Saturday 9 October 2021

CPU ကို မှန်ကန်စွာ ရွေးချယ်တတ်ပြီလား။ (အပိုင်း ၂)

 

ဒီလို CPU တွေဟာ ပုံမှန်အားဖြင့် Desktop ကွန်ပျူတာတွေအတွက်ပဲဖြစ်ပါတယ်။
Laptop အတွက်ကျတော့ ထုတ်လုပ်တဲ့ Intel ကုမ္ပဏီက တနည်းတဖုံ ပြန်လည် စဉ်းစားပေးရပါတယ်။
အကြောင်းက Desktop CPU တွေဟာ အလုပ်လုပ်တဲ့အခါမှာ ရှိရှိသမျှ စွမ်းအားအကုန်ထုတ်ပြီး လုပ်ရပါတယ်။
ရလာဒ်က လျှပ်စစ်ပါဝါ အများကြီးစားသလို CPU က အတော်လည်း ပူလာပါတယ်။
ဒါကြောင့် CPU ကို အပူသက်သာအောင် heatsink ပန်ကာတွေ ကြီးကြီးမားမားတပ်ပေးရပါတယ်။
ဒီဖက်ခေတ်မှာတော့ water cooling system ကိုတောင် တော်တော်များများ သုံးလာကြပါပြီ။

 
ဒါကြောင့် laptop အတွက် CPU ကို သေးသေးလေး၊ ပါးပါးလေး၊ အပူလွန်ကဲမှုနည်းအောင်၊ ပါဝါစားတာသက်သာအောင် စဉ်းစားပြီး ထုတ်လုပ်ကြပါတယ်။
ရလာဒ်ကတော့ Desktop တွေလောက် အားမရှိတော့တာပါပဲ။
နည်းပညာပိုင်း architechture တူပေမယ့် လုပ်နိုင်စွမ်းမတူနိုင်တော့ပါဘူး။

ဒီလို laptop CPU တွေကို နာမည်မှာ U စာလုံးထည့်ထားပါတယ်။
core i3-7100u
core i5-5100u စသဖြင့်ပေါ့။
U က ultralow လို့ ဆိုလိုပါတယ်။
laptop က စွမ်းအင်အရမ်းချွေတာတဲ့အတွက် ဘက်ထရီ ကြာရှည်ပိုခံအောင် ရည်ရွယ်ထာခြင်းသက်သက်ဖြစ်ပါတယ်။
laptop ထဲမှာပန်ကာသေးသေးလေးပဲတပ်ထားတယ်
အချို့တွေကျ ပန်ကာမပါပဲ heatsink လေးတွေပဲ ပါပါတယ်။
ဒါကြောင့် laptop ရဲ့သဘောသဘာဝက သာမန်အသုံးပြုဖို့ သက်သက်ဖြစ်ပါတယ်။
video editing တွေ၊ gaming တွေအတွက် လုံးဝမသင့်တော်ပါဘူး။


CPU တွေမှာ တွေ့နေရတာကနောက်ဆုံး English အက္ခရာ စာလုံးပါပဲ။
နောက်ထပ်က core i3-4570ဆိုရင် အဓိပ္ပါယ်က overclock ဖြစ်ပါတယ်။
ဒီ CPU ကို သုံးတဲ့အခါမှာ အသုံးပြုသူက မီးကုန်ယမ်းကုန်၊ အသားကုန် မြှင့်တင်ပြီး သုံးမယ်။
ဒါမှ မြန်မယ်၊ အးရှိမယ်။ ဘယ်လောက်ပူပူ သုံးမယ်။ ဆိုပြီး စိတ်ကြိုက် ချိန်ဆလို့ရအောင် ပြုလုပ်ထားတာက နာမည်မှာ K စာလုံးပါလာရခြင်းဖြစ်တယ်။
ဒီလို CPU တွေက ဘယ်သူတွေသုံးလဲဆိုတော့ ကွန်ပျူတာအကြောင်း ကောင်းကောင်းသိတဲ့သူတွေ၊ Game ဆော့တဲ့သူတွေဖြစ်ပါတယ်။
စျေးလည်းကြီးသလို ကျတော်တို့လို သာမန်အသုံးပြုတွေအတွက် လုံးဝမလိုအပ်ပါဘူး။


