Sunday, 1 May 2016

ကွန်ပျူတာဖြင့် အင်တာနက်အသုံးပြုသူတွေ ဆောင်ထားသင့်တဲ့ add in



အင်တာနက်ခေတ်ကြီးထဲမှာ တခါတလေမှာ ကျနော်တို့တွေဟာ အင်တာနက်သားကောင်ဖြစ်ရရှာတယ်။
web browser တွေကနေ website တွေ တစ်ခုပြီးတစ်ခု ကြည့်တဲ့အတွက်ကြောင့် စီးပွားရေးဦးနှောက်ရှိတဲ့သူတွေက ဒါကို အခွင့်အရေးကောင်းအဖြစ် အသုံးချကြပါတယ်။


ဒီမှာနည်းနည်းရှင်းပြချင်တာတစ်ခုက Website တစ်ခု ဖွင့်ပြီး တစ်ကမ္ဘာလုံးက ကြည့်နိုင်ဖို့ website ခ တစ်နှစ်စာ $100၊ $300 ၊ $ 500 စသဖြင့်ကုန်ကျပါတယ်။
လုပ်ငန်းရှိတဲ့သူတွေအတွက် လွယ်လွန်းသလောက် အပျော်တမ်း website သမားတွေအတွက် ဒီငွေအရေအတွက်က အတော်များပါတယ်။
မိမိရဲ့ website အသက်ရှင်နေဖို့ အတင်းအချက်အလက်များ၊ up to date စုဆောင်းရပါတယ်။
အချိန်လည်း အများကြီးပေးဆပ်ရပါတယ်။ ငွေလည်းကုန်ကျပါတယ်။ ဘာမှတွက်ခြေမကိုက်လှဘူး။


တဖက်မှာ လုပ်ငန်းရှိတဲ့သူတွေက သူတို့ရဲ့ထုတ်ကုန်ကို ရောင်းအားကောင်းဖို့ နည်းလမ်းပေါင်းစုံသုံးပြီင်္း ကြော်ငြာရပါတယ်။
website ရှိတဲ့သူတွေဆီကို ချည်းကပ်ပြီး "ခင်များရဲ့website ထောင့်တစ်နေရာမှာ ကျနော်တို့ရဲ့ ထုတ်ကုန် ကြော်ငြာပေးပါ။ တစ်ပတ်စာ $2 ပေးပါ့မယ်။ အဲဒီကြော်ငြာကနေတဆင့်
ငါတို့ဆီကို ဝယ်ခဲ့ကြရင် ၀.၀၅ % ပေးပါ့မယ် " စသဖြင့် ကမ်းလှမ်းကြပါတယ်။

website ထောင်ထားတဲ့သူအတွက် လည်း အတော်တွက်ခြေကိုက်လာပါတယ်။ ကြော်ငြာပေးခ အလိုလိုရနေတော့ သူ့ရဲ့ကိုယ်ပိုင် website ကနေ ဝင်ငွေတွေ အများကြီး ရလာပါတယ်။
ဒါကြောင့် သူ့ရဲ့ website ဆီ လူတွေများများကြည့်ချင်လာအောင် လူတွေစိတ်ဝင်စားမယ့် ဆောင်းပါး၊ ဝတ္ထု၊ ရုပ်ရှင်၊ ဓါတ်ပုံ  စတာတွေ up to date များများတင်ပေးရပါတယ်။


website ဆီကို လူတွေများများ လာလေလေ နာမည်ကြီးလေလေ ဖြစ်လာတာနဲ့အမျှ ကြော်ငြာခ တိုးပြီး ယူလိုက်ပါတော့တယ်။
လုပ်ငန်းရှင်တွေဖက်က လူကြည့်များတဲ့ website မှာ ဘယ်လောက်ကုန်ကုန် ကြော်ငြာ ချင်ကြပါတယ်။ ဒါမှ သူတို့ရဲ့ product လူသိများမယ်။

ကျနော် ရေးထားတာတွေ နားလည်နိုင်ကြသလားမသိဘူး။ စာရေးတာ မတတ်တော့ ဖတ်ရှုရတာ ရှုပ်ထွေးနေပြီလား။ :)


ဟုတ်ပါပြီ။ ကျနော်တို့တွေဟာ စီးပွားရေး အခေါ် စားသုံးသူပေါ့ဗျာ။ အားအားရှိ အင်တာနက်မှာ အချိန်ဖြုန်းနေတဲ့ ကျနော်က ကျနော့်ရဲ့ အင်တာနက် အမြန်နှုန်းကို သိချင်တဲ့အတွက်
www.speedtest.net ဆိုတဲ့ website ကို ဖွင့်ပါတယ်။
အပေါ်မှာ ရေးခဲ့သလို ဒီ website မှာ ကြောင်ငြာတွေ အများကြီးပါပဲ။ မမြင်ချင်ပေမယ့် ကြည့်နေရတယ်။
အပေါ်ရော ၊ အောက်ရော၊ ဘေးရော၊ ရှုပ်ယှက်ခတ်နေပါတော့တယ်။


 ဒီလို website တွေအများကြီးပါ။ ကြော်ငြာမပါတဲ့ website တွေ ရှားပါတယ်။
youtube website ဆိုရင် ကြော်ငြာ များပါတယ်။ ဒါကြောင့် youtube website ကို ပိုင်ဆိုင်တဲ့ Google ကုမ္ပဏီက ကြော်ငြာခနဲ့တင် အတော်ချမ်းသာနေတာ။
အခု ကျနော်ဖွင့်နေတဲ့ website မှာ ဖုန်း တွေ ကြော်ငြာတာ တော်ပါသေးတယ်။
အချို့ website တွေမှာ ယုံကြည်သူတွေ မကြည့်သင့်တဲ့ ညစ်ညမ်းပုံတွေ၊ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ပုံတွေ ကြော်ငြာကြပါတယ်။
ကလေးတွေအတွက် လမ်းမှားလွယ်ကြတယ်။

ဒါကြောင့် ကျနော်တို့တွေဟာ အင်တာနက်ရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။
ဒါတွေကို ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လို ဖြေရှင်းမလဲ။

ကွန်ပျူတာ ပညာရှင်တွေ ဖွဲ့စည်း တည်ဆောက်ထားတဲ့ adblock plus ဆိုတဲ့ ( advertisement block) add in လေးကို web browser တိုင်းမှာ ထည့်ထားလိုက်ရုံဖြင့် လွယ်လင့်တကူ ဖြေရှင်းနိုင်ပါတယ်။

၁။ https://adblockplus.org/ ကိုသွားပါ။
၂။ install for firefox  ဆိုတာကိုနှိပ်ပါ။ ( for chrome ) စသဖြင့် မိမိ သုံးထားတဲ့ browser နာမည်ဖြစ်ပါလိမ့်မယ်။
၃။ Allow ဆိုတာကို နှိပ်ပါ။
အောက်မှာ screen shoot.

ဒီမှာတင်ပြီးပါပြီ။ ဒီ add in ကို setting ကနေလည်း ပြန်ဖြုတ်လို့ ရပါတယ်။
ဒီ adblock plus ကို သုံးပြီးနောက် ခုနက website ကို ဖြန်ဖွင့်ကြည့်တော့ အောက်ကလို ရှင်းလင်းတဲ့ site တွေများစွာကို အဆင်ပြေစွာ ကြည့်နိုင်ပြီဖြစ်တယ်။





ကဲဒီမျှနဲ့သာ..
အကျိုးရှိမယ်လို့လည်း ယုံကြည်ပါတယ်။

ပါဘိခ်။

Friday, 25 March 2016

Apple iPhone SE နဲ့ Huawei Honor 5x မိတ်ဆက်။

iPhone SE
တနင်္လာ နေ့တုန်းက apple ကုမ္ပဏီကနေ event တစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ IOS 9.3 ကိုမိတ်ဆက်ပေးသလို iphone နဲ့ ipad အသစ်ကို လည်း မိတ်ဆက်ခဲ့ပါတယ်။

2015 november မှာ ipad pro လို့ခေါ်တဲ့ ၁၂.၉ လက်မ screen ကြီးကြီးကို မိတ်ဆက်ပေးခဲ့ပြီး ဓါတ်ပုံသမားတွေ အကြိုက်တွေ့ခဲ့ပါတယ်။
2016 march မှာတော့ ပုံမှန် အရွယ်စား ၉.၇ လက်မ ipad pro ကို ပြန်လည်မိတ်ဆက်တာဖြစ်ပါတယ်။

