Sunday, 7 September 2014

CPU အခေါ် Processor အခြေခံသိထားရန်။

ကွန်ပျူတာဝယ်တဲ့အခါမှာ အတော်များများက RAM  လို့ခေါ်တဲ့ Memory ကို ကြည့်ဝယ်ကြပါတယ်။
2 Gb ,
4 Gb,
6 Gb,
8Gb စသဖြင့်ပေါ့။
ပြီးတော့ Hard disk drive ပမာဏကိုထပ်ကြည့်ပါတယ်။ 320 GB , 500 GB စသဖြင့်ပေါ့။
လိုရင်းတိုရှင်းပြောရရင် အဲဒါလုံးဝမှားပါတယ်။
ကွန်ပျူတာဝယ်တဲ့အခါမှာ CPU (သို့မဟုတ်) Processor ကိုကြည့်ပြီးဝယ်ရမှာပါ။ (Central Processing Unit)
Processor ဆိုတာ computer တစ်လုံး ရဲ့ဦးနှောက်ဖြစ်ပါတယ်။ စက်တစ်ခုလုံး လည်ပတ် အလုပ်လုပ်တာ processor ပေါ်မှာပဲ မူတည်ပါတယ်။ ၁ လက်မပတ်လည်လေးပဲရှိပါတယ်။
ကွန်ပျူတာအရောင်းဆိုင်တွေမှာ ဒီလိုရေးထားတတ်ကြပါတယ်။
intel i5 -3317u
4 Gb memory
320 Gb hard drive
intel HD graphic
ဘယ်ကွန်ပျူတာမဆို processor ကိုပဲ အဓိကရေးကြတယ်။
စက်တစ်ခုလုံးရဲ့ အရည်းကြီးဆုံးအစိတ်အပိုင်းဖြစ်သလို ဈေးနှုန်းလည်း အကြီးဆုံးဖြစ်ပါတယ်။
ကဲဟုတ်ပါပြီ။ processor ကို ဘယ်လိုနားလည်မလဲ။ ဘယ်လိုရွေးချယ်မလဲ။
လက်ရှိဈေးကွက်ထဲမှာ processor ရွေးချယ်စရာ ၃၀၀ မျိုးလောက်ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ်ရတာ မခက်ပါဘူး။ သူ့ family အလိုက်ရှိနေတာပေါ့နော်။
processor ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ မျိုးရှိပါတယ်။ Intel နဲ့ AMD ပေါ့နော်။
Intel ကတော့ နာမည်ကြီးပြီး ကွန်ပျူတာဈေးကွက်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တယ်။
AMD ကတော့ ဈေးအရမ်းချိုပြီး စွမ်းဆောင်ရည်ကောင်းတယ်။ Gaming သမားတွေ အကြိုက်ပါ။
intel processor ကိုရွေးချယ်မယ်ဆိုရင်ဒီခေတ်တွေမှာ ရနိုင်တဲ့ processor တွေရေးပြပါ့မယ်။
Intel celeron
intel pentium
intel core i3
intel core i5
intel core i7
ဆိုပြီး အဓိက ၅ မျိုးရှိပါတယ်။
celeron ကဈေးအချိုဆုံးဖြစ်ပြီးတော့ i7 ကဈေးအကြီးဆုံးပေါ့။
ဒီခေတ်ဒီအခါမှာ intel ကို ရွေးချယ်တဲ့သူက intel core i3 (or)  core i5  ကိုရွေးချယ်တတ်ကြပါတယ်။
core i5 ကို ရွေးချယ်တဲ့သူအတွက် ၂၀၁၀ ထွက်လား၊ ၂၀၁၁ လား၊ ၂၀၁၂ လား၊ ၂၀၁၃ လား၊ ၂၀၁၄ လား။
ဘာညာစသဖြင့် ထပ်ရှိနေပါတယ်။
ဒါကြောင့် ဈေးကွက်ထဲမှာ processor ဝယ်ချင်ရင် ၃၀၀ မျိုးလောက်ရှိနေတာပေါ့။
core i5 က အနိမ့်ဆုံး ဈေးနှုန်းအားဖြင့် ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိပါတယ်။
စကားမစပ် Apple ကွန်ပျူတာတွေအားလုံး intel processor ကိုပဲ သုံးပါတယ်။
AMD processor ကို လေ့လာကြရအောင်။
ဒီခေတ်တွေမှာ ရနိုင်တဲ့ AMD processor တွေက
AMD A series
AMD athlon
AMD Phenom
AMD FX series
AMD FX series တွေက အမြင့်ဆုံးဖြစ်ပါတယ်။
amd FX-4xxx   (4)  နဲ့စရင် quad core ဖြစ်ပါတယ်။ ဥပမာ FX-4100, FX-4310 စသဖြင့်။
amd FX-6xxx (6) နဲ့စရင် hexa core ဖြစ်ပါတယ်။
amd FX 8xxx (8) နဲ့စရင် octa core ဖြစ်ပါတယ်။

AMD processor ထဲမှာ FX-9590 ကအမြင့်ဆုံးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် 250 ယူရိုလောက်ပဲဖြစ်ပါတယ်။
ှုIntel ရဲ့အမြင့်ဆုံး i7-9560X က 1000 ယူရိုလောက်ရှိပါတယ်။
စွမ်းဆောင်ရည်အားဖြင့် i7 က အနည်းငယ်ပိုသာပေမယ့် ဈေးနှုန်းက မိုးနဲ့မြေလိုကွာပါတယ်။
ဒါကြောင့်လည်း ကွန်ပျူတာကို မိမိစိတ်ကြိုက် တပ်ဆင်သူတွေက AMD ကို ရွေးချယ်ရခြင်းဖြစ်တယ်။

