဲဘယ်လိုလဲ။ မိုက်တယ်မဟုတ်လား။ ဒီနေရာ လူတိုင်းမေးလေ့ရှိတဲ့ မေးခွန်းက..... ကိုယ်မရှိ၊မသိ လိုက်တဲ့အချိန် ကိုယ့်ကွန်ပျူတာကို ဝင်ကြည့်ရင် ကိုယ့် file တွေ၊ မဟုတ်မဟတ် ဓါတ်ပုံတွေ မြင်ကုန်မှာပေါ့။ :):) ဆိုပြီးစောဒက တက်တတ်ကြပါတယ်။

အဲတာ မှားနေပြီ။ ကိုယ့်ဘက်က Teamviewer ကိုဖွင့်မထားရင် တဘက်လူက မဝင်နိုင်ပါဘူး။ ဖွင့်ထားသည်ထားအုံး Password ကို မပေးရင် မဝင်နိုင်ပါဘူး။
Password ကလည်းဖွင့်တိုင်း အသစ်ပြောင်းတာလေ။

ကွန်ပျူတာ ကျွမ်းကျင်တယ် ဆိုရင် teamviewer ကို ထည့်ထားပါ။ သူများကို ကိုယ်ထိလက်ရောက်..အဲလေမှားလို့.. ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ပါ။
ကွန်ပျူတာ မကျွမ်းကျင်သေးဘူးဆိုရင် teamviewer ကို ထည့်ထားလိုက်ပါ။ သူများက အကူအညီပေးတဲ့အခါ ပိုပြီး လွယ်ကူမြန်ဆန်စေဖို့ပါ။
အင်တာနက်လိုင်း ရှိဖို့တော့ လိုတယ်နော်။

ဒီမှာ direct download link. 
http://downloadeu2.teamviewer.com/download/TeamViewer_Setup.exe

download ဆွဲပြီးရင် install လုပ်လိုက်ပါ။
သူ့ မူရင်း website မှာ လည်းလေ့လာနိုင်ပါတယ်။ www.teamviewer.com

ကဲဒါဆိုရင် ဒီမှာပဲ ရပ်နားလိုက်ပါအုံးမယ်။ အဆင်မပြေတာရှိရင် ကိုယ့်ဆီကို အချိန်မရွေး လှမ်းမေးလို့ မရပါဘူး။
အလကားနောက်တာ၊ အချိန်မရွေး လှမ်းမေးလို့ ရပါတယ်။ :-) :-)
အားလုံးကိုခင်တဲ့၊
ပါဘိခ်။

Saturday, 26 January 2013

Rynga နဲ့ မိတ်ဆက်

အားလုံးပဲ မင်္ဂလာပါ။

စာမရေးဖြစ်တာ ကြာပြီ၊ ဒီတစ်ခါ Rynga ဆိုတဲ့ Voip software အကြောင်း မိတ်ဆက်သဘော ရေးချင်ပါတယ်။
Voip ဆိုတာ Voice Over Internet Protrocal ကို အတိုကောက်ထားတာပါ။
မြန်မာလိုတော့ "အင်တာနက်ကို အကြောင်းပြု၍ စကားစမြည်ပြောဆိုခြင်း" လို့ အလွယ်ဆုံး ဘာသာပြန်ရမှာပဲ။
ထားလိုက်ပါလေ၊ အင်္ဂလိပ်စာ သင်တန်းပေးသလို ဖြစ်နေအုံးမယ်။

ကွန်ပျူတာမှ ကွန်ပျူတာ၊
ကွန်ပျူတာမှ အိမ်ဖုန်း၊ ဟန်းဖုန်း ခေါ်ဖို့ရယ်လို့ သတ်မှတ်ထားကြပါတယ်။

Voip တွေ အများကြီးရှိတဲ့ အထဲက Rynga, smartvoip, voipdiscount တို့ဟာ လူသိများပါတယ်။
ကျွန်တော် Rynga တစ်ခုတည်းကိုပဲ သုံးပါတယ်။ ဈေးပိုသက်သာလို့ပါ။
သူ့ရဲ့ ခေါ်ဆိုခ ဈေးနှူန်းတွေကို တစ်ချက်လောက် နှိုင်းယှဉ်ကြည့်ကြရအောင်။



Holland to Myanmar rate   ကိုပဲ ဥပမာ အနေနဲ့ ပြပါ့မယ်၊

Rynga                    23 cent.
Smartvoip              24 cent.
Voipdiscount           40 cent. 