အခုရေးချင်တဲ့အကြောင်းက အသစ်မိတ်ဆက်ပေးထားတဲ့ iphone ပါ။ iphone SE လို့ခေါ်ပါတယ်။
၂၀၁၃ တုန်းက ထွက်ထားတဲ့ iphone 5s နဲ့ ဒီဇိုင်း အပြင်ပန်းသဏ္ဍန် ချွပ်စွတ် တူပါတယ်။
ပုံမှန်အားဖြင့် Apple က စက်တင်ဘာလတိုင်းမှာ သာ ပစ္စည်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။
ဥပမာအားဖြင့် ဒီနှစ် ထွက်မယ့် iphone ဆိုရင် iphone 7 ဖြစ်တော့မှာပါ။
ဒီလိုကြားကာလတွေမှာ iphone SE ထွက်လာတာက budget သဘောမျိုးပါ။
၎ လက်မအရွယ် ဖုန်းအသေးကိုင်ချင်သူများအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဟုတ်ပါပြီ။ SE ဆိုတာ special edition ကို ရည်ညွန်းတာပဲ နေမှာပါ။
အဓိက ကတော့ အထဲမှာ အလုပ်လုပ်တဲ့ RAM memory ကို 2GB အထိ ထားထားပါတယ်။
ပြီးတော့ chipset ကိုလည်း A9 chip ကို အသုံးပြုထားပါတယ်။ ( iphone 6s ထဲကဟာပါ။)
ပြီးတော့ graphic အပိုင်းကို လည်း iphone 6s ထဲကအတိုင်း ပါဝင်လာပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် iphone SE ရဲ့စွမ်းဆောင်ရည်ဟာ အတော်မြင့်နေမှာပါ။
ကင်မရာအပိုင်း, wifi , battery စတာတွေကို အနည်းငယ်စီ တိုးမြင့်ထားပါတယ်။

၎ လက်မ ဖုန်းကိုင်ချင်သူတွေအတော် နှစ်သက်စရာပါ။
သို့သော် ရောင်းဈေးက US မှာ 400 dollar ရှိပါတယ်။
screen က HD လည်း မဟုတ်ပဲ 640x1136 နဲ့ပဲ ရှိသေးတယ်။
ပြီးတော့ဒီဇိုင်းအပို်င်းမှာ လွန်ခဲ့တဲ့ 3 နှစ်ကဟာဒီဇိုင်းအဟောင်းကြီး  ပြန်ကိုင်ခိုင်းနေတော့ နာမည်ကြီးနိုင်ပါ့လား။ နှစ်သက်ကြမလားဆိုတာ စဉ်းစားရမှာပါ။
US မှာ 400 dollar နဲ့ စတင်ဖြန့်ချိမှာဆိုတော့ europe မှာ 350 euro လောက်ပေးရဟန်ရှိပေမယ့် 490 euro နဲ့ရောင်းချမှာဖြစ်တယ်။
အခွန်အတုပ်ကြောင့် ဒီလောက်ဈေးကြီးတာလား ဆိုတာ မသိပါဘူး။
ဆိုတော့က Apple ကုမ္ပဏီကြီးအနေဖြင့် sorry Steve we have failed you. ပြောရမလို။
iphone 5s လား..iphone 5 SE လား ရွေးရတော့ခက်နေမှာ။
ဘာပဲဖြစ်ဖြစ် SE ကတော့ ဈေးမြန်မြန်ကျသွားဖွယ်ရှိလို ဈေးကွက်ထဲမှာ iphone 6 စောစောပျောက်သွားဖွယ်ရှိပါတယ်။

ဒီ event မှာ CEO က ဟိုတလောလေးက FBI ကိစ္စတွေကိုနည်းနည်းပြောကြားရာမှာတော့ apple သုံးစွဲသူတွေရဲ့ data တွေကို အပြည့်အဝ ကာကွယ်ပေးဖို့ ပြောကြားတဲ့အခါမှာ
အားရပါးရ လက်ခုပ်တီးကြပါတယ်။
ဈေးကွက်အရ ကြည့်ရင်တော့ marketing ဆင်းတာပေါ့ကွယ်။ :D

Honor 5X
ပြီးတော့ ကျနော် နှစ်သက်တဲ့ huawei တွေထဲက honor 5x အကြောင်းလည်း ရေးချင်ပါတယ်။
huawei ဖုန်းတွေက ဈေးအရမ်းချိုသလောက်စွမ်းဆောင်ရည် အတော်မြင့်ပါတယ်။့ကမ္ဘာ့အကောင်းဆုံးဖုန်းဆု ရသွားတဲ့ huawei P8 က ခုချိန်မှာ တစ်လ 14 euro နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုနိုင်ပြီ ဖြစ်တယ်။ (လစဉ် internet 1500 MB + 100 minutes ပါပြီး)
ဒီလိုဈေးနှုန်းနဲ့ ရနိုင်တာတွေဟာ huawei ရဲ့အားသာချက်ဖြစ်တယ်။

ဒီ huawei ကုမ္ပဏီရဲ့အောက်မှာ department တစ်ခုအနေနဲ့ ရှိနေတာကတော့  honor  နာမည်နဲ့ပါ။
ဒီ honor ဖုန်းတွေထဲက euro ၂၀၀ ကျော်လေးနဲ့ ရောင်းနေတဲ့ honor 5x ကတော့ ကျနော့် favourite တစ်ခုပါ။
 ၅.၅ လက်မ  full HD screen နဲ့ဆိုတော့ ရုပ်ထွက်ပိုင်းမှာ အတော်မှန်ကန် ပြတ်သားမှု ရှိမယ်။
metal body ဆိုတော့ စိတ်ချရမယ့် ကိုယ်ထည်၊ fingerprint reader ပါမယ်။
performance အပိုင်းမှာ စိတ်ချရမယ့် ဖုန်းတစ်ခု ကို euro ၂၀၀ ပတ်ဝန်းကျင်ပဲ ပေးရတော့
ကျနော့်လို ငွေကြေးမတတ်နိုင်သူတွေအတွက် အကြိုက်တွေ့မယ့်ဖုန်းပါ။
အထူးသဖြင့် zawgyi font တွေပါလာပြီးသားဆိုတော့ တန်းသုံးလိုက်ရုံပဲ။
senior တွေအတွက် ဒီဖုန်းမျိုးကိုပဲဝယ်သုံးကြဖို့ကိုပဲ တိုက်တွန်းချင်တယ်။
ခက်တာက တရုတ်ဖုန်းဆိုရင် နာမည်ကြားတာနဲ့တင် လူတွေက ကြောက်နေကြတယ်။ :)

Thursday, 25 February 2016

FBI နဲ့ နည်းပညာ တိုက်ပွဲ


 မနှစ်က ဒီဇင်ဘာလထဲမှာ အမေရိကန်နိုင်ငံမှာ အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
လူ ၁၄ ယောက်သေဆုံးခဲ့သလို ၂၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက် သေနတ်သမား ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Syed Rizwan Farook ရယ် အခြားတစ်ယောက် လည်း ဆုံးသွားပါတယ်။
ဒီ Farook ရဲ့ apple အမှတ်တံဆိပ် iphone 5c ကို FBI ကရရှိထားပါတယ်။
ဒီအခါမှာ Farook ရဲ့ ဖုန်းထဲက အချက်အလက်တွေ ဘယ်သူတွေဆက်သွယ်တယ်၊ ဘယ်သူနဲ့စာပို့တယ် ဆိုတာ သိရဖို့ FBI ကဖုန်းကို ဖွင့်ပေမယ့်လို့
ဖုန်း passcode ကို မထိုးဖောက်နိုင်ဘူး ဖြစ်နေပါတယ်။
 passcode တွေထပ်ခါ ထပ်ခါ မှားပြီး ရိုက်ပြီး ရိုက်တဲ့အတွက် ပိုမိုခက်ခဲသွားပါတော့တယ်။
iphone 5c

ဒီအခါမှာ FBI ကဘာမှ လုပ်လို့ မရတဲ့အခါမှာ တရားရုံးမှတဆင့် apple ကုမ္ပဏီကြီးကို အကူအညီ လှမ်းတောင်းရပါတော့တယ်။
ဒီ lock ကျနေတဲ့ ဖုန်းတွေ ဖြေပေးဖို့ software တစ်ခု ဖန်တီးပေးဖို့ပါ။

နဂိုကတည်းက ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားနေတဲ့ သတင်းဖြစ်နေလေတော့ နည်းပညာ သမားတွေ အားလုံး နားစွင့်ထားတဲ့သတင်းပါ။

ဒီအခါမှာ ဆရာကြီး Apple ကုမ္ပဏီက 'No' ဖြစ်နေပါတယ်။ FBI ကို မကူညီနိုင်ဘူးပေါ့။
ဒီမှာ ပွဲကဆူသွားပါတော့တယ်။

iphone  locked ကျသွားတဲ့ဖုန်းကို ဖြေဖို့ software တစ်ခုဖန်တီးမယ်ဆိုရင် အင်တာနက်မှာ တစ်နည်းနည်းနဲ့ပြန့်သွားမယ်။
ဒါဆိုရင် iphone passcode တွေ၊ လက်ဗွေစနစ်တွေ လွယ်လင့်တကူ ထိုးဖောက်နိုင်မယ် ဖြစ်တဲ့အတွက် iphone တွေဟာ မလုံခြုံတော့ဘူး။
သုံးစွဲသူရဲ့ privacy ကို ထည့်စဉ်းစားတဲ့အတွက်ကြောင့် FBI ရဲ့ ကမ်းလှမ်းမှုကို ငြင်းလွတ်လိုက်ခြင်းဖြစ်တယ်။