နောက်ထပ် ဘယ်လို ရွေးချယ်ရမလဲဆိုတော့
clock speed
number of core
number of thread တွေကို ကြည့်ရပါမယ်။

laptop ကွန်ပျူတာတွေမှာ processor ရဲ့ clockspeed က
1.6 Ghz
2.3 Ghz
2.6 Ghz စသဖြင့်ရှိပါတယ်။
ိdesktop ကွန်ပျူတာမှာတော့
3.0
3.7
4.2 Ghz စသဖြင့်ရှိပါတယ်။
တကယ်လို့များ  processor dual core ဆိုရင် ၂ နဲ့မြောက်ရမယ်။
ဆိုလိုတာက 3.0 Ghz ရှိတဲ့ processor က 6.0 Ghz မြန်ပါတယ်။
quad core ဆိုရင်တော့ 4 နဲ့မြောက်တော့  12.0 Ghz မြန်တာပေါ့။
မြင်းလှည်းတစီးမှာ မြင်းနှစ်ကောင်လား။ လေးကောင်လား။ အဲလိုဥပမာပေးရမှာပါ။
processor တစ်ခုကို လေးခုလောက် ဖြစ်အောင် အလုပ်လုပ်တဲ့သဘောပါ။
ကဲ ဒီလောက်နဲ့ပဲ နားပါ့မယ်။ တကယ်ထပ်သိချင်သူတွေက ပိုပြည့်စုံတဲ့ page တွေ ၊google တွေမှာ လိုက်ရှာကြပေါ့နော်။
ကျွန်တော်ရေးတာတွေက အမြဲတမ်း basic သက်သက်ပါ။
အောက်က ပုံတွေကို ကြည့်ရင် ပိုနားလည်မှာပါ။
စွမ်းဆောင်ရည်တူ processor နှစ်ခု ဈေးနှုန်းကွာဟပုံ။

အောက်ကပုံကတော့ processor ကွာဟချက်တွေပါ။ ဖုန်းတွေမှာလည်း processor အဓိကပါ။



အားလုံးကို လေးစားလျက်
ပါဘိခ်။

Monday, 16 June 2014

ကျွန်တော်နဲ့ Printer.

လွန်ခဲ့တဲ့ ၇ နှစ်လောက်က Canon Pixma MP210 ဆိုတဲ့ all in one printer တစ်လုံးဝယ်ပါတယ်။
print ထုတ်တာရယ်၊ copy ကူးတာရယ်၊ Scan ဆွဲတာရယ်ရလို့ All in one ဆိုပြီးမှည့်ခေါ်တာပါ။
ဆေးအဖြစ် ink cartridge လို့ခေါ်တဲ့ မှင်ဆေးရည်တွေကို သုံးပါတယ်။
colour printer ဖြစ်တဲ့အားလျော်စွာ ဓါတ်ပုံတွေကိုလည်း print ထုတ်လို့ရပါတယ်။


canon mp210 အားနည်းချက်။
wireless (ကြိုးမဲ့ ) printing မရတာ။
ink (ဆေးရည်) ဈေးင်္ကြီးတာ။ colour နဲ့ black ink cartridge ဝယ်ရင် ယူရို ၂၀+၂၀= ၄၀ လောက်ကိုကျပါတယ်။ စာရွက် ၂၀၀ ကျော်မှ ၃၀၀ လောက်ပေါ့နော်။
ဆိုတော့ အဓိက ကတော့ wireless မရတာ ကျွန်တော့်အတွက်ပြသနာဖြစ်နေတယ်။
Canon ရဲ့ original မဟုတ်တဲ့ refill ink တွေဝယ်ရင်လည်း printer ကမသိဘူး။
ဆိုတော့ printer အသစ်တစ်လုံးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူများအိမ်မှာ ကွန်ပျူတာတွေ ပြင်ပေးရင်းနဲ့ printer တော်တော်များများစမ်းသပ်ခွင့်ရခဲ့တယ်။
hp printer တွေကိုတော့နှစ်သက်တယ်။ start up မြန်တာ၊ wireless install နည်းလွယ်ကူတာ၊ refill ink တွေနဲ့ အဆင်ပြေတာတွေကိုနှစ်သက်တယ်။
ဒါပေမယ့် ink cartridge တွေကိုတော့ နည်းနည်းကြောက်မိသား။

တစ်ဖက်မှာ laser printer တွေဈေးအတော်ချိုလာတာရော၊ အိမ်သုံးအဖြစ်လည်းအတော်တွင်ကျယ်လာတယ်။
laser printer တွေက ink ကိုမသုံးဘူး။ အမှုန့်တွေကိုသုံးတယ်။ toner လို့ခေါ်တယ်။
laser printer နဲ့ inkjet printer တွေခြားနားချက်က ဈေးနှုန်းဖြစ်တယ်။
ူlaser က printer ဈေးကြီးတယ်။ toner ဈေးချိုတယ်။
inkjet က printer ဈေးချိုတယ်။ ink cartridge ဈေးကြီးတယ်။
ဒီခေတ်တွေမှာ laser printer တွေက ဈေးလည်းသိပ်မကြီးတော့ဘူးဆိုတော့ laser printer ကိုပဲဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
wireless ရရမယ်။
colour လုံးဝမလိုအပ်။
LAN connection ခေါ် internet cable ကြိုးတွေမလိုအပ်။
(printer အားလုံး USB cable ကြိုးနဲ့ မဖြစ်မနေအလုပ်လုပ်ပါတယ်)။
ဟုတ်ပြီ၊ လိုချင်တာတော့သိပြီ။ ဒီနေရာမှာ all in one laser printer လား only printer လားဆိုတာဒွိဟဖြစ်နေတယ်။
ကျွန်တော်ရှာကြည့်လိုက်တော့
brother HL-2135W (only printer ) နဲ့ brother DCP-7055W (all in one printer) နှစ်ခုသွားတွေ့တယ်။




2135w ကတော့ ၈၀ လောက်၊ 7055W ကတော့ ၁၁၅ လောက်။
ကဲကျွန်တော် ဘယ်ဟာဝယ်သင့်လဲ။
သူများတွေလိုအပ်ရင်လည်း သုံးလို့ရအောင် all in one (brother DCP-7055W) ကိုပဲရွေးလိုက်တယ်။
ကောင်းတာက ဆေး toner ပါလာပြီးသား။ စာရွက် 700 လောက်ထုတ်လို့ရတယ်။



