Saturday, 9 October 2021

iphone ထဲကို သီချင်း ထည့်နည်း။

 


android ဖုန်းအသုံးပြုသူတွေအတွက် ဖုန်းပေါ်မှာ သီချင်းထည့်နည်းက လွယ်ကူသလောက် iphone အသုံးပြုသူတွေအတွက်တော့
အတော်ခက်ပါတယ်။ apple က သီချင်းနားထောင်ချင်ရင် ဝယ်ထည့်တဲ့နည်းလမ်းပဲ ပေးသုံးထားပါတယ်။

iphone အသုံးပြုသူ ၁၀၀ မှာ ၁ ယောက်လောက်ကပဲ computer ကနေ iphone ပေါ်ကို နည်းစနစ်ကျကျ manually ထည့်တတ်ပါတယ်။
ကျတော်ကတော့ itunes software မသုံးဘဲ 3utools သို့မဟုတ် itools ဆိုတဲ့ third party software တွေကိုပဲ တစိုက်မတ်မတ် သုံးထားပါတယ်။

iphone သုံးသူတွေဆီက မေးဖန်များဆုံး မေးခွန်းက ဖုန်းထဲကို သီချင်း ဘယ်လို ထည့်ရမလဲ ဆိုတာပါပဲ။ (အင်တာနက်မရှိတဲ့နေရာမှာ သီချင်းနားထောင်ရန်)
computer မလိုဘဲ သီချင်းထည့်နည်းကို အောက်ကပုံတွေကို သေချာ လေ့လာရင် ချက်ချင်းလုပ်တတ်သွားပါလိမ့်မယ်။
 
၁။ app store မှာ Bolt browser and document app ကို download ဆွဲပါ။ 
၂။ app ကို ဖွင့်ပြီးတော့ youtube ကို တန်းဖွင့်လိုက်ပါ။

 

၃။ လိုချင်တဲ့သီချင်းကို ရှာပြီးလျှင် Download တန်းနှိပ်လိုက်ပါ။
(သီချင်း Video ဖိုင် ကို download ဆွဲခြင်းဖြစ်သည်။)

 
 
၄။ app ရဲ့ အောက်ဆုံးက folder ဆိုတဲ့ tab ထဲမှာ ခုနက  download ဆွဲထားတဲ့ music video ရှိနေပါလိမ့်မယ်။
အဲဒီ video ရဲ့ဘေးနားမှာ bolt icon လေးနှိပ်လိုက်ပါ။


၅။ အဲဒီ bolt icon နှိပ်ရင် music video ကို music အဖြစ်ပြောင်းဖို့  convert to Audio option ရလာပါလိမ့်မယ်။ အဲဒါကို နှိပ်ပါ။
 

 
၆။ Audio  file ရလာပြီးရင်တော့ နဂို original file ဖြစ်တဲ့ music video ကို ပြန်လည်ဖျက်သိမ်း delete လုပ်လိုက်ပါ။
(ဘယ်ညာရွေ့ခြင်းဖြင်း DELETE OPTION ရလာမည်။)
 

 
ဒီလိုနည်းနဲ့ သီချင်းအများကြီး download ဆွဲလို့ရပြီ။ လိုချင်သူတွေအတွက် video ပါရတာ။
ဒါပေမယ့် ဖုန်းပေါ်မှာ video ကြည့်ရင် battery အရမ်းစားမှာ ဖြစ်သလို၊ storage နေရာလည်း များများ စားပါတယ်။
ဒါကြောင့် ဖုန်းပေါ်မှာ video ကို အားမပေးတာ။

သီချင်းနားထောင်ချင်ရင် ဒီ folder ကိုပဲ လာပြီး နားထောင်ရမျာဖြစ်တယ်။
နားကြပ် earphone နဲ့လည်းရတယ်။ earphone remote control နဲ့လည်း ကောင်းကောင်း အလုပ်လုပ်တယ်။
lock screenပေါ်မှာလည်း ပုံမှန် ရတယ်။

 
လေးစားလျက်။
ပါဘိခ်။
 

No comments:

Post a Comment