Tim Cook
 ဒီအခါမှာ ဆရာကြီး Apple က ပိုပြီးတော့ ဆရာမှူးကြီး ဖြစ်သွားတာပေါ့။
အဲဒါကိုပဲ twitter, Facebook , Google , whatsapp စတဲ့ကုမ္ပဏီကြီးတွေက apple လုပ်ရပ်ကို အပြည့်အဝ ထောက်ခံပေးလာပါတယ်။

ဒီအခါမှ FBI အတွက် တော်တော် အကြပ်တွေ့လာရပါတယ်။ iphone 5c လို finger print lock မပါတဲ့ ဖုန်းကို တောင် lock မဖြေနိုင်တဲ့အခါမှာ
ဂုဏ်သိက္ခာ အများကြီးကျသွားစေရုံသာမက ခုချိန်ထိ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေပါတယ်။

တဖက်မှာ အကြမ်းဖက်သမားတွေကို ကူညီရာ ရောက်နိုင်တဲ့အတွက် Apple အနေနဲ့လည်း များစွာစဉ်းစားရမယ့်အပိုင်းဖြစ်သလို risk အရမ်းများပါတယ်။

ဒီအချိန်မှာ တခြား computer security ကုမ္ပဏီကြီး McAfee ကိုထူထောင်တဲ့ John McAfee က ထုတ်ပြောလာတာ တစ်ခုရှိပါတယ်။
ငါ့ရဲ့ hacker team တွေနဲ့ ဒီ iphone 5c ကို အခမဲ့ ထိုးဖောက်ဝင်ရောက်မေးမယ်၊ ဒါဆို FBI အနေဖြင့် apple ဆီကို အောက်ကျနောက်ကျခံပြီး
အကူအညီတောင်းစရာ မလိုဘူး။... ဆိုပြီး FBI ကို ကမ်းလှမ်း လာပါတယ်။

John McAfee
FBI ကတောင် မလုပ်နိုင်တဲ့ အလုပ်မျိုးကို McAfee က ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့
အမေရိကန် အစိုးရဆိုတာ အနှစ် ၂၀ နောက်ကျနေတဲ့ အဖွဲ့ကြီးလို့ ဝေဖန်လိုက်ပါတယ်။

အကယ်၍ FBI ကနိုင်ခဲ့ရင် ပြည်သူတွေရဲ့ ဘဝ ကို အကြမ်းဖက်သမားတွေဆီက ပိုမို ကာကွယ်ပေးနိုင်ရာ ရောက်သလို
တဖက်မှာ လည်း ပြည်သူတွေရဲ့ Privacy ဟာ အစိုးရက ကြိုက်သလို စစ်ဆေးနေနိုင်ပါလား ဆိုပြီး ၅၀/၅၀ ဖြစ်နေပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် Apple ကတော့  iphone 5c ကို မထိုးဖောက်နိုင်ကြသေးသရွေ့ လောလောဆယ် နာမည် ပိုပြီးထင်ရှားလာဦးမှာပါ။

မတ်လ ၂၂ ရက်ကျရင် တရားရုံးတော်ကြီးက apple CEO Tim Cook နဲ့  FBI director James Comey ကို ဆင့်ခေါ်ထားပါတယ်။


 James Comey
 အဲဒီအချိန်ကျရင် အဖြေတစ်ခုခု ထွက်လာပါလိမ့်မယ်။

P.S  နားလည်ရလွယ်ကူအောင် တင်ပြထားတာ ဖြစ်တဲ့အတွက် စကားအသုံးအနှုန်းတွေ ကွာခြားနိုင်တယ်။

Friday, 19 February 2016

Mozilla firefox မှာ ဇော်ဂျီ အမှန်ပေါ်စေဖို့။

zawgyi font ဆိုတာ ဒီချိန်ထိ popular အဖြစ်ဆုံးမြန်မာ font ပါ။
ကမ္ဘာ့ ကွန်ပျူတာစာလုံး စံနှုန်းကို မလိုက်နာတဲ့အတွက် ခုချိန်ထိ official font တွေအဖြစ် အသုံးပြုလို့ မရဘူး။
နောင်လည်း အသုံးပြုနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့်လို့ huawei ဖုန်းတွေမှာ zawgyi font တခါတည်းထည့်ပေးပြီးသားပါ။

facebook နဲ့ news website အသီးသီးမှာ zawgyi font ကိုပဲ တွင်တွင် သုံးနေကြလေတော့
ကိုယ်တွေလည်း မသုံးလို့ မရဘူး။

ကွန်ပျူတာမှာ browser တွေအများကြီး ရှိတဲ့အထဲက mozilla firefox ကိုပဲ စွဲစွဲမြဲမြဲ သုံးလာတယ်။
ပြသနာက ဒီ firefox browser မှာ zawgyi မြန်မာစာလုံးတွေက ယပင့် နဲ့ ရှေ့ထိုး တွေက နေရာ မမှန်တော့ ဖတ်ရတာ အဆင်မပြေဘူး။
စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။

အဲဒီကိစ္စမျိုးကို ဖြေရှင်းဖို့ smart zawgyi pro ဆိုတဲ့ font ရှိတယ်။ သူက android ဖုန်းတွေမှာ အဲလိုမျိုးပြသနာတွေ ဖြေရှင်းဖို့
ထွင်ထားကြတာဖြစ်ပေမယ့် computer မှာလည်း သုံးလို့ရတယ်။

အောက်က link မှာ download ယူလိုက်ပါ။
http://www.mediafire.com/download/6tj2a5vol6c4v5o/SmartZawgyiPro.ttf

ရလာတဲ့ font ကိုဖွင့်ပြီးတော့ install ဆိုတာကို နှိပ်ပါ။
ပြီးရင် mozilla firefox ကိုဖွင့်ပါ။ ညာဖက်အပေါ်ဆုံးမှာ setting icon လေးကိုနှိပ်ပြီးရင် options ကိုထပ်နှိပ်ပါ။




ဗယ်ဖက်မှာ menu tab တွေထဲက Content ကိုရွေးပါ။
အဲဒီမှာ default font နေရာမှာ ခုနက install လုပ်ထားတဲ့ smart zawgyi pro  ကိုရွေးပေးလိုက်ပါ။


ဒါဆိုရင် မြန်မာစာတွေ အမှန်ပေါ်ပါပြီ။



Tuesday, 1 December 2015

Easiest way to install zawgyi on iphone/ipad.

iphone, ipad အသုံးသူများအတွက်
မြန်မာစာ ထည့်နည်းလေး ရေးချင်ပါတယ်။
အတော်လွယ်ကူပါတယ်။

safari ဆိုတဲ့ browser ကိုဖွင့်ပါ။
အဲဒီမှာ shwe.co/zawgyi ဆိုတဲ့ page ကိုရိုက်နှိပ်ပါ။
အဲဒီ page ကိုသွားရင် tab တစ်ခုကျလာပါမယ်။
zawgyi profile ကို install လုပ်မလားဆိုတဲ့ tab ပါ။



install ကို နှိပ်ပါ။ (ဖုန်းကို passcode ခံထားလျှင် passcode ရိုက်နှိပ်ပေးပါ)

ဒီ zawgyi profile ဟာ apple ကုမ္ပဏီက စစ်ဆေးအတည်ပြုထားတာ မဟုတ်တဲ့အတွက်
တကယ်ထည့်မလား ဆိုတဲ့ warning tab ပေါ်လာပါဦးမယ်။ install ဆိုတာကို ရဲရဲကြီး ထပ်နှိပ်လိုက်ပါ။
install နှိပ်ပြီးတာနဲ့ Done ကိုနှိပ်ပါ။ ဒါပါပဲ ဤတွင်ပြီးပါပြီ။ :)
ဖုန်းတစ်ခုလုံး zawgyi font ဖတ်လို့ရပါပြီ။


တကယ်လို့ ဒီ zawgyi profile ကို ပြန်ဖျက်ချင်တယ်ဆိုရင်
setting> general>profile ကိုသွားပြီး ပြန်လည်ဖျက်ပစ်လို့ ရပါတယ်။


တဆက်တည်း စာရေးဖို့ keyboard ထည့်ချင်ရင် appstore မှာ ttkeyboard ဆိုတာကို install လုပ်ပါ။
ပြီးရင် setting>general>keyboard>add new keyboard>ttkeyboard ကိုသွား။
ပြီးရင် keyboardfont တွေ ရွေးချယ်ရပါတယ်။
အဲဒီမှာ zawgyi ကိုသာရွေးချယ်ပါ။ done ကိုနှိပ်ပါ။

စာရိုက်ဖို့ keyboard ပေါ်မှာ ကမ္ဘာလုံးပုံလေးကို နှိပ်ရင် english to myanmar ပြောင်းရိုက်နိုင်ပါပြီ။
တကယ်လို့ မရှင်းရင် မေးပါ။

Saturday, 24 October 2015

မိုဘိုင်းဖုန်းအကြောင်းအထွေထွေ။ ( အောက်တိုဘာ ၂၀၁၅ )


