Saturday, 9 October 2021

စျေးအနည်းဆုံးဖြင့် ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

 

စျေးအနည်းဆုံးဖြင့်  ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

ကွန်ပျူတာလောကမှာတော့ အဟောင်းတွေ အသစ်တွေ ဆိုတာထက် စွမ်းဆောင်ရည် ဘယ်လောက်ကောင်းလဲ ဆိုတာ အရေးကြီးပါတယ်။
လက်ရှိကျတော်သုံးနေတဲ့ကွန်ပျူတာက ယူရို ၂၂၀ တန်နဲ့ used laptop လေးဝယ်ထားတာကိုပဲ သုံးဖြစ်ပါတယ်။
မကုန်သင့်ပဲ ကုန်မှာကို နှမြောတာရယ်။ အခြားနေရာမှာ ပိုသုံးချင်တာရယ် အဟောင်းလေးနဲ့ပဲ ကျေနပ်နေတာ။

outube video တွေမှာ ယူရိုငွေ ၁၀၀ နဲ့ pc တစ်လုံးရအောင် ဘယ်လိုတပ်ဆင်ကြတယ်ဆိုတဲ့ video တွေကိုလည်း ကြည့်ဖြစ်ပါတယ်။
ပြီးတော့ ဆိုင်တွေမှာ အနိမ့်ဆုံး celeron CPU, Pentium CPU တွေနဲ့ ကွန်ပျူတာတွေဟာ ယူရို ၄၀၀ မှ ၅၀၀ လောက်ပေးနေရတော့ လုံးဝမကိုက်ပါဘူး။
ဒါကြောင့် အဲဒါထက် အလုပ်ပိုလုပ်နိုင်မယ့် pc တစ်လုံးကို ယူရို ၁၀၀ လေးနဲ့ တပ်ဆင်ကြည့်ချင်ပါတယ်။

 CPU ရွေးချယ်ခြင်း။
intel ကုမ္ပဏီထုတ်တဲ့ core i အမျိုးစားထဲက ရွေးချယ်စရာ နှစ်ခု သွားတွေ့ပါတယ်။ CPU က pc တစ်လုံးရဲ့ အသက်ပဲ။
core i3 လား ။ core i5 လား။

Core i3 က core 2 /thread 4
စျေးချိုတယ်။

Core i5 က core 4/thread 4
စျေးကြီးတယ်။

ရွေးချယ်စရာကတော့ low budget ဖြစ်တဲ့အတွက် core i3 ကို ရွေးချယ်တယ်။
core i3 မှာ ရွေးချယ်စရာ ၁၀ မျိုးရှိတယ်။ ဟိုက် များလှချည်လား။
လွယ်ပါတယ်။ core i3 first generation ကနေ 10th generation အထိ ထွက်တာရှိတယ်။
တစ်နှစ်တစ်ခါနှုန်းနီးပါး ထွက်တာပေါ့။
 
 
လက်ရှိ စျေးကွက်ထဲမှာ တွေ့ရများပြီး popular ဖြစ်တာဆိုရင် intel core i3-8300 ( 8th generation ) CPU ဖြစ်ပါတယ်။
စျေးနှုန်းအားဖြင့် ယူရို ၁၂၀ ပတ်ဝန်းကျင်ရှိတယ်။
ကျနော်က core i3-4130 ( 4th generation) ကို ရွေးချယ်ပါတယ်။ ထွက်တာတော့ ကြာလှပါပြီ။  used ကို ယူရို ၂၂ နဲ့ပေးဝယ်ပါတယ်။
အခြားတစ်ယောက်က core ပိုများတဲ့ core i5- 2400 (2nd generation) ကို ယူရို ၂၀ နဲ့ရောင်းပါတယ်။
 

ဒီနေရာမှာ ကျတော် ဘာကြောင့် core-i3 ကို ရွေးချယ်ရလဲဆိုတော့ CPU ပေါ်မှာ built in graphic chip ထည့်ထားပြီးသားဖြစ်တယ်။
CPU မြင့်လေ graphic chip လည်း မြင့်လေဖြစ်တယ်။ core i3-4130 က CPU နိမ့်ပေမယ့် Graphic chip မြင့်ပါတယ်။
သဘောက ရှေ့ကနေလည်း ဆွဲမယ်။ နောက်ကနေလည်း တွန်းပေးမယ်။

core i5-2400 ကကျတော့ CPU တော်တော်အားရှိပေမယ့် သူ့ graphic chip နိမ့်တယ်။
ကျတော်တပ်ဆင်မယ့် PC က အိမ်သုံး၊ ရုံးသုံးအဆင့်လေးဖြစ်တဲ့အတွက် on board graphic chip လေးကိုပဲ အားကိုးမှာ။
graphic card တွေကို ထပ်ဝယ်ပြီး တပ်မှာ မဟုတ်ဘူး။