စာရွက် ၂၅၀ ထည့်လို့ရတဲ့ tray ကအောက်ခံပြားပေါ့။
ဆေး toner ကုန်သွားရင်  အသစ်၂၂ ယူရိုလောက်နဲ့ စာရွက် ၁၅၀၀ လောက်ထုတ်လို့ရတယ်။
ဒီမှာ လေ့လာလို့ရပါတယ်။
ပြီးတော့ ဘာသာစကား ၃ မျိုးရွေးချယ်လို့ရတဲ့ menu board ပြား ပါသေးတယ်။


အားနည်းချက်ဆိုလို့ အထဲက ပန်ကာလည်နေတဲ့အသံ သဲ့သဲ့ကလေးကြားရတာရယ်။ မြင့်တဲ့အတွက်နေရာစားမှာရယ်။
ဘာပဲဖြစ်ဖြစ်လိုနေတဲ့အချိန်မှာ သေချာလေ့လာပြီးတော့ ဝယ်ယူနိုင်တဲ့အတွက် စိတ်ချမ်းသာနေတာကတော့ အမြတ်ပေါ့နော်
တကယ်လို့ ကျွန်တော့်ကို အကြံဥာဏ်တောင်းလာရင် brother HL-2135W ကိုပဲ ဝယ်ယူပါလို့ အကြံပေးမှာပါ။
model number ရဲ့နောက်ဆုံးက W ကိုသတိပြုပါ။

canon printer အဟောင်းလေးကိုတော့ usb stick နဲ့အလှဲအလယ်လုပ်ဖို့ စဉ်းစားထားတယ်။
ပြီးတော့ ဆေး ink ဗူးခွံတွေကိုလည်း handyman ဆိုင်မှာ ၁ခုကို ၁ယူရိုနှုန်းနဲ့သွားပြန်ရောင်းမယ်။ ရလာတဲ့ပိုက်ပိုက်နဲ့ usb stick ဝယ်အုံးမှာ။ ဟီး
တကယ်တော့လောကမှာ ငွေရေးကြေးရေးကအဓိကမဟုတ်ပါဘူး။ ပိုက်ဆံကသာအဓိကပါ။ ဟဲဟဲ။ နောက်တာပါ။

အားလုံးကိုပို၍ တတ်သိနားလည်နိုင်သောအခွင့်ဘုရားရှင်ချပေးပါစေ။
ပါဘိခ်။

Wednesday, 4 June 2014

New IOS 8, samsung myanmar font.


ဒီနေ့ Apple worldwide developer conference ပြုလုပ်တာကို ကွန်ပျူတာကနေ live ကြည့်ဖြစ်တယ်။
ပစ္စည်းထုတ်ကုန် သစ်တော့မပါဘူး။ထုံးစံအတိုင်း software ပိုင်းကိုပဲ အရင်ထုတ်ပြတယ်။

apple computer တွေရဲ့ Mac  OS အသစ်
 10.10 
Yosemite ကိုပြတယ်။ အထူးသဖြင့် Mac OS နဲ့  iph
one တွေ တွဲဖက်အလုပ်လုပ်ဖို့ ပြင်ဆင်ထားတယ်။
ဒီမှာ နည်းနည်းပြန်ကြည့်ပါ။
https://www.youtube.com/watch?v=YxiY_O8d-Pw
 Gadget ခေတ်ဖြစ်တဲ့အလျာက် microsoft က windows 8 ကို Tablet နဲ့ mobile phone တွေကို ခြေဆန့်လာသလို apple ကလည်း mac os နဲ့ Ios တွေကိုတွဲဖက်ပေးလိုက်တယ်။ phone လာရင် 
ipad or mac computer တွေကနေပြောလို့ရတယ်။
ipod၊ iphone၊ ipad တွေရဲ့ Operating system 8 ထုတ်ပြသွားတယ်။ Ios 7 တောင် အသားမကျသေးသူများသေး။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထူးအလေးပေးထားတယ်။ သွေးပေါင်ချိန်တိုင်းတာတွေ၊ ဆရာဝန်တွေဆီ auto ချိတ်ပေးတာတွေ၊
ပြီးတော့ developer အတွက် အထူးပြုလုပ်ပေးထားတယ်။ ခြုံပြောရရင် ကိုယ်တွေအတွက် အလုပ်မဖြစ်ပါဘူး။ ihealth ဆိုတာကလည်း entertainment သာသာပဲရှိအုံးမှာပါ။
ကိုယ်တို့စိတ်ဝင်စားတာက august လလောက်မှပွဲထုတ်မယ့် device တွေပါ။ iphone 5s ကလက်ရှိ iphone ရဲ့အမြင့်ဆုံး 4 inch screen နဲ့ပါ။ iphone 6 ထွက်ရင် 4.7 inch ရယ် 5.5 inch ရယ် နှစ်မျိုးထွက်မယ်လို့ သတင်းထွက်နေတယ်။
စိတ်ဝင်စားရင် ဒီမှာ ဆက်ကြည့်လိုက်ပါ။ http://www.macrumors.com/roundup/iphone-6/
samsung ဖက်ကို သွားရအောင်။ Android နဲ့တွဲဖက်ပြီးအောင်မြင်တာအားမရသေးဘူး။ သူ့ရဲ့ stock app တွေများလွန်းလို့ google ကတောင်သတိပေးနေရတယ်။ သူ့ရဲ့ tizen OS ခေါ်samsung ရဲ့ ကိုယ်ပိုင် OS နဲ့ samsung Z ဆိုတဲ့ဖုန်းနဲ့ခြေဆန့်လာပြန်ပါတယ်။
HTC ရဲ့ CEO မြန်မာပြည်ကိုသွားပြီးနောက်ပိုင်း HTC ဖုန်းတွေမှာ မြန်မာစာပါလာပြီးသားဖုန်းတွေထွက်ပါတယ်။လူကြိုက်များတဲ့ samsung ကော၊?? samsung ကမြန်မာပြည်အတွက် မထုတ်သေးဘူး ထင်တယ်။ (ကျွန်တော်မသိလိုက်တာလား။)
ထိုင်းနိုင်ငံအတွက် ထုတ်တဲ့ samsung  android ဖုန်းတွေမှာ မြန်မာစာစနစ်ထည့်ပေးထားပါတယ်။
android ကိုဘာကြောင့် root?
လူဖြူတွေက root လုပ်တာဖုန်း system ကို ထိုးဖောက်ဝင်ကလိဖို့၊ app တွေကို ငွေမပေးပဲ ထည့်ချင်လို့၊
ကိုယ်တို့ မြန်မာပြည်သားတွေက ဘာကြောင့် root လုပ်လဲဆိုတော့ မြန်မာစာဖတ်လို့ရအောင်၊ ရေးလို့ရအောင်သက်သက်ပဲ။
 root လုပ်ရတာ လက်ဝင်ပါတယ်။ လက်မဝင်စေချင်ရင် framaroot, root genius, kingo , vroot ဆိုတာတွေ လေ့လာနိုင်ပါတယ်။
root လုပ်ပြီးတော့ မြန်မာစာတွေထည့်တာအဆင်ပြေသွားတယ်။ ဒါနဲ့ Samsung Zawgyi Enabler ဆိုတဲ့ app ကိုထည့်တယ်။
သူက phone system တစ်ခုလုံးကို မြန်မာစာပြောင်းပေးတာ။ setting မှာ language ကိုသွားပြီးတော့ burmese ဆိုတာရွေးလိုက်တယ်။