Huawei ရဲ့အားသာချက်
EISA award မှာ Huawei က best consumer smartphone အဖြစ် ၃ နှစ်ဆက်တိုက်ရယူလိုက်တာက huawei အတွက်တော့ ဂုဏ်ယူစရာပါ။
ဆုရတဲ့ model တွေက huawei p6 , p7 , ပြီးတော့ဒီနှစ် p8 ပါ။

Huawei ကတရုတ်ကုမ္ပဏီ မို့ တော်တော်များများက အထင်သေးချင်ကြပါတယ်။
ဒါပေမယ့် ဥရောပအထိ ခြေဆန့်လာနိုင်တဲ့ ဒီတရုတ်ကုမ္ပဏီကို အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
ဒီကလူတွေက smartphone လို့ပြောလိုက်ရင် Samsung နဲ့ apple ဖုန်းတွေကလွဲရင် တခြားဟာတွေဖုန်းလို့မမြင်ကြပါဘူး။ :)

Huawei က aluminium body တွေနဲ့ဖုန်းထုတ်လာသလို ဈေးနှူန်းအားဖြင့်လည်း ကျန်တဲ့ဟာတွေထက် ပိုနည်းလေ့ရှိပါတယ်။စွမ်းဆောင်ရည်က အတော်မြင့်ပါတယ်။
ပြီးတော့ europe ဖက်ရောက်လာတဲ့ဖုန်းတွေက တရုတ် App တွေ ဘာတစ်ခုမှ ထည့်မပေးပါဘူး။

ကျနော်သုံးတာ huawei mate
ကျနော် iphone 4 ကနေ huawei mate ကိုပြောင်းကိုင်တာ ၁ နှစ်လောက်ရှိပါပြီ။ သုံးရတာ ရေနဲ့ဆီလိုပဲ။ :)
ဈေးနှုန်းက iphone 4 က တစ်စ ကြီးနေပါသေးတယ်။
facebook တို့ mail တို့ကိုဖွင့်လိုက်ရင် အတော်စောင့်ရပါတယ်။
 
huawei mate မှာက အတော်မြန်ပါတယ်။ တူညီတဲ့ simcard ကနေ internet သုံးတာပါ။
ဘာကြောင့်ဒီလောက်ကွာတာလဲဆိုတော့
iphone 4 ရဲ့ RAM memory က 512Mb နဲ့ processor အမြန်နှုန်း 1 Ghz ပါ။
huawei mate RAM memory က 2048Mb နဲ့ processor အမြန်နှုန်းက 1.4 Ghz quad core (5.6Ghz)  ပါ။
ဒါကြောင့်အလုပ်လုပ်တာ အရမ်းကွာပါတယ်။
samsung ကနာမည်ကြီးတာဟုတ်ပါတယ်။ သို့သော်ဈေးကြီးပါတယ်။
budget ၂၀၀ ယူရိုလောက်ပဲရှိရင်တော့ huawei ကို အကြံပြုချင်ပါတယ်။
စွမ်းဆောင်ရည်အတော်ကောင်းတဲ့ဖုန်းဝယ်နိုင်ပြီလေ။

zawgyi font အသင့်ထည့်ပြီးသား။
နောက်ထပ် huawei ကို ဝယ်သင့်တဲ့အကြောင်းရှိနေပါသေးတယ်။
ဖုန်းဆိုင်ကိုသွားပြီးတော့ တွေ့သမျှ ဖုန်းတွေလိုက်ကလိပါတယ်။
မြန်မာစာ zawgyi font ကြိုတင်ထည့်ထားပေးတာ huawei ဖုန်းတစ်မျိုးပဲရှိပါတယ်။
samsung တို့ LG တို့ကလည်း မြန်မာစာတော့တခါတည်း ထည့်ပေးထားပါတယ်။ unicode font ပါ။ အသုံးမတွင်ကျယ်သေးပါဘူး။
တစ်နေ့နေ့ unicode font တွေ တွင်ကျယ်လာမှာ အသေအချာပါ။ ဒါပေမယ့် အဲဒီတစ်နေ့က ဘယ်တော့လဲ။
ကျနော် နှစ်သက်တဲ့ huawei ဖုန်းထဲက honor 4x နဲ့ G7 ဖုန်းတွေက ယူရို၂၀၀ ဝန်းကျင်ဆိုတော့ ဈေးအတော်ချိုသလို၊ စွမ်းဆောင်ရည်မြင့်ပါတယ်။ ပိုပြီးထူးခြားတာက android 6.0 ( marshmallow) ကို upgrade လုပ်ခွင့်ရတဲ့ဖုန်းတွေမှာ ဒီဖုန်းနှစ်မျိုးလည်းသီသီကလေးပါလာပါတယ်။ thank you huawei :)

တရုတ်ပြည်မှာဆရာကြီး Xiaomi
တရုတ်ဖုန်းအကြောင်းပြောရင် Xiaomi ဖုန်းတွေလည်းထည့်ရေးရမှာပါ။ တရုတ်ပြည်မှာတော့ top 1 ပါ။ဈေးချိုသလောက်အတော်မြင့်တယ်
xiaomi က ဥရောပနဲ့ အမေရိကားဖက် ကို ဈေးကွက်မချဲ့ထွင်ပါဘူး။ ဘာကြောင့်မှန်းတော့ မသိပါ။

လူဦးရေများတဲ့ brazil နဲ့ india တို့မှာသာ အသားကုန် အခိုင်အမာ ခြေကုပ်ယူထားပါတယ်။
စင်္ကာပူ လိုမျိုးမှာတောင် xiaomi က ရောင်းပေမယ့် လာလိုက်ရင် out of stock(ကုန်) တွေသာများပါတယ်။ ဒါကြောင့်ဈေးကွက်ချဲ့ထွင်ရေး ညံ့တယ်ဆိုရမလား။
Xiaomi က ဥရောပမှာ ရောင်းရင် ထင်သလောက်ဈေးချိုနိုင်မယ် မထင်ဘူး။ အကြောင်းက သယ်ယူပို့ဆောင်တဲ့စရိတ်၊ ကြော်ငြာစရိတ်၊ ဝန်ဆောင်မှု၊ အခွန်အတုပ်တွေနဲ့ပေါင်းလိုက်ရင် သူလည်း ဈေးများလာမှာ။
EISA ရဲ့ အကောင်းဆုံးဖုန်းကင်မရာ အဖြစ် samsung galaxy S6 က ရမယ်ထင်နေတာ။ LG G4 က ရသွားတယ်။ iphone 6 တို့ထက် အများကြီးသာသွားပါတယ်။

Blackberry Priv
နောက်ထပ်စိတ်ဝင်စားစရာက blackberry ဖုန်းတွေလည်း တကျော့ပြန် ဖုန်းလောကထဲကို android OS နဲ့အတူဝင်ရောက်လာပါတော့မယ်။
တချိန်က ခေါင်းမာပြီး ဘူးခံခဲ့တဲ့ကာလအတောအတွင်းမှာ samsung တို့က LG တို့က android နဲ့ပတ်သက်ပြီး အတွေ့အကြုံအများကြီး ရထားတာဆိုတော့
blackberry အနေဖြင့် ယှဉ်နိုင်ပါ့မလား၊ တိုးနိုင်ပါ့မလားဆိုတာ အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။

HTC one (A9)
Htc ကတလောလေးက HTC A9 ပစ္စည်းအသစ်မိတ်ဆက်လာပါတယ်။ စွမ်းဆောင်ရည်အမြင့်ကြီး မထုတ်လုပ်ပါဘူး။
အတော်များများက iphone ကို copy ကူးတယ်ဆိုပြီး ဝေဖန်နေကြပေမယ့် တကယ်တမ်း copy ကူးတာက iphone သာဖြစ်တယ်ဆိုပြီး HTC ပြန်လည်ချေပ ပါတယ်။ မှန်ပါတယ်။
HTC one စတင်ထွက်ရှိတာ ၂၀၁၃ ခုနှစ်ပါ။ iphone 6 ထွက်တာ ၂၀၁၄ မှပါ။
အထူးသဖြင့် ကျောဖက်မှာ antenna နှစ်ကြောင်းကို HTC စတင်ခဲ့တာပါ။
US မှာ htc one A9 ကို ဒေါ်လာ ၄၀၀ နှင့်ရောင်းပေမယ့် ဥရောပမှာ ယူရို ၆၀၀ (ဒေါ်လာ ၆၆၀)  နှင့်ရောင်းချမှာဆိုတော့ အတော်နားမလည်နိုင်ဘူး။

Tuesday, 18 August 2015

အနှစ်သက်ဆုံး App ၅ ခု

ဖုန်းတွေ လူတိုင်းနီးပါး ကိုင်တွယ်နေကြတဲ့ခေတ်မှာ ကိုယ့်လက်ထဲမှာ ရှိတဲ့ ဖုန်းကို ကောင်းကောင်းအသုံးချတတ်ဖို့ အရမ်းအရေးပါ ပါတယ်။
ကျနော်နှစ်သက်တဲ့ app တွေအကြောင်း ရေးချင်ပါတယ်။