Rynga ကဈေးချိုရုံတင်မက

Europe အိမ်ဖုန်း၊
Singapore လက်ကိုင်ဖုန်း၊
USA အိမ်ဖုန်း၊လက်ကိုင်ဖုန်း၊
Thailand အိမ်ဖုန်း၊လက်ကိုင်ဖုန်း အပြင်

တချို့တိုင်းပြည် တွေကိုပါ Free ခေါ်ဆိုလို့ ရမှာဖြစ်ပါတယ်။

Free လို့ပြောတာက ကိုယ့် account ထဲကို ပိုက်ဆံထည့်မှ Free ရက်တွေ ရရှိတာပါ။
ချင်းတောင်က မိဘ၊ညီအစ်ကိုမောင်နှမတွေနဲ့ စကားပြောဖို့ Euro ငွေ 10€ ထည့်ရင် တစ်နာရီလောက် စကားပြောလို့ရပါတယ်။
အဲဒီ 10€ ကုန်သည်ဖြစ်စေ၊ မကုန်သည်ဖြစ်စေ၊ ရက်ပေါင်း 90 လောက် Free ခေါ်ဆိုလို့ ရပြီပေါ့။ USA, Thailand တို့ပေါ့နော်။

 Rynga ကို install လုပ်ရင်းနဲ့ usernamepassword တခါတည်း လုပ်သွားရုံပါ။
ဒီ link မှာ download ဆွဲပါ။



Tips and Tricks
သူများကိုခေါ်ရင် unknown, anonymouse လို့ပဲ ပြမှာပါ။ sms ပို့ရင် Rynga username အတိုင်းပေါ်မှာပါ။ တချို့ကောင်မလေးတွေကျ နံပါတ်မပေါ်ရင် မကိုင်ဘူးလုပ်တတ်ကြပါတယ်။ကိုလူပျိုတို.အနေနဲ့ ဘာမှစိတ်ပူစရာ မလိုပါဘူး။
အောက်မှာပြထားတဲ့ ပုံအတိုင်း အဆင့်ဆင့် သွားလိုက်ယုံပါ။




၁။ ကိုယ့်ရဲ့ profile ကိုသွားပါ။

၂။ add phonenumber  ဆိုတဲ့ icon ကိုနှိပ်ပါ။

၃။ phone number ဖြည့်ပြီးရင် verify ကို နှိပ်ပါ။

ပြီးရင် sms ဝင်လာမည်။ ( သို့မဟုတ်) ဖုန်းဝင်လာမည်။ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။

အသေးစိပ် မရေးတော့ဘူးနော်။

internet ရတဲ့ ဖုန်းပေါ်မှာ Rynga သုံးချင်ရင် mobilevoip app ကို အသုံးပြုနိုင်ပါတယ်။
mobilevoip ကို install လုပ်ပြီးတနဲRynga username, password တန်းထည့်လို့ ရပါတယ်။
 ဒီမှာတင် ရပ်နားပါရစေ၊ Rynga နဲ့အတူ ပျော်ရွှင်နိုင်ပါစေ။


ကိုချင်းလေး ပါဘိခ် Lautuboy.

QR code မသိသေးသူများအတွက်သာ။

QR code အကြောင်း intro သဘော ကျွန်တော်သိသလောက်လေး ဝေမျှချင်ပါတယ်။

Barcode ကိုတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။
ပစ္စည်းဝယ်ရင် ငွေရှင်းတဲ့ ကောင်တာမှာ ဘာပစ္စည်းလည်းဆိုတာ အတိအကျသိဖို့
ကွန်ပျူတာနဲ့ ဖတ်ရပါတယ်။ အဲဒီလို ဖတ်ဖို့ကို barcode Scaner(Reader) အသုံးပြုရုံပါပဲ။





ကုန်ပစ္စည်းထုတ်လုပ်သူတွေက သူတို့ရဲ့ပစ္စည်းပေါ်မှာ ကိန်းဂဏန်းတစ်ခါတည်းထည့်ပေးထားပါတယ်။ ဒါပေမဲ့ ကွန်ပျူတာက ကိန်းဂဏန်းမှနားမလည်တာ။
ဆိုတော့ အဲဒီ ကိန်းဂဏန်းကို ကွန်ပျူတာနားလည်နိုင်တဲ့ 010101 လိုမျိုးအဖြစ် ပြန်လည်ဖော်ပြဖို့ barcode တွေရယ်လို့ ဖြစ်လာတာပါ။
 အဲဒီ barcode ကို ၁၉၄၈ ပတ်ဝန်းကျင်လောက်က တီထွင်ထားတာ ဖြစ်ပေမဲ့ ၁၉၇၀ လောက်ကျမှ အသုံးတွင်ကျယ်တာပါ။
ဆိုတော့ ရှင်းပါတယ်။အဲဒီ Barcode တွေဟာ စီးပွားရေးသမားတွေအတွက်၊ ကုန်ရောင်းသူတွေအတွက်လောက်ပဲ လိုအပ်တာပါ။


ယနေ့ခေတ်ဟာ Information Technology (IT) ခေတ်ဆိုသည့်အတိုင်း 2D barcode ခေါ် QR code ကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဂျပန်လူမျိုးတွေက ၁၉၉၄ ခုနှစ်လောက်ကမှ တီထွင်တာပါ။
Quick Response code ဟာ ကိုယ်ပေးချင်တဲ့ သတင်း၊ အချက်အလက်တွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ပေးပို့ ပေးနိုင်ပါတယ်။
 ဒီ QR code တွေကို နေရာတကာ တွေ့နေရပါပြီ။