စကားလုံးတွေ အရမ်းရီချင်သွားတယ်။
software =အပျော့ထည်။
bluetooth =ဘလူးတုသ်
application manager= အပလီကေးရှင်း မန်နေဂျာ
ကိရိယာ ကိုလည်းမြုပ်ထားပါဆိုပဲ။ :D :D
englsih လိုခက်လို့ မြန်မာလိုသုံးပါတယ်ဆိုမှ ပိုခက်နေပြီ။
အောက်မှာ screenshoot။
(ဒီ s4 ဖုန်းကကိုယ့်ဖုန်းမဟုတ်ဘူးနော်။ သူများဖုန်းခဏကလိတာ :) )

ကဲအားလုံးကို ခင်မင်လျက်
ပါဘိခ်။
Pa bik lautu.

Monday, 24 March 2014

အရေးပါဆုံး activator နှစ်မျိုး။

windows 7 တင်ပြီးတိုင်း လိုအပ်တဲ့ activator ရယ်၊
office 2010 install လုပ်ပြီးရင် activate လုပ်ဖို့။
ဒီနှစ်ခုက ကျွန်တော်အမြဲလိုအပ်လေ့ရှိတဲ့ software နှစ်မျိုးပါ။
အရေးအကြောင်းဆို internet ပေါ်မှာ မနည်းလိုက်ရှာရတာ၊ ပြီးတော့ ကိုလိုချင်တဲ့ version မဟုတ်ပြန်ဘူး။ ဒီပြဿနာတွေ ခဏခဏရင်ဆိုင်နေရတယ်။

ကွန်ပျူတာသမားတိုင်းကြည့်ရုံနဲ့ သုံးစွဲတတ်မှာပါ။ မသုံးတတ်ရင်လည်း youtube မှာပြထားတာတွေအများကြီးရှိပါတယ်။ 

ကိုယ့် blog ကိုလာပြီး download ရတာလွယ်အောင်တင်ထားတယ်။
ဒီမှာ link
http://www.mediafire.com/download/8p9z0h4z6k261h4/windu_and_offix.zip

အားလုံးကို အမြဲလေးစားလျက်။
ပါဘိခ်။

Wednesday, 19 March 2014

Desktop computer နဲ့ ကြိုးမဲ့အင်တာနက်။

အိမ်တိုင်း internet လိုင်းကို ယူတဲ့အခါ telephone လိုင်းကနေ သွယ်ကြတာများပါတယ်။
ဒါမှ မဟုတ် TV လိုင်းဝင်လာတဲ့ TV cable အပေါက်ကနေလည်းသွယ်ကြတယ်။
အလွယ်နည်းအားဖြင့် telephone လိုင်းကနေ ယူတဲ့ internet ကို ADSL internet ၊ TV လိုင်းကနေယူတာကို Cable internet ဆိုပြီး အကြမ်းအားဖြင့် မှတ်ထားလို့ရပါတယ်။

ADSL ပဲဖြစ်ဖြစ်၊ Cable ပဲဖြစ်ဖြစ် internet ကိုဖမ်းယူဖို့ Modem မဖြစ်မနေရှိရပါတယ်။
ဒီ modem ကနေဆင့် ကွန်ပျူတာတွေဆီကို အင်တာနက်ချိတ်ကြတာဖြစ်တယ်။
အောက်ကပုံကို တစ်ချက်လောက်ကြည့်ကြရအောင်။
 
Modem ကနေ ကွန်ပျူတာ တွေကို ethernet ကြိုးတွေကို အသုံးပြုပြီး ချိတ်ဆက်ရတာပေါ့နော်။
ဒီခေတ်တွေမှာ Modem တွေက တော်တော် အဆင့်မြင့်သွားပါပြီ။
ကြိုးမဲ့ (wireless modem ) တွေကို လည်း ကိုယ် ယူတဲ့ internet company တွေကအခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
laptop တွေကို ကျတော့ethernet ကြိုးမလိုပဲ ဘာကြောင့် internet သုံးလို့ရလဲဆိုတော့ modem ကနေလွင့်တဲ့ internet ကို laptop ထဲမှာ တပ်ဆင်ထားတဲ့ wifi card ကဖမ်းယူထားလို့ ဖြစ်တယ်။
ပုံထဲကအတိုင်း desktop တွေကိုကျတော့ wifi card တွေ မထည့်ထားလို့ ကြိုးနဲ့သွယ်ပြီးတော့ သုံးရတာဖြစ်တယ်။
ပြဿနာကတော့ အိပ်ခန်းထဲမှာ၊ ဒါမှမဟုတ် အိမ်ပေါ်ထပ်မှာ ထားတဲ့ Desktop computer တွေဆီကို ကြိုးရှည်ကြီးနဲ့ တစ်အိမ်လုံးရှုပ်ပွနေအောင်သွယ်ရတာက ပြဿနာ။
ဒီလိုကြိုးရှည်ကြီးနဲ့သွယ်စရာမလိုအောင်desktop computer တွေကို wifi card တပ်ဆင်လို့ရပါတယ်။ 
 