၅။ My scans
ဒီဟာကတော့ စာရွက်စာတမ်းတွေကို scan ဖတ်သလိုမျိုး လုပ်ပေးတဲ့ app ပါ။
ထုတ်ပြန်စာတွေ၊ ကြေငြာစာတမ်းတွေ၊ ရုံးစာတွေ ကို အသိတစ်ယောက်ယောက်ကို ပြချင်ရင် ဖုန်းကင်မရာဖြင့် အလွယ်ကူဆုံး ဓါတ်ပုံ ရိုက်ပြီး ပို့လေ့ရှိကြတယ်။
ဒါပေမယ့် အလင်းရောင်ကလည်း နည်း၊ focus ကလည်း မချိန်တတ်တော့ ဖတ်ရသူအဖို့ အတော်ဒုက္ခ ရောက်ပါတယ်။ဒီပြဿနာတွေကို ဖြေရှင်းဖို့ scanner app တစ်ခုခု သုံးပါ။
pdf format လိုမျိုး ကြည်လင်ပြတ်သားတဲ့ စာရွက် စာလုံးတွေကို သေချာ မြင်ရမှာဖြစ်တယ်။
ဒီ app တွေရဲ့အားနည်းချက်က colour တော့ မရပါဘူး။








၎။ zapya
မြန်မာပြည်က လူတွေအားလုံး ရင်းနှီးပြီးသား app ပါ။မြန်မာပြည်ရောက်သွားတုန်းက ဖုန်းထဲမှာ zapya မရှိလို့ဘော်ဒါတွေ အံ့သြနေကြသေးတယ်။ တကယ်တော့ဒီ app ကို မြန်မာပြည်ရောက်သွားမှ သိတာပါ။
ဖုန်းထဲက သီချင်း၊ Video၊ ပုံ နဲ့ app တွေကို ဖြန့်ပေး၊ ဝေမျှပေးတဲ့ app ပါ။ internet အားနည်းသေးတဲ့ မြန်မာပြည်မှာ zapya ကို အဓိက သုံးတာ တော်တော်အဆင်ပြေတာအမှန်ပဲ။
ကျနော်အဓိက သုံးရတဲ့အချက်က ဒီ zapya ကို laptop ထဲမှာ ထည့်ထားပါတယ်။ ဖုန်းနဲ့ရိုက်လာတဲ့ ဓါတ်ပုံတွေကို laptop ထဲမှာ ကူးပြောင်းဖို့ ဒီ zapya ကိုသုံးပါတယ်။ USB ကြိုးတွေ ရှုပ်ထွေးမနေတော့ပါဘူး။
wifi သုံးတာချင်းတူနေတော့ လုပ်ရတာ လွယ်ကူပါတယ်။ laptop ထဲက သီချင်းတွေ၊ video တွေကိုလည်း လွယ်ကူစွာ ဖုန်းထဲကို ကူးပြောင်းပေးပါတယ်။ file transfer လုပ်ရတာ powerfull အဖြစ်ဆုံးတစ်ခုလို့ ဆိုချင်ကါတယ်။
အံ့သြတာက ဒီ app ကို မြန်မာလို သုံးနိုင်တာဖြစ်တယ်။ မြန်မာပြည်မှာ အသုံးများလွန်းလို့ မြန်မာစာ support ပေးထားဟန်တူပါတယ်။

၃။snaptube

ဖုန်းပေါ်မှာ youtube video တွေကြည့်ဖူးကြမှာပါ။ အင်တာနက် အရမ်းစားပါတယ်။ ဒီ youtube ပေါ်မှာရှိတဲ့ video ကို သိမ်းထားချင်ရင် (ဒါမှမဟုတ် ) mp3 အဖြစ်သိမ်းချင်ရင် app တွေအမျိုးမျိုးရှိနေ
ပေမယ့် အသုံးတည့်တာ မရှိပါဘူး။
ဒီ snaptube တမျိုးသာ အကောင်းဆုံးရှိပါတယ်။ လွယ်ကူတယ်၊ မြန်ဆန်တယ်။
ဒီ App ကတော့ google playstore မှာ မရှိပါဘူး။ သူ့ဆိုက်မှာ download လုပ်ပြီး install လုပ်ပါ။ http://www.snaptube.in/
tip အနေနဲ့ wifi ရတုန်း ကြိုက်နှစ်သက်တဲ့ music video ကို mp3 အဖြစ် download ဆွဲပါ။ အပြင် wifi internet မရတဲ့နေရာမှ ခုန download ထားတဲ့ mp3 သီချင်းကို ဇိမ်နဲ့ နားထောင်ပါ။ :)
သတိထားရမယ့်အချက်က high quality audio အဖြစ် download ဆွဲရင် mp3 format မဟုတ်ပဲ m4a format ဖြစ်တဲ့အတွက် custom player နဲ့ဖွင့်နိုင်မှာ မဟုတ်ဘူး။

၂။ snapseed
ဒါကတော့ ဓါတ်ပုံတွေကို effect တွေနဲ့ပြင်တဲ့ app ပါ။ ရှုခင်းပုံတွေကို အဓိက ပြင်နိုင်ပါတယ်။
အရောင်ပိုမို စိုပြေစေဖို့၊ အလင်းအမှောင်တွေ ကအစ အားလုံး ပါဝင်ပါတယ်။
NIK ဆိုတဲ့ကုမ္ပဏီလေးက၂၀၁၁ထဲမှာ ipad app အတွက် စတင်ထုတ်လုပ်ခဲ့ပြီးတော့ အဲဒီနှစ်မှာတင် ipad app of the year ဆိုတဲ့ဆုရရှိခဲ့ပါတယ်။ပြီးမှသာ iphone အတွက် ဆက်လက်ဖြန့်ချိခဲ့တယ်။
၂၀၁၂ မှာ အောင်မြင်နေတဲ့ဒီ app ကို google က ဝယ်ယူပြီးနောက်ပိုင်းမှာတော့ android အတွက် ရရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အခုတော့ Google ရဲ့ထုတ်ကုန်ပေါ့နော်။
windows OS ကွန်ပျူတာတွေအထိ ခြေဆန့်နိုင်တဲ့ဒီ app ကို သုံးကြည့်ဖို့ တိုက်တွန်းပါတယ်။


၁။ Myanmar BIBLES
မြန်မာနိုင်ငံကျမ်းစာအသင်း က ပြုလုပ်ထားတဲ့ app BIBLES  ကို version 2.0 မြှင့်တင်ပေးလိုက်တဲ့အခါမှ အတော်ကောင်းလာပါတယ်။ စကားလုံးလှတယ် ရှင်းတယ်။
မှတ်ထားလို့လည်းရ၊ ရှာချင်တဲ့စကားလုံးလည်း လွယ်လွယ်ရှာလို့ရတော့ အတော်ပြည့်စုံသွားတယ်။


Tuesday, 28 July 2015

Windows 10 intro အနည်းငယ်

microsoft ကုမ္ပဏီရဲ့ နောက်ကွယ်စီးပွားရေး။

windows 8 ထွက်ခဲ့ပြီးကတည်းက microsoft ကုမ္ပဏီအောင်မြင်မှုက အတော်ကျဆင်းတယ်ဆိုရမှာပါ။
နည်းပညာကုမ္ပဏီကြီးတွေက မိုဘိုင်းဖုန်းလောကမှာ ခြေကုပ်ယူပြီး အသည်းအသန် တိုးနေချိန်မှာ
microsoft အနေနဲ့ desktop computer လောကတစ်ခုတည်းနဲ့ ရပ်တည်လို့ မရတော့ဘူးဆိုတာ သိလာဟန်တူပါတယ်။
ဖုန်းအဝယ်များသလောက် ကွန်ပျူတာတွေ အဝယ်နည်းတော့တဲ့ ခေတ်ဖြစ်နေပြီလေ။

ဒါကြောင့် nokia နဲ့ပူးပေါင်းတာ အားမရလို့ ဝယ်လိုက်ပါတယ်။
nokia ဖုန်းထဲမှာ windows OS နဲ့သုံးပြီး lumia ဆိုတဲ့ဖုန်း series နဲ့ ပွဲထုတ်လာခဲ့ပေမယ့်
ဈေးကွက်ထဲမှာတော့ အတော်မျက်နှာပျက်ခဲ့ရသလို အရှုံးတွေသာ တွင်တွင်ရင်ဆိုင်နေရပါတယ်။
ဒီတော့ ဒီ microsoft ဖုန်းတွေအားဖြင့် အောင်မြင်ဖို့က ဖုန်း OS ကောင်းဖို့လည်းလိုလာပါတယ်။

