အလုပ်အားတဲ့ ရက်တွေမှာ ဝါသာနာပါရာ ကွန်ပျူတာတွေကိုပဲ ကလိဖြစ်ပါတယ်။
ဝါသနာက ပိုက်ဆံနည်းနည်းတော့ ရင်းရစမြဲပါ။
ရင်းသလောက် အကျိုးအမြတ်က စိတ်ချမ်းသာမှုနဲ့ ကျေနပ်မှုတွေပါ။
စီးပွားရေး အမြင်က လုံးဝမရှိတော့ ငွေရေးကိစ္စမှာ အကျိုးအမြတ်ဆိုတာ လုံးဝထည့်မတွက်ဖူးပါဘူး။
နောင်လည်း အလားအလာမမြင်။ :)
လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ကွန်ပျူတာ တစ်လုံးကို ယူရို ၂၅ နဲ့ ဝယ်ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်ခါတုန်းက စျေးချိုတယ်ဆိုပြီး ဝယ်လိုက်တာပါ။
ရုံးသုံးကျောင်းသုံး အတွက်ကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Dell optiplex 760 model ပါ။
ဒီခေတ်မှာတော့ အလကား လာပေးကြရင်တောင် ယူမယ့်သူတောင် ခပ်နည်းနည်းရယ်။
ဖုန်အလိမ်းလိမ်းတက်နေတဲ့ PC ကို အရင်ဆုံး ဖုန်စုပ်စက်နဲ့ စုပ်ပါတယ်။ ပြီးမှ alcohol ( electronic spray) နဲ့ ဖျန်းပါတယ်။
တပ်ဆင်ထားခဲ့တဲ့အရာတွေက
CPU: intel Core 2 Duo E7400 (2.8 0Ghz)
Memory: 3 Gb
Hard disk: 160 Gb HDD
ဒီလိုပုံစံနဲ့ဆိုရင်တော့ youtube video ကြည့်ရင်တောင် မသိမသာ ထစ်မယ့်အနေအထားပါ။ CPU ကအတော်နိမ့်ပါတယ်။
ဒီကွန်ပျူတာကို ဒီဖက်ခေတ်နဲ့အညီ အဆင်ပြေပြေ သုံးနိုင်အောင် ဘယ်လိုမြင့်တင်လို့ ရမလဲ။
ဒီခေတ်မှာသုံးတဲ့ software တွေက မြင့်လာတာနဲ့အညီ ကွန်ပျူတာထဲက ပစ္စည်းတွေဟာလည်း ခေတ်နဲ့လျော်ညီဖို့ လိုပါတယ်။
သို့သော်
ဒီကွန်ပျူတာက ခေတ်အရမ်းနောက်ကျနေပြီဆိုတော့ သူ့ခေတ်သူ့အခါတုန်းက
အမြင့်ဆုံး ပစ္စည်းတွေကို တပ်ဆင်ဖို့ နည်းလမ်းပဲ ရှိတော့တယ်။
CPU : intel Core 2 Quad ကို euro 7 နဲ့ဝယ်ယူတပ်ဆင်ထားပါတယ်။
CPU ဆိုတာက ကွန်ပျူတာဦးနှောက်ပါ။ မြင့်လေ အလုပ်ကြီးကြီးမားတွေ တွေးခေါ်၊လုပ်ဆောင်၊ အမိန့်ပေးနိုင်လေ ဖြစ်တယ်။
Core 2 Quad ဆိုတာသူ့ခေတ်သူ့အခါတုန်းက i7 ပုံစံလို အားရှိပါတယ်။
မြင်း နှစ်ကောင်ကနေ မြင်းလေးကောင်အထိ ပြောင်းလဲ တပ်ဆင်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
Quad core CPU ဖြစ်တဲ့အတွက်ကြောင့် ဦးနှောက်တစ်လုံးထဲကို လေးလုံးလိုမျိုး အတုဖန်တီးပြီး အလုပ်လုပ်ခိုင်းထားတာ။
Motherboard
ပေါ်မှာ Memory စိုက်ထည့်ဖို့ ပေါက် ၄ ခု ပါပါတယ်။ ၁ ခုချင်းဆီမှာ
အများဆုံး 2GB အထိ စိုက်ထည့်ပေးရင် စုစုပေါင်း 8GB ထိ ရမယ်။
ဒါပေမယ့် အိမ်မှာရှိတဲ့ Memory အပိုက 2GB တစ်ချောင်း၊ 1 Gb တစ်ချောင်းပဲ ရှိတော့ စုစုပေါင်း 6GB အထိ ရသွားတယ်။
6GB လည်းမနည်းဘူးလေ။ ကွန်ပျူတာဖွင့်တာကနေ ပိတ်သွားတဲ့အချိန်အထိ လုပ်ဆောင်ထားသမျှကို ခဏတာ သိမ်းဆည်းထားဖို့ Memory ကိုသုံးတာ။
ဒီအိမ်က Memory ဆိုတာ သူများမလိုအပ်တော့လို့ ပစ်မယ့် ကွန်ပျူတာထဲက တောင်းပြီး ဖြုတ်သိမ်းထားတာ။