အပေါ်က ပုံအတိုင်း wifi card တွေ ဝယ်လို့ရပါတယ်။ € 20  လောက်ပေးရပါတယ်။
တပ်ဆင်ထားတာတော့ဟုတ်ပါပြီ။ လူတိုင်းမှ မလုပ်တတ်တာ။ မတပ်ဆင်တတ်တာ။
ဆိုတော့ ဘယ်လိုဆက်လုပ်ရမလဲ။
ဖြေရှင်းချက်က အရမ်းလွယ်ကူပါတယ်။ usb wifi adaptor လေးပဲ ဝယ်ရမှာပါ။
အောက်က ပုံလိုမျိုးပေါ့။

usb အပေါက်လေးထဲကို ထိုးထည့်လိုက်ရုံပဲလေ။ computer နဲ့ modem နဲ့ ကြိုးဆက်ထားစရာမလိုတော့ဘူး။
ကြိုက်တဲ့နေရာမှာ computer ကို ထားလို့ရပြီ။ ဒီလို usb wifi adaptor ကို € 10 လောက်ပဲပေးရတာပါ။ (150 Mbps)
ကျွန်တော် အဓိက ရေးချင်တဲ့အချက်က desktop computer အကြီးတွေကို modem နဲ့ ကြိုးမဲ့စနစ် internet အသုံးပြုနိုင်ဖို့ နည်းလမ်းမျှသာပါ။
သတိထားရမယ့်အချက်က modem က wireless modem လားဆိုတာသိဖို့အရည်းကြီးပါတယ်။
wireless modem မဟုတ်ရင်လည်း ဘာမှစိတ်ပူစရာမရှိပါဘူး။ wireless router တစ်လုံးလောက် (ဈေးနှုန်း € 30) ဝယ်လိုက်ရင်ပြီးပြီ။
နယ်သာလန်မှာနေတဲ့သူများ usb wifi adaptor ဝယ်ချင်ခဲ့သော် link
http://www.janox.nl/Webwinkel-Product-21431083/.html
ကဲအားလုံးပဲ အဆင်ပြေစွာ internet သုံးနိုင်ကြပါစေ။
ပါဘိခ်။

Monday, 17 February 2014

HDMI အကြောင်းအနည်းငယ်။

ကျွန်တော်နားလည်သလောက်လေး HDMI အကြောင်းရေးပါရစေ။
HDMI ဆိုတာ High Definition multimedia Interface ကိုခေါ်တာပါ။ သူ့နာမည် အတိုင်းပါပဲ။


ကွန်ပျူတာ desktop ကနေ monitor ဆီကို ရုပ်တွေမြင်နိုင်ဖို့ ပို့ပေးတာက ပုံမှန်အားဖြင့် VGA cable ကို အသုံးပြုကြပါတယ်။

VGA က analog နည်းပညာပါ။ ဒီ analog နည်းပညာနေရာမှာ digital ကိုသုံးချင်ရင် DVI cable ကိုသုံးရပါတယ်။
ဒါပေမယ့် မိမိအသုံးပြုတဲ့ monitor မှာလည်း DVI port( အပေါက်) ပါရမှာပါ။ တကယ်တော့ HDMI ဆိုတာ DVI နဲ့ VGA နေရာကို အစားထိုးတာပါ။
VGA ကတော့အသုံးများဆုံးပါ။ မိမိ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ် TV နဲ့ဆက်ပြီးတော့ TV ပေါ်မှာ ကွန်ပျူတာကို ကြည့်ဖူးကြမှာပေါ့။
TV မှာ ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့ VGA port ပါလို့ပေါ့နော်။
ဒီနေ့ခေတ် TV တိုင်းမှာ HDMI port တွေ အမြဲပါတယ်။ HDMI က VGA နေရာကို အစားထိုးဝင်ရောက်လာပြီပေါ့နော်။
အိုကေ။ HDMI နဲ့ DVI က အသီးသီး digital နည်းပညာတွေပါ။  မတူတဲ့အချက်က HDMI က အသံပါ ပို့လွတ်ပေးနိုင်ပါတယ်။
built in speaker ပါပြီးသား monitor ကို desktop နဲ့ဆက်တဲ့အခါ HDMI ကြိုးသုံးရင် တခြား audio cable တွေ၊ speaker တွေ မလိုအပ်တော့ပါဘူး။

မိမိ laptop, desktop ကို TV နဲ့ဆက်တဲ့အခါမှာလည်း အသံက TV ကနေထွက်လာမှာပေါ့နော်။
VGA တို့ DVI တို့လို မူလီနဲ့ ရစ်စရာ မလိုအပ်ပါဘူး။ သာမန် USB ကြိုးတွေကို  သုံးသလိုပါပဲ။
သူက full HD (1980 x 1200 ) ရုပ်ထွက်တွေကိုလည်း ကောင်းကောင်း ပြပေးနိုင်ပါတယ်။
ကွန်ပျူတာ graphic card တွေမှာတော့ သုံးမျိုးစလုံးတစ်ခါထဲ ပါလာပါတယ်။

desktop ကွန်ပျူတာကနေ TV ကို ဆက်ချင်တယ်ဆိုရင်လည်း DVI to HDMI adaptor လေးတွေ အသုံးပြုလို့လည်းရပါတယ်။
သတိထားရမယ့်အချက်က DVI port ၄ မျိုးလောက်ရှိတာ သတိထားပါ။

ပြီးတော့သိထားသင့်တာက HDMI cable ကဆိုင်တွေမှာအတော်ဈေးကွာတတ်သလို ဈေးလည်းကြီးပါတယ်။
ဈေးကြီးရင် ရုပ်ထွက် ပိုကြည်လင်တယ်လို့ မထင်လိုက်ပါနဲ့။ ဈေးအင်္ကြီးဆုံးနဲ့အပေါဆုံးက ရုပ်ထွက် 100% အတူတူပါ။
ကြိုး quality ကြောင့်သာ ဈေးကွာရခြင်းပါ။
ကဲဒီလောက်ပါပဲ။ သိတာကုန်ပြီ. :D  analog signal ကနေ  digital signal လောကကို ကူးပြောင်းချင်သူများအတွက်ပါ။
အားလုံးကို အမြဲလေးစားလျက်။
ပါဘိခ်။

