Thursday 14 October 2021

windows 11 စမ်းသပ်ကြည့်ခြင်း။ ( tutorial )

 weekend မှာတော့ အကြာကြီးစောင့်နေခဲ့ရတဲ့ windows 11 ကို ကလိခွင့် ရခဲ့ပါတယ်။

ပြောထားသလိုပဲ computer အမြင့်ပိုင်းမှာပဲ install လုပ်ခွင့်ပေးထားတာဖြစ်တယ်။
computer အမြင့်ပိုင်းသုံးသူတွေအတွက် ဘာမှ ပြသနာမရှိပေမယ့် ကျွန်တော့်လို ကွန်ပျူတာအမြင့် ဝယ်မသုံးနိုင်တဲ့ ငမွဲတွေအတွက်တော့ ကသိကအောင့် ဖြစ်ရပါတယ်။

ဒီလိုနဲ့ youtube မှာ လိုက်ကြည့်ပါတယ်။ windows 11 ကို computer အဟောင်းတွေမှာ ဘယ်လို မလှိမ့်တပတ် ထည့်ရမလဲဆိုတာ။
နည်းလမ်းမျိုးစုံနဲ့ ထည့်သုံးကြပါတယ်။ အားလုံးကလည်း အဆင်ပြေနေတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း သူတို့တွေ လုပ်ပြတဲ့ နည်းလမ်းတွေက ရှုပ်ထွေးကုန်တာပါပဲ။
သူတို့လုပ်ပြတဲ့ နည်းလမ်းတွေကို သဘောမကျဘူး။

ဒါကြောင့် လွယ်ကူမယ့်နည်းလမ်းကို  ကိုယ့်နည်းကိုယ့်ဟန် စဉ်းစားကြည့်ပြီး လုပ်ကြည့်တာ အောင်မြင်သွားတယ်။
microsoft ရဲ့အားနည်းချက်က သူတို့ ထုတ်လုပ်လိုက်တဲ့ windows 11 ဟာ windows 10 ကို အပေါ်ယံလေး ပြုပြင်မွမ်းမံထားတာဖြစ်တယ်
ဒါကြောင့် ကိုယ်တွေကလည်း မလှိမ့်တပတ် လုပ်ရတာ အတော်လွယ်ကူသွားတယ်။

ကွန်ပျူတာသမားတိုင်း လုပ်နေကျနည်းလမ်းရှိတယ်။
windows 10 ISO ကို USB stick ထဲကို ထည့်။
ဒီအတိုင်း copy / pate လုပ်တာမဟုတ်ပါ။
bootable windows 10 USB stick ဖြစ်အောင် software တစ်ခုခုနဲ့ ထည့်တာ။
ပြီးရင် အဲဒီ USB stick ထဲက sources / install.esd ကို ဖျက်လိုက်တယ်။ 3.5 GB လောက်ကို ရှိတယ်။ windows 10 ရဲ့အဓိက main file ကြီးပေါ့။

ပြီးတော့ windows 11 ISO အခွေ ကို microsoft website ကနေ download ဆွဲရမယ်။ https://www.microsoft.com/en-us/software-download/windows11
download ဆွဲမယ်ဆိုရင် သူက option သုံးခုပေးမယ်။
Windows 11 Installation Assistant
Create Windows 11 Installation Media
Download Windows 11 Disk Image (ISO)


ဒီသုံးမျိုးထဲက Create Windows 11 Installation Media နည်းလမ်းအတိုင်းပဲ download ဆွဲရမယ်။
ဒါမှသာ file size က ကျုံ့သွားမှာဖြစ်တယ်။ download ဆွဲပြီးသွားရင် အဲဒီ ISO ဖိုင်ထဲက sources / install.esd ကို copy ယူ။
ပြီးတော့ windows 10 bootable USB stick ထဲမှာ paste။ (ခုနက ဖျက်ခဲ့တဲ့နေရာ)။

သဘောက windows 10 ဖိုင်နေရာကို windows 11 ဖိုင်နဲ့ အစားထိုးလိုက်တာ။
computer ထဲကို windows 10 ထည့်တဲ့ပုံစံအတိုင်း တဆင့်ချင်း ထည့်သွားလိုက်ယုံပဲ။
ဒီထက်လွယ်မယ့်နည်းလမ်း မရှိလောက်ဘူး။

windows လည်း အလိုလို activated ဖြစ်တယ်။ အဆင်မပြေမှု ဘာမှ မရှိဘူး။
ဒီနည်းလမ်းအတိုင်း   အိမ်က laptop နှစ်ခုကို စမ်းတယ်။
တစ်ခုကို clean install လုပ်တယ်။
နောက်တစ်ခုကို windows 10 ကနေ 11 ကို upgrade လုပ်တာရတယ်။


ဒီအရာတွေက
windows 11 ကို ထည့်သုံးလို့ မရတဲ့ computer မှာ မရမက ထည့်သုံးတာဖြစ်တယ်။
ဒီတော့ microsoft က ကျတော်တို့ကို ဘယ်လို ပြန်နှိပ်ကွက်မလဲ။
ဖြစ်နိုင်ခြေက  windows update support မရမက ပိတ်နိုင်တယ်။
activated ဖြစ်ပြီးသား windows keys ကို deactivated ပြန်လုပ်နိုင်တယ်။
အခြားအခြားသော ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်။

ဘာမှမဖြစ်တာလည်း ဖြစ်နိုင်တာပဲလေ။

ဒါပေမယ့် မမှုပါဘူး။
အကြောင်းက နောက်နှစ်အနည်းငယ်မှာလည်း windows 10  support က သက်တမ်းကုန်တော့မှာပဲလေ။
ပြီးတော့ အဲဒီ windows support တွေ ဘာတွေကိုလည်း နားမလည်ပါဘူး။ သိလည်းမသိပါဘူး။ လိုအပ်တယ်လို့လည်း မမြင်ပါဘူး။
၁၅ နှစ်လုံးလုံး anti-virus ကိုတောင် မသုံးခဲ့တဲ့ ကျတော်ပဲလေ။ မသုံးချင်တဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်။

ကဲဒါဖြင့် windows 11 screenshoot ကြည့်ကြည့်ပါဦး။













No comments:

Post a Comment