ဒါကြောင့် windows 10 ကို အကောင်းဆုံး တီထွင်ပြီးတော့ ထုတ်လာတာဖြစ်တယ်။
ဒီ windows 10 က Bill Gate ကိုယ်တိုင် microsoft ရဲ့ကမ်းလှမ်းချက်အရ အနည်းအကျဉ်း ဦးဆောင်ပေးပါတယ်။
windows 8.1 ထွက်ပြီးနောက် windows 9 ကိုတီထွင်နေတဲ့အချိန်မှာပဲ အားရစရာ မရှိပါဘူး။
windows 9 ကိုသာ ထုတ်ရင် microsoft ရဲ့ဂုဏ် ကျဆင်းရလောက်အောင် ညံ့နေတဲ့ OS ထင်ပါတယ်။
ဒါကြောင့် ဒီ windows 9 project ကို ဖျက်သိမ်းလိုက်ပြီးတော့ Windows 10 ကို သေသပ်စွာ ထုတ်လုပ်တာဖြစ်ပါတယ်။

ဒီ windows 10 ကို Desktop computer ရော tablet တွေရော phone တွေမှာပါ တွဲသုံးလို့ရအောင် သေချာအကွက်ချထားပါတယ်။
ခုနကရေးတဲ့ microsoft ထုတ်လုပ်မဲ့ ဖုန်းတွေ ပြန်လည်နလံထူနိုင်ဖို့၊ လူကြိုက်များဖို့ဆိုတာ ဒီ windows 10 တစ်ခုမှာပဲ မျော်လင့်ချက် ရှိပါတော့တယ်။
ဒါကြေင့် ဒီ windows 10 က touch screen တွေအတွက် အရေးပေးထုတ်လုပ်တာ ဖြစ်တယ်။
အဲလောက်ဆိုရင် microsoft ရဲ့ဈေးကွက်ချဲ့ထွင်မယ့်အပိုင်း အကြမ်းဖျင်းနားလည်နိုင်ကြမယ်လို့ ယူဆပါတယ်။

machine
ကဲဟုတ်ပါပြီ။ ဒီ windows 10 ကို ၂၉၊ ဇူလိုင်ပွဲထုတ်လာပါတော့မယ်။
ခုကတည်းက online မှာတော့ final build ပြန့်နေပါပြီ။
အသိတစ်ယောက်က ကွန်ပျူတာလိုချင်တယ်ရှာပေးပါဆိုလို့ Dell optiplex 760 အဟောင်းကို ၃၀ ယူရိုနဲ့သွားဝယ်ပါတယ်။

ဒီ PC က ၂၀၀၉ ခုနှစ်ထုတ်၊ စက်ရုံ၊ကုမ္ပဏီတွေ အတွက် အဓိက ထုတ်ထားတာဖြစ်တယ်။
ပုံစံက အတော်ခေတ်နောက်ကျပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကို သိလို့ ဝယ်ထားတာဖြစ်တယ်။
intel Core 2 Duo E7400 2.8 Ghz
2Gb
ဖြုတ်ရတပ်ရ သိပ်လွယ်ကူတဲ့ pc ပါ။ အဖုံးဖွင့်တာ၊ hard disk ၊ DVD drive တွေကို မူလီနဲ့ကြပ်တာ မဟုတ်ဘူး။ အားလုံး plug and play စတိုင်ပါ။
ကလိချင်သူတွေအတွက် ထည့်စဉ်းစားရမယ့် PC မျိုးပါ။
ဒီစက်ထဲမှာ windows 10 ကို usb stick ထဲကနေ clean install လုပ်ပါတယ်။
windows 8 နဲ့မထူးပါဘူး။အရောင်ကစူးစူးဝါးဝါးနဲ့ မျက်စိကိုက်ချင်စရာ။

interface
အထူးပြောင်းလဲတာက start menu ပြန်ပါလာတယ်။
internet ဖွင့်ဖို့ (internet explorer) အစား edge ဆိုပြီးထည့်ထားပေးတယ်။ IE mode သုံးလို့လည်းရတယ်။
ပြီးတော့ windows setting တွေရှုပ်ယှက်ခတ်နေတယ်။
start menu ကတော့ အထူးပြောစရာ မရှိပါဘူး။
edge က နာမည်ကြီးပါတယ်။ အထူးမြန်ပါတယ်။ browser ကအရမ်းအရေးကြီးပါတယ်။
PC သုံးသူတွေ browser မှာလည်း အချိန်ကုန်ကြပါတယ်။ တစက္ကန့်နှေးရင်တောင် စိတ်မရှည်ချင်စရာ။
ဒါကြောင့် edge ကို ဂရုစိုက်ပြီးတော့ သေချာ မွမ်းမံပေးထားပါတယ်။ သုံးစွဲကြည့်သူတိုင်း အတော်နှစ်သက် ကျေနပ်ကြပါတယ်။
ပြဿနာက ဘာလည်းဆိုတော့ အဲဒီကနေစတာ။
Windows 10 မှာ unicode စံချိန်စံနှုန်းမှီ font တစ်မျိုးကို ထည့်ပေးထားပြီးသားပါ။
သဘောက US ရော norway ရော windows pc တိုင်းမှာ မြန်မာစာ တန်းဖတ်နိုင်ပြီလေ။
unicode စံနှုန်းမှီ myanmar3, ပိတောက်၊ ဝင်းမြန်မာ စသည် font တို့နဲ့ရေးသမျှစာတွေ တန်းဖတ်နိုင်တယ်။ ဘာမှ လုပ်စရာမလို။
အောက်က screenshoot ကတော့ unicode font နဲ့ရေးထားတဲ့ website  http://www.phoonuthit.com/ ပဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သားတွေ online လောကမှာ ဇော်ဂျီ font ခေါ် unicode standard မမှီတဲ့ font ကိုပဲ ၈၀% လောက်က သုံးနေသေးတော့
zawgyi font ကို manually ထည့်ပေးနေရတယ်။
အဲဒီအထိတော့ ပြဿနာမရှိသေး။
ကွန်ပျူတာ system ပိုင်း file တွေကိုလည်းနာမည်ပေးရာမှာ zawgyi font နဲ့ရေးထားရင်လည်း ရတယ်။
ပြီးတော့ စာရိုက်ဖို့ keyboard တွေလည်းထည့်တယ်။ windows 8 နဲ့လုပ်ပုံချင်းတထပ်တည်းပဲ။

ဒါပေမယ့် အရေးပါဆုံး internet ကြည့်ဖို့ edge browser ကျမှာမှ မြန်မာစာ(ဇော်ဂျီ)တွေ မပေါ်နိုင်ဘူးဖြစ်နေတယ်။
edit ၊ customize ခွင့်လုံးဝမပေးတဲ့သဘောပါ။ setting တွေက tablet version စတိုင် on off switch လေးတွေနဲ့ဖြစ်နေပြီ။
ဆိုတော့ အရေးပါလှတဲ့ နေရာမှာ မြန်မာစာ zawgyi မမြင်ရတာပြဿနာ။

တတ်တဲ့သူက google chrom ၊ mozilla firefox အသီးသီး သုံးနေရင် ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် လူတိုင်းက မကျွမ်းကျင်နိုင်ဘူးလေ။
ဒါပေမယ့် မြန်မာပြည်က ကျွမ်းကျင်တဲ့သူတွေက မကြာခင် ဖြေရှင်းပေးနိုင်ကြမှာပါ။

နောက်ပြီးတော့ wordpad ဆိုတဲ့ စာရိုက်ဖို့ ပါလာပါတယ်။ office word နီးနီးပါ။ notepad ကို မြှင့်တင်ထားတာ။အတော်အဆင်ပြေမယ့်သဘောပါ။
အတော်ရေးလို့ကောင်းတယ် ဆိုရမှာပါ။ ပေါ့ပေါ့ပါးပါးလေး။

tablet နဲ့ mobile ဖက်ကိုလည်း ဒီ OS ပဲဆိုတော့ journal text ဆိုပြီးပါလာသေးတယ်။
stylus pen သို့ လက်ချောင်းလေးတွေနဲ့လက်ရေးမူနဲ့စာရေးနိုင်မယ့် app ပေါ့။ meeting တွေမှာရော စာရေးတဲ့စတိုင်အတွက် သိပ်မိုက်မှာပါ။
ဒါတွေပါလာပါတယ်။
ပြီးတော့ build in antivirus လည်းပါဝင်ပြီးသားပါ။
ဓါတ်ပုံတွေ edit လုပ်ဖို့ built in ပါလာတာ။ tablet နဲ့  mobile ဖုန်းဆန်ဆန်။

အဆုံးသတ်အနေနဲ့ windows 10 ဟာ ကွန်ပျူတာသမားတွေ အတွက် စမ်းသပ်သုံးရတာ မိုက်ပေမယ့်
သာမန်သုံးမယ့်သူတွေ အတွက်တော့ ဘာမှ သိပ်ထူးမယ် မထင်ပါဘူး။
တကယ်တော့ ဒီ Windows အသစ်မှာ အားလုံးနီးပါး အသစ်အဆန်း ချည်းပါပဲ။
ဒါပေမယ့်လည်း ပုံမှန်လိုသုံးမယ့်သူအတွက်
မက်လောက်စရာ သိပ်မဟုတ်သေးပါဘူး။
မျက်စိအတော်နောက်မယ့် OS ပါ။ microsoft ရဲ့ဈေးကွက် ချဲ့ထွင်တမျိုးသာသာပါ။
windows 7 အမြင်ရိုးရှင်းပြီး သုံးပျော်နေတုန်းပါ။ :)