Friday, 3 January 2014

ကျွန်တော့် ကွန်ပျူတာ။

Desktop ကွန်ပျူတာ ကောင်းကောင်း တစ်လုံးလောက် လိုချင်ခဲ့တာကြာပြီ။ အားလို့ရှိရင် marktplaats(နယ်သာလန် ebay လို့ ဆိုရမှာပေါ့ ) မှာ လိုက်ကြည့်ဖြစ်တယ်။ budget ကလည်း သိတဲ့အတိုင်း ၂၀၀ ယူရိုလောက်ပဲ သုံးချင်တယ်။ ထုံးစံအတိုင်းအဟောင်းပဲပေါ့။

ဒီတစ်ခါ Gaming desktop တစ်လုံးတွေ့တယ်။ ဈေးက ၂၅၀ နဲ့ခေါ်တယ်။ ၁၇၀ နဲ့ ဆစ်ကြည့်တယ်။ နောက်ဆုံး ၁၈၀ နဲ့ အဆင်ပြေသွားတယ်။ အပိုတွေများတော့ ပို့ခ ၁၂ ထပ်ကုန်တယ်။
ဝယ်လိုက်တဲ့ pc specific က
CPU-  AMD Phenom II X4 B50 3.1 Ghz
RAM- 4GB (2x2GB)
GPU-  Nvidia Geforce GT 520 1GB
HDD- 500 GB
 လိုချင်တဲ့ quad core နဲ့ video card ကောင်းတစ်ခုရလိုက်လို့အတော်ကျေနပ်သွားတယ်။
အဲဒီအပြင် hp monitor, keyboard , speaker တွေပါအဆစ်ပါလာသေးတယ်။ ဝယ်လိုက်တာတော်တော်တန်ပါတယ်။
monitor က hp w1907v ပါ။ 19 လက်မ wide screen၊ ကောင်းတာက speaker built in ပါလာတာဆိုတော့ ချွေတာချင်ရင် speaker သပ်သပ် ဝယ်စရာ မလိုတော့ဘူးပေါ့။
အောက်က ပုံကိုကြည့်ကြည့်ပေါ့။ ရောင်းသူကတင်တဲ့ပုံ။


 monitor ကလွန်ခဲ့တဲ့ ၆လ လောက်က ဈေးချိုတုန်း ဝယ်ထားတာ တစ်ခုရှိပါတယ်။ Philips 24'' LED monitor ပါ။ HDMI x2 , DVI , VGA input ရယ် built in speaker ပါပြီးသားပါ။ constractratio 20,000,000 , respondtime 2 ms ပါ။
တော်တော်ကောင်းပါတယ်။ ကောင်းလို့လည်းဝယ်တာပေါ့နော်။ဟီးဟီး
 ကျွန်တော့် laptop လည်း ပုံမှန် screen ပါ။ brightness ကိုအမြင့်ဆုံးမှာ ထားပြီး ကိုယ့် monitor ကို extern အနေနဲ့ ချိတ်ဆက်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။တော်တော်ကွာပါတယ်။
အဓိက ရွေးချယ်တတ်စေချင်တာပါ။
ပုံမှန် ၂၀၀ ယူရို နဲ့ရောင်းတာ ၁၃၅ နဲ့ဝယ်ပါတယ်။ ကိုယ်ဝယ်တဲ့ဆိုင်မှာ အခု ၁၆၀ နဲ့ ရောင်းနေတုန်းပါပဲ။

G part live နဲ့ hard disk ကို စိတ်ကြိုက် ပိုင်းလိုက်ပါတယ်။
windows 7 တင်ဖို့ 80 GB, windows 8 တင်ဖို့ 80 GB လောက်နဲ့ ကျန်တဲ့ 300 GB ကိုတော့ data တွေအတွက်ပေါ့။


windows 7 တင်တာအဆင်ချောပါတယ်။ windows 8.1 တင်လိုက်တာ အံ့သြမိတာက windows တင်တာ ၅ မိနစ်မကြာတာပါ။ 7 တင်တာ ၂၀ မိနစ်လောက်ကြာလေ့ရှိပါတယ်။ ဆိုတော့ အတော့်ကိုကွာပါတယ်။ 8.1 မှာ account set up လုပ်ချိန်ပဲ ကြာသွားတာပါ။

windows 8.1 တင်ပြီး ပြဿနာက dvd drive မတွေ့တာပါ။ microsoft forum ထဲကညွှန်တဲ့အတိုင်း registry ကို ပြင်ကြည့်တော့မှ ပေါ်လာပါတယ်။ 7 ထက် မြန်ဆန်ပေါ့ပါးနေလို့ အကြိုက်တွေ့လိုက်တယ်။
သတိထားရမှာက windows 8 နဲ့ windows 8.1 ကအတော်ကွာပါတယ်။ 
metro UI ကိုတော့ လက်မခံနိုင်ပါဘူး။ ဒါက pc ကွ၊ tablet မဟုတ်ဘူး ဆိုတဲ့ microsoft ကုမ္ပဏီကို ကြိမ်းဝါးတဲ့လေသံမျိုးနဲ့ မျက်စိရှုပ်တာတွေ အားလုံး disable လုပ်လိုက်တယ်။ မရင်းနှီးနိုင်သေးဘူးဆိုပါတော့။