Free ပေါ့ကွာ။ :) ယူရို ၁၀ လောက်သက်သာလည်း နည်းလားနော်။ :)
CPU နဲ့ Memory ကိစ္စအဆင်ပြေသွားပြီ။ ရုပ်ထွက်အတွက် ထည့်စဉ်းစားရမယ်။
ရုပ်ထွက်ကကျတော့ motherboard ပေါ်က chipset သေးသေးလေးကနေ ရုပ်ထွက်တာ။ အားမရှိဘူး။
ဆိုတော့ ရုပ်ထွက်အတွက် video card (graphic card) ဝယ်ထည့်ဖို့ motherboard ပေါ်မှာ PCi slot ပါလာတယ်။
ဒီဖက်ခေတ်မှာ model အသစ်တွေ ထဲက video card
MSI Nvidia GeForce 210
ဆိုတာလေးကို ယူရို ၂၅ ပေးပြီးဝယ်ထားတာရှိတယ်။
စျေးအပေါဆုံး video card ပါ။ ဒီ card က motherboard ကနေ လျှပ်စစ်ဓါတ်ကို သုံးမှာဖြစ်တဲ့အတွက် ပါဝါ သပ်သပ်စီမလိုဘူး။
ပြီးတော့ နဂိုတည်းက ပါလာတဲ့ ကွန်ပျူတာ တစ်ခုလုံးရဲ့ ပါဝါအားကလည်း နည်းနေတော့ video card ကြီးကြီးမားမားတွေ သုံးခွင့်မရှိဘူး။
ဒီ
video card က အသင့်တော်ဆုံး ဖြစ်ပါတယ်။ onlie သုံးခြင်း၊ micosoft office
သုံးခြင်း၊ youtube သုံးခြင်းတွေအတွက် အဆင်ပြေ ချောမွေ့စွာ
အသုံးပြုနိုင်ပါတယ်။
ဒီအတိုင်းဆိုရင်
ပြည့်စုံလုနီးပါးဖြစ်နေပြီ။ သိုလှောင်မှုပမာဏ ဖြစ်တဲ့ hard drive 160 GB
ကို ဖြုတ်ပြီးတော့ သူ့နေရာမှာ ခေတ်ပေါ် SSD drive 120GB ကို ပြောင်းလဲ
တပ်ဆင်လိုက်တယ်။ hard drive ထက် SSD က အလုပ်လုပ်တာ ၁၀ ဆ ပိုမြန်ဆန်ပါတယ်။ အဖွင့်အပိတ်တွေရော ၊ file တွေ ကြည့်တာတွေ၊ ကူးတာတွေက
များစွာ မြန်ဆန်စေပါတယ်။ ဒီကောင့်ကို အဟောင်း euro 15 ပေးပြီး ဝယ်ယူတပ်ဆင်ထားပါတယ်။
CPU: intel Core 2 Quad (2.33Ghz)
Memory: 6 GB
HDD: 120 GD SSD
Graphic:
Nvidia GeForce 210
အားလုံးပြီးတာနဲ့ windows 10 ကို ထည့်ပါတယ်။ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ပါတယ်။
video editing တွေလုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ပုံမှန်သုံးနေကျအတွက်တော့ အကုန်အကျနည်းတဲ့အတွက် တွက်ခြေကိုက်ပါတယ်။
ယူရို
၇၀ လောက်ကုန်ကျတဲ့ computer ဆိုပေမယ့် လက်ရှိဆိုင်မှာရောင်းနေကြတဲ့ ယူရို
၃၀၀ တန် celeron CPU တွေထက် ပိုပြီး နှစ်သက်စရာကောင်းပါတယ်။
ကွန်ပျူတာ upgrade လုပ်တယ်ဆိုတာ ဒါပါပဲ ခင်ဗျာ။တလောကလုံး ဒီလိုပုံစံပါပဲ။ အထဲက ကလီစာတွေ လှဲလှယ်၊ သန့်ရှင့်ရေးလုပ်၊ windows reinstall ပြန်လုပ်။ ဒါလေးပါပဲ။
ကျတော့်ရဲ့
target က အနည်းဆုံးပိုက်ဆံနဲ့ အမြင့်ဆုံး PC တစ်လုံး ရရှိနိုင်ဖို့ပါ။
ပိုက်ဆံများများရှိနေရင်တော့ ဒါတွေ ထည့်တွက်စရာတော့ မလိုဘူးလေ။
မလိုအပ်ဘဲနဲ့ computer အပိုပစ္စည်းလေးတွေ ဝယ်ယူစုဆောင်းတော့ ပိုက်ဆံ မလိုအပ်ဘဲ ကုန်ပါတယ်။
ဒါပေမယ့် အတော် ကျေနပ်ပီတိဖြစ်ပါတယ်။ အကြောင်းက PC တစ်ခုတည်းကိုပဲ upgrade လုပ်တာမဟုတ်ပါဘူး။
ကိုယ်ဝါသနာပါတဲ့အရာ talent အပေါ်မှာ မိမိကိုယ်မိမိ upgrade လုပ်ခြင်းလည်း ဖြစ်ပါတယ်။
ခင်မင်လေးစားလျက်။
ပါဘိခ်။
No comments:
Post a Comment