ပါဘိခ်။

Tuesday, 9 June 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။ ( ၃ )

"မြေနီလမ်းကလေးကို လိုက်ပြီး
ကားကလေးစီးရင် ဖုန်ထလာ
 ဒါဟာလဲ ချင်းပြည်ရဲ့ အလှတစ်ခုပါ။"

ဒီသီချင်းထဲကစာသားအတိုင်းဆိုရင်တော့ ဖုန်ထတာက ကဗျာဆန်သလိုလို၊ ကားသွားတာကလဲ slow motion နဲ့ပဲသွားသလိုလို။ :)
တကယ်တော့လက်တွေ့မှာ တောင်ပေါ်မှာ ကားစီးရတာ မလွယ်လှဘူး။ အမိုးပွင့် hilux ကားတွေမို့ မျက်စိထဲ ဖုန်မဝင်အောင် မျက်မှန်တပ်ထားရတယ်။ ဆံပင်မပေအောင် ဦးထုပ်ဆောင်းရတယ်။ ပါးစပ်စည်းတပ်ထားရတယ်။ အထုပ်တွေ ကို စာလာအိတ်နဲ့ ထုပ်ရသေးတယ်။

ကန်ပက်လက်မြို့။
နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ကိုသိချင်ရင် Passport ကို အသုံးပြုတဲ့အခါ  တန်းသိနိုင်ပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာ့ passport power ranking မှာ နောက်ဆုံးပိတ်အဆင့် ၈၀ မှာရှိနေပါတယ်။
US, UK တို့က အဆင့် ၁။ နယ်သာလန်၊ စင်ကာပူ၊ ဂျပန် တို့က အဆင့် ၄ မှာရှိကြပါတယ်။
 မြန်မာပြည်က ကမ္ဘာ့အလယ်မှာ အဖက်ဖက်မှာ အောက်ကျ နောက်ကျ ကျန်ခဲ့တဲ့ တိုင်းပြည်ပါ။
ဒီတိုင်းပြည်မှာ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်လို့ပြောရင် မမှားပါဘူး။
တက္ကသိုလ်၊ လေဆိပ်၊ ဘူတာ စတဲ့အရာတွေမရှိတဲ့ တစ်ခုတည်းသောပြည်နယ်ပါ။
 အဲ...ဒီပြည်နယ်ထဲမှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အထဲက ကန်ပက်လက်က အဖက်ဖက်မှာ အောက်ကျနောက်ကျတဲ့(အဆင်းရဲဆုံး) မြို့ပါ။ ဒါကြောင့် ကန်ပက်လက်မြို့က အမွှန်းတင်စရာ မရှိလှပါဘူး။ :) ကမ္ဘာ့အဆင်းရဲဆုံးမြို့လို့ ခေါ်ရမလား။
ပထမရလို့ ဝမ်းသာရမလိုလို။ :)


ကျွန်တော် ကန်ပက်လက်ကို ပြန်သွားရတဲ့အကြောင်းက မိသားစုနဲ့တွေ့ဖို့ပါ။
ဒီဇင်ဘာလမှာ ပြန်ရင်ကောင်းပေမယ့် နှင်းထူလို့ လေယာဉ်မထွက်တာမျိုးရှိဖူးတော့ မတ်လမှာ ပြန်ရခြင်းဖြစ်တယ်။
ကန်ပက်လက်နှစ်ခြင်းသာသနာနှစ် ၅၀ ပြည့်ယုဘိလပွဲနှင့် ဘုရားကျောင်းဖွင့်ပွဲတခါတည်း ကြုံသွားတာပေါ့။


 ကန်ပက်လက်မြို့က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၀၀၀ ကျော် မှာရှိတဲ့အတွက် ချင်းတောင်မှာတော့ သိပ်မအေးတဲ့မြို့ပါ။ ဟားခါးမြို့က ၆၀၀၀ ကျော်၊ တီးတိန်မြို့က ၅၀၀၀ အထက် ရှိကြပါတယ်။
အင်္ဂလိပ်ခေတ်က တောင်စခန်းမြို့ငယ်လေးအဖြစ် အပန်းဖြေဖို့ တည်တဲ့မြို့ပါ။
ချင်းတောင်မှာနိုင်ငံခြားဧည့်သည် အများဆုံးမြို့ပါ။ အကြောင်းကတော့ ဝိတိုရိယတောင်ကို တက်ချင်ကြတာရယ်၊ နတ်မတောင်အမျိုးသားဥယျာဉ်ကို လေ့လာချင်ကြလို့ ဖြစ်ပါတယ်။

ဝိတိုရိယတောင်(သို့) ခေါနုသုမ်
ဝိတိုရိယတောင်က အမြင့်ပေ ၁၀၂၀၀ မြင့်ပါတယ်။ Asean နိုင်ငံတွေမှာ ပေ တစ်သောင်းထက်မြင့်ရင် သစ်ပင်တွေသိပ်မပေါက်နိုင်ဘူး လို့ကြားဖူးတယ်။ ဒါပေမယ့်ဝိတိုရိယတောင်က သစ်ပင်ပေါင်းစုံနှင့်ပြည့်နေတယ်။
တောင်ထိပ်ကို ဆိုင်ကယ်နဲ့တက်ကြသေးတယ်။ တစ်နာရီကျော်ကြာပါတယ်။ တောင်ပေါ်မှာ စေတီရှိတယ်။
အမြင့်ဆုံးနေရာတောင်ကုန်းတစ်ခုမှာတော့ လက်ဝါးကားတိုင် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုတ်လှဲခဲ့ပါတယ်။ အာဏာပိုင်တွေက စေတီကိုတော့ မခုတ်လှဲခဲ့တာကိုပဲ ကျေးဇူးတင်ရမလိုလို။ :)
မောင်မောင်နဲ့ကျနော်တောင်ထိပ်တက်ချင်တော့ ဥက္ကဋ္ဌကိုလိန်းအွမ်က လူစုပြီးတက်ကြတာ။
တောင်ပေါ်မှာ ဘာလုပ်တယ်မှတ်လဲ။ နေကြာစေ့နဲ့ အချဉ်ထုပ်စားပြီးပြန်လာကြတယ်။ :)


တောင်ထိပ်ကို တက်ကူတာက အသင်းတော် လူငယ်ဥက္ကဋ္ဌကိုလိန်းအွမ်နဲ့အဖွဲ့ပါ။
သူ့ကိုကွယ်ရာမှာ ရာသက်ပန်လူငယ်ဥက္ကဋ္ဌလို့ နာမည်ပြောင် ပေးကြတယ်။
ကျနော်ကန်ပက်လက်စတင်ရောက်ရှိတဲ့ ၂၀၀၀ ခုနှစ် မှာကတည်းက လူငယ်ဥက္ကဋ္ဌဖြစ်နေပြီ။
ခု ၂၀၁၅ ပြန်ရောက်သွားတော့ ဆရာကြီးက ကလေးနှစ်ယောက်ရနေပြီ။ လူငယ်ဥက္ကဋ္ဌ လုပ်ကောင်းတုန်း။ :)
ကြားထဲမှာ အပြောင်းအလဲ အနည်းအကျဉ်းတော့ရှိတယ်။
ခင်လို့ကောင်းတယ်။သူနဲ့နေရင် အမြဲရီနေရတယ်။


 တဆက်တည်းမိတ်ဆက်ပေးချင်တာက မောင်မောင်။ကျောင်းနေဖက်သူငယ်ချင်း။
သူက ၈တန်းကျောင်းသားလောက်ကတည်းက ချင်းပြည်နယ်လက်ရွေးစင် ဘောလုံးသမား။
နှစ်တို်င်း ဘောလုံးကန်နေတာနဲ့ပဲ အချိန်ကုန်နေသူ။ ဆရာဆရာမတွေက သူ့ကို မဆူရဲကြဘူး။
ကျောင်းနဲ့အနီးဆုံးမှာနေပြီး အမြဲကျောင်းနောက်ကျသူပေါ့။ နောက်ကျတာကိုက သူ့ရဲ့ရိုးရာယဉ်ကျေးမှုလိုဖြစ်နေပြီ။ ချင်းပြည်နယ်လက်ရွေးစင်ဘောလုံးအင်္ကျီ ကျောနံပါတ် ၁၀ ဝတ်ပြီးကျောင်းလာရင်ဖြင့် တစ်ချို့ကျောင်းသူတွေများမှာတော့ စာကို အာရုံမစိုက်ကြတော့ဘူး။ :)
နောက်ပိုင်းတော့ ဟားခါးမြို့ကို ပြောင်းသွားကြပြီ။
သူ့အဖိုး RevဦးCeih kio က ကန်ပက်လက်မြို့နယ်မှာ ပထမဆုံးနှစ်ခြင်းသာသနာပြုသူမို့ ဒီကန်ပက်လက် နှစ်ခြင်း ရွှေရတုယုဘိလသဘင်မှာ သူတို့အဖိုးကိုယ်စား သူတို့မိသားစုကို အထူးတလည်ဂုဏ်ပြုကြတယ်။