 dual boot နဲ့သုံးတာဆိုတော့ နောက်ထပ်နှစ်သက်တာလေးက boot menu ပါ။
ဒီ pc ကို ကျွန်တော်အတော်နှစ်သက်ပါတယ်။ ဈေးလည်းအရမ်းသက်သာပါတယ်။ အဟောင်းဆိုပေမယ့် ကွန်ပျူတာသမားတိုင်းက ဘယ်လောက်ကောင်းလဲဆိုတာ သိကြမှာပါ။ ကျွန်တော် ဘာကြောင့် ဈေးချိုချိုနဲ့ ပိုင်ဆိုင်ရတာလဲလို့ တွေးကြည့်မိတယ်။ အဖြေရှိပါတယ်။
လွန်ခဲ့တဲ့ ၁နှစ်လောက်က အသင်းတော်ကို ကျွန်တော့် laptop အကောင်းကြီးလည်းမဟုတ်ပါဘူး။ သုံးခွင့်ပြုလို့ ဘုရားက ကျွန်တော့်အတွက် ကျွန်တော်အရမ်းလိုချင်ခဲ့တဲ့ pc မျိုးကို ချပေးတာပါ။
ဘုရားအတွက် တစ်စုံတစ်ခု ပေးဆပ်လက်လွှတ်လိုက်တာက ဆုံးရှုံးခြင်းလုံးဝမဟုတ်တဲ့အပြင် ကိုယ်မျှော်မှန်းထားတဲ့အရာထက် ပိုကောင်းတဲ့အရာကို ချပေးသနားတဲ့ ဘုရားဖြစ်ကြောင်းကို ကျွန်တော့် pc အားဖြင့် သက်သေထူချင်ပါသေးတယ်။

စာဖတ်သူကို လေးစားလျက်။
ပါဘိခ်။



Friday, 6 December 2013

cpu-z portable

ကွန်ပျူတာ တွေရဲ့ hardware system အပိုင်းတွေကို ကြည့်ဖို့ cpu z နဲ့ speccy တို့က နာမည်ကြီးပါတယ်။
speccy က ပိုပြီး detail စွာနဲ့ ပို စုံလင်ပါတယ်။
ဒါပေမယ့် ကျွန်တော် cpu z ကိုပဲ သုံးဖြစ်ပါတယ်။ install လုပ်စရာ မလိုအောင် portable ကိုပဲ ရွေးတင်ထားပါတယ်။ အသုံးလိုရင် ဆောင်ထားလို့ အဆင်ပြေပါတယ်။

download cpu-z portable 1.81 Mb.


Friday, 29 November 2013

Zawgyi font , keyboard.

ကွန်ပျူတာထဲမှာ မြန်မာစာလုံးတွေ ထည့်ထားမှသာ မြန်မာစာနဲ့ ရေးသမျှစာတွေကို ဖတ်နိုင်မှာပါ။
မြန်မာစာလုံးတွေ အများအပြားရှိတဲ့ အထဲက ဇော်ဂျီခေါ် မြန်မာစာလုံးတွေက လူသုံးအများဆုံး ဖြစ်ပါတယ်။
ဇော်ဂျီစာလုံးနဲ့ စာရိုက်ဖို့ ဇော်ဂျီလက်ကွက်ကိုလည်း အောက်က link မှာ download လုပ်ယူနိုင်ပါတယ်။

ပြီးတော့လိုလိုမယ်မယ် unicode စံနှုန်းမှီတဲ့ unicode font ခေါ် မြန်မာစာလုံးတွေကိုလည်း folder ထဲမှာ တစ်ခါတည်း ထည့်ပေးထားပါတယ်။ ဝင်းမြန်မာ၊ ပိတောက်၊ myanmar3 စတဲ့စာလုံးတွေပေါ့။
အားလုံးကိုလည်း install လုပ်ထားလိုက်ပါ။

Click here to download zawgyi font and  keyboard.

If you don't know how to install it, watch the tutorial video in full hd.



Saturday, 9 November 2013

လေယာဉ်ဖြင့် ခရီးသွားခြင်းနဲ့ ကျွန်တော့် ဒုက္ခ။

ဒီနှစ်ထဲ summer အတွင်း ဇူလိုင်လကုန်မှာ Denmark ကို ခရီးထွက် ဖြစ်ပါတယ်။
ဒီခရီးထွက် ခါနီး တော်တော် အလုပ်ရှုပ်ခဲ့တဲ့ အကြောင်းနှင့် ဗဟုသုတအတွက် ပြန်မျှဝေချင်ပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ နယ်သာလန်နိုင်ငံသား ရရှိခဲ့ပါတယ်။ certificate စာရွက်လိုမျိုး စာရွက်နဲ့ ရတာပေါ့နော်။
ဒါနဲ့ မှတ်ပုံတင်နဲ့ နိုင်ငံကူးလက်မှတ် လုပ်ထားရမှာ ဖြစ်ပေမယ့် နိုင်ငံခြားထွက်ဖြစ်မှာ မဟုတ်တဲ့အတွက် မှတ်ပုံတင်ကတ် ကိုပဲ ယူရို ၅၀ လောက်ပေးပြီး လျှောက်ထားလိုက်တယ်။
နိုင်ငံကူး လက်မှတ်လျှောက်ရင် ၅၀ လောက် ထပ်ကုန်မှာကို နှမြောတာ။ အမှန်က အဲတာမှားတယ်။
မြန်မာပြည်သားဖြစ်တဲ့အလျောက် မှတ်ပုံတင်မရှိရင် ထောင်ချခံထားရမလိုလို ထင်နေတာ။ ဟဲဟဲ ။ ပိုက်ဆံအိတ်ထဲမှာ လွယ်လွယ်ကူကူ ထည့်ယူသွားလို့ရအောင် ID ကတ်ပဲ လျှောက်တာပါ။

ကမ္ဘာတဝန်းလုံး သုံးလို့ရတဲ့ နိုင်ငံကူးလက်မှတ် ကိုပဲ လျှောက်ထားရမှာ နယ်သာလန် နိုင်ငံတွင်းမှာလည်း နေရာတကာ အကျုံးဝင်တယ်။ ပိုက်ဆံလည်း နှစ်ခါမကုန်တော့ဘူးပေါ့။
Denmark သွားဖို့အကြောင်းက ဖန်လာတော့ passport စာအုပ်ထပ်လုပ်ရင် ၅၀ ကုန်မှာကို တော်တော်နှမြောနေတယ်။
ကိုယ့်မြန်မာပြည်သားတွေကို မေးကြည့်တော့ သိတဲ့သူ မရှိသလောက်ပဲ။ အားလုံးက စမ်းတဝါးဝါး။
Denmark က European Union အဖွဲ့ဝင်ဆိုတော့ Visa မလိုဘူး။ ဒါပေမယ့် passport တော့ လိုတာပေါ့ လို့ဖြေကြတယ်။
လူဖြူတွေကို မေးကြည့်တော့လည်း သေချာ ပြောပြနိုင်တဲ့သူမရှိဘူး။
တော်ကြာ လေဆိပ်ကနေ passport မရှိလို့ အိပ်ကို ပြန်လှည့်ခိုင်းရင် လေယာဉ်လက်မှတ်ဖိုး အားလုံးရှုံးသွားမှာကိုလည်း ကြောက်တယ်။