အထက်မှာ ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း intel ရဲ့ CPU ထဲက Core serie တွေမှာ core i3 က အနိမ့်ဆုံးအစားဖြစ်ပါတယ်။
first generation ကနေ seven generation အထိ Core ၂ ခုနဲ့ပဲ ထုတ်လုပ်ထားပါတယ်။
eight generation ထုတ်လုပ်တဲ့ ၂၀၁၇ ခုနှစ်မှာတော့ Core ၄ ခုအနေနဲ့ ထုတ်လုပ်လာပါတော့တယ်။
ဒါဟာ intel ရဲ့ history မှာ အကြီးမားဆုံး ပြောင်းလဲတဲ့ ခုနှစ်ဖြစ်ပါတယ်။

  core thread
intel core i3-until 7th generation 2 4
intel core i3-8th generation 4 4
intel core i3-10th generation 4 8

ကျတော်တို့လို သာမာန် အိမ်သုံး အသုံးပြုသူတွေအတွက် ကွန်ပျူတာဟာ powerfull အတော်ဖြစ်လာမှာ ဖြစ်သလို လိုအပ်ရင် home made video editing
အတွက်လည်း လုံလောက်တဲ့ အနေအထား ဖြစ်လာပါတယ်။
အရင်တုန်းက Core 4  thread 8 ဆိုတဲ့ feature ဟာ အမြင့်ဆုံးနဲ့ စျေးအကြီးဆုံးဖြစ်တဲ့ core i7 မှာသာရနိုင်ခဲ့ပါတယ်။
ပြီးတော့ intel CPU တွေဟာ တခါတည်း video chip လည်း ပါလာပြီးသားဖြစ်တယ်။
video card ( graphic card ) သပ်သပ်ဝယ်နေစရာ မလိုအပ်တော့ပါဘူး။
ရုပ်ထွက်ကောင်းသလို၊ 4K monitor နဲ့ 4K TV တွေအထိ Resolution ကောင်းကောင်းကြည့်ရှုနိုင်ပါတယ်




CPU လောကကို နှစ်ပေါင်းများစွာ မောင်ပိုင်စီး အုပ်စိုးထားနိုင်သလောက် အရည်အသွေးပိုင်းမှာလည်း လူတိုင်းကျေနပ်နိုင်အောင် ကောင်းခဲ့ပါတယ်။
intel CPU ကိုမကြိုက်ရင် အခြားရွေးချယ်စရာ alternative CPU လည်း မရှိခဲ့ပါဘူး။ အခြားရွေးချယ်စရာ AMD CPU တွေလည်းအတော်ညံ့ခဲ့တာကိုး။
နည်းပညာကုမ္ပဏီတွေအားလုံးကလည်း intel ပေါ်မှာ အခြခံပြီး လုက်လံထုတ်လုပ်နေရတာဆိုတော့ intel ဟာ အတော်ဩဇာကြီးခဲ့ပါတယ်။

2017 ခုနှစ်မှာ intel က ကြီးကြီးမားမားပြောင်းလဲမှု လုပ်ရတဲ့ အကြောင်းကလည်း ရှိနေပါတယ်။
သူတို့ရဲ့ ပြိုင်ဖက် AMD ကုမ္ပဏီမှာ ECO အသစ် အမျိုးသမီး Taiwan-American born   Lisa Su တက်လာပြီးနောက်ပိုင်း
AMD ရဲ့နည်းပညာတွေဟာ တဟုန်ထိုး တိုးတက်လာသလို၊ intel core  serie ကို ယှဥိပြိုင်ဖိုးသတ်၊ အလဲထိုးမယ့် Zen architechture CPU တွေ
ကို သေချာအချိန်ယူပြီး ဖန်တီးလာနိုင်ခဲ့ပါတယ်။



ဒါကြောင့် intel အနေနဲ့ အတော် မျက်ခုံးလှုပ်ခဲ့ရတယ်။ လူတွေကို ဂျင်းထည့်လို့ မရတော့ဘူးဆိုတာ သိလာတယ်။
နောက်နှစ်ကျရင်လည်း apple ကုမ္ပဏီက intel ကိုမှီခိုပြီး ကွန်ပျူတာကို ထုတ်လုပ်မယ့်အစား အမှီခိုကင်းကင်းနဲ့ ကိုယ်ပိုင် CPU တွေထုတ်လုပ်တော့မယ်
ဆိုတော့ intel အတွက် ပိုပြီး ခြောက်ချားစရာ ဖြစ်လာပါတယ်။

ဒါဖြင့် intel ကို အလဲထိုးမယ့် AMD ကကောတကယ်ပဲ ကောင်းသလား။
သာမာန်သုံးစွဲသူတွေအတွက် တွက်ခြေကိုက်ပါ့မလား။
စျေးနှုန်းတွေက ကွာခြားမလားဆိုတာ နောက်အားတဲ့အချိန်ကျရင် ဆက်လက်ဆွေးနွေးကြတာပေါ့။


ပါဘိခ်။

 

No comments:

Post a Comment