ကျေးလက်ဘဝ
ကန်ပက်လက်မြို့နဲ့ အနီးစပ်ဆုံးဆော်လောင်းကျေးရွာကိုလည်း သွားခဲ့တယ်။
NGO အဖွဲ့အစည်းတွေ အမြဲသွားကြတဲ့ကျေးရွာပါ။ တလောက ကမ္ဘာ့ဘဏ်အဖွဲ့ကဆိုလား ကျေးရွာမီးလင်းဖို့ solar ပြားတွေ လာလှူသွားကြသေးတယ်။
ကျနော် NGO အဖွဲ့အစည်း အားလုံးကို လေးစားတယ်။ ဒါပေမယ့် ကမ္ဘာနေရာအသီးသီးကလှူထားတဲ့ ဒေါ်လာသိန်းပေါင်းများစွာနဲ့ NGO တွေဝင်လာရင် သူတို့လုပ်တဲ့ project ထက် တကယ်အကျိုးရှိသွားတာကတော့ သူတို့ ဝန်ထမ်းတွေ ကိုယ်တိုင်ပါ။
ဆက်မရေးတော့ဘူးနော်။ လူမုန်းများမယ်။ :)

ဆော်လောင်းကျေးရွာက အိမ်တအိမ်။

ဆောင်လောင်းကျေးရွာမှာ ချင်းပြည်နယ်မြောက်ပိုင်းဖက်ကနေလာပြီး သာသနာပြုတဲ့ မိသားစုလေးရှိကြတယ်။
သူတို့နေထိုင်တာ ၁၀ နှစ်တောင်ကျော်ပြီ။ ဒီသာသနာက ကလေးမြို့မှာ အခြေစိုက်တဲ့ ဆရာ Do Khup ဦးဆောင်တဲ့ Tear Gospel သာသနာအဖွဲ့က စေလွတ်တာဖြစ်ပါတယ်။ 
သာသနာပြုဆရာ khual ရဲ့ ကလေး ၃ ယောက်၊

အဲရှားရှားပါးပါး ကန်ပက်လက်မှာ ဖုန်းဆိုင်တစ်ဆိုင်လေးရှိတယ်။
ဖေဖော်ဝါရီလကမှ ဖွင့်ထားတဲ့ ဆိုင်တဲ့။
ကန်ပက်လက်မှာ GSM ဖုန်းတွေ အလုပ်မလုပ်သေးပါဘူး။ CDMA ဆိုလား။ အဲတာတွေပဲ အလုပ်လုပ်တယ်။ ခြင်းဖုန်း၊ ပြီးတော့ အင်တင်နာ ဆွဲထုတ်ပြီး ပြောရတဲ့ဖုန်းတွေ။ :)

 ဘုရားကျောင်းဖွင့်ပွဲဆိုတဲ့အတိုင်း KBC အသင်းတော်က အနှစ်နှစ်အလလကတည်းက စုဆောင်းထားတာရယ်၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ နှစ်ခြင်းအသင်းတော်တွေဆီကနေ လှူဒါန်းထားတဲ့အလှူငွေတွေနဲ့ ဆောက်ထားတာဖြစ်ပါတယ်။
သိန်းပေါင်း ၆၀၀ ကျော်ကုန်ကျပါတယ်။ ဒီဇိုင်းကတော့ အသင်းတော်အတွင်းရေးမှူးဦးဒါရ်ဟူးကိုယ်တိုင်ကပဲ ရေးဆွဲထားတာဖြစ်ပါတယ်။

နှစ်ခြင်းသာသနာ ရွှေရတုဓမ္မသဘင်ပွဲမှာတော့ တမြို့နယ်လုံးကနေ လာကြသလို၊ ချင်းပြည်နယ်နေရာအနှံ့ကနေ ကိုယ်စားလှယ်ကြီးတွေလည်း လာကြတယ်။


အောက်ကပုံကတော့KBCအသင်းတော်ဥက္ကဋ္ဌဦးမနားထုံက
 ဆော်လောင်းကျေးရွာကနေ ရောက်ရှိလာတဲ့အမေအိုတစ်ယောက်ကို
 နှုတ်ဆက်ကြိုဆိုနေတာ ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာတော့ တပင်တိုင်သီချင်း၊ သံစုံသီချင်း၊ ပြီးတော့ အမူအရာ ပြိုင်ပွဲတွေလည်း ပြုလုပ်ကြပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ အဓိကအားဖြင့် လူမျိုးနွယ်စု ၄ မျိုးရှိပါတယ်။
သူတို့ရဲ့ရိုးရာအဝတ်အထည်များကို လှပစွာ တွေ့မြင်ရပါတယ်။



အောက်ကပုံထဲမှာ ကရင်ရိုးရာ အဝတ်အထည်လိုမျိုးဂါဝန်အနက်ရောင်က အုပ်ပူး (သို့မဟုတ်) ချင်းပုံ လို့ခေါ်တဲ့ လူမျိုးနွယ်စုတွေရဲ့ ရိုးရာအထည်ပါ။

 ကန်ပက်လက်မှာရေသွယ်တာကလည်း ရီရမလို၊ ငိုရမလိုပဲ။
မြို့တစ်မြို့ဖြစ်နေပေမယ့် ရေရှည်အတွက် ရေကိုလုံလောက်စွာ သုံးစွဲနိုင်အောင် နည်းလမ်းကောင်းတွေ မရှိဟန်တူပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေခွန်လည်း လာကောက်တယ်ကြားတော့ သူ့နေရာနဲ့သူ့ဇာတ်ပါပဲလို့ပြုံးမိတယ်။
 တကယ်တော့ဒီလိုသောက်သုံးရေအတွက် စည်ပင်ကနေ နှစ် ၁၀၀ စီမံကိန်းတွေ ချသင့်တယ်။
ရေထွက်တဲ့နေရာကို ပေ ၃၀ ပတ်လည် သေချာ ကြိုးဝိုင်းနဲ့ ကာသင့်တယ်။
ပြီးတော့ ရေထွက်စေတဲ့ သစ်ပင် များများထပ်စိုက်ပေးသင့်တယ်။
ပြီးတော့ရေလှောင်ကန်ကောင်းကောင်းဆောက်ပြီးရင် အိမ်ခြေ ၅၀၀ လောက်ရှိတဲ့မြို့ကို နည်းစနစ်မှန်ကန်စွာ ပေးဝေနိုင်ပါတယ်။
ဒါပေမယ့်ဗျာ...

ရေတံခွန်များတဲ့ချင်းတောင်
 နောက်တစ်ခုက ကျနော်တို့ကောလောင်းရေတံခွန်သွားကြသေးတယ်။
အုတ်ဖိုရွာနဲ့ မကျောက်အားရွာ ကိုဖြတ်သွားပြီးမှ ရောက်ပါတယ်။
ခေါ်သွားတဲ့သူက သွားဆရာဝန်ပေါက်စ ကွေလျန်ပေါ့။
 ရေတံခွန်သွားတဲ့လမ်းက ကျဉ်းလွန်းတော့ကွေလျန်ကိုယ်တိုင် ကျနော့်ကို မောင်းပြီးတင်သွားပါတယ်။
တောင်စောင်းလေးအတိုင်းဖောက်ထားတဲ့ ၂ ပေမကျယ်တဲ့ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားရတာ အတော်အသည်းယားစရာကောင်းပါတယ်။
လွယ်ထားတဲ့အိတ်ထဲက ကင်မရာထုတ်ဖို့ကိုပင် ကျနော်လက်တုန်နေလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ဘူး။
တစ်ချက်ကလေး မှားတာနဲ့တောင်ခြေကို လှိမ့်ကျသွားမှာ။
ရေတံခွန်ကို ဓါတ်ပုံ ရိုက်ချင်လွန်းလို့သာ သက်စွန့်ဆံဖျားလိုက်လာတာ။ :)
သူ့ရာသီမို့ တစ်တောလုံး စွယ်တော်ပန်းတွေ ပွင့်နေပါတော့တယ်။


နွေရာသီဖြစ်နေပေမယ့် ရေစီးများပါသေးတယ်။ချင်းတောင်ကချောင်းရေ၊ မြစ်ရေတွေက  ရေစီးသန်တယ်။
တောင်ပေါ်က စိမ့်စမ်းရေ သောက်ဖူးသူတိုင်းသိတယ်။
 သောက်လို့မဝနိုင်ဘူး။သန့်တယ်။ ကြည်တယ်။ ဘာအနံ့မှ မရှိဘူး။
စိမ့်ရေကနေချောင်းရေ၊ ချောင်းရေမှ မြစ်ရေ၊ မြစ်ရေကနေ ပင်လယ်အထိစီးဆင်းသွားသလို၊ တို့ဘဝတွေလည်း စိမ့်စမ်းရေတွေလိုပါပဲလား။ စိမ့်စမ်းရေတွေရှိတဲ့ချင်းတောင်ကနေမှ အဆုံးမရှိတဲ့ပင်လယ်ကြီးလို ဟိုးအဝေးကြီးဆီကို။

ဤမျှနှင့်သာ...