ဒါနဲ့ လေယာဉ်လက်မှတ်ဝယ်တဲ့ KLM လေယာဉ်လိုင်း customer service ကို ဖုန်းဆက်ကြည့်တယ်။ ကျွန်တော် နယ်သာလန်နိုင်ငံသားလည်းဖြစ်တယ်။ နယ်သာလန် မှတ်ပုံတင်လည်းရှိတယ်။
နိုင်ငံကူး လက်မှတ် မရှိပဲနဲ့ check in လုပ်လို့ရမလား။ ID ကတ်တစ်ခုတည်းနဲ့ ရမလားဆိုပြီး မေးကြည့်တော့ အဲဒါတော့ မသိဘူး။ ID ကတ်ထုတ်ပေးတဲ့ရုံး local goverment station (နယ်သာလန်လိုအခေါ် Gemeente ပေါ့) ရုံး ဆီကို မေးကြည့်ပါ။
သူတို့က ရတယ်ဆိုရင် ရရမှာပေါ့ လို့ ပြန်ဖြေတယ်။

ဒါနဲ့ Gemeente ရုံးဆီကို ဖုန်းဆက်တော့ ID ကတ်နဲ့ ရကိုရတယ် EU အဖွဲ့ဝင် နိုင်ငံတိုင်း လွတ်လပ်စွာ သွားလို့ရတယ်၊ လေဆိပ်တွေမှာလည်းရတယ် ဆိုပြီး ရှင်းပြတယ်။
ဒါနဲ့ အဲဒီနေ့မှာ passport လျှောက်ဖို့ လုပ်ထားတဲ့ appointment ကိုလည်း တစ်ခါတည်း cancel လိုက်တယ်။
နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးရုံး website မှာ ခရီးသွားလက်မှတ် အမျိုးအစားဆိုတဲ့ အောက်မှာ passport, identity တွေပါတယ်။

ဒါပေမယ့်လည်း မြန်မာပြည်သားအတွေးက မကုန်သေးဘူး။ check in ကောင်တာရောက်မှ အပေါက်ဆိုးဆိုး မိန်းမကြီးနဲ့တိုးပြီး passport စာအုပ်မပါရကောင်းလားဆိုပြီး ဟောက်ဆဲမည့်ရန်ကို ကြောက်ချင်သေးတာ။ :D
ဆိုတော့ KLM online check in ကို သုံးလိုက်တယ်။ နက်ဖြန်သွားမယ့်ခရီးကို ဒီနေ့လောက်က လေယာဉ် လက်မှတ် က code နံပါတ်တွေ နဲ့ online check in လုပ်လိုက်တယ်။
Boarding pass တစ်ခါတည်း တန်းရတယ်။ အဲဒါကို ဖုန်းထဲမှာ QR code အနေနဲ့ယူထားလိုက်တယ်။ လေယာဉ်လက်မှတ်တွေ၊ Boarding pass တွေ ဘာစာရွက်တစ်ခုမှ print စရာ မလိုတော့ဘူး။ အောက်က ပုံအတိုင်းပေါ့။ Aalborg လေဆိပ်ကနေ Amsterdam လေဆိပ်သွားဖို့ boarding pass.
 online check in လုပ်သင့်တဲ့ အကြောင်းက လေဆိပ်မှာ အကြာကြီးတန်းစီစရာမလိုဘူး။ passport တွေ air ticket တွေ ထုတ်လိုက်ထည့်လိုက် ပျောက်စရာမလိုတော့ဘူး။ (ဒါပေမယ့် luggage တွေ၊ hand bag တွေ check in လုပ်မယ်ဆိုရင်တော့ သတိထားရမှာပါ။
electronic check in ကောင်တာတွေတော့ရှိပါတယ်)
ပြီးတော့ လေယဉ်ပေါ်တက်ရမဲ့အချိန်တွေကိုလည်း ကြိုသိနိုင်တယ်။ ကျွန်တော် ကျောပိုးအိတ်သေးလေးတစ်လုံးပဲဆိုတော့ လေယာဉ်ထွက်ဖို့ မိနစ် ၂၀ အလိုမှ လေဆိပ်ကို အရောက်သွားလိုက်တယ်။
security check တဲ့နေရာကို တန်းသွားတယ်။ ပြီးတော့ ကိုသွားရမယ့်  gate number ဆီကို သွားလိုက်ရုံပဲ။ boarding pass စစ်တဲ့နေရာမှာ ကိုယ့် QR code ကို scan လုပ်လိုက်ရုံပဲ။
QR code နဲ့ ပတ်သက်တဲ့ စာကို ဒီမှာ ရေးဖူးတယ်။
http://lautuboy.blogspot.nl/2013/01/qr-code.html

တစ်ချို့လေကြောင်းလိုင်းတွေက လက်မှာဝယ်တဲ့အချိန် ထိုင်ခုံရွေးမယ်ဆိုရင် ပိုက်ဆံပိုပေးရပါတယ်။ online check in လုပ်တဲ့အခါမှာ ရွေးလို့ရပါတယ်။ ကျွန်တော် အမြဲတမ်း emergency exit နားက ခုံကို ရွေးလေ့ရှိပါတယ်။
ခြေချဖို့ နေရာ ပိုကျယ်လို့ပါ။ တစ်စုံတစ်ခု ဖြစ်ရင်လည်း emergency exit တံခါးဖွင့်ပြီးတော့ ရှေ့ဆုံးက ခုန်ဆင်းလို့ ရတာပေါ့။ ဟီး...

ကဲစာလည်း မတရားရှည်နေပြီ။ အဆင်မချောတာတွေကိုလည်း သီးခံပြီး ဖတ်ပေးလို့ ကျေးဇူးပါ။
ပါဘိခ်။