ဒီ QR code တွေကို ဖတ်ဖို့ mobile telephone ကိုပဲ အသုံးပြုရတာပါ။



ကားမှတ်တိုင်တွေ၊ ဘူတာတွေမှာလည်း QR code တွေ အမြဲတွေ့နေရတယ်။
mobile phone လေးနဲ့ scan လုပ်ပြီး ရထားစီးရင်း၊ ကားစီးရင်း informations တွေ ထိုင်ကြည့်လိုက်ယုံပဲ။
android mobile အသုံးပြုသူတွေအတွက် QR code/Bar code တွေကို scan ဖတ်ဖို့play store မှာ
barcode reader by ZXing team ကို  download ယူပါ။ ဒီမှာ link

IOS  အသုံးပြုသူတွေ အတွက် QR Reader by TapMedia Ltd ကိုယူပါ။ ဒီမှာ link
ပြီးရင် ဒီအောက်က QR code ကို scan ကြည့်ပါ။
Inline image 5
ဒီလို QR code တွေကို ကိုယ့်စိတ်ကြိုက် ပြုလုပ်နိုင်ဖို့ ဒီ ဆိုက် http://www.the-qrcode-generator.com/ ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ကဲ ဒါဆိုရင် ဒီမျှနဲ့သာ ကျေနပ်ပေးပါ။ ကျွန်တော်ကိုယ်တိုင် နည်းနည်းလေး အခြေခံ သိရုံတင်လေး ဆိုပေမယ့် အားလုံးကိုလည်း သိစေချင်လွန်းလို့
ဝေမျှတာပါ။ သိပြီးသား ဖြစ်ပါက သီးခံပေးပါ။
စာဖတ်သူအားလုံးကို အစဉ်လေစားလျက်၊

Thursday, 1 November 2012

Myanmar bible for android

Upat mi carel tu dihlak,

mobile phone chung ah ah Myanmar bible rel khawh mi hi cu.. a mak tak tak ko.
android phone a ngei mi nih playstore ah download tuah khawh a si.



link.
https://play.google.com/store/apps/details?id=com.myanmar.bible&hl=en


myanmar browser
"1st myanmar browser"
kawl ca rel khawh nak browser a duh mi caah link.
https://play.google.com/store/apps/details?id=org.firstmm.browser&feature=search_result#?t=W251bGwsMSwxLDEsIm9yZy5maXJzdG1tLmJyb3dzZXIiXQ..

IOS (apple) caah myanmar bible an chuah deng ve cang...an chuah tik ah kan share than te lai cu.

upat nak he
pa bik lautu.

Sunday, 23 September 2012

mp3 intro

Mp3
Tuchan mino tam deuh nih mp3 hla ti mi kan theih cio ko lai..
Audio CD(music CD) tu hi cu.. a cawk mi kan tlawm tuk lai..
hla ngai ding si cun.. cd khui ah ngai nak in computer , digital media player he kan ngei deuh men lai.

mp3 ti mi hi.. moving picture experts group ti mi ram a phun phun, hmun a phun phun in engineer tam pi i tel mi group pa khat a si.
hla , aw chuah, video , ti ban tuk hna kha... chuan ti luan zia he an vun ser mi thil hna a si.
an rak hmuh mi MPEG-1 audio layer 3 hi mp3 kan ti mi hi a si.

audio format pa khat khat kha.. a hme deuh in tuah mi format  kan ti ah cun theih a fawi deuh lai..
kan hnu lio ka rak tial mi chung ah hla pa khat hi 50 megabyte a si ah cun.. mp3 in kan tuah ah cun 5 megabyte lawng a vun si cang lai..cu caah
CD khui pa khat cung ah hla a tlawm bik 140 khumh a ngah lai..
size a hme deuh caah quality a chia deuh lai lo ma ??
Quality a khat ko..

mp3 hla hi computer cung ah hman deuh mi a si caah duh tawk in copy tuah i, pa khat le pa khat kuat khawh a si rih.
tuchun ah mp3 player cu a lar bik mi thil pa khat a si cang lai.
mobile phone ah mp3 player ai tel cia.
dvd player cung ah mp3 cd ngai a ngah.
hi-fi system cung tiang mp3 hla ngai a ngah cang caah tuchan ah mp3 nih hmun a lak ngai cang..
mp3 hla tuah duh cun... CD kha mp3 hla ah convert tuah an hman..software free tam nawn pi  a um.
cun keimah ka tuah ning cu.(youtube to mp3 convertor) youtube website  ah a um mi music video kha mp3 in convert ka tuah..
youtube cu free zoh khawh a si hlei ah.. hla kip a um nak site a si.

mp3player.jpg
kei zong hi a theih tuk mi ka si lo caah.. beginner calawng , knowledge men men in ka rak tial mi a si.
nan dih lak cung ah kai lawm ngai.