ဒီနေရာမှာ အငြင်းပွားစရာက ဘာကြောင့် core i5 မရွေးတာလဲပေါ့။
core i5-2400 ရဲ့ on board graphic chip ကနိမ့်လွန်းတာကတစ်ကြောင်း၊ အနာဂတ်မှာ graphic card ဝယ်ထည့်စရာ အကြောင်းမရှိတာကြောင့်ပါ။

CPU ကိစ္စကို သေချာစဉ်းစားပြီးပြီဆိုတော့ motherboard ကိုရွေးချယ်ရတော့မယ်။
motherboard ကိုကျတော့ မဖြစ်မနေ intel socket 1150 ဆိုတဲ့ motherboard တစ်မျိုးကိုပဲ ရွေးချယ်ခွင့်ရှိတယ်။
အဓိပ္ပါယ်က intel CPU 4th generation တွေကိုပဲ လည်ပတ်မောင်းနှင် တပ်ဆင်နိုင်တဲ့ motherboard။
မှားလို့မရဘူး။ မှားသွားရင် power on လို့ရမှာမဟုတ်ဘူး။
MSI ကုမ္ပဏီထုတ် motherboard ကို ရွေးချယ်တယ်။
ပြီးတော့ HDMI port ပါတယ်။ အရေးပေါ်လို့ TV နဲ့ ချိတ်ချင်ရင် တန်းရမယ်။ ပြီးတော့ ခေတ်သစ် monitor တွေမှာ HDMI တွေကိုပဲ တွင်တွင်ကျယ်ကျယ်သုံးကြတာဆိုတော့
ပိုသင့်တော်တယ်။ အားသားချက်က USB 3.0 ၄ ပေါက်ပါတယ်။  ဒီ motherboard ကို ၂၀ နဲ့ဝယ်တယ်။

memory ကိုကျတော့ aliexpress တရုတ် website မှာ မှာတယ်။ 4GB ကို ၁၀ ပေးရတယ်။
hard disk drive တွေက ဒီခေတ်မှာ နှေးလွန်းနေပြီ၊ SSD drive တွေကိုပဲ သုံးချင်တယ်။ 120GB ကို ၁၅ ယူရိုပေးတယ်။
power ကိုကျ 400W ကို ၁၀ နဲ့ရလာခဲ့တယ်။

ဝယ်လာတာတွေ စာရင်းလုပ်ကြည့်ရအောင်။

ဒီနေရာမှာ computer casing ဝယ်ဖို့ လိုနေပါသေးတယ်။
ကျတော်ကတော့ ထည့်မတွက်တော့ပါဘူး။ ၁၅ ယူရိုလောက် ပိုနေပါသေးတယ်။
 windows key ကို တရားဝင် key ဝယ်ဖြစ်ပါတယ်။ ၇ ယူရိုကျပါတယ်။
ပြီးတော့ microsoft office professional plus 2016 key ကိုလည်း ၇ ယူရိုနဲ့ဝယ်ပါတယ်။
(ခါတိုင်းကျတော်က pirate software တွေ သုံးနေကျလေ)

ဝယ်ထားတဲ့ စက်ကိရိယာအားလုံးကို အကြမ်းဖျင်း တပ်ဆင်ပြီးတော့
လိုအပ်တဲ့ software အားလုံးကို ထည့်ပါတယ်။
အလုပ်လုပ်တာ အတော်မြန်ဆန်ပြီး အသုံးပြုရတာ အတော်ချောမွေ့ပါတယ်။
အားလုံးက ready ဖြစ်နေပါပြီ။ ဒီကွန်ပျူတာကို ကန်ပက်လက်မြို့က KTBA ( ကန်ပက်လက်မြို့နယ် နှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့)
ကို လှူဒါန်းပါတယ်။
 

 သူများက လှောင်ရီကောင်း လှောင်ရီပါလိမ့်မယ်။
လေးတဲ့ power ကြီးကိုပဲ နယ်သာလန်မှာ ထားခဲ့ပြီး ကျန်တာတွေ အားလုံး ကန်ပက်လက်ကို အရောက်သယ်သွားပါတယ်။
ကန်ပက်လက် ရှိနှင့်ပြီးသား PC အဟောင်းထဲက pc casing နဲ့ power ကို ပြန်သုံးတယ်။

