ဒီနေ့ Apple worldwide developer conference ပြုလုပ်တာကို ကွန်ပျူတာကနေ live ကြည့်ဖြစ်တယ်။
ပစ္စည်းထုတ်ကုန် သစ်တော့မပါဘူး။ထုံးစံအတိုင်း software ပိုင်းကိုပဲ အရင်ထုတ်ပြတယ်။
apple computer တွေရဲ့ Mac OS အသစ်
10.10
Yosemite ကိုပြတယ်။ အထူးသဖြင့် Mac OS နဲ့ iph
one တွေ တွဲဖက်အလုပ်လုပ်ဖို့ ပြင်ဆင်ထားတယ်။
ဒီမှာ နည်းနည်းပြန်ကြည့်ပါ။
https://www.youtube.com/watch?v=YxiY_O8d-Pw
https://www.youtube.com/watch?
Gadget ခေတ်ဖြစ်တဲ့အလျာက် microsoft က windows 8 ကို Tablet နဲ့ mobile
phone တွေကို ခြေဆန့်လာသလို apple ကလည်း mac os နဲ့ Ios
တွေကိုတွဲဖက်ပေးလိုက်တယ်။ phone လာရင်
ipad or mac computer တွေကနေပြောလို့ရတယ်။
ipod၊ iphone၊ ipad တွေရဲ့ Operating system 8 ထုတ်ပြသွားတယ်။ Ios 7 တောင် အသားမကျသေးသူများသေး။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထူးအလေးပေးထားတယ်။ သွေးပေါင်ချိန်တိုင်းတာတွေ၊ ဆရာဝန်တွေဆီ auto ချိတ်ပေးတာတွေ၊
ပြီးတော့
developer အတွက် အထူးပြုလုပ်ပေးထားတယ်။ ခြုံပြောရရင် ကိုယ်တွေအတွက်
အလုပ်မဖြစ်ပါဘူး။ ihealth ဆိုတာကလည်း entertainment သာသာပဲရှိအုံးမှာပါ။
ကိုယ်တို့စိတ်ဝင်စားတာက
august လလောက်မှပွဲထုတ်မယ့် device တွေပါ။ iphone 5s ကလက်ရှိ iphone
ရဲ့အမြင့်ဆုံး 4 inch screen နဲ့ပါ။ iphone 6 ထွက်ရင် 4.7 inch ရယ် 5.5
inch ရယ် နှစ်မျိုးထွက်မယ်လို့ သတင်းထွက်နေတယ်။
စိတ်ဝင်စားရင် ဒီမှာ ဆက်ကြည့်လိုက်ပါ။ http://www.macrumors.com/roundup/iphone-6/
samsung ဖက်ကို သွားရအောင်။ Android နဲ့တွဲဖက်ပြီးအောင်မြင်တာအားမရသေးဘူး။
သူ့ရဲ့ stock app တွေများလွန်းလို့ google ကတောင်သတိပေးနေရတယ်။ သူ့ရဲ့
tizen OS ခေါ်samsung ရဲ့ ကိုယ်ပိုင် OS နဲ့ samsung Z
ဆိုတဲ့ဖုန်းနဲ့ခြေဆန့်လာပြန်ပါတယ်။
HTC ရဲ့ CEO မြန်မာပြည်ကိုသွားပြီးနောက်ပိုင်း HTC ဖုန်းတွေမှာ မြန်မာစာပါလာပြီးသားဖုန်းတွေထွက်ပါတယ်။လူကြိုက်များတဲ့ samsung ကော၊?? samsung ကမြန်မာပြည်အတွက် မထုတ်သေးဘူး ထင်တယ်။ (ကျွန်တော်မသိလိုက်တာလား။)
ထိုင်းနိုင်ငံအတွက် ထုတ်တဲ့ samsung android ဖုန်းတွေမှာ မြန်မာစာစနစ်ထည့်ပေးထားပါတယ်။
android ကိုဘာကြောင့် root?
လူဖြူတွေက root လုပ်တာဖုန်း system ကို ထိုးဖောက်ဝင်ကလိဖို့၊ app တွေကို ငွေမပေးပဲ ထည့်ချင်လို့၊
ကိုယ်တို့ မြန်မာပြည်သားတွေက ဘာကြောင့် root လုပ်လဲဆိုတော့ မြန်မာစာဖတ်လို့ရအောင်၊ ရေးလို့ရအောင်သက်သက်ပဲ။
root လုပ်ရတာ လက်ဝင်ပါတယ်။ လက်မဝင်စေချင်ရင် framaroot, root genius, kingo , vroot ဆိုတာတွေ လေ့လာနိုင်ပါတယ်။
root လုပ်ပြီးတော့ မြန်မာစာတွေထည့်တာအဆင်ပြေသွားတယ်။ ဒါနဲ့ Samsung Zawgyi Enabler ဆိုတဲ့ app ကိုထည့်တယ်။
သူက phone system တစ်ခုလုံးကို မြန်မာစာပြောင်းပေးတာ။ setting မှာ language ကိုသွားပြီးတော့ burmese ဆိုတာရွေးလိုက်တယ်။
စကားလုံးတွေ အရမ်းရီချင်သွားတယ်။
software =အပျော့ထည်။
bluetooth =ဘလူးတုသ်
application manager= အပလီကေးရှင်း မန်နေဂျာ
ကိရိယာ ကိုလည်းမြုပ်ထားပါဆိုပဲ။ :D :D
englsih လိုခက်လို့ မြန်မာလိုသုံးပါတယ်ဆိုမှ ပိုခက်နေပြီ။
အောက်မှာ screenshoot။
(ဒီ s4 ဖုန်းကကိုယ့်ဖုန်းမဟုတ်ဘူးနော်။ သူများဖုန်းခဏကလိတာ :) )
ကဲအားလုံးကို ခင်မင်လျက်
ပါဘိခ်။
Pa bik lautu.
No comments:
Post a Comment