Monday, 16 June 2014

ကျွန်တော်နဲ့ Printer.

လွန်ခဲ့တဲ့ ၇ နှစ်လောက်က Canon Pixma MP210 ဆိုတဲ့ all in one printer တစ်လုံးဝယ်ပါတယ်။
print ထုတ်တာရယ်၊ copy ကူးတာရယ်၊ Scan ဆွဲတာရယ်ရလို့ All in one ဆိုပြီးမှည့်ခေါ်တာပါ။
ဆေးအဖြစ် ink cartridge လို့ခေါ်တဲ့ မှင်ဆေးရည်တွေကို သုံးပါတယ်။
colour printer ဖြစ်တဲ့အားလျော်စွာ ဓါတ်ပုံတွေကိုလည်း print ထုတ်လို့ရပါတယ်။


canon mp210 အားနည်းချက်။
wireless (ကြိုးမဲ့ ) printing မရတာ။
ink (ဆေးရည်) ဈေးင်္ကြီးတာ။ colour နဲ့ black ink cartridge ဝယ်ရင် ယူရို ၂၀+၂၀= ၄၀ လောက်ကိုကျပါတယ်။ စာရွက် ၂၀၀ ကျော်မှ ၃၀၀ လောက်ပေါ့နော်။
ဆိုတော့ အဓိက ကတော့ wireless မရတာ ကျွန်တော့်အတွက်ပြသနာဖြစ်နေတယ်။
Canon ရဲ့ original မဟုတ်တဲ့ refill ink တွေဝယ်ရင်လည်း printer ကမသိဘူး။
ဆိုတော့ printer အသစ်တစ်လုံးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူများအိမ်မှာ ကွန်ပျူတာတွေ ပြင်ပေးရင်းနဲ့ printer တော်တော်များများစမ်းသပ်ခွင့်ရခဲ့တယ်။
hp printer တွေကိုတော့နှစ်သက်တယ်။ start up မြန်တာ၊ wireless install နည်းလွယ်ကူတာ၊ refill ink တွေနဲ့ အဆင်ပြေတာတွေကိုနှစ်သက်တယ်။
ဒါပေမယ့် ink cartridge တွေကိုတော့ နည်းနည်းကြောက်မိသား။

တစ်ဖက်မှာ laser printer တွေဈေးအတော်ချိုလာတာရော၊ အိမ်သုံးအဖြစ်လည်းအတော်တွင်ကျယ်လာတယ်။
laser printer တွေက ink ကိုမသုံးဘူး။ အမှုန့်တွေကိုသုံးတယ်။ toner လို့ခေါ်တယ်။
laser printer နဲ့ inkjet printer တွေခြားနားချက်က ဈေးနှုန်းဖြစ်တယ်။
ူlaser က printer ဈေးကြီးတယ်။ toner ဈေးချိုတယ်။
inkjet က printer ဈေးချိုတယ်။ ink cartridge ဈေးကြီးတယ်။
ဒီခေတ်တွေမှာ laser printer တွေက ဈေးလည်းသိပ်မကြီးတော့ဘူးဆိုတော့ laser printer ကိုပဲဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
wireless ရရမယ်။
colour လုံးဝမလိုအပ်။
LAN connection ခေါ် internet cable ကြိုးတွေမလိုအပ်။
(printer အားလုံး USB cable ကြိုးနဲ့ မဖြစ်မနေအလုပ်လုပ်ပါတယ်)။
ဟုတ်ပြီ၊ လိုချင်တာတော့သိပြီ။ ဒီနေရာမှာ all in one laser printer လား only printer လားဆိုတာဒွိဟဖြစ်နေတယ်။
ကျွန်တော်ရှာကြည့်လိုက်တော့
brother HL-2135W (only printer ) နဲ့ brother DCP-7055W (all in one printer) နှစ်ခုသွားတွေ့တယ်။




2135w ကတော့ ၈၀ လောက်၊ 7055W ကတော့ ၁၁၅ လောက်။
ကဲကျွန်တော် ဘယ်ဟာဝယ်သင့်လဲ။
သူများတွေလိုအပ်ရင်လည်း သုံးလို့ရအောင် all in one (brother DCP-7055W) ကိုပဲရွေးလိုက်တယ်။
ကောင်းတာက ဆေး toner ပါလာပြီးသား။ စာရွက် 700 လောက်ထုတ်လို့ရတယ်။



စာရွက် ၂၅၀ ထည့်လို့ရတဲ့ tray ကအောက်ခံပြားပေါ့။
ဆေး toner ကုန်သွားရင်  အသစ်၂၂ ယူရိုလောက်နဲ့ စာရွက် ၁၅၀၀ လောက်ထုတ်လို့ရတယ်။
ဒီမှာ လေ့လာလို့ရပါတယ်။
ပြီးတော့ ဘာသာစကား ၃ မျိုးရွေးချယ်လို့ရတဲ့ menu board ပြား ပါသေးတယ်။


အားနည်းချက်ဆိုလို့ အထဲက ပန်ကာလည်နေတဲ့အသံ သဲ့သဲ့ကလေးကြားရတာရယ်။ မြင့်တဲ့အတွက်နေရာစားမှာရယ်။
ဘာပဲဖြစ်ဖြစ်လိုနေတဲ့အချိန်မှာ သေချာလေ့လာပြီးတော့ ဝယ်ယူနိုင်တဲ့အတွက် စိတ်ချမ်းသာနေတာကတော့ အမြတ်ပေါ့နော်
တကယ်လို့ ကျွန်တော့်ကို အကြံဥာဏ်တောင်းလာရင် brother HL-2135W ကိုပဲ ဝယ်ယူပါလို့ အကြံပေးမှာပါ။
model number ရဲ့နောက်ဆုံးက W ကိုသတိပြုပါ။

canon printer အဟောင်းလေးကိုတော့ usb stick နဲ့အလှဲအလယ်လုပ်ဖို့ စဉ်းစားထားတယ်။
ပြီးတော့ ဆေး ink ဗူးခွံတွေကိုလည်း handyman ဆိုင်မှာ ၁ခုကို ၁ယူရိုနှုန်းနဲ့သွားပြန်ရောင်းမယ်။ ရလာတဲ့ပိုက်ပိုက်နဲ့ usb stick ဝယ်အုံးမှာ။ ဟီး
တကယ်တော့လောကမှာ ငွေရေးကြေးရေးကအဓိကမဟုတ်ပါဘူး။ ပိုက်ဆံကသာအဓိကပါ။ ဟဲဟဲ။ နောက်တာပါ။

အားလုံးကိုပို၍ တတ်သိနားလည်နိုင်သောအခွင့်ဘုရားရှင်ချပေးပါစေ။
ပါဘိခ်။

No comments:

Post a Comment