ဒီ PC က used part တွေနဲ့ ဖွဲ့စည်းထားပေမယ့် မနိမ့်ပါဘူး။
နှစ်တွေအကြာကြီး ကောင်းကေင်းသုံးလို့ရနေမှာပါ။
ပြီးတော့ အရင်က  KTBA မှာသုံးနေတဲ့ တစ်လုံးတည်းသော PC ကလည်း အတော်နိမ့်နေပါတယ်။
ကန်ပက်လက်ရောက်တိုင်း သွားသွားပြင်ပေးနေကျပါ။ ကျတော်မရှိတုန်း ပျက်သွားလို့ ဆိုပြီး မန္တလေး၊ ပခုက္ကူကို ပို့ရင်  ၅သောင်းမှ ၇ သောင်း တောင်းလေ့ရှိကြပါတယ်။
ဒါကြောင့် အဲတာမျိုးမရှိတော့အောင် တခါတည်း အပြီး သေချာတဲ့ Pc ကို ပေးလိုက်တာ။ အမှန်တော့ လှူတယ်ဆိုတဲ့ အသုံးအနှုန်း မသုံးရဲဘူး။

KTBA က ၂၅ နှစ်ပြည့် ယုဘိလပွဲကျင်းပနေတော့ pc ကို တော်တော်နဲ့မဆင်ဖြစ်ဘူး။
ပစ္စည်းတွေကို စာရေး ရဲ့ ခုံပေါ်မှာတင်ထားလိုက်တာ။ ၅ ရက်လောက်ကြာပြီးမှ ပြန်ကြည့်တော့ ကလေးတွေက ဆော့စရာထင်ပြီး ဆော့ကြတာထင်တယ်။
SSD drive ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ပွဲကာလမို့ ကလေးတွေ အဝင်အထွက် အတော်များတာကို ဂရုမစိုက်မိဘူး။

မင်းတပ်မြို့ရောက်တုန်း တဆိုင်ပြီးတဆိုင် ဝင်မေးတယ်။ အဲဒါမျိုး မင်းတပ်မှာ မရောင်းဘူးတဲ့။
ရန်ကုန်ကနေ လာမယ့် ညီလေးကို လှမ်းမှာတော့ SSD drive 256 GB ကို ခုနှစ်သောင်း ကျမယ်တဲ့၊ စျေးများလွန်းတယ် မဝယ်လာပါနဲ့လို့ ပြန်လှမ်းမှာတယ်။


မထူးပါဘူးဆိုပြီး ကျတော့် laptop မှာသုံးနေတဲ့ SSD drive 240 GB ကို format ( အကုန်ဖျက်ချ) ပြီးတော့ ဖြုတ်၊ KTBA PC အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်နဲ့
လှူလက်စနဲ့ ထပ်လှူလိုက်တယ်။ windows ပြန်တင်၊ office ပြန်ထည့်၊ motherboard driver တွေ ပြန်ထည့်နဲ့ အလုပ်တစ်ခါ များသွားရတယ်။
memory ကိုလည်း ဝယ်တုန်းက စျေးချိုလို့ဆိုပြီး 4 GB နှစ်ချောင်းဝယ်ထားတော့ စုစုပေါင်း  8GB စိုက်ထားလိုက်ပါသေးတယ်။

KTBA ရုံးရဲ့ GS ဆီမှာလည်း သေချာရှင်းပြပြီးတော့ ဒါလေးကို ဒီလိုလုပ်ပေးမယ် လက်ခံနိုင်မလား၊ ခွင့်ပြုပေးမလား ဆိုတော့
အရမ်းကျေးဇူးတင်ပါတယ်တဲ့။ ကျတော်တို့က ကွန်ပျူတာအကြောင်း ဘာမှ နားမလည်ဘူးတဲ့။
ကျတော့်ရဲ့ မပြောစလောက် ပညာလေးကို သဲတစ်ပွင့်လေးပမာ ပါဝင်ခွင့်ပေးတဲ့ KTBA ရုံးဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

စျေးနှုန်းကတော့ မနှစ်က ၂၀၁၉ ခုနှစ် မတ်လ ပတ်ဝန်းကျင်တုန်းက ဝယ်ယူစုဆောင်းထားထာဖြစ်တယ်။
ဒီချိန်မှာ ဒီထက် ပိုပြီး စျေးချိုသွားနိုင်ပါတယ်။
budget နည်းနည်း ယူရို ၁၀၀ နဲ့  pc ကောင်းတစ်လုံး ဆင်လို့ရတယ်ဆိုတဲ့ message ပေးချင်တာရယ်၊
အလေလွင့်မရှိရလေအောင် ခက်ခဲတဲ့ ရုံးတွေ၊ အသင်းအဖွဲ့တွေကိုလည်း လှူလိုက်တော့ အကျိုးလည်းပိုရှိသွားတာပေါ့ဗျာ။


လေးစားလျက်
ပါဘိခ်။



 

No comments:

Post a Comment